• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

0
By Editor on January 27, 2023 Khonumthung

Hornbill International Model Organization မှ ဖိလစ်ပိုင်နိုင်ငံ ဘတ်တဂန်မြို့ ယဉ်ကျေးမှုခန်းမ Rosario တွင် ဇန်နဝါရီလ ၂၂ ရက်နေ့က ကျင်းပပြုလုပ်သော တတိယကြိမ်မြောက် Mr. World Noble King ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် သွားရောက်ယှဉ်ပြိုင်သော အလှမောင်ချင်းတိုင်းရင်းသား Mang Sui Dun သည် Mr. Teen Tourism International နဲ့ Mr. Friendship Award ဆု ၂ ဆုကို ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

အလှမောင် Mang Sui Dun သည် Mr. World Noble King ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု အလှမောင်များထဲမှ ပထမဦးဆုံး အလှမောင်ဆု ဆွတ်ခူးရရှိသူဖြစ်သည်။

“ဟုတ်ကဲ့ခင်ဗျာ၊ အခုလို Mr World Noble King 2023 မှာပေါ့နော် တိုင်းပြည်နဲ့ လူမျိုးအတွက် ကျွန်တော် ဆုရယူနိုင်ခဲ့တဲ့အတွက်လည်း ကိုယ့်ကိုကိုယ်ဂုဏ်ယူပြီးတော့ အရမ်းဝမ်းသာတယ် ပီတီဖြစ်မိပါတယ်ခင်ဗျာ” ဟု Mang Sui Dun ပြောသည်။

Mr. World Nobel King ပြိုင်ပွဲကို နှစ်တိုင်းကျင်းပလေ့ရှိကာ မြန်မာနိုင်ငံကိုယ်စားပြု အလှမောင်များ သွားရောက်ယှဉ်ပြိုင်လေ့ရှိရာ ယခု ၂၀၂၃ ခုနှစ် တတိယအကြိမ်မြောက်မှာ ချင်းတိုင်ရင်းသား Mang Sui Dun က မြန်မာနိုင်ငံကိုယ်စား ဆုရရှိခဲ့ခြင်းဖြစ်သည်။

ချင်းပြည်နယ် ဟားခါးမြို့ဖွား အသက် ၁၉ နှစ်အရွယ်ရှိ အလှမောင် Mang Sui Dun သည် ရန်ကုန်မြို့တွင် ကျောင်းတက်နေသူတစ်ဦးဖြစ်သည်။

တတိယအကြိမ်မြောက် Mr. World Noble King 2023 ကို ၄၂ နိုင်ငံများမှ ပါဝင်ယာဉ်ပြိုင်ရန် စာရင်းသွင်းထားသော်လည်း နိုင်ငံကူးလက်မှတ် ဗီဇာအခက်ခဲပြသာနာများကြောင့် ၁၂ နိင်ငံကသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်တွင် မြန်မာနိုင်ငံသားတစ်ဦးထံ Crystal Meth စိတ်ကြွမူးယစ်ဆေးတစ်မျိုး ဖမ်းမိ

ဂန့်ဂေါမြို့နယ်ထဲက ပျူစောထီးနှင့်စကစ စခန်းကို PDF နှင့် CDF တို့ ပူးပေါင်းတိုက်ခိုက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မီဇိုရမ်တွင် ချင်းစစ်ဘေးရှောင်လူငယ်တစ်ဦးသေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

September 21, 2023

ချင်းပြည်နယ်က စိုးရိမ်ဖွယ်ရာ တကျော့ပြန် ငှက်ဖျားရောဂါ

September 13, 2023

တူမီးကို “ထီ” အဖြစ်ပြောင်းလဲပြီး နွေဦးတော်လှန်ရေးကို အားဖြည့်ပါဝင်ခဲ့သူ (သို့) ချင်းတော်လှန်ရေးလူငယ်…

September 9, 2023

ကျန်းမာရေး အကာအကွယ် မဲ့နေဆဲ တောင်ဇလပ်မြေ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.