• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မတူပီ ခြန်းပြန်ရွာမှ အမျိုးသမီးတစ်ဦးအပါအဝင် လူငယ် ၅ ဦးကို စစ်ကောင်စီမှ ဖမ်းဆီး

မတူပီ ခြန်းပြန်ရွာမှ အမျိုးသမီးတစ်ဦးအပါအဝင် လူငယ် ၅ ဦးကို စစ်ကောင်စီမှ ဖမ်းဆီး

0
By Editor on August 22, 2021 Headline

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ခြန်းပြန်ရွာမှ အမျိုးသမီးငယ်တစ်ဦးအပါအဝင် လူငယ် ၅ ဦးကို ပြီးခဲ့သည့် သြဂုတ်လ ၂၀ ရက်နေ့နှင့် ၂၂ ရက်နေ့များတွင် စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

လက်ရှိအချိန်အထိ အမျိုးသမီးငယ်မှလွဲ၍ ကျန်လူငယ် ၄ ဦးမှာ မိသားစုဝင်များနှင့် အဆက်အသွယ်မရကြသေးသလို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကိုလည်း မသိရှိရသေးကြောင်း ၎င်းတို့နှင့်နီးစပ်သူ မတူပီဒေသခံတစ်ဦးမှ ပြောသည်။

“၂၀ ရက်နေ့က ၄ ယောက်၊ ဒီနေ့က ၁ ယောက်ဖမ်းတာ၊ အမျိုးသမီးငယ်ကလွဲပြီး ကျန်တဲ့သူတွေ အခုထိ ပြန်မလွှတ်သေးဘူး၊ သူတို့ကို ရဲစခန်းကိုလည်း မပို့သေးဘူး။ ဒီနေ့နဲ့ဆိုရင် ၃ ရက်ရှိပြီ၊ ဘယ်မှာထားကြမှန်းလဲ မသိရတဲ့အပြင် ဘာကြောင့်ဖမ်းလဲဆိုတာ မသိရဘူး၊ သူတို့ကို ဂိတ်မှာဖမ်းတာ၊ ၅ ယောက်စလုံးက တစ်ရွာထဲသားတွေပဲ” ဟု ၎င်းကပြောသည်။

ဖမ်းဆီးခံရသည့်အထဲမှ အမျိုးသမီးငယ်မှာ မလဲ့လဲ့ဝင်းဆိုသူဖြစ်ပြီး အဖမ်းခံရသည့် ဩဂုတ်လ ၂၀ ရက်နေ့ ညနေ ၆ နာရီတွင် ပြန်လည်လွှတ်ပေးခဲ့သော်လည်း ကျန်လူငယ် ၄ ဦးကိုမူ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။

ခြန်းပြန်ရွာမှ အဖမ်းခံရသော လူငယ် ၅ ဦးမှာ မလဲ့လဲ့ဝင်း၊ ကိုဒီဇင်ထန်း၊ ကိုထယ်တွီး၊ ကိုထောင်ပိန်း၊ ကိုစန်သိန်း တို့ဖြစ်ကြပြီး မင်းတပ်စစ်ဆေးရေးဂိတ်နှင့် ဖနိုင်ရွာနှင့် မတူပီအကြားက ဗျုဟာစစ်ဆေးရေးဂိတ်တို့တွင် အဖမ်းခံရခြင်းဖြစ်ပြီး ခြန်းပြန်ရွာသည် မတူပီမြို့မှ မိနစ်အနည်းငယ်သာ ကွာဝေးသည်။

အလားတူ ဧပြီလ ၇ ရက် ၈ ရက်နေ့များတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် CDM လှုပ်ရှားမှုတို့တွင် ပါဝင်ကြသည်ဟု သံသယရှိသူ မတူပီမြို့မှ လူငယ် ၅ ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်ထိ ပြန်လွတ်ပေးခြင်းမရှိသေးကြောင်းကိုလည်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

ဖလမ်း-ဟားခါးကြားတွင် ပျောက်ဆုံးသွားသူနှစ်ဦး၏ မီးရှို့ခံထားရသော အလောင်းတွေ့ရှိ

ဟားခါးမြို့ပေါ်တွင် ဓားပြတိုက်မှုဖြစ်ပွား၊ အမျိုးသားတစ်ဦးဓားထိုးခံရ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.