• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ္တြင္ Covid-19 ေရာဂါပိုးကူးစက္ခံရထားသူ ၁၀၀၀ ေက်ာ္သြားၿပီ

မီဇိုရမ္တြင္ Covid-19 ေရာဂါပိုးကူးစက္ခံရထားသူ ၁၀၀၀ ေက်ာ္သြားၿပီ

0
By Editor on September 25, 2020 Khonumthung

#Unicode

By ရစ်ချက် – ချင်းပြည်နယ်နှင့်နယ်နမိတ်ချင်းထိစပ်နေသော မြန်မာနိုင်ငံသားအများစု သွားရောက်အလုပ်လုပ်ကိုင်နေသည့် မီဇိုရမ် ပြည်နယ်တွင် Covid-19 ရောဂါပိုးကူးစက်ခံရထားသူ လူဦးရေ ၁၀၀၀ ကျော်သွားပြီဖြစ်သည်။

တစ်ကမ္ဘာလုံးဖြစ်ပွားနေသော Covid-19 ရောဂါကြောင့် မီဇိုရမ်ပြည်နယ်တွင် လွန်ခဲ့သော မတ်လက ပထမဆုံးအကြိမ် အဖြစ် နိုင်ငံခြားမှပြန်လာသူတစ်ဦးထံ ရောဂါပိုးစတင်တွေ့ရှိခဲ့ပြီး ထိုသူမှာလည်း သက်သက်ပျောက်ကင်းသွားပြီး အချိန်အတော်ကြာ ရောဂါပိုးမတွေ့သည့်နောက်ပိုင်း မီဇိုရမ်ပြည်နယ်အစိုးရအစီအစဉ်ဖြင့် အိန္ဒိယပြည်မရောက် မီဇိုး လူမျိုးများအား နေရပ်ပြန်ခေါ်သည့် ဇွန်လ (၁) ရက်နေ့ကစပြီး Covid-19 ရောဂါပိုး ပြန်လည်တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

ယခုလက်ရှိအခြေအနေ မီဇိုရမ်ပြည်နယ်အတွင်း ရောဂါပိုးကူးစက်ခံထားရသူ လူဦးရေ (၁၀၀၃) ဦး ရှိနေပြီး ယင်းအနက် လူဦးရေ လူဦးရေ (၅၀၀) ဦး တို့မှာ သက်သာပျောက်ကင်းနေပြီဖြစ်ကြောင်းနှင့် လူဦးရေ (၅၀၃) ဦးတို့မှာ ဆေးကုသခံယူနေကြဆဲဖြစ်ကြောင်း မီဇိုရမ်နေ့စဉ်ထုတ်သတင်းစာ Vanglaini တွင် ဖော်ပြသည်။

အဆိုပါ Covid-19 ရောဂါပိုးကူးစက်ခံထားရသူ လူဦးရေ (၁၀၀၃) ဦးအနက် ၈၂၈ ဦးမှာ အမျိုးသားများဖြစ်ပြီး ကျန် ၁၇၅ ဦးမှာ အမျိုးသမီများဖြစ်ကြသည်။ မီဇိုရမ်ပြည်နယ်တွင် ယခု ရက်ပိုင်း ပြည်သူလူထုများထံ Covid-19 ရောဂါပိုးကူးစက်ပြန့်ပွားမှုများရှိလာသည့်အတွက် မီဇိုရမ်ပြည်နယ်ရှိ ရပ်ကွက် အတော်များများကိုလည်း Lockdown ချမှတ်လိုက်ကြသည်။

#Zawgyi

By ရစ္ခ်က္ – ခ်င္းျပည္နယ္ႏွင့္နယ္နမိတ္ခ်င္းထိစပ္ေနေသာ ျမန္မာႏိုင္ငံသားအမ်ားစု သြားေရာက္အလုပ္လုပ္ကိုင္ေနသည့္ မီဇိုရမ္ ျပည္နယ္တြင္ Covid-19 ေရာဂါပိုးကူးစက္ခံရထားသူ လူဦးေရ ၁၀၀၀ ေက်ာ္သြားၿပီျဖစ္သည္။ 

တစ္ကမၻာလံုးျဖစ္ပြားေနေသာ Covid-19 ေရာဂါေၾကာင့္ မီဇိုရမ္ျပည္နယ္တြင္ လြန္ခဲ့ေသာ မတ္လက ပထမဆံုးအႀကိမ္ အျဖစ္ ႏိုင္ငံျခားမွျပန္လာသူတစ္ဦးထံ ေရာဂါပိုးစတင္ေတြ႕ရွိခဲ့ၿပီး ထိုသူမွာလည္း သက္သက္ေပ်ာက္ကင္းသြားၿပီး အခ်ိန္အေတာ္ၾကာ ေရာဂါပိုးမေတြ႕သည့္ေနာက္ပိုင္း မီဇိုရမ္ျပည္နယ္အစိုးရအစီအစဥ္ျဖင့္ အိႏိၵယျပည္မေရာက္ မီဇိုး လူမ်ဳိးမ်ားအား ေနရပ္ျပန္ေခၚသည့္ ဇြန္လ (၁) ရက္ေန႕ကစၿပီး Covid-19 ေရာဂါပိုး ျပန္လည္ေတြ႕ရွိခဲ့ၾကျခင္းျဖစ္သည္။ 

ယခုလက္ရွိအေျခအေန မီဇိုရမ္ျပည္နယ္အတြင္း ေရာဂါပိုးကူးစက္ခံထားရသူ လူဦးေရ (၁၀၀၃) ဦး ရွိေနၿပီး ယင္းအနက္ လူဦးေရ လူဦးေရ (၅၀၀) ဦး တို႕မွာ သက္သာေပ်ာက္ကင္းေနၿပီျဖစ္ေၾကာင္းႏွင့္ လူဦးေရ (၅၀၃) ဦးတို႕မွာ ေဆးကုသခံယူေနၾကဆဲျဖစ္ေၾကာင္း မီဇိုရမ္ေန႕စဥ္ထုတ္သတင္းစာ Vanglaini တြင္ ေဖာ္ျပသည္။ 

အဆိုပါ Covid-19 ေရာဂါပိုးကူးစက္ခံထားရသူ လူဦးေရ (၁၀၀၃) ဦးအနက္ ၈၂၈ ဦးမွာ အမ်ဳိးသားမ်ားျဖစ္ၿပီး က်န္ ၁၇၅ ဦးမွာ အမ်ဳိးသမီမ်ားျဖစ္ၾကသည္။ မီဇိုရမ္ျပည္နယ္တြင္ ယခု ရက္ပိုင္း ျပည္သူလူထုမ်ားထံ Covid-19 ေရာဂါပိုးကူးစက္ျပန္႕ပြားမႈမ်ားရွိလာသည့္အတြက္ မီဇိုရမ္ျပည္နယ္ရွိ ရပ္ကြက္ အေတာ္မ်ားမ်ားကိုလည္း Lockdown ခ်မွတ္လိုက္ၾကသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့တွင် မီတာခများအခွန်ဆောင်ကြရန် စစ်ကောင်စီက တအိမ်တက်ဆင်း လိုက်လံပြောဆိုနေ

စစ်ကောင်စီတပ်ဖွဲ့က ကလေးတောင်ပိုင်းကျေးရွာများကို ထပ်မံမီးရှို့

ကလေးမြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် (၃) နေရာ ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.