• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်တွင် ချင်းအမျိုးသားတစ်ဦးက ဇနီးဟောင်းဖြစ်သူကို သေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွား

မီဇိုရမ်တွင် ချင်းအမျိုးသားတစ်ဦးက ဇနီးဟောင်းဖြစ်သူကို သေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွား

0
By Editor on February 16, 2023 Khonumthung

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့တွင် ချင်းအမျိုးသားတစ်ဦးက ဇနီးဟောင်းဖြစ်သူကို သေနတ်ဖြင့်ပစ်သတ်မှု ယမန်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့သည်။

ဖေဖော်ဝါရီလ ၁၅ ရက် ညနေပိုင်း ၆ နာရီ ၄၅ မိနစ်ခန့်တွင် ချင်းအမျိုးသား ဦးဘွဲ့ရိုပြန်းသည် ကျန်ဖိုင်းမြို့ ကာနန်ရပ်ကွက်တွင်နေထိုင်သော ဇနီးဟောင်းဖြစ်သူ အသက် ၄၃ နှစ်အရွယ် ဒေါ်ရှန်းငွန်ပါရ်၏ နေအိမ်သို့ဝင်ရောက်ကာ စကားများကြရာမှ ခါးချိူးသေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အခင်းဖြစ်ပွားပြီးနောက် ဦးဘွဲ့ရိုပြန်းသည် အိန္ဒိယ-မြန်မာနယ်စပ် ဇိုခေါထာရ်ဘက်သို့ ထွက်ပြေးသွားပြီး ချင်းပြည်နယ်ဘက်သို့ ဝင်ရောက်သွားသည်ဟု သိရသည်။

ဦးဘွဲ့ရိုပြန်းသည် ယခင်က ယာဉ်မောင်းလေ့ရှိပြီး ဘိန်းဖြူသယ်ယူမှုကြောင့် ဖမ်းဆီးထောင်ကျဖူးသူတစ်ဦးလည်းဖြစ်ကာ ကျန်ဖိုင်းမြို့ ကာနန်ရပ်ကွက်ကနေ မောင်းထုတ်ခံထားရသူဖြစ်သည်ဟု ကျန်ဖိုင်းကလာသောသတင်းရင်းမြစ်ကဆို သည်။

အသတ်ခံရသော ဒေါ်ရှန်းငွန်ပါရ်တွင် သားသမီး ၃ ဦးကျန်ရစ်ခဲ့ပြီး အငယ်ဆုံးသားမှာ ညဏ်ရည်မသန်စွမ်းသူဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNA နှင့် YPDF တို့အကြား ကာကွယ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

CDF-Kanpetlet အတွက် “နွားနောက် တစ်ကောင်ယူ၊ ခေါ်နူးအတွက် လှူ” ကံစမ်းမဲအစီစဉ်စတင်

အရေးတော်ပုံအောင်မြင်သည့်အထိ လက်တွဲတိုက်ပွဲဝင်ကြရန် ပြည်သူလူထုကို CNF တိုက်တွန်း

Leave A Reply Cancel Reply

  • Featured Article
March 22, 2023

ချင်းနိုင်ငံရေးပါတီများ စစ်ကောင်စီလက်အောက်မှာ ပါတီမှတ်ပုံတင်သင့် မတင်သင့် သူတို့ဘာပြောလဲ

March 21, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်း – အပိုင်း (၂)

March 20, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်းအကြောင်း – (အပိုင်း ၁)

March 19, 2023

ချင်းအမျိုးသားရေး ပြန်လည်စည်းလုံးရေး လှုပ်ရှားမှုများသမိုင်း (အပိုင်း ၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.