• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မြန်မာစစ်ဘေးရှောင်များအတွက် ကျပ်သိန်း ၇၅၀၀ ကျော်တန်ဖိုးရှိ ဆေးဘက်ဆိုင်ရာပစ္စည်း လွဲအပ်ခြင်းအစီစဉ် မီဇိုရမ်တွင်ကျင်းပ

မြန်မာစစ်ဘေးရှောင်များအတွက် ကျပ်သိန်း ၇၅၀၀ ကျော်တန်ဖိုးရှိ ဆေးဘက်ဆိုင်ရာပစ္စည်း လွဲအပ်ခြင်းအစီစဉ် မီဇိုရမ်တွင်ကျင်းပ

0
By Editor on August 12, 2022 Khonumthung

မီဇိုရမ်ပြည်နယ်အတွင်း ရောက်ရှိနေကြသော မြန်မာစစ်ဘေးရှောင်များ ကျန်းမာရေးစောင့်ရှောက်မှုကူညီနိင်ရန် အမေရိကန်ပြည်ထောင်စုမှရောက်ရှိလာသော Project-Mizoram ‘22 ၏ ဆေးဘက်ဆိုင်ရာပစ္စည်းများအား လွဲအပ်ခြင်းအခမ်းအနားကို သြဂုတ်လ ၁၀ ရက်နေ့က အိုင်ဇောလ်မြို့ Floria ဟိုတယ်တွင် ကျင်းပခဲ့ကြသည်။

Project-Mizoram စီမံကိန်းသည် အမေရိကန်အခြေစိုက် ကမ္ဘာ့အကြီးဆုံး ကျန်းမာရေးထောက်ပံ့ကူညီရေးအသင်း Project C.U.R.E၊ မြန်မာဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့ချုပ်-မီဇိုရမ် (MRRC-M)၊ Mizo Student Union (MSU)၊ R2P Myanmar Way၊ အိုင်ဇောင်မြို့ရှိ BN Hospital၊ Research Center Mizoram၊ Arizona Falam Christian Church နင့် Chin Baptist Association North America စသည့် အဖွဲ့စည်းများမှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

အဆိုပါ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများသည် ကျပ်သိန်းပေါင်း ၇၅၀၀ ကျော်တန်ဖိုးရှိကြောင်းသိရပြီး၊ ကျန်းမာရေးအတွက်ဆေးဝါးနှင့် အခြားသော အစားအသောက်ပိုင်းဆိုင်ရာ ထောက်ပံ့မှု စီမံကိန်းများလည်း ရှိသေးကြောင်း သိရသည်။

ယင်း Project-Mizoram ‘22 မှရရှိသော ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာအသုံးအဆောင်ပစ္စည်းများကို မီဇိုးကျောင်းသားများအသင်း (MSU) နင့် မြန်မာဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့-မီဇိုရမ် (MRRC-M) တို့အဖွဲ့ထံ လွဲအပ်ပြီး၊ အချို့သော ကျန်းမာရေးစစ်ဆေးရေးစက်ပစ္စည်းများကို အိုင်ဇောင်မြို့ရှိ BN ဆေးရုံသို့ လွဲအပ်ပေးခဲ့ကြသည်။

ထိုအခမ်းအနားတွင် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Zoramthanga လည်းတက်ရောက်လာပြီး မြန်မာစစ်ဘေးရှောင်ပြည်သူများအား ဆက်လက်ကူညီသွားမည်ဖြစ်ဖြစ်ကြောင်း အိန္ဒိယဗဟိုအစိုးရကိုလည်း ယခုထက်မက ဖိအားပေးတိုက်တွန်းသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ယင်းအခမ်းအနားတွင် ချင်းပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးဆလိုင်းလျန်လွယ်၊ လွှတ်တော်ကိုယ်စားလှယ်အချိူ့နှင့် သက်ဆိုင်ရာအဖွဲ့အစည်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် ယခုလက်ရှိ မြန်မာနိုင်ငံမှ စစ်ဘေးရှောင်ပြည်သူ ၃ သောင်းကျော် ၄ သောင်းနီးပါးခန့် ခိုလုံနေကြရပြီး မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့၊ အရက်ဖက်လူမှုအဖွဲ့အစည်းများက ကူညီစောင့်ရှောက်မှုပေးနေကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့နယ် ထိုမာရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ပြည်သူ ၃ ဦးထိခိုက်ဟုဆို

ကလေးမြို့နယ် ရှုခင်းသာကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်၊ ၁ ဦးသေ ၄ ဦးဒဏ်ရာရ

ချင်းပြည်နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး PDF-Zoland ထံ ခိုလှုံ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.