Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»လက်ပံချောင်းလမ်းပိုင်း မှ ကလေး-တမူးကားလမ်းပြန်လည် အသုံးပြုနိုင်

လက်ပံချောင်းလမ်းပိုင်း မှ ကလေး-တမူးကားလမ်းပြန်လည် အသုံးပြုနိုင်

0
By Editor on July 3, 2024 Khonumthung

(002MG)

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့သို့ ဆက်သွယ်ထားသော အာရှလမ်းမကြီး ပိတ်ထားဆဲဖြစ်သော်လည်း ဇွန်လ (၃၀) ရက်နေ့ကစ၍ လက်ပံချောင်းလမ်းမှတဆင့် ကလေး-တမူးကားလမ်းပိုင်း ပြန်လည်အသုံးပြုနိုင်ပြီဟု ကလေးမြို့ဒေသခံများထံမှ သိရသည်။

ကလေးမြို့ခံတဦးက “အခုလောလောဆယ်မှာ တိုက်ပွဲဖြစ်တာတွေ မရှိဘူး၊ မြောက်ပိုင်းလမ်းတွေ လက်ပံချောင်း လမ်းပိုင်းတော့ ကားက အသွားအလာပုံမှန်သွားနေပြီ၊ကျွန်တော်လည်း ဝမ်းသာပေးနေတာ၊ သူတို့ (စကစ) တွေက ဆည်ကြီးတံတာမှာ တပ်စွဲထားတယ် အကြောင်းကြားပြီးရင် ပုံမှန်အတိုင်းသွားလာလို့ရတယ်။ အဲ့မှာတော့ အလှူတော့ခံ ကြတယ်” ဟုပြောသည်။

ကလေး-တမူကားလမ်းပိုင်းသည် စစ်ရေးအခြေအနေများကြောင့် ပုံမှန်လမ်းကြောင်းဖြစ်သည့် အာရှလမ်းမကြီး အတိုင်းသွားလာ၍မရဘဲ ကလေးမြို့မှ ချင်းတောင်ကတဆင့် လက်ပံချောင်းဘက်သွားကာ ရာဇဂြိုဟ်မှ ခါမ်းပါတ်သို့ ကွင်းလမ်းဖြင့် ခရီးသွားလာရခြင်းဖြစ်သည်။

ကလေးမြို့မှ တမူးမြို့သို့ ကွင်းလမ်းဖြင့် ခရီးသွားရသော ထိုကားလမ်းပိုင်းကို စစ်ကောင်စီက ၂၀၂၄၊ ဧပြီလ တွင် ပိတ်လိုက်ပြီးနောက် နှစ်လအကြာတွင် ပြန်လည်ဖွင့်ပေးလိုက်ခြင်းဖြစ်သည်။

ဇွန်လ ၂၂ ရက်နေ့ တွင်လည်း တစ်နှစ်ကြာပိတ်ထားသော တမူး-ခမ်းပါတ်ကားလမ်းပိုင်း ပြန်လည်ဖွင့်ပေးခဲ့ပြီးဖြစ်သည်။

လက်ရှိတွင် တမူး-ခမ်းပါတ်နှင့် ကလေးမြို့ လက်ပံချောင်းကားလမ်းပိုင်းအသုံးပြုနိုင်ပြီဖြစ်သာ်လည်း ကလေးမြို့မှ အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့သို့ ဆက်သွယ်ထားသော အာရှလမ်းမကြီးမှာ ပိတ်ထားဆဲဖြစ်သည်။

ကလေးမြို့နှင့် တမူးမြို့သည် မိုင် (၉၀) ခန့်သာကွာဝေးပြီး ယခင်တွင် ယာဉ်စီးခ လူတဦးလျှင် ကျပ်ငွေ တသောင်းခန့်သာရှိသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးအခြေအနေများကြောင့် ယာဉ်စီးခနှုန်းထားများ တဖြည်းဖြည်းမြင့်တက်လာသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.