• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဟားခါး COVID-19 လူနာ ႏွစ္ႀကိမ္ဆက္တိုက္ ေရာဂါပိုးမေတြ႔သည့္အတြက္ ယေန႔ ေဆးရံုမွဆင္းမည္

ဟားခါး COVID-19 လူနာ ႏွစ္ႀကိမ္ဆက္တိုက္ ေရာဂါပိုးမေတြ႔သည့္အတြက္ ယေန႔ ေဆးရံုမွဆင္းမည္

0
By Editor on May 13, 2020 Headline

#Zawgyi

ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕ျပည္သူ႔ေဆးရံုတြင္ ကုသမႈခံယူေနသည့္ COVID-19 ပိုးေတြ႔ လူနာအမွတ္ ၁၅၀ အမ်ိဳးသမီးသည္ ႏွစ္ႀကိမ္ဆက္တိုက္ ေရာဂါပိုးမေတြ႔ရွိေတာ့သည့္အတြက္ ယေန႔ညေနပိုင္းတြင္ ေဆးရံုမွ ဆင္းခြင့္ျပဳမည္ဟု ခ်င္းျပည္နယ္ လူမႈေရး၀န္ႀကီး ဦးေပါင္လြန္မင္းထန္ကေျပာသည္။

“လူနာအမွတ္ ၁၅၀ က မေန႔က Negative ျဖစ္သြားျပီ၊ ဒီေန႔ ညေနပိုင္း ၃ နာရီေလာက္မွာ သူ႔ကို ေဆးရံုကေနဆင္းေပးမယ္၊ Facility Quarantine  (၇) ရက္နဲ႔ Home Quarantine (၇) ထပ္ေနဖုိ႔လိုတယ္ လမ္းညႊန္းထားတယ္၊ သူက က်န္းက်န္းမာမာပဲ ဘာမွေျပာင္းလဲမႈမရိွပါဘူး’’ ဟု လူမႈေရး၀န္ႀကီးကေျပာသည္။

လူနာအမွတ္ ၁၅၀ သည္ တရုတ္ႏုိ္င္ငံမွ ျပန္လည္ေရာက္ရွိလာသူျဖစ္ၿပီး ဟားခါးၿမိဳ႕ န.တ.လ ေက်ာင္းတြင္ Facility Quarantine ၀င္ေရာက္ကာ ဧၿပီလ ၂၉ ရက္ေန႔က ေရာဂါပိုးေတြ႔ရွိေၾကာင္း က်န္းမာေရးႏွင္ ့အားကစား၀န္ႀကီးဌာနက ထုတ္ျပန္ခဲ့သည္။

အဆိုပါလူနာ၏ အာေခါင္တို႔ဖတ္ ႏွင့္ ႏွာေခါင္းတို႔ဖတ္ နမူနာကို ဓာတ္ခြဲစစ္ေဆးၾကည့္ရာတြင္ ေမလ (၁၀) ရက္ေန႔က Negative တစ္ႀကိမ္ျပၿပီးေနာက္ ထပ္မံစစ္ေဆးၾကည့္ရာတြင္ ေမလ (၁၃) ရက္ေန႔က ဒုတိယအႀကိမ္ Negative ျပသည့္ အတြက္ ယေန႔ညေနပိုင္းတြင္ ေဆးရံုမွဆင္းခြင့္ျပဳေတာ့မည္ျဖစ္သည္။

လူနာအမွတ္ ၁၅၀ ႏွင့္ ဆက္စပ္မႈရွိခဲ့သူ ၅၂ ဦးႏွင့္ Facility Quarantine ၀င္ၿပီးသား (၄) ဦးတို႔သည္လည္း ဓာတ္ခြဲစစ္ေဆးၾကည့္ရာတြင္ ေမလ ၄ ရက္ေန႔က Negative ျပခဲ့ၿပီးျဖစ္သည္။

တီးတိန္ၿမိဳ႕ျပည္သူ႔ေဆးရံုတြင္ ကုသမႈခံယူေနသည့္ COVID-19 ပိုးေတြ႔လူနာ (၄) ဦးအနက္ လူနာအမွတ္(၃၁) သည္း ဓာတ္ခြဲနမူနာစစ္ေဆးရာတြင္ ပထမအႀကိမ္ Negative ျပၿပီး ေနာက္ထပ္စစ္ေဆးကာ ဒုတိယအႀကိမ္ Negative ျပပါက ေဆးရံုမွဆင္းခိုင္းမည္ဟု လူမႈေရး၀န္ႀကီးကေျပာသည္။

“တီးတိန္မွာလည္း လူနာအမွတ္ (၃၁) က Negative တစ္ခါရျပီ မနက္ျဖန္ဆိုရင္ ျပန္ပို႔မယ္ မနက္ျဖန္ျပန္ပို႔ျပီးေတာ့ ဒုတိယအၾကိမ္ Negative ျပရင္ က်ေနာ္တို႔ လူနာအမွတ္ ၁၅၀ လိုပဲ ေဆးရံုကဆင္းခိုင္းၿပီး Quarantine ႏွစ္ပတ္ကိုနားခိုင္းမယ္” ဟု ခ်င္းျပည္နယ္လူမႈေရး၀န္ႀကီး ဦးေပါင္လြင္မင္းထန္ကေျပာသည္။

ခ်င္းျပည္နယ္တြင္ ကိုရိုနာဗိုင္းရပ္စ္ပိုးေတြ႕လူနာ (၆) ရိွျပီး ယင္းတို႔အနက္ တီးတိန္ၿမိဳ႕မွ လူနာအမွတ္ (၁) သည္ Negative ႏွစ္ၾကိမ္ျပကာ ေရာဂါပိုးမေတြ႔ေတာ့သည့္အတြက္ ဧျပီလ ၃၀ ရက္ေန႔က ေဆးရံုမွ ဆင္းသြားၿပီး ေနအိမ္တြင္ (၁၄) Home Quarantine ျဖင့္ထားရွိၾကသည္။

#Unicode

ချင်းပြည်နယ် ဟားခါးမြို့ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် COVID-19 ပိုးတွေ့ လူနာအမှတ် ၁၅၀ အမျိုးသမီးသည် နှစ်ကြိမ်ဆက်တိုက် ရောဂါပိုးမတွေ့ရှိတော့သည့်အတွက် ယနေ့ညနေပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ပြုမည်ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။

“လူနာအမှတ် ၁၅၀ က မနေ့က Negative ဖြစ်သွားပြီ၊ ဒီနေ့ ညနေပိုင်း ၃ နာရီလောက်မှာ သူ့ကို ဆေးရုံကနေဆင်းပေးမယ်၊ Facility Quarantine  (၇) ရက်နဲ့ Home Quarantine (၇) ထပ်နေဖို့လိုတယ် လမ်းညွှန်းထားတယ်၊ သူက ကျန်းကျန်းမာမာပဲ ဘာမှပြောင်းလဲမှုမရှိပါဘူး’’ ဟု လူမှုရေးဝန်ကြီးကပြောသည်။

လူနာအမှတ် ၁၅၀ သည် တရုတ်နိ်ုင်ငံမှ ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး ဟားခါးမြို့ န.တ.လ ကျောင်းတွင် Facility Quarantine ဝင်ရောက်ကာ ဧပြီလ ၂၉ ရက်နေ့က ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင် ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အဆိုပါလူနာ၏ အာခေါင်တို့ဖတ် နှင့် နှာခေါင်းတို့ဖတ် နမူနာကို ဓာတ်ခွဲစစ်ဆေးကြည့်ရာတွင် မေလ (၁၀) ရက်နေ့က Negative တစ်ကြိမ်ပြပြီးနောက် ထပ်မံစစ်ဆေးကြည့်ရာတွင် မေလ (၁၃) ရက်နေ့က ဒုတိယအကြိမ် Negative ပြသည့် အတွက် ယနေ့ညနေပိုင်းတွင် ဆေးရုံမှဆင်းခွင့်ပြုတော့မည်ဖြစ်သည်။

လူနာအမှတ် ၁၅၀ နှင့် ဆက်စပ်မှုရှိခဲ့သူ ၅၂ ဦးနှင့် Facility Quarantine ဝင်ပြီးသား (၄) ဦးတို့သည်လည်း ဓာတ်ခွဲစစ်ဆေးကြည့်ရာတွင် မေလ ၄ ရက်နေ့က Negative ပြခဲ့ပြီးဖြစ်သည်။

တီးတိန်မြို့ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် COVID-19 ပိုးတွေ့လူနာ (၄) ဦးအနက် လူနာအမှတ်(၃၁) သည်း ဓာတ်ခွဲနမူနာစစ်ဆေးရာတွင် ပထမအကြိမ် Negative ပြပြီး နောက်ထပ်စစ်ဆေးကာ ဒုတိယအကြိမ် Negative ပြပါက ဆေးရုံမှဆင်းခိုင်းမည်ဟု လူမှုရေးဝန်ကြီးကပြောသည်။

“တီးတိန်မှာလည်း လူနာအမှတ် (၃၁) က Negative တစ်ခါရပြီ မနက်ဖြန်ဆိုရင် ပြန်ပို့မယ် မနက်ဖြန်ပြန်ပို့ပြီးတော့ ဒုတိယအကြိမ် Negative ပြရင် ကျနော်တို့ လူနာအမှတ် ၁၅၀ လိုပဲ ဆေးရုံကဆင်းခိုင်းပြီး Quarantine နှစ်ပတ်ကိုနားခိုင်းမယ်” ဟု ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွင်မင်းထန်ကပြောသည်။

ချင်းပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ (၆) ရှိပြီး ယင်းတို့အနက် တီးတိန်မြို့မှ လူနာအမှတ် (၁) သည် Negative နှစ်ကြိမ်ပြကာ ရောဂါပိုးမတွေ့တော့သည့်အတွက် ဧပြီလ ၃၀ ရက်နေ့က ဆေးရုံမှ ဆင်းသွားပြီး နေအိမ်တွင် (၁၄) Home Quarantine ဖြင့်ထားရှိကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.