Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကျည်ဆံထိမှန်မှုကြောင့် ခြေတစ်ဖက်ဖြတ်ခံရပြီး အကျည်းထောင်ပို့ခံရသည့် ကို Pau Min Lun နှင့် မိသားစုဝင်များ တွေ့ခွင့်မရ

ကျည်ဆံထိမှန်မှုကြောင့် ခြေတစ်ဖက်ဖြတ်ခံရပြီး အကျည်းထောင်ပို့ခံရသည့် ကို Pau Min Lun နှင့် မိသားစုဝင်များ တွေ့ခွင့်မရ

0
By Editor on April 23, 2021 Khonumthung

မာဂရက် – စစ်ကိုင်းတိုင်း ကလေးမြို့တွင် အာဏာသိမ်းစစ်ကောင်စီဆန့်ကျင်ဆန္ဒဖော်ထုတ်သည့် လူထုစစ်ကြောင်းအား စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းစဉ်တွင် ကျည်ဆံထိမှန်ကာ စစ်ဆေးရုံ၌ ကုသမှုခံယူပြီး ခြေတစ်ဖက်ဖြတ်လို က်ရပြီးနောက် ကလေးမြို့အကျည်းထောင်သို့ ပို့ခံရသည့် အသက် (၂၀) အရွယ် ကို Pau Min Lun သည် ယနေ့ချိန်ထိ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မရသည့်အတွက် စိုးရိမ်ပူပန်နေကြသည်ဟု သိရသည်။

ကို Pau Min Lun သည် ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့ဖြစ်ပွားခဲ့သည့် တာဟန်းသပိတ်စစ်ကြောင်း ဖြိုခွင်းမှုဖြစ်စဉ်တွင် အာဏာသိမ်း စစ်ကောင်စီများ၏ ပစ်ခတ်မှုကြောင့် ပေါင်တွင်ကျည်ဆံထိမှန်ကာ ကလေးမြို့ ဒေသကွက်ကဲရေးစစ်ဌာန ချုပ်ဝင်းအတွင်း စစ်ဆေးရုံသို့ ဆေးဝါးကုသမှုခံယူ၍ မတ်လ ၁၉ ရက်နေ့တွင် ခြေတဖက်ဖြတ်ခံလိုက်ခြင်းဖြစ်သည်။

ထိုကဲ့သို့ ခြေတစ်ဖက်ဖြတ်ခံရပြီးနောက် ဧပြီလ ၆ ရက်နေ့တွင် ဆေးရုံမှဆင်းသော်လည်း နေအိမ်သို့ပြန်ခွင့်မပြုဘဲ ကလေးမြို့ မြို့မရဲစခန်းတွင် တစ်ညချုပ်ထားပြီးနောက် ဧပြီလ ၇ ရက်နေ့တွင် ကလေးအကျည်းထောင်သို့ ပိ်ု့ဆောင်ခဲ့ခြင်းဖြစ်သည်။

“၇ ရက်နေ့က ထောင်ကိုရောက်သွားတာ အဲ့နောက်ပိုင်းတွေ့လည်း မတွေ့ရတော့ဘူး၊ ဘာမှလည်း မသိရတော့ဘူး၊ သူနဲ့လည်း အဆက်အသွယ်မရဘူး၊ ပစ္စည်းတွေကိုတော့ ခန့်မှန်းပြီးတော့ စားစရာ၊ သောက်စရာတွေတော့ သွားပေးတာ (၃) ခေါက်ရှိပြီ၊ ပစ္စည်းတွေကို ဂိတ်ပေါက်ကနေပေးပြီးတော့ သူတို့က အထဲသွင်းပေးလိုက်တာပဲရှိတယ် ဘာမှပြောခွင့်မရှိဘူး တွေ့လည်းမတွေ့ရဘူး ကျမခံ စားရတယ် အခုထောင်ထဲမှာလည်း ဘယ်လိုနေမလဲ အဆင်ပြေလား မပြေဘူးလားဆိုတာ စိတ်ပူရ တာပေါ့ တွေ့လို့လည်းမရ၊ ပြောလို့လည်းမရဆိုတော့ ဘယ်လိုမှ မတတ်နိုင်ဘူးလေ၊ စားလည်းဒီစိတ်၊ အိပ်လည်း ဒီစိတ်ဖြစ်နေတာ သူတို့ပြောတာတော့ ကျန်းမာရေးက ကောင်းပါတယ်လို့ပြောတာ ကိုယ်လည်းမမြင်ရဘူးဆိုတော့ သူတို့ပြောတာပဲကိုယ်လည်း ယုံရတော့တာပဲ ” ဟု ကို Pau Min Lun ၏ မိခင်ဖြစ်သူ ကပြောသည်။

ကို Pau Min Lun သည် ဒုတိယနှစ် တက္ကသိုလ်ကျောင်းသားဖြစ်ပြီး ကလေးမြို့၊ မွန်းလိုင်ရပ်ကွက်၊ နယ်မြေ (၈) တွင်နေထိုင်သူဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီက ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားသည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.