Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကန်ပက်လက်မြို့တွင် စစ်ရဟတ်ယာဉ် ၃ စီး ဆင်းသက်

ကန်ပက်လက်မြို့တွင် စစ်ရဟတ်ယာဉ် ၃ စီး ဆင်းသက်

0
By Editor on May 17, 2021 Khonumthung
မာဂရက် – ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် ယနေ့ မေလ ၁၆ ရက် ညနေ ၄ နာရီခန့်က စစ်ရဟတ်ယာဉ် ၃ စီး ဆင်းသက်ခဲ့ပြီး အင်အား ၅၀ ကျော်ခန့်ရှိသော အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ မြို့မဘောလုံးကွင်းတွင်နေရာယူထားကြသည်ဟု သိရသည်။
“ခုနတုန်းကပဲ လေယာဉ် ၂၊ ၃ စီးလောက်ရောက်လာနေတယ်၊ ဘယ်လိုဖြစ်လာမလဲမသိသေးဘူး၊ လေယာဉ်က အရှေ့ဘောလုံးကွင်းမှာ ဆိုက်တယ်၊ ရဲစခန်းကို သွားကြမလား၊ ပစ်ခတ်တာတွေရှိမလား မသေချာသေးဘူး၊ အခုအကုန်လုံးက ပြေးသူကပြေး အဲ့လိုမျိုးလုပ်နေကြတာ၊ ကျွန်တော်တို့လည်း အခုချိန် ပြောင်းရွေ့ရေးလုပ်နေကြတာ” ဟု မြို့ခံတစ်ဦးကပြောသည်။
မေလ ၁၃ ရက်နေ့ ည ၉ နာရီတွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ကန်ပက်လက်ပြည်သူ့လုံခြုံရေး တပ်ဖွဲ့တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။
ကန်ပက်လက်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှ ပြည်သူများအနေဖြင့် လုံခြုံရေးအရ မြို့မဘောလုံးကွင်း၊ ရဲစခန်း နှင့် မြန်မာ့စီးပွားရေးဘဏ်ရုံး အနီးသို့ သွားလာခြင်းများ မပြုလုပ်ရန်၊ အနီးအနားတွင် နေထိုင်သော ပြည်သူများအနေဖြင့်လည်း ဘေးကင်းရာသို့ ကြိုတင်ရွှေ့ပြောင်းပေးနိုင်ရန်နှင့် နံနက် (၈) နာရီမှ နေ့လည် (၁၂) နာရီအတွင်းသာ စျေးဝယ်ခြင်းများပြုလုပ်ရန် ယ​နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့ Carmel တောင်တက်သည့် လူငယ်များ ဓားခုတ်ခံရမှုဖြစ်ပွား၊ နှစ်ဖက်စလုံးဒဏ်ရာရရှိ

ဟားခါးလူထုသပိတ်ခေါင်းဆောင် ဆလိုင်းငွန်ဆန်းအောင် ကွယ်လွန်

ခွင့်လွန်၊ ခွင့်မဲ့ဖြစ်နေသာ ရဲဘော်များ ဖေဖော်ဝါရီလကုန်မှာ ပြန်တာဝန်ထမ်းဆောင်ရန် CDF – KKG ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.