Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»၅၀၅ (က) ဖြင့် အမှုဖွင့်ခံရသည့် ပလက်ဝလူငယ် ၅ ဦးကို သြဂုတ် ၂ ရက်နေ့ ရုံးပြန်ချိန်း

၅၀၅ (က) ဖြင့် အမှုဖွင့်ခံရသည့် ပလက်ဝလူငယ် ၅ ဦးကို သြဂုတ် ၂ ရက်နေ့ ရုံးပြန်ချိန်း

0
By Editor on July 26, 2021 Khonumthung

ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် အာဏာသိမ်းစစ်ကောင်စီမှ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ဖမ်းဆီးထားသည့် ချင်းလူငယ် ၅ ဦးကို ယနေ့ရုံးမထုတ်ဘဲ ဩဂုတ်လ ၂ ရက်နေ့သို့ ရုံးပြန်ချိန်းလိုက်သည်ဟု သိရသည်။

“ကျမတို့ ၂၆ ရက်နေ့မှာ ရုံးချိန်းဆိုတော့ ကျမတို့အကုန် လာရမှာလားဆိုပြီး ကျမတို့မေးကြည့်တယ်၊ ၂၆ ရက်နေ့မှာ သူတို့က ရုံးပိတ်တာဆိုတော့ ရုံးကိုလာလို့မရပါဘူး၊ ဒီနေ့ ရုံးမထုတ်ရပါဘူးတဲ့၊ သူတို့က ရုံးပိတ်ထားတယ်၊ သြဂုတ် ၂ ရက်နေ့မှပဲ ရုံးပြန်ထုတ်ပေးပါမယ်လို့ အကြောင်းကြားလာပါတယ်” ဟု ၎င်းတို့နှင့်နီးစပ်သည့် ပလက်ဝမြို့ဒေသခံက ပြောသည်။

ပလက်ဝမြို့တွင် မေလ ၂၈ ရက်နေ့က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်နောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီသည် မြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင်နေသူများအပါအဝင် လူငယ် ၁၈ ဦးကို ဖမ်းဆီးခဲ့ပြီး ၁၃ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ၅ ဦးကို ဇွန်လ ၁၇ ရက်နေ့က ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်။

ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ခံရသည့် လူငယ် ၅ ဦးမှာ ယခုလက်ရှိ ပလက်ဝမြို့ရဲစခန်းအချုပ်တွင် ထိန်းသိမ်းခံထားရပြီး ရာသီတုတ်ကွေးမိကာ ဖျားနာနေကြသည့်အတွက် မိသားစုဝင်များက စိုးရိမ်နေကြသည်။

အမည်မဖော်လိုသည့် ပလက်ဝဒေသခံတစ်ဦးက “သူတို့ကိုလည်း စစ်ဆေးပြီးပြီ၊ စစ်ဆေးသင့်သလောက်ကို အများကြီးစစ်ဆေးပြီးပြီ၊ အပြစ်မရှိဘူးဆိုတာလည်းသိပြီ၊ မြန်မြန်လေးကို လွှတ်ပေးစေချင်ပြီ၊ ဘာပဲဖြစ်ဖြစကလေးတွေက သူတို့က ပလက်ဝမှာလည်း စစ်ဆေးပြီးပြီ၊ နောက်ပြီးတော့ စစ်တွေကိုလည်း ခေါ်သွားပြီ၊ အပြစ်မရှိဘူးဆိုတာလည်း သိပြီးပြီ၊ ရုံးချိန်းတွေလည်း ရုံးတွေမြန်မြန်ဖွင့်ပြီးတော့ မြန်မြန်လေးပဲ လွှတ်စေချင်ပြီ၊ ကလေးတွေရဲ့ စိတ်ဓာတ်ရေးရာကိုလည်း ရိုက်သတ်သလို ရိုက်ချိုးသလိုမျိုးတွေကို မဖြစ်စေချင်ဘူး၊ ဒီကလေးတွေအတွက် အနာဂတ်မှာလည်း သူတို့လုပ်ငန်းတွေ အများကြီးရှိမှာပဲ၊ ပညာတတ်ကလေးတွေဆိုတော့ ဘာပဲဖြစ်ဖြစ် အပြစ်ကြီလည်းမရှိဘူးဆိုတော့ ယုံကြည်ထားတဲ့အတွက် မြန်မြန်လေးလွှတ်ပေးစေချင်ပါတယ်” ဟု ပြောသည်။

ဖမ်းဆီးခံရသည့် ချင်းလူငယ် (၅) ဦးမှာ ကိုအိုက်မင်း (အဆိုတော်)၊ အိုက်ထွန်းမင်း (ကုမ္ပဏီ)၊ အိုက်ထွန်းမင်း (သစ်တော)၊ ကိုအောင်ထွန်းစိုး (ခ) အာလူးနှင့် အဂ္ဂပေလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးရာကျော်တို့ဖြစ်ကြသည်။

၎င်းတို့ ၅ ဦးသည် မင်းတပ်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့ရန်အတွက် အလှူငွေကောက်ခံသည့်ကိစ္စနှင့်ပတ်သက်၍ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့ Carmel တောင်တက်သည့် လူငယ်များ ဓားခုတ်ခံရမှုဖြစ်ပွား၊ နှစ်ဖက်စလုံးဒဏ်ရာရရှိ

ဟားခါးလူထုသပိတ်ခေါင်းဆောင် ဆလိုင်းငွန်ဆန်းအောင် ကွယ်လွန်

ခွင့်လွန်၊ ခွင့်မဲ့ဖြစ်နေသာ ရဲဘော်များ ဖေဖော်ဝါရီလကုန်မှာ ပြန်တာဝန်ထမ်းဆောင်ရန် CDF – KKG ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.