Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်တွင် မြန်မာစစ်ဘေးရှောင် ၅၆ ဦး ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရ

မီဇိုရမ်တွင် မြန်မာစစ်ဘေးရှောင် ၅၆ ဦး ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရ

0
By Editor on September 25, 2021 Khonumthung

မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကာ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ကြပြီး အိုင်ဇောလ်မြို့ Sihphir ရပ်ကွက် Synod Revival Camping Centre တွင် နေထိုင်ကြသည့် စစ်ဘေးရှောင် CDM ဝန်ထမ်းမိသားစု (၅၆) ဦး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရကြောင်း သိရသည်။

စစ်ဘေးရှောင် CDM ဝန်ထမ်းမိသားစု အယောက် ၁၀၀ ကျော်နေထိုင်သည့် Synod Revival Camping Centre တွင် စက်တင်ဘာ ၂၄ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးခြင်း ပြုလုပ်ခဲ့ရာ (၅၃)ဦးထံ ကိုဗစ်ပိုးတွေ့ရှိကာ
ယခင်ကိုဗစ်လူနာ (၃) ဦးနှင့် စုစုပေါင်း (၅၆) ဦးရှိနေကြောင်း NGO United for Democratic Myanmar information Secretary Salai Hulian က ပြောသည်။

“ကျနော်တို့ ဒီ Camp မှာ အရင်က ကိုဗစ် positive လူနာ (၃) ဦးရှိတယ်။ ဒီကနေ့မှာ Camp မှာရှိတဲ့သူအားလုံး ၁၂၀ ကျော် Mass Test လုပ်တယ် လူဦးရေ (၅၃) ဦး positive ထပ်တွေ့တယ်။ စုစုပေါင်း (၅၆) positive လူနာရှိတယ်။ စိုးရိမ်းရတဲ့သူတော့ မရှိပါဘူး။” ဟု ပြောသည်။

Synod Revival Camping Centre တည်ရှိသည့်နေရာ Sihphir ရပ်ကွက်တွင်လည်း ကိုဗစ်-၁၉ ကူးစက်ခံထားရသူ positive လူနာများပြားသည့်အတွက် ရပ်ကွက်အတွင်းကုသဖို့အခက်အခဲရှိနေသည့်အတွက် သူတို့နေထိုင်သည့် Camp အထဲတွင် Home Isolation ပုံစံမျိုးဖြင့် စနစ်တကျကုသဆောင်ရွက်နေကြောင်း Salai Hulian က ဆက်ပြောသည်။

“Sihphir ရပ်ကွက်မှာလည်း positive က များနေတော့ ရပ်ကွက်မှာ ကုသဖို့အခက်အခဲရှိတယ်။ ဒါကြောင့် Camp အတွင်းထဲမှာဘဲ Home Isolation ပုံစံမျိုးနဲ့ ထားထားတယ်။ ပြဿနာက မိခင်တွေရောဂါကူးပြီး ကလေးတွေက မကူးတဲ့မိသားစုတွေရှိတယ်။ အဲလိုဘဲ ကလေးတွေကူးပြီး မိခင်ကရောဂါမကူးတဲ့မိသားစုတွေရှိနေတော့ ဘယ်လိုမှ သီးသန့်ကုသလို့မရဘူး။ အားလုံးကို positive လူနာပုံစံမျိုးနဲ့ထားပြီး ကုသရမဲ့အနေအထားဖြစ်တယ်။” ဟု ၎င်းကဆက်ပြောသည်။

Sihphir ရပ်ကွက်ရှိ စစ်ဘေးရှောင် CDM ဝန်ထမ်းနှင့် သူတို့၏ မိသားစုများနေထိုင်သည့် Synod Revival Camping Centre သည် မီဇိုရမ်အစိုးရ DC လက်အောက်တွင်တည်ရှိပြီး NGO United for Democratic Myanmar အဖွဲ့က ကြည့်ရှုကူညီဆောင်ရွက်ပေးပြီး လက်ရှိတွင် လူဦးရေ ၁၂၀ ခန့်ရှိသည်။

အလားတူ မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့ပြင် Sairang ကျေးရွာတွင် နေထိုင်သော စစ်ဘေးရှောင် ၂၈ ဦးရှိသည့် အနက် ၂၅ ဦးမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရကြောင်း သိရသလို မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Farkawn ကျေးရွာတွင် ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင် ၂၈ ဦးမှာလည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.