အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် တိမ်းရှောင်နေကြသည့် မြန်မာစစ်ဘေးရှောင်ကလေးငယ် ၂၅၂၆ ဦးကို မီဇိုရမ်ပြည်နယ် အစိုးက ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မီဇိုရမ်ပြည်နယ်တွင် ကျင်းပပြုလုပ်သော လွတ်တော်အစည်းအဝေးတွင် မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီး Pu Lalchhandama Ralte က “အိမ်နီးချင်းနိုင်ငံ မြန်မာပြည် ပြည်တွင်းနိုင်ငံရေးပြဿနာကြောင့် မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာကြသူ စစ်ဘေးရှောင် မြောက်များစွာရှိပါတယ်။ အဲဒီထဲမွာ ပညာသင်ကြားတဲ့အရွယ်တွေလည်း အများအပြားပါလာကြ တယ်။ ပညာရေးဆိုတာက Universal ဖြစ်တဲ့အတိုင်းဘဲ အိန္ဒိယဥပဒေအရ နိုင်ငံခြားသားဖြစ်နေပေမယ့် ကျနော်တို့ကတော့ ညီအကိုဆွေမျိုးသားချင်းတွေဖြစ်တယ်လို့ ခံယူထားတယ်။ ဒါကြောင့် ပညာသင်ကြားနိုင်အောင် စဉ်းစားခဲ့ကြတယ်။ လက်ရှိမှာ စစ်ဘေးရှောင် ၂၅၂၆ ဦးဟာ မီဇိုရမ်မှာ ပညာသင်ကြားနေကြတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ္တပ္က အာဏာသိမ်းယူပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားမှုပြင်းထန်ခဲ့သည့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသက ပြည်သူများသည် ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် ထွက်ပြေးခိုလုံခဲ့ကြရသည်။
ယခုလက်ရှိ မီဇိုရမ်ပြည်နယ်အစိုးရ၏ စာရင်းမှတ်တမ်းအရ မြန်မာစစ်ဘေးရှောင်ဦးရေ ၂၄၂၈၉ ဦးရှိသည်ဟု သိရသည်။