Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချောင်းခွရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး

ချောင်းခွရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး

0
By Editor on August 15, 2022 Khonumthung

ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါ ကားလမ်းမပေါ်ရှိ ချောင်းခွကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ယမန်နေ့သြဂုတ်လ ၁၂ ရက်နေ့က တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့သည်ဟု PDF (Kalay) ကထုတ်ပြန်သည်။

ကလေးနည်းပညာတက္ကသိုလ်မှ ၁၀ မိုင်ခန့်အကွာ ချောင်းခွကျေးရွာအနီးသို့ ဦးတည်ရွေ့လျား လာသော စစ်ကောင်စီတပ်ဖွဲ့ကို သြဂုတ်လ ၁၂ ရက်နေ့နံနက်ပိုင်း ၁၁ နာရီခန့်ကစ၍ PDF (Kalay) တပ်ရင်း (၁) ၊ (၂) ၊ (၅) ၊ (၆) ၊ (၇) ၊ ပ.က.ဖ (ကလေး) နှင့် CNDF အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ ရာ ညနေ ၅ နာရီအချိန်ထိ တိုက်ပွဲပြင်းထန်ခဲ့သည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ၃ ဦးသေဆုံးပြီး PDF (Kalay) မိုင်းတပ်ဖွဲ့၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့်လည်း စစ်ကောင်စီတပ်သားများ ထိခိုက်မှုများပြားနိုင်ကြောင်း PDF (Kalay) က ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် သြဂုတ်လ ၁၂ ရက်နေ့ညနေ ၅ နာရီခန့်တွင် ချောင်းခွကျေးရွာသို့ဝင်ရောက်ပြီး လူနေအိမ်ခြေ ၁၂ လုံးကို မီးရှိုဖျက်ဆီးခဲ့သည်ဟုသိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့သြဂုတ်လ ၁၃ ရက်နေ့တွင် ချောင်းခွကျေးရွာမှတဆင့် ကလေးမြို့နယ်တောင်ပိုင်းသို့ ဆက်လက်ဦးတည်ရွေ့လျားသွားကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်လွှတ်တော်ကအတည်ပြုလိုက်သည့် မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို

လောင်တလိုင်နှင့် ချင်းပြည်နယ်ဆက်သွယ်သည့်နယ်စပ်လမ်းကြောင်းပြန်ဖွင့်

နွေရာသီရောက်ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် တော်လှန်ရေးအဖွဲ့များ အသိပေးနှိုးဆော်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.