Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကန်ပက်လက်မြို့က စစ်ကောင်စီတပ်များခြေကုတ်ယူထားသော နေရာ ၄ ခုကို CDF-Kanpetlet က ၀င်ရောက်တိုက်ခိုက် စစ်ကောင်စီဘက်က ၂ ဦးသေ

ကန်ပက်လက်မြို့က စစ်ကောင်စီတပ်များခြေကုတ်ယူထားသော နေရာ ၄ ခုကို CDF-Kanpetlet က ၀င်ရောက်တိုက်ခိုက် စစ်ကောင်စီဘက်က ၂ ဦးသေ

0
By Editor on October 24, 2023 Khonumthung

ချင်းပြည်နယ် ကန်ပက်လက်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့များ ခြေကုတ်ယူထားသော နေရာ ၄ ခုကို ချင်းကာကွယ်ရေး တပ် ဖွဲ့ CDF-Kanpetlet တပ်ဖွဲ့က တပြိုင်တည်း၀င်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသော ကန်ပက်လက်မြို့ပေါ် က အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံး၊ အ.ထ.က ကျောင်း၊ ရန်အောင်စေတီနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ကို အောက်တိုဘာလ ၂၀ ရက်နေ့မနက် ၆ နာရီမှ ၁၁ နာရီအထိ CDF-Kanpetlet တပ်ဖွဲ့က စစ်ကြောင်း ၅ ကြောင်းခွဲကာ တပြိုင်တည်း သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု CDF-Kanpetlet က ထုတ်ပြန်သည်။

ယင်းပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က ၂ ဦးသေဆုံး၊ ဒဏ်ရာရရှိသူများလည်းရှိပြီး CDF-Kanpetlet တပ်ဖွဲ့ ဘက်ကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့သည်ဟု ဆိုသည်။

ကန်ပက်လက်မြို့ပေါ်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ များ ခြေကုတ်ယူတပ်စွဲထားသောနေရာနှင့် အနီးတ၀◌ိုက်တွင် နေထိုင်ခြင်းမပြုကြရန် CDF-Kanpetlet တပ်ဖွဲ့က တောင်းဆိုထားသည်။

Photo – CDF Kanpetlet

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.