Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်တပ်ဩဇာခံ ချင်းအစိုးရအဖွဲ့သစ်ကို သစ္စာခံ လူဟောင်းအများစုဖြင့် ပြန်ဖွဲ့စည်း

စစ်တပ်ဩဇာခံ ချင်းအစိုးရအဖွဲ့သစ်ကို သစ္စာခံ လူဟောင်းအများစုဖြင့် ပြန်ဖွဲ့စည်း

0
By Editor on April 9, 2026 Khonumthung

(006SV)

အတုအယောင်းရွေးကောက်ပွဲအပြီး အာဏာသိမ်းစစ်ကော်မရှင်၏ ချင်းပြည် နယ် လွှတ်တော်သည် ပြည်နယ် စစ်အစိုးရအဖွဲ့သစ်ကို ယခင်သစ္စာခံလူဟောင်းအများစုဖြင့်ပင် ပြန်လည်ဖွဲ့စည်းခဲ့ကြသည်ဟု သိရပါတယ်။

ယနေ့ ဧပြီလ ၉ ရက် ချင်းပြည်နယ်၊ ဟားခါးမြို့မှာ တတိယအကြိမ်၊ ချင်းပြည်နယ် လွှတ်တော် ပဥ္စမနေ့ အစည်းအဝေးမှာ စစ်ခေါင်းဆောင်ခန့် အပ်ထားသည့် ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွင်းထန်က ပြည်နယ် လွှတ်တော်သို့ အမည်စာရင်း တင်သွင်းကာ ဝန်ကြီးဌာန ၇ ခု၏ ဝန်ကြီးများကို အတည်ပြုခဲ့ကြသည်ဟု သိရသည်။

ချင်းပြည်စစ်အစိုးရသစ် ဝန်ကြီးဌာနများကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတွင် ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ဒေါက်တာလျန်ဇခုပ်၊ လူမှုရေးရာဝန်ကြီးဌာန ဦးစိန်ထွန်းလှ၊ လျှပ်စစ်၊စွမ်းအင်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနတွင် ဦးနေလင်းအောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနတွင် ဦးဝင်းဇော်ဦး၊ စိုက်ပျိုးရေး၊မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနတွင် ဦးပေါင်ဇလန့်၊ စည်ပင်သာယာရေးဝန်ကြီးဌာနတွင် ဦးအောင်ကျော်ဌေးတို့ ဖြစ်သည်ဟု သိရသည်။

ဧပြီလဆန်းပိုင်းတွင် အာဏာသိမ်းစစ်ခေါင်းဆောင်သည် မိမိကိုယ်ကို သမ္မတ တင်မြောက်ရန် ပြည်ထောင်စုလွှတ်တော်တွင် စီစဉ်ဆောင်ရွက်ပြီးနောက် ဧပြီလ ၆ ရက်က ချင်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် အငြိမ်းစား ဒုဗိုလ်မှူးကြီးဟောင်း ဒေါက်တာ ဝုန်ဆွမ်းထန်ကို ပြန်ခန့်အပ်ပြီးနောက် ယနေ့တွင် ချင်းပြည်အစိုးရအဖွဲ့ကို ပြန်လည် ဖွဲ့စည်းခြင်းဖြစ်သည်။

၂၀၂၁ အာဏာသိမ်းပြီးနောက် ချင်းပြည်နယ် စစ်အစိုးရအဖွဲ့ကို ဝန်ကြီးဌာန ၆ ခုဖြင့် ဖွဲ့စည်းခဲ့ရာမှ လက်ရှိတွင် ဝန်ကြီးဌာန ၇ ခုထိ တိုးချဲ့ပြီး ဝန်ကြီးဌာနများကို ပြင်ဆင်ဖွဲ့စည်းသည်၊ ဦးပေါင်ဇလန်နှင့် ဦးအောင်ကျော်ဌေးတို့မှာ ချင်းပြည်စစ်အစိုးရသစ်မှာ ပါဝင်လာသော လူသစ်များဖြစ်ပြီး ကျန်ဝန်ကြီးများမှာ စစ်အုပ်စု၏ သစ္စာခံ လူဟောင်းများ ဖြစ်သည်ဟု သိရသည်။

ချင်းပြည်စစ်အစိုးရအဖွဲ့မှာ စိုက်ပျိုးရေး၊မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဖြစ်လာသူ ဦးပေါင်ဇလန့်သည် ၂၀၂၅ ရွေးကောက်ပွဲမှာ တီးတိန်မြို့နယ်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဇိုမီးအမျိုးသားပါတီ (ZNP) မှ အနိုင်ရရှိထား သူဖြစ်သည်။

ဇိုမီးအမျိုးသားပါတီသည် မင်းအောင်လှိုင် သမ္မတအဖြစ် ဆောင်ရွက်မည့် စစ်အစိုးရအဖွဲ့နှင့်လည်း လက်တွဲ၍ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဧပြီလ ၃ ရက်က ကြေညာထားည်။

ချင်းပြည်နယ်လွှတ်တော်သည် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဦးမြတ်စံ၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးများအဖြစ် ဒေါ်မန်းဟောက်လျန်နှင့် ဦးကျော်သောင်းအောင်၊ ပြည်နယ်ဥပဒေချုပ်အဖြစ် ဦးကပ်တလွန်း၊ ပြည်နယ်စာရင်းစစ်ချုပ် အဖြစ် ဦးမောင်ခင်တို့ကိုလည်း အတည်ပြု ခန့်အပ်ထားသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ၁၂ ရက်တာ Blue Shirt Campaign စတင်

မရာလူမျိုးတိုင်း စစ်မှုထမ်းရမည်ဟု MTC/ MDF ကြေညာ

ဒေါက်တာဝုန်ဆွင်းထန်ကို စစ်အစိုးရသစ် ချင်းဝန်ကြီးချုပ်အဖြစ် ဆက်ခန့်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.