Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့ပေါ်တွင် စစ်မှုထမ်းဖို့အတွက် အဖမ်းအဆီးကြမ်းနေ

ကလေးမြို့ပေါ်တွင် စစ်မှုထမ်းဖို့အတွက် အဖမ်းအဆီးကြမ်းနေ

0
By Editor on May 21, 2026 Khonumthung

(002MG)

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်မှုထမ်းဖို့အတွက် အပြင်သွားလာနေသောလူငယ်များကို အာဏာသိမ်းစစ်တပ်နှင့် ၎င်း၏လက်ပါးစေများက အဖမ်းအဆီးကြမ်းနေသည်ဟု သိရသည်။

“စစ်မှုထမ်းဆွဲတာတော့ ဒီရက်ပိုင်းမှာ အသကုန်ဆွဲ့နေတာ။ အရင့်အရင်ထက်ကို တော်တော်လေးကို ဆိုးဝါးလာတာ ပေါ့။ တခြားမြို့တွေမှာ စစ်မှုထမ်းဆွဲတာ လူဦးရေမပြည့်မှီတာနဲ့ ရတဲ့မြို့ တွေမှာ ပိုဆွဲ တဲ့ပုံစံမျိုးရှိတယ်။ ပြီးတော့ ဟိုးနေ့ကလည်း သူတို့ရဲ့ စစ်ထောက်ပို့လေယာဉ်နဲ့ ဆွဲထားပြီးတဲ့လူတွေကို တခါတည်းတင် ပေးလိုက်တယ်လို့ ပြော တယ်။ စစ်မှုထမ်းဆွဲတာ အရင်ထက်ကို တော်တော်လေးကို ဆိုးနေတယ်။” ဟု ကလေးမြို့က ဒေသခံတစ်ဦးက ပြောသည်။

ကလေးမြို့ဗိုလ်ချုပ်လမ်းမ မင်းကြီးဟိုတယ်ရှေ့အပါအဝင် မြို့၏ အချက်အချာကြသောနေရာများတွင် စစ်တပ်၊ ရဲ၊ ပျူစောထီးအဖွဲ့ဝင်များက စစ်မှုထမ်းရန်အတင်းအဓမ္မလူသစ်စုဆောင်း(ပေါ်တာဆွဲ)နေသည့်အပြင် တချို့တပ်ဖွဲ့ဝင်များ ကလည်း မြို့အနှံ့ပတ်သွားကာ လမ်းများတွေ့သည့် လူငယ်များကိုဖမ်းဆီးလေ့ရှိသည်ဟု သိရသည်။

အဖမ်းခံရသည့်လူငယ်များကို ကလေးမြို့ စုပေါင်းရုံးတွင် ချက်ချင်းပို့ဆောင်ကာ ယင်းမှတဆင့် စခန်းကြီးကျေးရွာအနီး အမှတ် (၁၀) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းသို့ စစ်မှုထမ်းသင်တန်းတက်ရန် ပို့လေ့ရှိပြီး၊ တချို့ မှာလည်း စစ်ထောက်ပို့လေယာဉ်ကြုံဖြင့်လည်း အခြားမြို့၊ ဒေသများသို့လည်း ပို့ဆောင်သည်ဟု သိရသည်။

ယနေ့မေလ ၂၁ ရက် နံနက်ပိုင်း ၁၁ နာရီကစ၍ ကလေးမြို့ မင်းကြီးဟိုတယ်ရှေ့တွင် အာဏာသိမ်းစစ်တပ်က လူအင်အားအများအပြားဖြင့် အတင်းအဓမ္မလူသစ်စုဆောင်း(ပေါ်တာဆွဲ)နေပြီး ပြည်သူများသတိရှိကာ အဆိုပါနေရာ ဘက်သို့ မသွားကြရန် ကလေးဒေသအခြေစိုက် Voice of Kalay ကဖော်ပြသည်။

ယခုနောက်ပိုင်းတွင် စစ်မှုထမ်းအတွက် အတင်းအဓမ္မဖမ်းဆီးခံရသူများကို ငွေကြေးဖြင့် ပြန်ရွေးထုတ်လို့မရတော့ဘဲ လူအစားထိုးပေးနိုင်မှသာလျှင် ပြန်လွတ်ပေးသည်ဟု သိရသည်။

“အခုက အဆက်အသွယ်ကောင်းရုံ၊ ငွေရှိရုံနဲ့လည်း ရွေးလို့မရတော့ဘူး၊ ငွေလည်းကုန်မယ် လူလည်းအစားထိုးပေးနိုင်မှ ပြန်ရွေးလို့ရတာ” ဟု ကလေးမြို့ဒေသခံကပြောသည်။

ကလေးမြို့ပေါ်တွင် စစ်မှုထမ်းအတွက် လူငယ်များအား ဖမ်းဆီးမှု အရှိန်မြင့် လုပ်ဆောင်လာသောကြောင့် ပြည်သူများ လုံခြုံရေးအထူးဂရုစိုက်ရန်လိုအပ်ကြောင်း ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက မေလ (၃) ရက်နေ့တွင် သတိပေးထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

ချင်းလူငယ်နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး ကင်ဆာရောဂါဖြင့်ကွယ်လွန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.