Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ရိခေါ်ဒါရ်မြို့တွင် အစိုးရသက်တမ်းမကုန်မီ အဆင့်မြင့်ဈေးနှင့် ကားလေးကွင်း အပြီးတည်ဆောက်မည်ဟုဆို
ရိခေါ်ဒါရ်မြို့တွင် အစိုးရသက်တမ်းမကုန်မီ အဆင့်မြင့်ဈေးနှင့် ကားလေးကွင်း အပြီးတည်ဆောက်မည်ဟုဆို
0
By Editor on November 3, 2020 Khonumthung
#Unicode
နှင်းနှင်း – အိန္ဒိယ-မြန်မာနယ်စပ်အမှတ်(၂) ကုန်သွယ်ရေးစခန်းတည်ရှိရာ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့တွင် လက်ရှိအစိုးရသက်တမ်းမကုန်မှီအတွင်း အဆင့်မြင့်စျေးနှင့် ကားလေးကွင်းတည်ဆောက်သွားမည်ဟု ရိခေါ်ဒါရ်မြို့ စည်ပင်ကော်မတီအဖွဲ့ဝင် ဦးဆလိုင်းသိန်းဌေးလွင်ကပြောသည်။
“ကျွန်တော်တို့ကို ပြည်နယ်ဝန်ကြီးချုပ်ကလည်းပြောတယ်၊ စည်ပင်ဝန်ကြီးနောက်ဆုံးအခေါက်လာ တော့လည်းအမှုတွဲကိုတော့ ၁၅ ရက်နဲ့ပြီးအောင်တည်ဆောက်ပါ၊ မတ်လမှာဖွင့်ပွဲလုပ်ရအောင် နောက်အ စိုးရကိုမလွဲခင်လေးမှာလို့ ပြောသွားတယ်။ ကျွန်တော်တို့လည်း လယ်ယာမြေသုံးစွဲခွင့်ရရှိဖို့အတွက်ကို မြို့ အုပ်ချုပ်ရေးမူးဦးဆောင်ပြီးတော့မှ လယ်ယာမြေခန့်ခွဲမှုးဦးစီးဌာနတွေအားလုံးအစီစဉ်တွေဆွဲပြီးတော့ ကော်မတီတွေပေါင်းပြီးတော့ အင်နဲ့အားလုပ်နေတယ်။ ခုရက်ပိုင်းတော့ ပြီးမယ်ထင်တယ်။ပြီးတာနဲ့ ချက်ချင်း ချင်းပြည်နယ်အစိုးရကိုပို့မယ်။ အခြားနည်းသုံးစွဲခွင့်လျှောက်မယ်။ ချင်းပြည်နယ်အစိုးရကဆုံးဖြတ် ပေးမယ်ဆိုရင် မြန်မှာပါ။” ဟု ဦးဆလိုင်းသိန်းဌေးလွင် ကပြောသည်။
ရိခေါ်ဒါရ်မြို့ အဆင့်မြင့်စျေးနှင့် ကားလေးကွင်းမှာ ယခုနှစ်ကုန်ပိုင်းတွင် စတင်တည်ဆောက် နိုင်ရန်အတွက်မြေပိုင်ရှင်များနှင့်ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်ကာ လယ်ယာမြေကို အခြားနည်းဖြင့်အသုံး ပြုရန်လျှောက်ထားပြီး ခွင့်ပြုချက်ကျလာပါက အမြန်ဆုံး ကောင်အထည်ဖော်နိုင်ရန်အတွက်လုပ်ဆောင်သွွား မည်ဟု ရိ ပြန်ဆက်ဦးစီးမှုး ဦး လာလ်ပက်လောမ် ကပြောသည်။
“လယ်ယာမြေပိုင်တွေနဲ့ဒီကစည်ပင်ကော်မတီတွေနဲ့ အရောင်းအဝယ်စာချုပ်နဲ့လုပ်ပြီးပြီ ။ မြေနေရာက သူများမြေနေရာဖြစ်တဲ့အတွက်ပြည်ထောင်စုအဆင့်ထိလယ်ယာမြေကို အခြား သောနည်းဖြင့်အ သုံးပြုခွင့် ဆိုပြီးတော့လျှောက်ထားဖို့လုပ်နေတုန်းဖြစ်သေးတယ်။ ခုအဆင့်ထိတော့ မြေနေရာရရှိေ ရး ကိုဆောင်ရွက်သွားတာပါ။ ခုအမှုတွဲတွေဆောင်ရွက်တဲ့အပိုင်းကိုတော့ဆက်လုပ်မှာပေါ့” ဟုပြောသည်။
ရိခေါ်ဒါရ်မြို့သည့် နယ်စပ်မြို့တစ်မြို့သော်လည်း ပျံကျစျေးသာရှိပြီး အဆင့်မြင့်စျေးရှိလာပါက စျေးရောင်းဝယ်ရေးပိုင်းတွင် လည်း ပြည်သူများအတွက် ပိုမိုအဆင်ပြေလာမည်ဟု ယုံကြည်ကြောင်း ဦးဆလိုင်းသိန်းဌေးလွင်ကပြောသည်။
“ချင်းပြည်နယ်အစိုးရအတွက်တော့ ဝင်ငွေက ရိဒေသဖြစ်နေတယ် ၊ရိက ဝင်ထွက်ပေါက်ဖြစ် နေတယ်။ အဆင့်မြင့်စျေးကို လုပ်ခြင်းအားဖြင့် ပထမတုန်းကအဆင့်မြင့်စျေးတွေ တိတိကျကျ မရှိတော့ တဖက်ကမ်းရဲ့ကူးသန်းရောင်းဝယ်ရေးနဲ့ပက်သက်ပြီးကျွန်တော်တို့ဖက် အနှိမ်ခံရတာမျိုးရှိတယ်။ အကြွေးပဲပေးရတယ် အကြွေးကျတယ် ၊ပထမတခေါက်ပဲပေးနိုင််တယ်နောက်တခေါက်ကျမှပဲ အကြွေးကတောင်းလို့ရတယ်။” ဟုသူကပြောသည်။
ရိခေါ်ဒါရ်မြို့ရှိ အဆင့်မြင့်စျေးနှင့့် ကားလေးကွင်းမှာ အမှတ်(၁) ရပ်ကွက်နှင့် အမှတ်(၂) ရပ်ကွက်နှစ်ခုကြားတွင် တည်ဆောက်ရန်လျာထားပြီး တည်ဆောက်ပြီးပါက ပြည်သူများအတွက် အလွယ်တကူ ကူးသန်းရောင်းဝယ်ရန် နှင့် အဖက်ဖက်တွင် အဆင်ပြေစွာအကျိုးပြုမည့်ဆောက်လုပ်ရေး စီမံကိန်းဖြစ်သည်ဟုသိရသည်။
#Zawgyi
အိန္ဒိယ-မြန်မာနယ်စပ်အမှတ်(၂) ကုန်သွယ်ရေးစခန်းတည်ရှိရာ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့တွင် လက်ရှိအစိုးရသက်တမ်းမကုန်မှီအတွင်း အဆင့်မြင့်ဈေးနှင့် ကားလေးကွင်းတည်ဆောက်သွားမည်ဟု ရိခေါ်ဒါရ်မြို့ စည်ပင်ကော်မတီအဖွဲ့ဝင် ဦးဆလိုင်းသိန်းဌေးလွင်ကပြောသည်။ 
ရိခေါ်ဒါရ်မြို့ အဆင့်မြင့်ဈေးနှင့် ကားလေးကွင်းမှာ ယခုနှစ်ကုန်ပိုင်းတွင် စတင်တည်ဆောက် နိုင်ရန်အတွက်မြေပိုင်ရှင်များနှင့်ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်ကာ လယ်ယာမြေကို အခြားနည်းဖြင့်အသုံး ပြုရန်လျှောက်ထားပြီး ခွင့်ပြုချက်ကျလာပါက အမြန်ဆုံး ကောင်အထည်ဖော်နိုင်ရန်အတွက်လုပ်ဆောင်သွား မည်ဟု ရိ ပြန်ဆက်ဦးစီးမှုး ဦး လာလ်ပက်လောမ် ကပြောသည်။ 
ရိခေါ်ဒါရ်မြို့သည့် နယ်စပ်မြို့တစ်မြို့သော်လည်း ပျံကျဈေးသာရှိပြီး အဆင့်မြင့်ဈေးရှိလာပါက ဈေးရောင်းဝယ်ရေးပိုင်းတွင် လည်း ပြည်သူများအတွက် ပိုမိုအဆင်ပြေလာမည်ဟု ယုံကြည်ကြောင်း ဦးဆလိုင်းသိန်းဌေးလွင်ကပြောသည်။ 
ရိခေါ်ဒါရ်မြို့ရှိ အဆင့်မြင့်ဈေးနှင့် ကားလေးကွင်းမှာ အမှတ်(၁) ရပ်ကွက်နှင့် အမှတ်(၂) ရပ်ကွက်နှစ်ခုကြားတွင် တည်ဆောက်ရန်လျာထားပြီး တည်ဆောက်ပြီးပါက ပြည်သူများအတွက် အလွယ်တကူ ကူးသန်းရောင်းဝယ်ရန် နှင့် အဖက်ဖက်တွင် အဆင်ပြေစွာအကျိုးပြုမည့်ဆောက်လုပ်ရေး စီမံကိန်းဖြစ်သည်ဟုသိရသည်။ 
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website
Related Posts
UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ
UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို
ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ
Leave A Reply Cancel Reply
The reCAPTCHA verification period has expired. Please reload the page.
  • Featured Article
May 19, 2026
သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်
February 19, 2026
“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”
February 2, 2026
သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ
February 1, 2026
#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”
Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026
သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်
February 19, 2026
“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”
February 2, 2026
သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ
February 1, 2026
#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”
Copyright © 2015 Khonumthung News Group. Design & Developed by ExL.
Copyright © 2015 Khonumthung News Group. Design & Developed by ExL.
Type above and press Enter to search. Press Esc to cancel.