Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကေလးျမဳိ႕တြင္ ကိုဗစ္ပိုးေတြ႕လူနာ (၂၅) ဦး ကုသမႈခံယူလ်က္ရွိ

ကေလးျမဳိ႕တြင္ ကိုဗစ္ပိုးေတြ႕လူနာ (၂၅) ဦး ကုသမႈခံယူလ်က္ရွိ

0
By Editor on November 24, 2020 Khonumthung

#Unicode

နှင်းနှင်း – စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှ ချင်းပြည်နယ်သို့ အရေးကြီးကုန်စည်ပို့ဆောင်ရေး ယာဉ်မောင်းနှင်သည့် ယာဉ် မောင်းနှင့် ယာဉ်နောက်လိုက်များကို ခိုင်ကမ်းမြို့ စစ်ဆေးရေးဂိတ်တွင် Test Kit ဖြင့်ကိုဗစ်ပိုးရှိ/မရှိ စစ်ဆေး ရာနိုဝင်ဘာလ (၂၃) ရက်နေ့က မော်တော်ယာဉ်နောက်လိုက် (၁)ဦးထံ ကိုဗစ်ပိုးထပ်မံတွေ့ရှိခဲ့ပြီး လက်ရှိ ကလေးမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ (၂၅) ဦး ကုသမှုခံယူလျက်ရှိကြောင်းသိရသည်။

ကလေးခရိုင်ပြန်ဆက်ဦးစီးမှူး ဦးညီညီဇော်က “သူ့ကို Test Kit နဲ့စစ်တာကနေပိုး တွေ့တာ။ချင်းပြည်နယ်အဝင် ခိုင်ကမ်းမှာ ပြည်သူ့ကျန်းမာရေးက အထူးကုန်စည်ပို့ဆောင် ရေးယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို စစ်ဆေးတဲ့ အခါမှာသူကေ ညာင်ပင်သာ ရပ်ကွက်မှာနေတဲ့အမျိုးသား(၁)ဦး။လက်ရှိဆေးကုသနေတဲ့သူက (၂၅) ယောက်ရှိတယ် ကျန်းမာရေးအခြေ အနေကကောင်းပါတယ်၊စိုးရိမ်ရတဲ့လူနာမရှိပါဘူး” ဟုပြောသည်။

နိုဝင်ဘာ ၂၃ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိသော မော်တော်ယာဉ်နောက်လိုက်မှာ ကလေးမြို့၊ ညောင်ပင်သာရပ်ကွက် နယ်မြေ (၂) တွင် နေထိုင်သည့် အသက် (၂၃) နှစ်အရွယ်အမျိုးသားဖြစ်သည်။

ကလေးမြို့တွင်ကိုဗစ်ပိုးတွေ့ရှိသည့် လူနာများနှင့်ကွာရန်တင်းဝင်ရောက်သူအများစုသည် ပြည်တွင်းကူးစက်မှုမှ အများဆုံးဖြစ်ကာ လက်ရှိကလေးမြို့ပေါ်တွင်ကွာရန်တင်း စင်တာ (၅) ခု ဖွင့်လှစ်ထားပြီး ကွာရန်တင်းဝင်ရောက်သူ (၄၃၈) ဦးရှိသည်ဟု ကလေးမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးတင်မြို့ကပြောသည်။

“လက်ရှိ နိုဝင်ဘာ ၂၃ ရက်နေ့ထိမှာ ပြည်တွင်းမှာက ၃၄၂ ယောက်၊ ပြည်ပက ၉၆ ယောက်ရှိတယ်။ အားလုံးပေါင်း (၄၃၈) ယောက်ရှိတယ်။ ကလေးမြို့ပေါ်မှာကွာရန်တင်းစင်တာ (၅) ခုရှိတယ်၊ ကွာရန်တင်းအဆင်မပြေတဲ့ နေရာမှာတော့ Home Quarantine အဖြစ်သီးခြားထားတဲ့သူတွေလည်းရှိတယ်” ဟု ဦးတင်မြို့ကပြောသည်။

လက်ရှိကလေးမြို့တိုင်ရင်းဆေးရုံတွင် ကိုဗစ်ပိုးတွေ့လူနာ (၉) ဦး နှင့် ပြည်သူ့အငှား အိမ်ယာ(အိတ်စွပ်)အထူးကြတ်မတ်အဆောင်တွင် (၁၆) ဦး၊ စုစုပေါင်း (၂၅) ဦးတို့ ကုသမှုခံယူလျက်ရှိကြသည်။

#Zawgyi

ႏွင္းႏွင္း  – စစ္ကုိင္းတုိင္းေဒသၾကီး၊ ကေလးျမဳိ႕မွ ခ်င္းျပည္နယ္သုိ႔ အေရးၾကီးကုန္စည္ပုိ႔ေဆာင္ေရး ယာဥ္ေမာင္းႏွင္သည့္ ယာဥ္ ေမာင္းႏွင့္ ယာဥ္ေနာက္လုိက္မ်ားကုိ ခုိင္ကမ္းျမဳိ႕ စစ္ေဆးေရးဂိတ္တြင္ Test Kit ျဖင့္ကုိဗစ္ပုိးရွိ၊ မရွိ စစ္ေဆး ရာႏုိဝင္ဘာလ (၂၃) ရက္ေန႔က ေမာ္ေတာ္ယာဥ္ေနာက္လုိက္ (၁) ဦးထံ ကုိဗစ္ပုိးထပ္မံေတြ႔ရွိခဲ့ျပီး လက္ရွိ ကေလးျမဳိ႕တြင္ ကိုဗစ္ပိုးေတြ႕လူနာ (၂၅) ဦး ကုသမႈခံယူလ်က္ရွိေၾကာင္းသိရသည္။

ကေလးခရုိင္ျပန္ဆက္ဦးစီးမႉး ဦးညီညီေဇာ္က “ သူ႔ကုိ Test Kit နဲ႔စစ္တာကေနပုိး ေတြ႔တာ။ ခ်င္းျပည္နယ္အဝင္ ခိုင္ကမ္းမွာ ျပည္သူ႔က်န္းမာေရးက အထူးကုန္စည္ပုိ႔ေဆာင္ ေရးယာဥ္ေမာင္းနဲ႔ ယာဥ္ေနာက္လုိက္ေတြကုိ စစ္ေဆးတဲ့ အခါမွာသူကေ ညာင္ပင္သာ ရပ္ကြက္မွာေနတဲ့အမ်ဳိးသား (၁) ဦး။လက္ရွိေဆးကုသေနတဲ့သူက (၂၅)ေယာက္ရွိတယ္ က်န္းမာေရးအေျခ အေနကေကာင္းပါတယ္၊စုိးရိမ္ရတဲ့လူနာမရွိပါဘူး” ဟုေျပာသည္။

ႏိုဝင္ဘာ ၂၃ရက္ေန႔က ကိုဗစ္ပုိးေတြ႔ရွိေသာ ေမာ္ေတာ္ယာဥ္ေနာက္လုိက္မွာ ကေလးျမဳိ႕၊ ေညာင္ပင္သာရပ္ကြက္ နယ္ေျမ (၂) တြင္ ေနထိုင္သည့္ အသက္(၂၃)ႏွစ္အရြယ္အမ်ဳိးသားျဖစ္သည္။

ကေလးျမဳိ႕တြင္ကုိဗစ္ပုိးေတြ႔ရွိသည့္ လူနာမ်ားႏွင့္ကြာရန္တင္းဝင္ေရာက္သူအမ်ားစုသည္ ျပည္တြင္းကူးစက္မႈမွ အမ်ားဆုံးျဖစ္ကာ လက္ရွိကေလးျမဳိ႕ေပၚတြင္ကြာရန္တင္း စင္တာ (၅) ခု ဖြင့္လွစ္ထားၿပီး ကြာရန္တင္းဝင္ေရာက္သူ (၄၃၈) ဦးရွိသည္ဟု ကေလးျမဳိ႕ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ ဦးတင္ျမဳိ႕ကေျပာသည္။

“လက္ရွိ ႏုိဝင္ဘာ ၂၃ရက္ေန႔ထိမွာျပည္တြင္းမွာက ၃၄၂ေယာက္၊ ျပည္ပက ၉၆ ေယာက္ရွိတယ္။ အာလုံးေပါင္း (၄၃၈) ေယာက္ရွိတယ္။ ကေလးျမဳိ႕ေပၚမွာကြာရန္တင္းစင္တာ (၅) ခုရွိတယ္၊ ကြာရန္တင္းအဆင္မေျပတဲ့ ေနရာမွာေတာ့ Home Quarantine အျဖစ္သီးျခားထားတဲ့သူေတြလည္းရွိတယ္” ဟု ဦးတင္ျမဳိ႕ကေျပာသည္။ 

လက္ရွိကေလးျမဳိ႕တုိင္ရင္းေဆးရုံတြင္ ကိုဗစ္ပုိးေတြ႔လူနာ (၉) ဦး ႏွင့္ ျပည္သူ႔အငွား အိမ္ယာ(အိတ္စြပ္)အထူးၾကတ္မတ္အေဆာင္တြင္ (၁၆) ဦး၊ စုစုေပါင္း (၂၅) ဦးတုိ႔ ကုသမႈခံယူလ်က္ရွိၾကသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.