Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဆမီးၿမိဳ႕ရွိ စစ္ေဘးေရွာင္ျပည္သူမ်ား ေနရပ္ျပန္လိုၾက၊ အစိုးရအေနျဖင့္ ျပန္လည္ထူေထာင္ေရးေဆာင္ရြက္ေပးရန္ လိုလားေနၾက

ဆမီးၿမိဳ႕ရွိ စစ္ေဘးေရွာင္ျပည္သူမ်ား ေနရပ္ျပန္လိုၾက၊ အစိုးရအေနျဖင့္ ျပန္လည္ထူေထာင္ေရးေဆာင္ရြက္ေပးရန္ လိုလားေနၾက

0
By Editor on December 17, 2020 Khonumthung

#Unicode

By လားနွန် – ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့စစ်ဘေးရှောင်စခန်း (IDPs Camp) တွင် နေထိုင်ကြသည့် စစ်ဘေးရှောင်ပြည်သူများသည် မိမိနေရပ်သို့ပြန်လည်အခြေချလိုကြပြီး အစိုးရအနေဖြင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးရန်လိုလားနေကြသည်ဟု စစ်ဘေးရှောင်ပြည်သူများအား အနီးကပ်ကူညီဆောင်ရွက်နေသော People Hope (ပြည်သူ့မျှော်လင့်ချက်) အဖွဲ့ ဒါရိုက်တာ ဦးဇော်လီအောင်ကပြောသည်။

“သူတို့ရဲ့ ဆန္ဒကတော့ အများအားဖြင့် ပြန်ချင်တဲ့ဆန္ဒရှိတယ် အခုသူတို့ ပြန်ချင်ပေမဲ့လည်း ကျနော်တို့ ဆမီးမှာဆိုရင်တော့ ဂိတ်ရှိတယ် ဂိတ်ကဖြတ်လို့လည်းမရဘူး ပြီးတော့ အစိုးရအနေနဲ့ အာမခံပေးတာတို့လည်း မရှိဘူး ဒါပေမဲ့သူတို့ အနေနဲ့တော့ ပြန်ချင်တာကတော့ ဆမီးမှာရှိတဲ့ တိုက်ပွဲရှောင်တွေအားလုံးပဲ လူပေါင်း ၃၄၀၀ စလုံးကပြန်ခွင့်ရရင် သူတို့က နေချင်းညချင်းသူတို့ကပြန်ချင်တဲ့သဘောရှိတယ်” ဟု ဆမီးစစ်ဘေး ရှောင်ကူညီရေးအသင်းမှ ဦးဇော်လီအောင်ကေ ပြာသည်။

ဆမီးမြို့ရှိစစ်ဘေးရှောင်စခန်းသည် အခြားစစ်ဘေးရှောင်စခန်းများထက် စားသောက်ရေးပိုင်းတွင် အဆင်ပြေေ သာ်လည်း နေရပ်မြေမှာ ပြန်လည်အခြေချကာ လုပ်ကိုင်စားသောက်ချင်ကြပြီး (IDPs Camp) စခန်းမှာနေရခြင်း သည် စိတ်အားငယ်နေကြသည့်အပြင် အကျယ်ချုပ်ပုံစံလိုခံ စားနေရခြင်းကြောင့် မိမိတို့ဒေသသို့ပြန်ချင်ကြခြင်း ဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

ဆမီးမြို့စစ်ဘေးရှောင်စခန်းတွင် နေထိ်ုင်နေသည့် ပလက်ဝမြို့နယ် ဝက်မအုပ်စု ဝက်မရွာမှ ဦးကြာလုံး ကလည်း စစ်ဘေးရှောင်စခန်းတွင်နေရခြင်းသည် အနာဂတ်အတွက် မျှော်လင့်ချက်မရှိကြောင်း ပြောဆိုပါသည်။

“ကျနော်တို့က တိုက်ပွဲတွေဘာတွေမဖြစ်ဘူးဆိုရင်တော့ မိမိရွာမှာတော့ပြန်ချင်တာပေါ့ ဒါပေမဲ့ ဒီမှာ ကျနော်တို့ စစ်ဘေးရှောင်အနေနဲ့ဆိုတော့ အနာဂတ်အတွက်လည်းမပါဘူး ဒီမှာကျနော်တို့ မျှော်လင့်ချက်လည်းမရှိဘူး ကျနော်တို့ပြန်ချင်တယ်’’ ဟု ဦးကြာလုံးကပြောသည်။

ယခုလက်ရှိ ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် AA တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုမရှိတော့သည့်အတွက် စစ်ဘေးရှောင်များ နေရပ်ပြန်မည်ဆိုပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းများအရင်ဆောင်ရွက်ပြီးမှသာ အဆင်ပြေနိုင်မည်ဟု ယုံကြည်ကြောင်း ဦးဇော်လီအောင်ကပြောသည်။

“ပြန်မယ်ဆိုရင်တောင်မှ အစီစဉ်တွေသေချာစွဲပြီးမှ မိုင်းရှင်းလင်းတာတို့ အရင်ဆုံးလုပ် ပြီးတော့ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေလုပ်ပြီးမှပဲ ပြန်ခိုင်းစေချင်တယ် အခုသူတို့ကို ဒီတိုင်းလွှတ်လိုက်မယ်ဆိုရင်လည်းပဲ ရွာမှာရောက်ရင် ဘယ်လို ရုန်းကန်ကြမလဲ သူတို့နေရေးထိုင်ရေး စားဝတ်နေရေးအတွက်က စိုးရိမ်စရာအများကြီးရှိတာပေါ့ ဒါကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အရင်လုပ်ဆောင်ပြီးမှသာ ပြန်မယ်ဆိုရင် ပိုသင့်တော်မယ်” ဟု ဦးဇော်လီအောင်က ပြောသည်။

စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်ရေးကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်လိုအပ်နေသေးသည့်အပြင် တပ်မတော်ဘက်မှ လုံခြုံရေးအရ ကန့်သတ်ချက်များရှိနေသေးသည့်အတွက် နေရပ်ပြန်ရေးအဆင်မပြေသေးကြောင်း ပြောဆိုပါသည်။

“အခုလုံးဝအေးချမ်းသွားတာတော့မဟုတ်ဘူး ပြန်လည်ထူထောင်ရေးလုပ်ဖို့ကလည်း ပြီးစီးသွားတာမဟုတ်သေးဘူး ကျနော်တို့ကိုယ်တိုင်လည်း ဆမီး ပလက်ဝ IDPs Camp မှာ ဒီလိုပြုံပြီးမှာတစ်နေရာထဲမှာ စုနေတာမကြိုက်ဘူး တကယ်တမ်းပြောရရင် ဒါပေမဲ့ အဲဒီမှာသာ မထားဘဲပြန်ဖို့ဆိုရင် အခုကတောင်ယာလည်းမလုပ်ဘူး လယ်လည်းမလုပ်ဘူး ဟင်းသီးဟင်းရွက်မစိုက်ရဘူး လယ်ယာကိုင်းကျွန်းတစ်ခုမှမရှိရင်ဘာမှလုပ်လို့မရဘူး ရွွာပြန်သွားရင် သူတို့မှာစားစရာမရှိ ဘူး မသင့်တော်သေးဘူး ပြန်လည်ထူထောင်ရေးလုပ်ဖို့ကလည်း မရသေးတဲ့အတွက်ကလည်း တစ်ချက် တပ်ကလုံခြုံရေး အရ ကန့်သတ်ချက်တွေရှိသေးတယ် သူတို့ရွာသွားဖို့လာဖို့ သူတို့ရွာပြန်ရင်လည်း သူတို့ဘာစားမလဲ ဆန်လည်းမရှိဘူး ဆန်လည်းပို့လို့မရ ရောင်းတဲ့ဆန်တွေကလည်းမရှိဘူး ပလက်ဝကိုပဲဆန်တွေကပြန်လာဝယ်ရမှာ ပြန်လာရှာရမှာ အဲဒီပလက်ဝကိုလာဖို့ တစ်ရွာနဲ့ တစ်ရွာသွားဖို့ကို လုုံခြုံရေးအရ ကန့်သတ်မှုတွေရှိနေတယ် ကောင်းကျိုးထက် ဆိုးကျိုးဖြစ်ဖို့များနေတယ် ပြန်ရင်လေ အဲဒါကြောင့်ကျနော်တို့က ခဏနေအုံး အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တစ်ဆင့်ပြောထား တယ်” ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

ဆမီးမြို့တွင် စစ်ဘေးရှောင်စခန်း ၅ ခုရှိပြီး စစ်ဘေးရှောင်ပြည်သူ ၃၄၀၀ ခန့် နေထိုင်ကြသည်။

#Zawgyi

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ ဆမီးၿမိဳ႕စစ္ေဘးေရွာင္စခန္း (IDPs Camp) တြင္ ေနထိုင္ၾကသည့္ စစ္ေဘး ေရွာင္ျပည္သူ မ်ားသည္ မိမိေနရပ္သို႔ျပန္လည္အေျခခ်လိုၾကၿပီး အစိုးရအေနျဖင့္ ျပန္လည္ထူေထာင္ေရး ေဆာင္ရြက္ေပးရန္လိုလားေန ၾကသည္ဟု စစ္ေဘးေရွာင္ျပည္သူမ်ားအား အနီးကပ္ကူညီေဆာင္ရြက္ေနေသာ People Hope (ျပည္သူ႔ေမွ်ာ္လင့္ခ်က္) အဖြဲ႔ ဒါ႐ိုက္တာ ဦးေဇာ္လီေအာင္ကေျပာသည္။ 

“သူတို႔ရဲ႕ ဆႏၵကေတာ့ အမ်ားအားျဖင့္ ျပန္ခ်င္တဲ့ဆႏၵရွိတယ္ အခုသူတို႔ ျပန္ခ်င္ေပမဲ့လည္း က်ေနာ္တို႔ ဆမီးမွာဆိုရင္ေတာ့ ဂိတ္ရွိတယ္ ဂိတ္ကျဖတ္လို႔လည္းမရဘူး ၿပီးေတာ့ အစိုးရအေနနဲ႔ အာမခံေပးတာတို႔လည္း မရွိဘူး ဒါေပမဲ့သူတို႔ အေနနဲ႔ေတာ့ ျပန္ခ်င္တာကေတာ့ ဆမီးမွာရွိတဲ့ တိုက္ပြဲေရွာင္ေတြအားလံုးပဲ လူေပါင္း ၃၄၀၀ စလံုးကျပန္ခြင့္ရရင္ သူတို႔က ေနခ်င္းညခ်င္းသူတို႔ကျပန္ခ်င္တဲ့သေဘာရွိတယ္” ဟု ဆမီးစစ္ေဘး ေရွာင္ကူညီေရးအသင္းမွ ဦးေဇာ္လီေအာင္ကေ ျပာသည္။

ဆမီးၿမိဳ႕ရွိစစ္ေဘးေရွာင္စခန္းသည္ အျခားစစ္ေဘးေရွာင္စခန္းမ်ားထက္ စားေသာက္ေရးပိုင္းတြင္ အဆင္ေျပေ သာ္လည္း ေနရပ္ေျမမွာ ျပန္လည္အေျခခ်ကာ လုပ္ကိုင္စားေသာက္ခ်င္ၾကၿပီး (IDPs Camp) စခန္းမွာေနရျခင္း သည္ စိတ္အားငယ္ေနၾကသည့္အျပင္ အက်ယ္ခ်ဳပ္ပံုစံလိုခံ စားေနရျခင္းေၾကာင့္ မိမိတို႔ေဒသသို႔ျပန္ခ်င္ၾကျခင္း ျဖစ္သည္ဟု ၎ကဆက္ေျပာသည္။ 

ဆမီးၿမိဳ႕စစ္ေဘးေရွာင္စခန္းတြင္ ေနထိ္ုင္ေနသည့္ ပလက္ဝၿမိဳ႕နယ္ ၀က္မအုပ္စု ၀က္မရြာမွ ဦးၾကာလံုး ကလည္း စစ္ေဘးေရွာင္စခန္းတြင္ေနရျခင္းသည္ အနာဂတ္အတြက္ ေမွ်ာ္လင့္ခ်က္မရွိေၾကာင္း ေျပာဆိုပါသည္။

“က်ေနာ္တို႔က တိုက္ပြဲေတြဘာေတြမျဖစ္ဘူးဆိုရင္ေတာ့ မိမိရြာမွာေတာ့ျပန္ခ်င္တာေပါ့ ဒါေပမဲ့ ဒီမွာ က်ေနာ္တို႔ စစ္ေဘးေရွာင္အေနနဲ႔ဆိုေတာ့ အနာဂတ္အတြက္လည္းမပါဘူး ဒီမွာက်ေနာ္တို႔ ေမွ်ာ္လင့္ခ်က္လည္းမရွိဘူး က်ေနာ္တို႔ျပန္ခ်င္တယ္’’ ဟု ဦးၾကာလံုးကေျပာသည္။

ယခုလက္ရွိ ပလက္၀ၿမိဳ႕နယ္တြင္ တပ္မေတာ္ႏွင့္ AA တပ္ဖြဲ႔အၾကား တိုက္ပြဲျဖစ္ပြားမႈမရွိေတာ့သည့္အတြက္ စစ္ေဘးေရွာင္မ်ား ေနရပ္ျပန္မည္ဆိုပါက ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားအရင္ေဆာင္ရြက္ၿပီးမွသာ အဆင္ေျပႏိုင္မည္ဟု ယံုၾကည္ေၾကာင္း ဦးေဇာ္လီေအာင္ကေျပာသည္။ 

“ျပန္မယ္ဆိုရင္ေတာင္မွ အစီစဥ္ေတြေသခ်ာစြဲၿပီးမွ မိုင္းရွင္းလင္းတာတို႔ အရင္ဆံုးလုပ္ ၿပီးေတာ့ျပန္လည္ထူေထာင္ေရး လုပ္ငန္းေတြလုပ္ၿပီးမွပဲ ျပန္ခိုင္းေစခ်င္တယ္ အခုသူတို႔ကို ဒီတိုင္းလႊတ္လိုက္မယ္ဆိုရင္လည္းပဲ ရြာမွာေရာက္ရင္ ဘယ္လို ႐ုန္းကန္ၾကမလဲ သူတို႔ေနေရးထိုင္ေရး စား၀တ္ေနေရးအတြက္က စိုးရိမ္စရာအမ်ားႀကီးရွိတာေပါ့ ဒါေၾကာင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းေတြ အရင္လုပ္ေဆာင္ၿပီးမွသာ ျပန္မယ္ဆိုရင္ ပိုသင့္ေတာ္မယ္” ဟု ဦးေဇာ္လီေအာင္က ေျပာသည္။

စစ္ေဘးေရွာင္ျပည္သူမ်ား ေနရပ္ျပန္ေရးကိစၥႏွင့္ပတ္သက္၍ ခ်င္းျပည္နယ္အစိုးရအဖြဲ႔ေျပာေရးဆိုခြင့္ရွိသူ စည္ပင္၀န္ႀကီး ဦးစိုးထက္ကလည္း ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားေဆာင္ရြက္ရန္လိုအပ္ေနေသးသည့္အျပင္ တပ္မေတာ္ဘက္မွ လံုျခံဳေရးအရ ကန္႔သတ္ခ်က္မ်ားရွိေနေသးသည့္အတြက္ ေနရပ္ျပန္ေရးအဆင္မေျပေသးေၾကာင္း ေျပာဆိုပါသည္။ 

“အခုလံုး၀ေအးခ်မ္းသြားတာေတာ့မဟုတ္ဘူး ျပန္လည္ထူေထာင္ေရးလုပ္ဖို႔ကလည္း ၿပီးစီးသြားတာမဟုတ္ေသးဘူး က်ေနာ္တို႔ကိုယ္တိုင္လည္း ဆမီး ပလက္၀ IDPs Camp မွာ ဒီလိုျပံဳၿပီးမွာတစ္ေနရာထဲမွာ စုေနတာမႀကိဳက္ဘူး တကယ္တမ္းေျပာရရင္ ဒါေပမဲ့ အဲဒီမွာသာ မထားဘဲျပန္ဖို႔ဆိုရင္ အခုကေတာင္ယာလည္းမလုပ္ဘူး လယ္လည္းမလုပ္ဘူး ဟင္းသီးဟင္းရြက္မစိုက္ရဘူး လယ္ယာကိုင္းကၽြန္းတစ္ခုမွမရွိရင္ဘာမွလုပ္လို႔မရဘူး ရြြာျပန္သြားရင္ သူတို႔မွာစားစရာမရွိ ဘူး မသင့္ေတာ္ေသးဘူး ျပန္လည္ထူေထာင္ေရးလုပ္ဖို႔ကလည္း မရေသးတဲ့အတြက္ကလည္း တစ္ခ်က္ တပ္ကလံုျခံဳေရး အရ ကန္႔သတ္ခ်က္ေတြရွိေသးတယ္ သူတို႔ရြာသြားဖို႔လာဖို႔ သူတို႔ရြာျပန္ရင္လည္း သူတို႔ဘာစားမလဲ ဆန္လည္းမရွိဘူး ဆန္လည္းပို႔လို႔မရ ေရာင္းတဲ့ဆန္ေတြကလည္းမရွိဘူး ပလက္၀ကိုပဲဆန္ေတြကျပန္လာ၀ယ္ရမွာ ျပန္လာရွာရမွာ အဲဒီပလက္၀ကိုလာဖို႔ တစ္ရြာနဲ႔ တစ္ရြာသြားဖို႔ကို လံုုျခံဳေရးအရ ကန္႔သတ္မႈေတြရွိေနတယ္ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးျဖစ္ဖို႔မ်ားေနတယ္ ျပန္ရင္ေလ အဲဒါေၾကာင့္က်ေနာ္တို႔က ခဏေနအံုး အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြနဲ႔ တစ္ဆင့္ေျပာထား တယ္” ဟု စည္ပင္၀န္ႀကီး ဦးစိုးထက္ကေျပာသည္။

ဆမီးၿမိဳ႕တြင္ စစ္ေဘးေရွာင္စခန္း ၅ ခုရွိၿပီး စစ္ေဘးေရွာင္ျပည္သူ ၃၄၀၀ ခန္႔ ေနထိုင္ၾကသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသား နှစ်ဦးထံ ရူပီး သိန်း ၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းမိ

HPO/CDF-Hualngoram က ရိခေါဒါရ်မြို့ မူကြိုကျောင်းမှာ ဘိန်းဖြူဟောင် ၄၀၀ ကျော်ဖမ်းမိ

မတူပီ-မင်းတပ်လမ်း ပြုပြင်နေသောကြောင့် ခေတ္တလမ်းပိတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.