Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ခ်င္းျပည္နယ္တြင္ ကုိဗစ္ပုိးကူးစက္ရခံသူ (၂၇၇) ဦးထိရွိလာ၊ ေသဆံုးသူ (၃) ဦးရွိၿပီ

ခ်င္းျပည္နယ္တြင္ ကုိဗစ္ပုိးကူးစက္ရခံသူ (၂၇၇) ဦးထိရွိလာ၊ ေသဆံုးသူ (၃) ဦးရွိၿပီ

0
By Editor on January 6, 2021 Khonumthung

#Unicode

နှင်းနှင်း – ချင်းပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ပထမဆုံးတွေ့ရှိခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့ကစ၍ လက်ရှိအချိန်ထိ တစ်ပြည်နယ်လုံးတွင် ကိုဗစ်ပိုးကူးစက်ခံရသူ စုစုပေါင်း (၂၇၇) ဦးနှင့် သေဆုံးသူ (၃) ဦးထိလာပြီဟု ချင်းပြည်နယ်၊ ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ပြည်နယ်မှူး ဒေါက်တာအောင်ငွေစံ ကပြောသည်။

“တပြည်နယ်လုံးက (၂၇၇) ဦးရှိတယ်၊ ဟားခါး ၃၉၊ ထန်တလန် ၃၊ ဖလမ်း ၁၇၊ တီးတိန် ၈၇၊ တွန်းဇံ ၂၂၊ မင်းတပ် ၅၆၊ ကန်ပလက် ၆၊ မတူပီ ၃၁၊ ပလက်ဝ ၁၆ ဦး ဖြစ်တယ်၊ သေဆုံးတဲ့သူက ၃ ယောက်ရှိတယ်၊ သူတို့ ၃ ယောက်လုံးက သေပြီးမှ ပိုးရှိမရှိ စစ်ဆေးကြည့်တဲ့အခါ ကိုဗစ်ပိုး ကူးစက်ခံရတာကို သိရတာဖြစ်တယ်” ဟုပြောသည်။

ချင်းပြည်နယ်တွင် ကိုဗစ်ကြောင့် သေဆုံးခဲ့သူ (၃) ဦးမှာ ရန်ကုန်မြို့တွင် သွေးကင်ဆာရောဂါဖြင့် ဆေးကုသမှုခံယူပြီး မတူပီမြို့သို့ပြန်လာရာတွင် Facility Quarantine ထားရာမှ စက်တင်ဘာလ (၂၉) ရက်နေ့ကသေဆုံးသူ (၁) ဦး၊ ဒီဇင်ဘာလ (၂၆) နေ့တွင် တွီးထန်ကျေးရွာမှ အသက် (၆၃) နှစ်အရွယ် နှလုံးရောဂါအခံရှိသူ အမျိုးသား (၁) ဦးနှင့် တီးတိန်မြို့မှ အသက် (၇၅) အနှစ်အရွယ် သွေးတိုးရောဂါခံရှိသူ အမျိူးသား (၁) ဦး တို့ဖြစ်ကြသည်။

တီးတိန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးဒေသအတွင်း ကူးစက်မှုမြင့်တက်လာပြီး သေဆုံးသူ (၂) ဦးအထိရှိလာပြီး ဖြစ်ပေမယ့် Stay At Home ပြုလုပ်ရန်အစီစဉ်ဆောင်ရွက်နေခြင်းမရှိသေးပဲ စောင့်ကြည့်နေဆဲကာလဖြစ်နေသေးကြောင်း ဒေါက်တာအောင်ငွေစံက ဆက်ပြောသည်။

“လတ်တလောတော့ ကျွန်တော်တို့စောင့်ကြည့်နေဆဲအတိုင်း အတာပဲဖြစ်ပါတယ်၊ ပြည်သူလူထု ရဲ့လိုက်ပါဆောင်ရွက်မှု အားကောင်းဖို့အတွက်တွန်းအား ပေးနေတဲ့အတိုင်းအတား ပဲရှိပါတယ်၊ လတ်တလောအနေအထားမှာ စောင့်ကြည့်နေပြီး တော့ Stay At Home ကိုလုပ်ဖို့အတွက်လတ်တလောမှာ စီစဉ်ဆောင်ရွက်နေခြင်းမရှိသေးပါဘူး စောင့်ကြည့်နေတဲ့ အနေအထားမှာရှိပါတယ်၊ ဒီကနေပြီး တော့ကိန်းဂဏန်းအရမ်းများလာခဲ့ရင်တော့ကျွန်တော်တို့ ပြည်နယ်မှာတိုင်ပင်မယ်၊ ဗဟိုကို တင်ပြလမ်းညွှန်မှုခံယူပြီးတော့ လမ်းညွှန်ချက်အတိုင်းဆောင်ရွက်သွားမယ်” ဟု ဒေါက်တာအောင်ငွေစံက ပြောသည်။

ချင်းပြည်နယ်တွင်လက်ရှိအချိန်ထိ မြို့နယ်အလိုက်ဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိသူ တီးတိန်တွင် (၁၅) ဦး၊ တွီးထန် (၂၁) ဦး၊ ဟားခါး (၅) ဦး၊ ထန်တလန် (၂)၊ မင်းတပ် (၁) ဦး၊ မတူပီ (၆) ဦး၊ ကန်ပလက် (၄) ဦး စုစုပေါင်း (၅၂) ဦးတို့ဖြစ်ကြောင်း သိရသည်။

#Zawgyi

ႏွင္းႏွင္း – ခ်င္းျပည္နယ္တြင္ ကုိဗစ္-၁၉ ေရာဂါပုိး ပထမဆုံးေတြ႔ရွိခဲ့သည့္ ၂၀၂၀ ခုႏွစ္ မတ္လ ၂၃ ရက္ေန႔ကစ၍ လက္ရွိအခ်ိန္ထိ တစ္ျပည္နယ္လံုးတြင္ ကိုဗစ္ပိုးကူးစက္ခံရသူ စုစုေပါင္း (၂၇၇) ဦးႏွင့္ ေသဆံုးသူ ၃ ဦးထိလာၿပီဟု ခ်င္းျပည္နယ္၊ ျပည္သူ႔ က်န္းမာေရးႏွင့္ကုသေရးဦးစီးဌာနမွ ျပည္နယ္မႉး ေဒါက္တာေအာင္ေငြစံ ကေျပာသည္။

“တျပည္နယ္လုံးက (၂၇၇) ဦးရွိတယ္၊ ဟားခါး ၃၉၊ ထန္တလန္ ၃၊ ဖလမ္း ၁၇၊ တီးတိန္ ၈၇၊ တြန္းဇံ ၂၂၊ မင္းတပ္ ၅၆၊ ကန္ပလက္ ၆၊ မတူပီ ၃၁၊ ပလက္ဝ ၁၆ ဦး ျဖစ္တယ္၊ ေသဆံုးတဲ့သူက ၃ ေယာက္ရွိတယ္၊ သူတို႔ ၃ ေယာက္လံုးက ေသၿပီးမွ ပိုးရွိမရွိ စစ္ေဆးၾကည့္တဲ့အခါ ကိုဗစ္ပိုး ကူးစက္ခံရတာကို သိရတာျဖစ္တယ္” ဟုေျပာသည္။

ခ်င္းျပည္နယ္တြင္ ကိုဗစ္ေၾကာင့္ ေသဆုံးခဲ့သူ (၃) ဦးမွာ ရန္ကုန္ျမဳိ႕တြင္ ေသြးကင္ဆာေရာဂါျဖင့္ ေဆးကုသမႈခံယူျပီး မတူပီျမဳိ႕သုိ႔ျပန္လာရာတြင္ Facility Quarantine ထားရာမွ စက္တင္ဘာလ (၂၉) ရက္ေန႔ကေသဆုံးသူ (၁) ဦး၊ ဒီဇင္ဘာလ (၂၆)ေန႔တြင္ တြီးထန္ေက်းရြာမွ အသက္ (၆၃)ႏွစ္အရြယ္ ႏွလုံးေရာဂါအခံရွိသူ အမ်ဳိးသား(၁)ဦးႏွင့္ တီးတိန္ျမဳိ႕မွ အသက္ (၇၅) အႏွစ္အရြယ္ ေသြးတုိးေရာဂါခံရွိသူ အမ်ဴိးသား(၁)ဦး တုိ႔ျဖစ္ၾကသည္။

တီးတိန္ျမဳိ႕နယ္တြင္ ကုိဗစ္-၁၉ ေရာဂါပုိးေဒသအတြင္း ကူးစက္မႈျမင့္တက္လာျပီး ေသဆုံး သူ (၂) ဦးအထိရွိလာျပီး ျဖစ္ေပမယ့္ Stay At Home ျပဳလုပ္ရန္အစီစဥ္ေဆာင္ရြက္ေနျခင္း မရွိေသးပဲ ေစာင့္ၾကည့္ေနဆဲကာလျဖစ္ေနေသးေၾကာင္း ေဒါက္တာေအာင္ေငြစံက ဆက္ေျပာသည္။

“လတ္တေလာေတာ့ ကြ်န္ေတာ္တုိ႔ေစာင့္ၾကည့္ေနဆဲအတုိင္း အတာပဲျဖစ္ပါတယ္၊ ျပည္သူလူထု ရဲ႕လုိက္ပါေဆာင္ရြက္မႈ အားေကာင္းဖုိ႔အတြက္တြန္းအား ေပးေနတဲ့အတုိင္းအတား ပဲရွိပါတယ္၊ လတ္တေလာအေနအထားမွာ ေစာင့္ၾကည့္ေနျပီး ေတာ့ Stay At Home ကိုလုပ္ဖို႔အတြက္လတ္တေလာမွာ စီစဥ္ေဆာင္ရြက္ေနျခင္းမရွိေသးပါဘူး ေစာင့္ၾကည့္ေနတဲ့ အေနအထားမွာရွိပါတယ္၊ ဒီကေနျပီး ေတာ့ကိန္းဂဏန္းအရမ္းမ်ားလာခဲ့ရင္ေတာ့ကြ်န္ေတာ္တုိ႔ ျပည္နယ္မွာတုိင္ပင္မယ္၊ ဗဟုိကို တင္ျပလမ္းညႊန္မႈခံယူျပီးေတာ့ လမ္းညႊန္ခ်က္အတုိင္းေဆာင္ရြက္သြားမယ္” ဟု ေဒါက္တာေအာင္ ေငြစံက ေျပာသည္။

ခ်င္းျပည္နယ္တြင္လက္ရွိအခ်ိန္ထိ ျမဳိ႕နယ္အလုိက္ေဆးရုံတြင္ ေဆးကုသမႈခံယူလွ်က္ရွိသူ တီးတိန္တြင္ (၁၅) ဦး၊ တြီးထန္ (၂၁) ဦး၊ ဟားခါး (၅) ဦး၊ ထန္တလန္ (၂)၊ မင္းတပ္ (၁) ဦး၊ မတူပီ (၆) ဦး၊ ကန္ပလက္ (၄) ဦး စုစုေပါင္း (၅၂) ဦးတုိ႔ျဖစ္ေၾကာင္း သိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းအမျိုးသားတက္ကသိုလ်က ၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသူကျောင်းသားများ ခေါ်ယူနေ

တီးတိန်၊ ဇောင်ကောင်ရွာတိုက်ပွဲတွင် ချင်းတော်လှန်ရေးရဲဘော် ၄ ဦးကျဆုံး

မလေးရှားတွင် ဒုက္ခသည်များမှတ်ပုံတင်ခြင်းအစီအစဥ် (DPP) ကို ၂၀၂၆၊ ဇန်နဝါရီ ၁ ရက်တွင် စတင်မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.