Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည်နယ်အစိုးရအဖွဲ့၏ တီးတိန်မြို့နယ်အတွင်း ကိုဗစ်ရောဂါကိုင်တွယ်ဆောင်ရွက်ပေးမှု အားရကျေနပ်စရာမရှိဟုဆို
ချင်းပြည်နယ်အစိုးရအဖွဲ့၏ တီးတိန်မြို့နယ်အတွင်း ကိုဗစ်ရောဂါကိုင်တွယ်ဆောင်ရွက်ပေးမှု အားရကျေနပ်စရာမရှိဟုဆို
0
By Editor on January 7, 2021 Khonumthung
#Unicode
နှင်းနှင်း – တီးတိန်မြို့နယ်သည် ချင်းပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရမှု အများဆုံးမြို့ဖြစ်သော်လည်း အစိုးရအဖွဲ့၏ ကိုင်တွယ် ဆောင်ရွက် ပေးမှုအပိုင်းတွင် အားရကျေနပ်စရာမရှိကြောင်း တီးတိန်မြို့နယ်၊ ကိုဗစ်-၁၉ Volunteer အဖွဲ့မှ ကိုမုန်နိုး ကပြောသည်။
“ချင်းပြည်နယ်အစိုးရအနေနဲ့ ကိုဗစ်-၁၉ ထိန်းချုပ်တဲ့အပိုင်းမှာ တော်တော်လေးကို အားနည်း တယ်လို့မြင််တယ်၊ ပြည်နယ်အစိုးရမှာက ကိုဗစ်-၁၉ အတွက် ဘတ်ဂျက်ဘယ်လောက် ရှိတယ်၊ မရှိဘူးလဲဆိုတာ ချပြတာမျိုးမရှိဘူး၊ပြီးတော့ တကယ့်အရေးပေါ်ဖြစ်တဲ့ အချိန်မှာ အရေးပေါ်သုံးဖို့ဒီလောက်ရှိတယ်ဆိုတာ ပြောရုံရှိပေမယ့် လက်တွေ့မှာအသုံးချ တာမျိုးကိုသိပ်ပြီးတော့မတွ့ရဘူး၊ အခုကျွန်တော်တို့ တီးတိန်းမှာဆိုရင် အောက်ဆီဂျင်လည်း မရှိဘူး ကိုဗစ်-၁၉ စဖြစ်ကတည်းက ကျွန်တော်တို့က CSO ဖက်ကနေရော၊ မြို့မိမြို့ဖဖက်ကေ ရာ၊ အောက်ဆီဂျင်တောင်းတယ်၊ ICU တောင်းတယ် ရမယ် ရမယ်ဆိုပြီးအခုချိိန်ထိ မရသေး ဘူး” ဟု ကိုမုန်နိုးကပြောသည်။
တီးတိန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ပထမဆုံးတွေ့ရှိခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက် နေ့ကစပြီး လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါဒေသအတွင်း ကူးစက်မှုမြင့်တက်လာကာ သေဆုံးသူ ၂ ဦီးအထိရှိလာပြီဖြစ်သော်လည်း ကိုဗစ်လူနာများ ကို အဓိကကုသပေးနေသည့် တီးတိန်မြို့ပြည်သူ့ဆေးရုံတွင် ယနေ့ချိန်ထိအောက်ဆီဂျင် ၊ ICU အခန်း၊ ကွာရန်တင်း စင်တာမရှိခြင်း ရေ၊မီး အချိန်မှန်ရရှိမှုှု့မရှိခြင်း စသည့်အခက်အခဲများ ကြုံတွေ့နေရကြောင်းသိရှိရသည်။
ချင်းပြည်နယ်၊ လှုမှုဝန်ကြီး ဦးပေါင်လွန်မင်းထန်ကတော့ တီးတိန်မြို့ပြည်သူ့ဆေးရုံတွင်အရေးပေါ်အခြေအနေတွင် အသုံးပြုရန်လိုအပ်လျှက်ရှိသော ICU အခန်းနှင့် သီးသန့်အဆောင်အတွက်အဆောက်အဦးကို အလှူရှင်များ၏ ဆောက်လုပ်ပေးမှုဖြင့် ပြီးစီးနေပြီးဖြစ်ကာ အောက်ဆီဂျင်ထုတ်လုပ်သောစက်ထည့်သွင်းရန်ကြိုးစားဆောင်ရွက် နေပြီဖြစ်ကြောင်း ပြောသည်။
“အလှူရှင်တွေဆောက်ပေးတဲ့ ICU အတွက် (၁) ခန်းရယ်၊ Isolation အတွက်(၁)ခန်းရယ် ၂ထပ်အဆောင်တဆောင် အလှူရှင်တွေဆောက်ပေးတယ်ပြီးသွားပြီ၊ ICU အတွက်က အောက်ဆီဂျင်မရှိရင်သိပ်အဆင်မပြေဘူး၊ အောက်စီဂျင်ထုတ်တဲ့စက်ရဖို့လည်းကြိုးစားပြီးဆောင်ရွက် နေတယ်။” ဟု ပြောသည်။
ယမန်နေ့ ဇန်နဝါရီလ ၆ ရက်ကလည်း တီးတိန်မြို့တွင် ကိုဗစ်ပိုးတွေ့လူနာ (၇) ဦးထပ်မံတွေ့ရှိခဲ့ပြီး ယနေ့တွင်လည်း တီးတိန်မြို့၊တွီးထန်ကျေးရွာမှ အယောက် (၆၀) ဦးကို ဓာတ်ခွဲနမှုနာ ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားခဲ့သည့်အချိန်ကစ၍ တီးတိန်မြို့တွင် လက်ရှိအချိန်ထိ ကိုဗစ်ရောဂါ ကူးစက်ခံရသူ ၉၄ ဦးထိရှိခဲ့ပြီး ဆေးရုံတွင်ကုသမှုခံယူနေဆဲ လူနာ ၁၉ ဦးရှိကာ သေဆုံးသူ ၂ ဦးရှိပြီဖြစ်သည်။
#Zawgyi
“ချင်းပြည်နယ်အစိုးရအနေနဲ့ ကိုဗစ်-၁၉ ထိန်းချုပ်တဲ့အပိုင်းမှာ တော်တော်လေးကို အားနည်း တယ်လို့မြင်တယ်၊ ပြည်နယ်အစိုးရမှာက ကိုဗစ်-၁၉ အတွက် ဘတ်ဂျက်ဘယ်လောက် ရှိတယ်၊ မရှိဘူးလဲဆိုတာ ချပြတာမျိုးမရှိဘူး၊ပြီးတော့ တကယ့်အရေးပေါ်ဖြစ်တဲ့ အချိန်မှာ အရေးပေါ်သုံးဖို့ဒီလောက်ရှိတယ်ဆိုတာ ပြောရုံရှိပေမယ့် လက်တွေ့မှာအသုံးချ တာမျိုးကိုသိပ်ပြီးတော့မတွ့ရဘူး၊ အခုကျွန်တော်တို့ တီးတိန်းမှာဆိုရင် အောက်ဆီဂျင်လည်း မရှိဘူး ကိုဗစ်-၁၉ စဖြစ်ကတည်းက ကျွန်တော်တို့က CSO ဖက်ကနေရော၊ မြို့မိမြို့ဖဖက်ကေ ရာ၊ အောက်ဆီဂျင်တောင်းတယ်၊ ICU တောင်းတယ် ရမယ် ရမယ်ဆိုပြီးအခုချိန်ထိ မရသေး ဘူး၊” ဟု ကိုမုန်နိုးကပြောသည်။
တီးတိန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ပထမဆုံးတွေ့ရှိခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက် နေ့ကစပြီး လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါဒေသအတွင်း ကူးစက်မှုမြင့်တက်လာကာ သေဆုံးသူ ၂ ဦီးအထိရှိလာပြီဖြစ်သော်လည်း ကိုဗစ်လူနာများ ကို အဓိကကုသပေးနေသည့် တီးတိန်မြို့ပြည်သူ့ဆေးရုံတွင် ယနေ့ချိန်ထိအောက်ဆီဂျင် ၊ ICU အခန်း၊ ကွာရန်တင်း စင်တာမရှိခြင်း ရေ၊မီး အချိန်မှန်ရရှိမှု့မရှိခြင်း စသည့်အခက်အခဲများ ကြုံတွေ့နေရကြောင်းသိရှိရသည်။ 
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website
Related Posts
ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး
လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား
အိန္ဒိယ- မြန်မာနယ်စပ်က မရာလူငယ်အဖွဲ့၏စစ်ဆေးရေးဂိတ်ကို မီးရှို့သည့် ရခိုင်ကုန်သည်တချို့ကို အရေးယူပေးရန် ULA/AA ထံ IFM တောင်းဆို
Leave A Reply Cancel Reply
The reCAPTCHA verification period has expired. Please reload the page.
  • Featured Article
September 17, 2026
Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ
September 4, 2026
ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ
August 26, 2026
“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”
June 26, 2026
တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ
Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026
Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ
September 16, 2026
ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး
September 16, 2026
ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ
September 16, 2026
လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား
Copyright © 2015 Khonumthung News Group. Design & Developed by ExL.
Copyright © 2015 Khonumthung News Group. Design & Developed by ExL.
Type above and press Enter to search. Press Esc to cancel.