Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုးကျောင်းသားသမဂ္ဂအဖွဲ့က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒဖော်ထုတ်

မီဇိုးကျောင်းသားသမဂ္ဂအဖွဲ့က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒဖော်ထုတ်

0
By Editor on February 10, 2021 Khonumthung

#Unicode

ရစ်ချက် – မြန်မာ့တပ်မတော်မှ ဖေဖော်ဝါရီလ ၁ ရက်နေ့က နိုင်ငံတော်အာဏာကို သိမ်းယူလိုက်သည့်လုပ်ရက်အား ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့ရှိ Mizo Zirlai Pawl (MZP) မီဇိုးကျောင်းသားသမဂ္ဂအဖွဲ့ဦးဆောင်မှုဖြင့် Sit-in demonstration ဆန္ဒဖော်ထုတ်ခဲ့သည်။

မီဇိုးကျောင်းသားသမဂ္ဂအဖွဲ့ ဦးဆောင်မှုဖြင့် ပြုလုပ်ခဲ့သည့် We Demand Restoration of Democracy in Myanmar ဆိုသည့်အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို မီဇိုရမ်အစိုးရမှ လူဦးရေ ၁၅၀ ခန့် စုဝေးခွင့်ပြုသည့်အတိုင်း ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့က Vanapa Hall ခန်းမရှေ့တွင် ငြိမ်းချမ်းစွာစုဝေးဆန္ဒဖော်ထုတ်ခဲ့ကြသည်။

မီဇိုးကျောင်းသားသမဂ္ဂအဖွဲ့အနေဖြင့် မြန်မာ့တပ်မတော်မှ အာဏာသိမ်းလိုက်သည့်လုပ်ရက်များကို ရပ်တန့်ပေးရေး UN ကို စာပို့မှာဖြစ်တယ်လို့လည်း ပြောဆိုခဲ့ကြသည်။

ယခုလို မြန်မာ့တပ်မတော်မှ အာဏာသိမ်းလိုက်သည့်အတွက် မြန်မာနိုင်ငံက ညီအကိုများ အိန္ဒိယနိုင်ငံကို ဝင်ရောက်လာမှု များပြားနိုင်သည့်အနေအထားမှာရှိနေသည့်အတွက် မီဇိုရမ်အစိုးရအနေဖြင့်သော်လည်းကောင်း၊ အိန္ဒိယအစိုးရအနေဖြင့်သော်လည်းကောင်း ကောင်းမွန်စွာ ကြိုဆိုလက်ခံနိုင်ရန် ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ကြောင်း Young Mizo Association (YMA) ဥက္ကဌ Pu Vanlalruata ကလည်း ပြောသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်လာကြသော မြန်မာနိုင်ငံသားများကလည်း စစ်အာဏာရှင်အလိုမရှိ၊ ထိမ်းသိမ်း ထားသော ခေါင်းဆောင်များကို အမြန်ဆုံးပြန်လွှတ်ပေးရန် ဆိုသည့် စာတန်းများကို ကိုင်ဆောင်ပြီး စစ်တပ်အလိုမရှိ၊ မင်းအောင်လှိုင်အလိုမရှိဆိုပြီး တပြိုင်တည်းကြွေးကြော်ခဲ့ကြသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်လာကြသော မီဇိုရမ်ပြည်နယ် နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များကလည်း မိန့်ခွန်းအသီးသီး ပြောဆိုခဲ့ကြသည်။

#Zawgyi

ရစ္ခ်က္ – ျမန္မာ့တပ္မေတာ္မွ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က နိုင္ငံေတာ္အာဏာကို သိမ္းယူလိုက္သည့္လုပ္ရက္အား ဆန႔္က်င္ကန႔္ကြက္သည့္အေနျဖင့္ အိႏၵိယနိုင္ငံ မီဇိုရမ္ျပည္နယ္ အိုက္ေဇာလ္ၿမိဳ႕ရွိ Mizo Zirlai Pawl (MZP) မီဇိုးေက်ာင္းသားသမဂၢအဖြဲ႕ဦးေဆာင္မႈျဖင့္ Sit-in demonstration ဆႏၵေဖာ္ထုတ္ခဲ့သည္။

မီဇိုးေက်ာင္းသားသမဂၢအဖြဲ႕ ဦးေဆာင္မႈျဖင့္ ျပဳလုပ္ခဲ့သည့္ We Demand Restoration of Democracy in Myanmar ဆိုသည့္အဆိုပါ ဆႏၵေဖာ္ထုတ္ပြဲကို မီဇိုရမ္အစိုးရမွ လူဦးေရ ၁၅၀ ခန႔္ စုေဝးခြင့္ျပဳသည့္အတိုင္း ယေန႔ ေဖေဖာ္ဝါရီလ ၃ ရက္ေန႔က Vanapa Hall ခန္းမေရွ႕တြင္ ၿငိမ္းခ်မ္းစြာစုေဝးဆႏၵေဖာ္ထုတ္ခဲ့ၾကသည္။

မီဇိုးေက်ာင္းသားသမဂၢအဖြဲ႕အေနျဖင့္ ျမန္မာ့တပ္မေတာ္မွ အာဏာသိမ္းလိုက္သည့္လုပ္ရက္မ်ားကို ရပ္တန႔္ေပးေရး UN ကို စာပို႔မွာျဖစ္တယ္လို႔လည္း ေျပာဆိုခဲ့ၾကသည္။

ယခုလို ျမန္မာ့တပ္မေတာ္မွ အာဏာသိမ္းလိုက္သည့္အတြက္ ျမန္မာနိုင္ငံက ညီအကိုမ်ား အိႏၵိယနိုင္ငံကို ဝင္ေရာက္လာမႈ မ်ားျပားနိုင္သည့္အေနအထားမွာရွိေနသည့္အတြက္ မီဇိုရမ္အစိုးရအေနျဖင့္ေသာ္လည္းေကာင္း၊ အိႏၵိယအစိုးရအေနျဖင့္ေသာ္လည္းေကာင္း ေကာင္းမြန္စြာ ႀကိဳဆိုလက္ခံနိုင္ရန္ ႀကိဳတင္ျပင္ဆင္ထားဖို႔လိုအပ္ေၾကာင္း Young Mizo Association (YMA) ဥကၠဌ Pu Vanlalruata ကလည္း ေျပာသည္။

အဆိုပါ ဆႏၵေဖာ္ထုတ္ပြဲတြင္ ပါဝင္လာၾကေသာ ျမန္မာနိုင္ငံသားမ်ားကလည္း စစ္အာဏာရွင္အလိုမရွိ၊ ထိမ္းသိမ္း ထားေသာ ေခါင္းေဆာင္မ်ားကို အျမန္ဆုံးျပန္လႊတ္ေပးရန္ ဆိုသည့္ စာတန္းမ်ားကို ကိုင္ေဆာင္ၿပီး စစ္တပ္အလိုမရွိ၊ မင္းေအာင္လွိုင္အလိုမရွိဆိုၿပီး တၿပိဳင္တည္းေႂကြးေၾကာ္ခဲ့ၾကသည္။

ဆႏၵေဖာ္ထုတ္ပြဲတြင္ ပါဝင္လာၾကေသာ မီဇိုရမ္ျပည္နယ္ နိုင္ငံေရးပါတီအသီးသီးမွ ကိုယ္စားလွယ္မ်ားကလည္း မိန႔္ခြန္းအသီးသီး ေျပာဆိုခဲ့ၾကသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.