(004SS) ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ချင်းညီနောင်ပူးပေါင်းတပ်တို့အကြား ဖြစ်ပွားသော တိုက်ပွဲကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသော စစ်ဘေးရှောင်ပြည်သူများသည် စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေကြောင်း စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။ “စစ်ရှောင်တွေဆိုတော့ ကိုယ့်အိမ်မှာနေသလိုမျိုးမရတော့ဘူးပေါ့၊ ရောက်တဲ့နေရာမှာ သူတို့ အဆင်ပြေသလိုနေကြရတယ်၊ ဒါပေမဲ့ ဆန်၊ဆီ၊ဆားကျတော့ တကယ်လိုအပ်တယ်၊ စားရေးသောက်ရေးအတွက် စိုးရိမ်ရတယ်။ ပြီးတော့ အခုမိုးတွင်း ဆိုတော့ ခြင်ထောင်ရယ် မိုးကာရယ်ပေါ့ မိုးကာကလဲ ပို့ထားတာရှိတယ် ဒါပေမဲ့မလောက်ဘူးဖြစ်နေတာ လိုအပ်ဆဲပဲ” ဟု မတူပီမြို့နယ်အတွင်းက စစ်ဘေးရှောင်များအရေး ကူညီပေးနေသူတစ်ဦးက ပြောသည်။ မတူပီမြို့ပေါ်နှင့် အနီးတစ်ဝိုက်မှ ဒေသခံ ၃၀၀၀ ကျော်သည် ဇွန်လဆန်းပိုင်းမှ စတင်ကာ စစ်ဘေးတိမ်းရှောင်ကြခြင်းဖြစ်ပြီး အများစုသည် မတူပီမြို့အနောက်ဘက်ခြမ်းရှိ တောတောင်များ၊ စစ်ရှောင်စခန်းများ၊ ကျေးရွာများနှင့် အိန္ဒိယ-မြန်မာ နယ်စပ်ဘက်တွင် ခိုလှုံနေကြရကြောင်း ၎င်းက ဆက်လက်ပြောသည်။ စစ်ဘေးရှောင်များအတွက် အလှူရှင်များမှ လှူဒါန်းပေးခြင်းများရှိသော်လည်း သယ်ယူရန် အခက်အခဲများ ကြုံတွေ့နေရသည်ဟု ဆိုသည်။ “ဟိုတလောပဲ အလှူရှင်ရှိလို့ လိုင်လဲင်းပီမှာ ဆန်အိတ် ၈၀ ဝန်းကျင်လောက် ဝယ်ထားတာတော့ရှိတယ်၊ ဒါပေမဲ့ သယ်ယူဖို့ကျတော့ စစ်ရေးအရလို့ ပြောရမလား လမ်းအခြေအနေက အဆင်မပြေဘူး၊ လိုင်လဲင်းပီဘက် သွားယူဖို့ အသွားအလာဘယ်လိုရှိလဲ ဆိုတဲ့အပိုင်းမှာ အခက်အခဲရှိတယ်” ဟု စစ်ဘေးရှောင်များ ကူညီပေးနေသောအမျိုးသမီးက ပြောသည်။ မတူပီမြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့များက ရက်ပေါင်း ၂၀ ကြာ ထိုးစစ်ဆင်ပြီးနောက် အမှတ် – ၃၀၄ ခြေမြန်တပ်ရင်း၊ အမှတ် – ၁၄၀…
Author: Editor
(006SV) ချင်းပြည်နယ်၊ မတူပီမြို့တွင် ချင်းလဲန်းကောင်စီတပ်ဖွဲ့များနှင့် စစ်ရေးတင်းမာမှု အချိန်မရွေး ဖြစ်နိုင်သောကြောင့် မြို့တွင်းနှင့် မြို့အနီးကျေးရွာများကို ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်းခြင်း မပြုလုပ်ကြရန် CDF – မတူပီ၊ တပ်မဟာ – ၁ က သတင်းထုတ်ပြန်သည်။ မတူပီမြို့ စစ်ကောင်စီ၏ စစ်စခန်းများကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ခဲပြီး နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်ခဲ့ပြီးဖြစ်သော်လည်း ‘ချင်း’ အချင်းအချင်း စစ်ရေးအခြေအနေကြောင့် ဒေသခံပြည်သူများ ပြန်မလာကြသေးရန် ထုတ်ပြန်ခြင်းဖြစ်ကြောင်း CDF – မတူပီ၊ တပ်မဟာ – ၁ မှ ပြောရေးဆိုခွင့်ရှိသူ ကို Boi Uk က ပြောသည်။ “CNA (ချင်းအမျိုးသားတပ်မတော်) ဖက်က သူတို့ Victoria Camp ကို ပြန်မသွားသေးဘဲ မတူပီထဲကို နေရာချထားနေတုန်းမို့လို့ပါ။ သူတို့အပြောအဆို၊ ထုတ်ပြန်ချက်တွေအရ သူတို့ဖက်က ပြန်လာတိုက်တာမျိုး ရှိလာနိုင်ပါတယ်။ ကျနော်တို့ဖက်ကတော့ မြို့တွင်း မြို့ပြင် လုံခြုံရေအရ တပ်ဖြန့်ထားပါတယ်” ဟု ကို Boi Uk က ပြောသည်။ မတူပီမြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့များက ရက်ပေါင်း ၂၀ ကြာ ထိုးစစ်ဆင်ပြီးနောက် အမှတ် – ၃၀၄ ခြေမြန်တပ်ရင်း၊ အမှတ် – ၁၄၀ ခြေလျင်တပ်ရင်းနှင့် ချင်းပြည်တောင်ပိုင်းက အကြီးဆုံးစစ်ဗျူဟာကုန်းတို့ကို ဇွန်လ ၂၉ ရက်တွင် အပြီးသတ် သိမ်းနိုင်ခဲ့ကြသည်။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်အပါအဝင် CNF/ CNA ဦးဆောင်သည့် ချင်းပူးပေါင်းတပ်များနှင့်…
(006SV) ချင်းပြည်တောင်ပိုင်း၊ မတူပီမြို့စစ်ဆင်ရေးကို ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရလက်အောက်ရှိ ချင်းပူးပေါင်းတပ်များက ဆက်လက်ဖော်ဆောင်နေပြီး လက်ရှိမတူပီမြို့အတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများမှာ ချင်းလဲန်းကောင်စီပူးပေါင်းတပ်များနှင့် အာရက္ခတပ်တော် (AA/ULA) တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲဖြစ်လာပြီဟု သိရသည်။ ချင်းညီနောင်အဖွဲ့က ဇွန်လ ၂၄ ရက်ညနေပိုင်းမှစတင်၍ ချင်းလဲန်းကောင်စီတပ်များကို မတူပီမြို့ တိုက်ပွဲအတွင်းမှ မောင်းထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သော်လည်း ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်များက မဆုတ်ခွာပဲ စစ်ဆင် ရေးကို ဆက်လက်ဖော် ဆောင်နေကြောင်း ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ “ငါတို့တပ်တွေ မတူပီကနေ မဆုတ်ခွာပါဘူး။ စစ်ဆင်ရေးကို ဆက်လက်ဖော်ဆောင်နေပါတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။ မတူပီမြို့နယ်အတွင်း ချင်းလဲန်းကောင်စီတပ်ဖွဲ့များနှင့် ချင်းညီနောင်ပူးပေါင်းတပ်တို့ကြား ဇွန်လ ၁၈ ရက်က စတင်ခဲ့သော တိုက်ပွဲများသည် လက်ရှိတွင် ချင်းလဲန်းကောင်စီတပ်ဖွဲ့များနှင့် အာရက္ခတပ်တော် (AA/ULA) တို့၏ တိုက်ပွဲဖြစ်လာကြောင်း ဆလိုင်းထက်နီက ပြောသည်။ “ချင်းတွေရဲ့ အမျိုးသားအဆင့် စစ်ရေး နိုင်ငံရေးစုစည်းမှု အားနည်းချက်ကို ဒေသန္တာရ ကာကွယ်ရေး တပ်ဖွဲ့တွေ အသုံးချပြီး ရခိုင်ပြည် အကျိုးစီးပွါးအတွက် ချင်းပြည်ကို ကျုးကျော်လာတာပါ၊ ဒီလုပ်ရပ်က ချင်းတွေအတွက် အခံရ အခက်ဆုံးပေါ့” ဟု CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ မတူပီမြို့တိုက်ပွဲများတွင် ချင်းညီနောင်ပူးပေါင်းတပ်များက ULA/ AA ၏ ထောက်ပို့အဖြစ် လုပ်ကိုင်ဆောင်ရွက်ပေးနေကြောင်း ဆလိုင်းထက်နီက ပြောသည်။ မတူပီတိုက်ပွဲတွင် အာရက္ခတပ်တော် ULA/ AA ၏ စစ်အင်အားမှာ များပြားပြီး တိုက်ပွဲဖော်ဆောင်သည့်…
(002MG) ချင်းပြည်နယ် ဟားခါးမြို့ ၊ မြို့သစ်ရပ်ကွက်အတွင်း လူ (၅) ဦးထက်ပိုမစုရအမိန့်ကို စစ်ကောင်စီက ပြန်ရုတ်သိမ်းခဲ့ပြီး ယခုအခါဘုရားကျောင်းတက်၊ ဝတ်ပြုစည်းဝေးပွဲများပြန်လည်ပြုလုပ်နိုင်ပြီဟု သိရသည်။ လူ (၅) ဦးထက်ပိုမစုရအမိန့်ကို ဇွန်လ ၂၃ ရက်နေ့က ပြန်ရုတ်သိမ်းခဲ့ခြင်းဖြစ်ပြီး မြို့သစ်ရက်ကွက်အတွင်းရှိ ဆိုင်ခန်းများပိတ်ခိုင်းသည့်အမိန့်ကိုမူ လာမည့် ဩဂုတ်လ (၂၀) ရက်နေ့အထိ ထပ်တိုးထားသည်ဟု မြို့သစ်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။ ၎င်းက “ဘုရားကျောင်းတွေက ပြန်တက်လို့ရပြီ၊ ဒီအပတ်ထဲတောင် အသင်းတော်ကဆရာတပါးနဲ့ ကျွန်တော်တို့ ဆုတောင်း စည်းဝေးလုပ်မယ်။ ဘုရားကျောင်းက တက်နေကြပြီဆိုတော့ ပုံမှန်သွားလာရပြီ။ ဆိုင်ခန်းတွေက လုံးဝပြန်ဖွင့်လို့ မရသေးဘူး၊ပြန်တိုးလိုက်တယ် နောက်တလတိုးလိုက်တယ်” ဟု ပြောသည်။ ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့က ဟားခါးမြို့ပေါ်တွင် စစ်ကောင်စီခန့်ဝန်ကြီးများ စီးနင်းလိုက်ပါလာသော ယာဉ်တန်းကို CDF-Hakha တပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာမှာ ဈေးဆိုင်နှင့် ဘုရားကျောင်းများကို အကာအ ကွယ်ယူခဲ့သည်ဟု ဆိုကာ မြို့သစ်ရပ်ကွက်က ဈေးဆိုင်းများပိတ်ထားရန်နှင့် လူ ၅ ဦးထက်ပိုမစုရအမိန့်ကို ဧပြီလ ၂၂ ရက်နေ့ မှာ စစ်ကောင်စီက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီ၏ အမိန့်ထုတ်ပြန်ချက်ကြောင့် မြို့သစ်ရပ်ကွက်အတွင်းရှိ ခရစ်ယာန်ဘာသာဝင်အသင်းတော် (၁၀) ခုကျော် မှာ နှစ်လနီးပါးခန့် ဘုရားကျောင်းမတက်ရောက်နိုင်ခဲ့ကြကြောင်းသိရသည်။ ထို့အပြင် ပြည်သူများ နှစ်လနီးပါးခန့် ဆိုင်ခန်းများပိတ်ထားရသောကြောင့် စားဝတ်နေရေး အခက်အခဲ များစွာ ရင်ဆိုင်ခဲ့ရပြီး ယခုတွင်လည်း (၁) လထပ်မံ တိုးမြင့်လိုက်သောကြောင့် ပိုမိုခက်ခဲမှုများ ကြုံတွေ့လာကြရသည်ဟု သိရသည်။ ဟားခါးမြို့၊မြို့သစ်ရပ်ကွက်တွင်…
(006SV) ချင်းပြည်နယ်၊ တွန်းဇံမြို့သိမ်းစစ်ဆင်ရေးတွင် ဒဏ်ရာရှိထားသော စစ်ကောင်စီ၏ ရဲဘော် (၃) ဦးကို သတ်ဖြတ်မှု ကျူးလွန်သူများကို စုံစမ်းဖော်ထုတ်၍ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းလဲန်းကောင်စီက သတင်းထုတ်ပြန်သည်။ ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်က ချင်းပူးပေါင်းတပ်ဖွဲ့များသည် မေလ ၁၅ ရက်က တွန်းဇံမြို့နယ်မှ စစ်ကောင်စီစခန်းများကို စတင်တိုက်ခိုက်ခဲ့ရာ ၁၀ ရက်အကြာ မေလ ၂၃ ရက်တွင် တစ်မြို့နယ်လုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး ယင်းစစ်ဆင်ရေးကာလတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ချင်းလဲန်းကောင်စီ၊ အတွင်းရေးမှူး ဆလိုင်းပေါလ်က ပြောသည်။ “အဲဒီမှာ ဖြစ်ပွားတဲ့ ရဲဘော်တွေက ကျနော်တို့ ချင်းလဲန်းကောင်စီမှာပါတဲ့ အဖွဲ့အစည်းအသီးသီးက ပေါင်းထားတဲ့ ရဲဘော်တွေဖြစ်တဲ့အတွက်ကြောင့် ဒါတွေကို အသီးသီး စိစစ်ပြီးတော့မှ၊ စုံစမ်းစစ်ဆေးရေးလုပ်ပြီးတော့မှ အရေးယူဖို့ အခု ဆောင်ရွက်နေပါတယ်” ဟု ဆလိုင်းပေါလ်က ပြောသည်။ ချင်းလဲန်းကောင်စီ၏ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များသည် ဂျီနီဗာကွန်ဗန်ရှင်းပါ စစ်ဖက်ဆိုင်ရာကျင့်ဝတ်များကို လေးစားလိုက်နာသည့် တပ်ရင်းတပ်ဖွဲ့များဖြစ်ကြောင်း ယနေ့ ဇွန်လ ၂၇ ရက်မှာ ချင်းလဲန်းကောင်စီက သတင်းထုတ်ပြန်ထားသည်။ စစ်ဖက်ဆိုင်ရာ ကျင့်ဝတ်များကို အထူးသိရှိလိုက်နာရန်လည်း တပ်ရင်းတပ်ဖွဲ့ အသီးသီးသို့ ညွှန်ကြားသင်ကြားထားပြီးဖြစ်သည်ဟု ဆိုသည်။ ပြီးခဲ့သည့်ရက်ပိုင်းများက ရှေးတန်းတွင် တိုက်ပွဲဝင်နေသော တော်လှန်ရေးတပ်ဖွဲ့များမှ စစ်သုံ့ပန်းများအပေါ် ကျူးလွန်ထားသည့် ရုပ်သံဖိုင်များ လူမှုကွန်ယက်တွင် ပျံ့နှံ့လာခဲ့သည်။ လူမှုကွန်ယက်တွင် ပျံနှံ့လာသော ရုပ်သံဖိုင်တွင် တွန်းဇံမြို့သိမ်းစစ်ဆင်ရေးမှာ ချင်းလဲန်းကောင်စီတပ်ဖွဲ့ဝင် ၅ ဦးဝန်းကျင်သည် အဆောက်အဦးတစ်ခုထဲတွင် ဒဏ်ရာများရရှိလျက် လဲလျောင်းနေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင် (၃) ဦးကို ရှာဖွေတွေ့ ရှိသည်ကို မြင်တွေ့ရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်…
(004SS) ချင်းပြည်နယ် မြောက်ပိုင်း ကလေး-တီးတိန် လမ်းမပေါ်ရှိ သိုင်ငဲင်းရွာသို့ စစ်ကြောင်းထိုးရောက်ရှိလာသော စစ်ကောင်စီတပ်ဖွဲ့များကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များကို ပြန်လည်တိုက်ထုတ်လိုက်ပြီးနောက် သိုင်ငဲင်းကိုလည်း ပြန်လည်ထိန်းချုပ်နိုင်ပြီဟု သိရသည်။ သိုင်ငဲင်းကျေးရွာသို့ စစ်ကြောင်းထိုးရောက်ရှိလာသော စစ်ကောင်စီတပ်ဖွဲ့များကို ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီး ဌာနလက်အောက် ချင်းပူးပေါင်းတပ်ဖွဲ့များက Drone နှင့် ဆက်တိုက် ဖိအားပေးတိုက်ခိုက်မှုကြောင့် ယမန်နေ့ ဇွန်လ၂၆ ရက်နေ့ညပိုင်းတွင် ခိုင်ကမ်းမြို့ဘက်သို့ ထွက်ပြေးသွားကြသည်ဟု CDF CDM-SIYIN က ထုတ်ပြန်သည်။ စစ်ကောင်စီတပ်ဖွဲ့များသည် လမ်းမကြီးအတိုင်းမသွားရဲဘဲ လမ်းမဟုတ်သော တောလမ်းကိုအသုံးပြုကာ ထွက်ပြေးခဲ့ကြ ရပြီး ယနေ့ ဇွန်လ ၂၇ ရက်နေ့ မနက်ပိုင်း ၈ နာရီဝန်းကျင်တွင် ချင်း-စစ်ကိုင်းအစပ် ခိုင်ကမ်းမြို့ ရဲစခန်းသို့ ရောက်ရှိသွားပြီ ဟု CDF CDM-SIYIN မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “ကျွန်တော်တို့ နေ့ရောညပါ ဒရုန်းရော၊ စနိုက်ပါနဲ့ပါ ပစ်ခတ်တိုက်ခိုက်တာဆိုတော့ သူတို့မခံနိုင်တဲ့အဆုံး ထွက်ပြေးတာပေါ့၊ မနေ့က ကလေးမြို့ဘက်ထွက်ပြေးတာ ဒီမနက် ၈ နာရီလောက်မှာ ခိုင်ကမ်းကို ရောက်ကြပြီလို့ ကြားသိရတယ်” ဟု ပြော ရေးဆိုခွင့်ရှိသူက ပြောသည်။ ဇွန်လ ၁၆ ရက်နေ့ တွင် ကလေးမြို့ဘက်မှ ကားသုံးစီးဖြင့် တက်လာခဲ့သော စစ်ကောင်စီတပ်ဖွဲ့များနှင့် ဇွန်လ ၁၈ ရက်နေ့ တွင် တီးတိန်မြို့မှ ဆင်းလာသော စစ်ကောင်စီတပ်ဖွဲ့များအင်အား ၁၀၀ ကျော်သည် ဇွန်လ ၂၁ ရက်နေ့တွင် စီးယင်းဒေသ သိုင်ငဲင်းရွာသို့ရောက်ရှိလာခဲ့သောကြောင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့်…
(004SS) ပလက်ဝကောင်စီအုပ်ချုပ်သည့် ကျေးရွာနှင့် စစ်ရှောင်စခန်းများတွင် ပညာရေးကို စီးပွားရေးဈေးကွက်အဖြစ် အသုံးချကာ ကိုယ်ကျိုးစီပွားအဖြစ် လုပ်ဆောင်နေသော အဖွဲ့အစည်းများကို လက်ခံအတည်ပြုမည်မဟုတ်ကြောင်း ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့က ပြောဆိုသည်။ ပလက်ဝကောင်စီအုပ်ချုပ်ရေးနယ်မြေအတွင်း ပညာရေးမြှင့်တင်ရေးကို ဦးတည်ပြီး ပညာရေးလုပ်ငန်းများ ဆောင်ရွက်လိုသည့် ပုဂ္ဂိုလ်များအား ပညာရေးဘုတ်အဖွဲ့မှ လှိုက်လဲစွာ ကြိုဆိုသော်လည်း ပညာရေးကို ရောင်းကုန်သဖွယ် သဘောထားကာ ကိုယ်ကျိုးစီးပွားအတွက် ပုဂ္ဂလိက ကျောင်း၊ ကိုယ်ပိုင်ကျောင်းများ ဖွင့်လှစ်ရန် လုပ်ဆောင်စည်းရုံးခြင်းများ တွေ့မြင်ရသောကြောင့် မြို့နယ်ပညာရေးဘုတ်အဖွဲ့မှ ၎င်းကဲ့သို့သော အဖွဲ့အစည်းများအား လက်ခံအတည်ပြုမည်မဟုတ်ကြောင်း မေလ ၃၀ ရက်နေ့ကထုတ်ပြန်ထားသည်။ ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့မှ တာဝန်ခံဆရာမက “ကျောင်းသားတွေကို ဘယ်လောက်၊ ဘယ်လောက်ဆိုပြီး ကောက်ခံပြီးတော့ မြို့နယ်ဘုတ်တွေနဲ့လဲ အချိတ်အဆက်မလုပ်ဘဲ တိုင်ပင်ညှိနှိုင်းမှုမရှိဘဲနဲ့ အဲလို လုပ်တဲ့ တစ်ချို့လူတွေ ရှိတယ်လေ၊ မြို့နယ်တိုင်းမှာလဲ ရှိနေတယ်ပေါ့နော်၊ တဦးတယောက်ကို ရည်ညွှန်းပြောဆိုချင်တာမဟုတ်ဘဲ ကျွန်မတို့ အားလုံးကို ခြုံပြီးတော့ ခုလို လုပ်ဆောင်တာဖြစ်တယ်၊ နောက်နောင်အဲလိုမျိုး ကိုယ်ကျိုးအတွက်လုပ်တဲ့သူတွေ ပပျောက်အောင်၊ ကိုယ်ပိုင်ကျောင်းတွေ၊ ကျူရှင်တွေမရှိအောင် ကလေးတွေအတွက် စဉ်းစားပြီးတော့ ထုတ်ပြန်ရခြင်းဖြစ်ပါတယ်” ဟု ပြောသည်။ ပလက်ဝမြိုနယ် ပညာရေး ဘုတ်အဖွဲ့သည် နိုင်ငံရေးပဋိပက္ခကြောင့် ပလက်ဝကောင်စီအုပ်ချုပ်ရေးနယ်မြေအတွင်းရှိ ကျောင်းသား ကလေးသူငယ်များ ပညာသင်ကြားခွင့် နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် အမျိုးသားညီညွှတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ကြားကာလပညာရေးကို အကောင်အထည် ဖော်ဆောင်ရွက်နေသော အဖွဲ့ဖြစ်သည်။ ယခု ထုတ်ပြန်ချက်နှင့် ပါတ်သက်၍ ပညာရေးဘုတ်အဖွဲ့နှင့်ပူးပေါင်းကာ စစ်ဘေးရှောင်စခန်းတစ်နေရာတွင်ဖွင့်လှစ်သော အခြေခံအထက်တန်ကျောင်းတာဝန်ရှိသူတစ်ဦးက “ကျွန်တော်သိသလောက်ကတော့ အဲ့လို ကိုယ်ကျိုးအတွက် လုပ်တဲ့သူမတွေ့သေးဘူး၊…
(002MG) ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် တစ်လကျော်ကြာ စစ်ဘေးတိမ်းရှောင်နေကြရသော မြို့ခံပြည်သူအများစုမှာ ယခုချိန်ထိ နေရပ်မပြန်နိုင်ကြသေးကြောင်း သိရသည်။ တွန်းဇံမြို့သို့ နေရပ်ပြန်သည့် အမျိုးသမီးတဦးက ”ပြည်သူတွေက အယောက် (၁၀၀) တောင်မပြည့်ဘူး၊ ရာခိုင်နှုန်းနဲ့ ဆိုရင် ၂၀ လောက်ပဲရှိမယ်၊ တချို့ကပြန်လာလိုက် ပြန်သွားလိုက်ပဲ။ သူတို့ပြန်မလာဖြစ်တာက နောက်တခါထပ် ဖြစ်မယ်၊ မင်းတပ်၊မတူပီဖက်တွေဆိုရင်လည်း ဗုံးတွေထပ်ကြဲတော့ အဲ့လိုဖြစ်မှာစိုးလို့ ပြန်မလာရဲကြတာ” ဟု ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့က နောက်ထပ်လေကြောင်းတိုက်ခိုက်မှုပြုလုပ်လာမည်ကို စိုးရိမ်နေကြသည့်အပြင် ZRA တပ်ဖွဲ့ကလည်း တွန်းဇံမြို့ကို ပြန်လည်တိုက်ခိုက်ရန် စီစဉ်နေသည့်ဟု သတင်းများထွက်ပေါ်နေသည့်အတွက် ဒေသခံအများစုမှာ နေရပ်မပြန်ရဲကြခြင်းဖြစ်သည်ဟု သိရသည်။ တွန်းဇံမြို့ပေါ်တွင် အိမ်ခြေ တစ်ထောင်ကျော်နှင့် ပြည်သူ ရှစ်ထောင်နီးပါးရှိသည်ဟု သိရကာ လက်ရှိ မြို့ပေါ်တွင် လူဦးရေ (၁၀၀) နီးပါးသာရှိပြီး ၎င်းတို့သည် တိုက်ပွဲအတွင်း ထွက်ပြေးမတိမ်းရှောင်သည့်ပြည်သူများနှင့် နေ အိမ်ပြန်ကြည့်ရန် ပြန်လာကြသူများဖြစ်သည်ဟု သိရသည်။ တွန်းဇံမြို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းတော်လှန်ရေးအင်အားစုတို့ တိုက်ပွဲကြောင့် တွန်းဇံမြို့ပေါ်နှင့် ကျေးရွာ ၁၅ ရွာခန့်မှ ဒေသခံပြည်သူ တစ်သောင်းခန့်သည် စစ်ကိုင်းတိုင်း ကလေးမြို့၊ အိန္ဒိယ-မြန်မာနယ်စပ် နှင့် တောတောင်များတွင် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေကြရသည်။ စစ်ဘေးရှောင်ကာလအတွင်း ဆေး၀ါးပြတ်လပ်မှုကြောင့် ပြည်သူနှစ်ဦး အသက်ဆုံးရှူံးခဲ့ရသည်ဟု တွန်းဇံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်သည်။ လက်ရှိ တွန်းဇံမြို့တွင်းနေထိုင်သူပြည်သူများသည် တိုက်ပွဲမဖြစ်ပွားခင်ကာလတွင် ကျန်ရှိသည့် ကုန်ပစ္စည်းများကိုသာ ရောင်းဝယ်စားသုံးနေကြရကာ ကုန်ဈေးနှုန်းလည်း အဆမတန်မြင့်တက်နေသည်ဟု တွန်းဇံမြို့ခံ အမျိုးသမီးက ဆက်ပြောသည်။ “အခုက ထွက်သွားတုန်းက ကျန်ခဲ့တာတွေ ရှိတာလေးတွေပဲ…
ရေးသူ – Salai Vakok အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းတက်သူတွေနဲ့ စည်းကာနေလေ့ရှိတဲ့ ကာစင်နှစ်ခြင်းအသင်းတော် ဘုရားကျောင်းဟာ ဒီတစ်ပတ်မှာလည်း လူသူကင်းမဲ့နေပါတယ်။ ဝတ်ပြုဆုတောင်းသံတွေလည်း အရင်လို ဝေဝေဆာဆာ မကြားရတော့ပါ။ ချင်းပြည်မြောက်ပိုင်း၊ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်ထဲက အသင်းသူ၊ အသင်းသားအများဆုံးရှိတဲ့ ကာစင်နှစ်ခြင်း အသင်းတော်ရဲ့ အဖွဲ့ဝင်တွေဟာ တခြားရပ်ကွက်က ဘုရားကျောင်းတွေမှာ အပတ်စဉ် ဘုရားကျောင်း သွားတက်နေရပါတယ်။ ဘုရားကျောင်းတွေမှာ “လူငါးဦးထက် မစုဖို့” ၊ “ဘုရားကျောင်းတွေ အားလုံးကို ပိတ်ထားဖို့” လွန်ခဲ့တဲ့ ၂ လခန့်က စစ်ကောင်စီဟာ မြို့သစ်ရပ်ကွက်ကို အမိန့်ထုတ်ပြန်ထားတာကြောင့်ပါ။ ဒီအမိန့်က ကာစင်နှစ်ခြင်းအသင်းတော်ကိုပဲ သက်ရောက်မှုရှိတာ မဟုတ်ပါ၊ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်ထဲက ဘုရာကျောင်း ၁၄ ကျောင်းအားလုံးဟာ ဘုရားကျောင်းဝတ်ပြုမှု အပိတ်ခံထားရပါတယ်။ အသင်းသူ/သားတွေ ဝတ်မပြုနိုင်ဘဲ လုံးဝပိတ်ထားတဲ့ ဘုရားကျောင်းတွေ ရှိသလို တချို့ဘုရားကျောင်းတွေက လုံးဝမပိတ် ထားချင်လို့ အသင်းတော်ရဲ့ သင်းအုပ်ဆရာတော် ၂ ဦး၊ ၃ ဦးနဲ့ အပတ်စဉ်ဝတ်ပြုမှုကိုလည်း မြင်တွေ့ရပါတယ်။ “ငါးဦးထက် ပိုမစုရ၊ ဝတ်မပြုရ ထုတ်ထားတော့ တကယ်တမ်းဆိုရင် ဘာသာရေးကို ပိတ်ပင်တာပေါ့နော်။ ဘာသာရေးကိစ္စနဲ့ပတ်သက်လို့ လွတ်လပ်မှု မရှိဘူး။ အခုထိ မဖွင့်ပေးသေးဘူး” လို့ ဟားခါးမြို့ခံတစ်ဦးက ပြောပါတယ်။ ကာစင်နှစ်ခြင်းအသင်းတော်၊ Bethel ဘုရားကျောင်း၊ မြန်မာမိတ်သဟာရ အသင်းတော်၊ ရိုမန်ကတ်သလစ် ဘုရားကျောင်း၊ ခရစ်တော် ယုံကြည်သူများ အသင်းတော်ရဲ့ကျောင်း (၄) ကျောင်း စတဲ့ ဘုရားကျောင်း ၁၄ ကျောင်း…
ဆလိုင်း တင်မောင်ဦးသည် ၁၉၅၁ ခုနှစ်၊ ဇွန်လ (၁၁) ရက်နေ့တွင် ချင်းတိုင်းရင်းသားများဖြစ်ကြသော အဖ ဦးလှဒင် (သံတွဲ-ရခိုင်ပြည်နယ်ဇာတိ) နှင့် အမိ ဒေါ်နှင်းမြိုင် (တောင်ကုတ်-ရခိုင်ပြည်နယ်ဇာတိ) တို့မှ တောင်ငူမြို့တွင်မွေးဖွားသော သား/သမီးများအနက် အကြီးဆုံးသားဖြစ်သည်။ ဆလိုင်းတင်မောင်ဦးသည် ငယ်စဉ်ကတည်းကပင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်တွင် အဒေါ်နှင့်အတူ နေထိုင်ကြီးပြင်လာခဲ့သူသည်။ ဆလိုင်းတင်မောင်ဦးသည် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းချိန်တွင် အသက် (၁၁) နှစ်အရွယ်ရှိပြီဖြစ်ပြီး ၁၉၆၇ ခုနှစ် အသက် (၁၆) နှစ်တွင် အခြေခံပညာအထက်တန်းကျောင်းကို အောင်မြင်ခဲ့သည်။ ဆလိုင်းတင်မောင်ဦးသည် အားကစားရေးရာ၌ ထူးချွန်သည်သာမက အနုပညာ၌လည်း တယောကို ကောင်းစွာတီးတတ်သူတစ်ဦးဖြစ်သည်။ နိုင်ငံရေးလှုပ်ရှားမှုများ ဆလိုင်းတင်မောင်ဦးသည် ၁၉၆၉ ခုနစ် အသက် (၁၈) နှစ်တက္ကသိုလ် ကျောင်းသားဘဝ၊ နိုင်ငံရေးလှုပ်ရှားမှုများ၌ ဦးဆောင်ပါဝင်ခဲ့သူဖြစ်သည်။ ဆလိုင်းတင်မောင်ဦး၏ နိုင်ငံရေးလှုပ်ရှားမှုများမှာ ၁၉၆၉ ခုနှစ် ၅ ကြိမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲ ကျောင်းသားလှုရှားမှု၊ ၁၉၇၀ ခုနှစ် ရန်ကုန်တက္ကသိုလ် ရွေရတုအရေးအခင်း ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၂ ခုနစ် ကျောင်းသား/အလုပ်သမားအရေးအခင်းလှုရှားမှု၊ ၁၉၇၂ ခုနှစ် အလုပ်သမားအရေးအခင်းလှုပ်ရှားမှု၊ ၁၉၇၃ ခုနစ် ဦးသန့်အရေးအခင်းလှုပ်ရှားမှု၊ ၁၉၇၆ ခုနှစ် မှိုင်းရာပြည့်အရေးအခင်းလှုပ်ရှားမှုများတွင် ရှေ့တန်းမှ ရွပ်ရွပ်ချွန်ချွန် တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။ ၁၉၇၂ ရန်ကုန်တက္ကသိုလ် ရွေရတုအရေးအခင်း၊ ကျောင်းသားလှုပ်ရှားမှုတွင်လည်း တတ်ကြွစွာပါဝင်ခဲ့သည်။ ထိုလှုပ်ရှားမှုကြောင့် အဖမ်းခံခဲ့ရပြီး အင်းစိန်ထောင်တွင် ချုပ်နှောင်ခြင်းခံခဲ့ရသည်။ သို့ရာတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုအချိန် ၁၉၇၄ ခုနှစ် ဇန်နဝါရီလ…
