Author: Editor

မေလ ၃ ရက်နေ့မှာကျရောက်မယ့် ၃၁ ကြိမ်မြောက် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day) အထိမ်းအမှတ်အခမ်းအနားကို ကမ္ဘာတဝန်းလုံးက နိုင်ငံအသီးသီးမှာ ကုလသမဂ္ဂ UNESCO နဲ့ ပူးပေါင်းပြီး ယခင်နှစ်တွေလိုပဲ ကျင်းပပြုလုပ်ကြမှာပါ။ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကနေ ၁၉၉၃ ခုနှစ်မှာ အတည်ပြုလိုက်တဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ ဟာ ယခု ၂၀၂၄ ခုနှစ်ဆိုရင် ၃၁ နှစ်တိုင်ခဲ့ပြီဖြစ်ပေမယ့် ကမ္ဘာတဝန်းလုံးမှာတော့ စာနယ်ဇင်းလွတ်လပ်ခွင့်မရှိတဲ့နိုင်ငံပေါင်း အမြောက်အများရှိနေဆဲဖြစ်ပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်လု စတိုင်းပြည်ရဲ့အခြေအနေဟာလည်း အာဏာရှင်စနစ်အောက်ကို ပြန်လည်ကျရောက်ခဲ့ရသလို ဒီမိုကရေစီ ရဲ့အနှစ်သာ ရလို့ဆိုနိုင်တဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော် ပြောဆိုခွင့်၊ သတင်းစာလွတ်လပ်ခွင့်ဟာလည်း ဆိတ်သုဉ်းလို့ အမှောင်ခေတ်ကို ပြန်လည်ကျရောက်ခဲ့ရပါတယ်။ စစ်အာဏာသိမ်းမှုဖြစ်ပွားတဲ့နောက်ပိုင်းမှာ စစ်ကောင်စီဟာ သတင်းမီဒီယာသမားတွေကို ရန်သူသဖွယ်သတ်မှတ်ပြီး ဖမ်းဆီးထောင်ချ၊ သတ်ဖြတ်မှုအပြင် သတင်းဌာနအတော်များများကို ပိတ်သိမ်းခဲ့ပါတယ်။ အာဏာသိမ်းပြီးချိန်ကနေ ယနေ့ထိ စစ်ကောင်စီဟာ သတင်းသမား ၂၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး အဲဒီထဲက ၆၀ ကျော်ကို ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့သလို သတင်းသမား ၆ ဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ UNESCO ရဲ့စာရင်းအရ သိရပါတယ်။ “အဲဒီသတ်ဖြတ်ခံရတဲ့ သတင်းသမားထဲမှာ ခိုနူမ်းသုန်သတင်းဌာန တည်ထောင်သူတစ်ဦးလည်းဖြစ် အယ်ဒီတာချုပ်ဟောင်းလည်းဖြစ်တဲ့ ပူးသွီဒင်းလည်း ပါဝင်ပါတယ်” တချိန်တည်းမှာပဲ သတင်းလိုင်စင် ၁၅ ခုကိုပယ်ဖျက်ခဲ့ပြီး ပုံနှိပ်ထုတ်ဝေခွင့် ၉ ခုကိုလည်း စစ်ကောင်စီက ရုပ်သိမ်းခဲ့ပါတယ်။ ဒါ့အပြင်…

Read More

(006SV) အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်အတွင်း ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား အမျိုးသမီး ၃၈ ဦးကို ပထမသုတ်အနေဖြင့် နေရပ်ပြန်ပို့လိုက်ပြီးဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဘီရန်ဆင်းက ပြောသည်။ မေလ ၂ ရက်က မဏိပူရ်ပြည်နယ်အတွင်း တရားမဝင် ဝင်ရောက်လာသူများထဲက ၃၈ ဦးကို အဆင့်အတန်းခွဲခြားမှုမရှိဘဲ မိုးရေးမြို့မှတဆင့် စစ်ကောင်စီအစိုးရနှင့် ပူးပေါင်း၍ ပြန်ပို့လိုက်ကြောင်း ဘီရန်ဆင်းက ၎င်း၏ X ဆိုရှယ်မီဒီယာမှ ပြောသည်။ မဏိပူရ်ပြည်နယ်တွင် သတ်မှတ်ပြစ်ဒဏ်များ ကျခံ၍ ပြန်လည် လွတ်မြောက်လာပြီး မြန်မာနိုင်ငံသား ဖြစ်ကြောင်း စိစစ်ပြီးသူ ၇၇ ဦးထဲက အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့ကို ရောက်ရှိနေသည့် ၃၈ ဦးကို ပထမသုတ်အဖြစ် တမူးမြို့ နယ်စပ်မှတစ်ဆင့် ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ “၃၈ ဦးအပါအဝင် ၇၇ ဦးကို တစ်သုတ်ထဲနဲ့ ပြန်လွတ်ဖို့ ပြင်ဆင်ခဲ့တယ်။ ဒါပေမဲ့ အဲ ၃၈ ဦးက နယ်စပ်အထိ ရောက်ပြီး သာဆိုတော့ တစ်ခါထဲနဲ့ လွှဲလိုက်တဲ့ သဘော။ ဒီအခြေအနေအရဆိုရင် သူတို့နဲ့ အသုတ်တူတဲ့ ယောကျာ်းလေး ၃၉ ဦး ရှိတယ်။ တခြားသူတွေလည်း ဒီ့အတိုင်းဆက်လက် လွဲနိုင်ခြေရှိတယ်” ဟု India For Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်က ပြောသည်။ မဏိပူရ်ပြည်နယ်တွင် ဖမ်းဆီးထောင်ချခံခဲ့ရသည့် မြန်မာနိုင်ငံသား ၂၃၆ ဦး ရှိပြီး ယင်းအထဲမှ အမျိုးသမီး ၃၈ ဦးကို ပထမအကြိမ်အဖြစ် စတင်ပြန်လည်ပို့ဆောင်ခြင်းဖြစ်သည်။ အိန္ဒိယအစိုးရအနေဖြင့် ဖမ်းဆီးထိန်းသိမ်းထားသော မြန်မာနိုင်ငံသားစစ်ဘေးရှောင်များကို စစ်ကောင်စီလက်ထဲ…

Read More

(002MG) ချင်းပြည်နယ် ဟားခါးမြို့ ရပ်ကွက်တစ်ခုမှာ စစ်ကောင်စီက လူ (၅) ဦးထက်ပိုမစုရအမိန့်ထုတ်ပြန်မှုကြောင့် အသင်းတော် ၁၀ ခုကျော်မှာ ဝတ်ပြုစည်းဝေးပွဲပြုလုပ်ရန် အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။ ဟားခါးမြို့၊မြို့သစ်ရပ်ကွက်တွင် စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လာမည့် ဇွန်လ (၂၀) ရက်နေ့ အထိ ဘုရားကျောင်းများတွင် လူ (၅) ဦးထက်ပိုမစုရအမိန့်ထုတ်ပြန်ထားသောကြောင့် ယင်းရပ်ကွက်အတွင်းရှိ ခရစ်ယာန် ဘာသာဝင်အသင်းတော် (၁၁) ခုက အပတ်စဉ်ဝတ်ပြုစည်းဝေးပြုလုပ်ရန် အခက်အခဲကြုံနေရကြောင်း မြို့သစ် ရပ်ကွက်တွင် နေထိုင်သူ တဦးက ပြောသည်။ မြို့သစ်ရပ်ကွက်တွင် နေထိုင်သူတဦးက “အခုထိဘုရားကျောင်းတက်လို့မရသေးဘူး၊ ဘုရားကျောင်း (၁၁) ကျောင်း လောက်ကတော့ သူတို့အစီအစဉ်နဲ့ သွားလို့ရတဲ့ နေရာ၊ စုပြီးတော့လုပ်ကြတယ်။ တချို့ကအိမ်တွေ၊ တခြားရပ်ကွက်က ဘုရားကျောင်းမှာ သွားဝတ်ပြုကြတယ်။ ဆိုင်တွေလည်း လုံးဝမဖွင့်ဘူး။ လွန်ခဲ့တဲ့အပတ်က တော့ ညှိနှိုင်းတာ မရခဲ့သေးဘူးနောက်ထပ်ဘာမှ ထပ်မသိရသေးဘူး။ အခုက ခါတိုင်းထုတ်တဲ့အမိန့်တွေ ထက်ပို ပြီး ပြင်းထန်တယ်လို့ ပြောတယ်” ဟုပြောသည်။ ပြီးခဲ့သည့် ဧပြီလ (၁၂) ရက်နေ့ တွင် စစ်ကောင်စီဝန်ကြီးများလိုက်ပါလာသော ယာဉ်တန်အား CDF- ဟားခါး တပ်ဖွဲ့ဝင်များမှ မြို့သစ်ရပ်ကွက်အတွင်းရှိ နေအိမ်များ၊ ဆိုင်ခန်းများနှင့် ဘုရားကျောင်းများတွင် အကာအကွယ်ယူ ပစ်ခတ်ခဲ့ သည်ဟုဆိုကာ ဧပြီလ (၂၂) ရက်နေ့က လူ (၅) ဦးထက်ပိုမစုရဆိုသော ဒေသန္တရအမိန့်ကို စစ်ကောင်စီက ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။ စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်နောက်ပိုင်း ဟားခါးမြို့တွင် လူထုလူဝေးများ နှင့် ဘုရားကျောင်းဝတ်ပြုခြင်း အစီစဉ်များအတွက်…

Read More

ကလေးမြို့မြောက်ပိုင်းဒေသ ကလေး-လက်ပံချောင်း ကားလမ်းမပေါ်မှာတည်ရှိသော ပြည်တော်သာကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့နေပြီး အရပ်သား ၂ ဦးကိုလည်း သတ်ဖြတ်ခဲ့သည်ဟု သိရသည်။ အင်အား ၁၀၀ ကျော်ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဧပြီလ ၃၀ ရက်နေ့က ပြည်တော်သာကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကြသည်ဟု သိရသည်။ ထို့နောက် မေလ ၁ ရက်နေ့ကစ၍ ၂ ရက်နေ့ညပိုင်းအထိ ပြည်တော်သာကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့များက စတင်မီးရှို့ခဲ့ကြပြီး အိမ်ခြေမည်မျှလောင်ကျွမ်းသွားသည်ကို မသိရသေးပေ။ ထို့အပြင် မေလ ၂ ရက်နေ့တွင် ပြည်တော်သာကျေးရွာသား ၂ ဦးအား စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်သွားသည်ဟု ဒေသခံတစ်ဦးကပြောသည်။ “စိတ်ပိုင်းဆိုင်ရာမသန်စွမ်း အမျိုးသား ၂ယောက် အသတ်ခံရတယ်၊ အသက် က ၄၀ ပတ်ဝန်းကျင်လောက်ပါ။သူတို့က ရွာထဲမှာ ကျန်ခဲ့ကြတာ၊ သူတို့ရွာမှာလဲ ဟိုဖက် (စကစ) က တပ်စွဲထားတုန်းပဲလေ” ဟု ယင်းဒေသခံကပြောသည်။ ယခုလက်ရှိတွင် စစ်ရေးအခြေအနေတင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့သည် ကလေးမြောက်ပိုင်းဒေသကို ဆက်လက်ထိုးစစ်ဆင်မည့်အနေအထားရှိသည်ဟု သိရသည်။ ထို့ကြောင့် ကလေးမြောက်ပိုင်းဒေသတွင်နေထိုင်ကြသော ဒေသခံပြည်သူများသည် ကလေးမြို့ပေါ်နှင့် အိန္ဒိယ-မြန်မာနယ်စပ်ဘက်သို့ အလုံးအရင်းဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

Read More

(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် (၂) ဒေသထဲက တစ်နေရာကို ယမန်နေ့က စစ်ကောင်စီက လေကြောင်းမှ ပေါင် ၅၀၀ ဗုံများ အသုံးပြုပြီး ၂ ကြိမ် ထပ်မံတိုက်ခိုက်သွားကြောင်း မင်းတပ်မြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။ “မနေ့က နှစ်ကြိမ်ပေါ့။ ညနေဘက်မှာ တစ်ကြိမ်၊ ည ၁၁ နာရီလောက်မှာ တစ်ကြိမ် တိုက်ခိုက်တယ်။ ပြည်သူတွေ ထိခိုက်တာတော့ မရှိဘူး။ တောထဲ တောင်ထဲမှာပဲကျတယ်” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုယောမာန်က ပြောသည်။ မေလ ၁ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က မင်းတပ်မြို့နယ်၊ တိုက်နယ် (၂) ထဲက ကျေးရွာတစ်ရွာအနီးဝန်းကျင်ကို ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ကြဲချ၍ တိုက်ခိုက်သွားကြောင်း မင်းတပ်မြို့ခံတစ်ဦးကလည်း ပြောဆိုသည်။ ထို့အပြင် ည ၁၁ နာရီခန့်မှာလည်း ယင်းနေရာကိုပင် ဂျက်ဖိုက်တာတစ်စီးဖြင့် ပေါင် ၅၀၀ ဗုံးတစ်လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်ကလည်း စစ်ကောင်စီသည် တိုက်နယ် (၂) ထဲက ဝမ္မသူးဆေးရုံကို ပေါင် ၅၀၀ ဗုံးများအပါအဝင် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ရာ ပြည်သူ (၅) ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ဦးအထိရှိခဲ့ကြောင်း သိရသည်။ ဧပြီလ ၂၅ ရက်မှာပင် တိုက်နယ် (၂) ထဲက ရွာတစ်ရွာအနီးဝန်းကျင်ကို စစ်ကောင်စီသည်…

Read More

(006SV) ချင်းညီနောင်အဖွဲ့၏ ပထမဆုံး စစ်ဆင်ရေးအဖြစ် သတ်မှတ်ဖော်ဆောင်သည့် ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့က စစ်ကောင်စီတပ်စခန်းတစ်ခုလုံးကို ၅၄ ရက်အကြာတွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ကြောင်း ချင်းညီနောင်အဖွဲ့က တရားဝင်ထုတ်ပြန်သည်။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ပေါ်ရှိ စစ်ခန်းကို ဧပြီလ ၂၉ ရက် နံနက် ၉ နာရီခွဲတွင် စခန်းတစ်ခုလုံးကို အပြီးသတ် တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီစခန်းမှ ချေမှုန်းရေးရိုင်ဖယ် ၃၀ နီးပါး သိမ်းဆည်းရမိခဲ့ကြောင်း ယနေ့ မေလ ၁ ရက်မှာ ချင်းညီနောင်က ထုတ်ပြန်သည်။ “အခုက စခန်းစွန့်ခွာထွက်ပြေးတဲ့ စစ်ကောင်စီတပ်တွေကို လိုက်လံတိုက်ထုတ်နေကြပါတယ်။ စစ်ကောင်စီတပ်သားတွေကို စစ်သုံးပန်အနေနဲ့ ဖမ်းဆီးရမိတာ မရှိပါဘူးဗျ။ သူတို့က စခန်းခွန့်သွားကြတာပါ” ဟု CDF- ကန်ပက်လက်တပ် မဟာမှူး ဆလိုင်းထွန်းလိန်းထန်က ပြောသည်။ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင် စစ်ဆင်ရေးအဖြစ် သတ်မှတ်ပြီးနောက် ချင်းညီနောင်တပ်ဖွဲ့ဝင်များနှင့်အတူ PDF ၊ YDF ၊ GZA ၊ LPDF တပ်ဖွဲ့များ ပူးပေါင်း၍ အာရက္ခတပ်တော် AA ၏ အကူအညီနှင့်အတူ စစ်ဆင်ရေးအား အရှိန်အဟုန်မြှင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲ၏ နှစ်ဖက်ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ လက်ရှိအချိန်တွင် ဖြေကြားရန် အဆင်မပြေသေးကြောင်း ပြောဆိုပြီး တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းပစ်ကူအများအပြား အသုံးပြုခဲ့ကြောင်း CDF- ကန်ပက်လက် တပ်မဟာမှူးက ပြောသည်။ စစ်ကောင်စီသည် စစ်ကူချပေးခြင်း၊ ပစ္စည်းထုတ်များချပေးခြင်းအပါအဝင် လေကြောင်းပစ်ကူ ၃၂၀ ခန့် ပြုလုပ်ခဲ့ကြောင်း ချင်းညီနောင်ထုတ်ပြန်ချက်အရ သိရသည်။…

Read More

(006SV) ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် တီးတိန်မြို့ပေါ်တွင် ချင်းလဲန်းကောင်စီ၏ ချင်းကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲမဖော်ရန် သတိပေးသည့်ကြားမှ ရှေ့ဆက်တိုး၍ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ပါက ကျူးကျော်စစ်အဖြစ် သတ်မှတ်ကာ ပူးပေါင်းတုံ့ပြန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့က ယနေ့မှာ ထုတ်ပြန်သည်။ ချင်းအမျိုးသား အချင်းချင်းကြား ထိပ်တိုက်ထိတွေ့မှု ရှောင်ရှားနိုင်ရန် အတန်တန် သတိပေးသည့်ကြားမှ ရှေ့ဆက်တိုး၍ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ပါက ချင်းညီနောင်၏ ကြေညာချက်အတိုင်း ကျူးကျော်မှုမှန်သမျှအား အတူတကွ ပူးပေါင်းတုံ့ပြန် တိုက်ခိုက်သွားမည်ဟု ချင်းညီနောင်က မေလ ၁ ရက်မှာ ထုတ်ပြန်လာခြင်းဖြစ်သည်။ ချင်းညီနောင်အဖွဲ့ဝင်များ ဖြစ်သည့် ZFU/ PDF- Zoland နှင့် CNO/CNDF တို့သည် ၎င်းတို့၏ ထိန်းချုပ်စိုးမိုး နယ်မြေများတွင် မြို့သိမ်းတိုက်ပွဲ ဆင်နွဲနိုင်ရန် ဗျူဟာရေးဆွဲပြင်ဆင်နေသော ကာလအတွင် နိုင်ငံရေး လက်ဦးမှု ရရှိရေး ရည်မှန်းချက်ဖြင့် CNF/CNA က စစ်ရေးလှုပ်ရှားမှုများကို ဆက်တိုက်ပြုလုပ်နေသည်ဟု ချင်းညီနောင်အဖွဲ့က ဆိုသည်။ CNF/CN A ဦးဆောင်သည့် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၏ တပ်ဖွဲ့များသည် ဒေသခံတော်လှန်ရေးအဖွဲ့များ၏ ခွင့်ပြုချက်မပါပဲ နယ်မြေများကို သိမ်းပိုက်ကျူးကျော်ရန် စစ်ရေးလှုပ်ရှားမှုများသည် ဒေသတွင်း ပဋိပက္ခကို ပိုမိုကြီးထွားစေပြီး အချင်းချင်း သွေးထွက်သံယိုမှုများကို ဦးတည်စေသည်ဟု ချင်းညီနောင်က ထုတ်ပြန်သည်။ CNF/ CNA အနေဖြင့် မိမိနယ်မြေဖြစ်သည့် ဟားခါးနှင့် ထန်တလန်မြို့များတွင် ဦးစားပေး မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲသင့်ပြီး လိုအပ်ပါက ချင်းညီနောင်က တိုက်ခိုက်ပေးမည်ဟု ထုတ်ပြန်သည်။ ယင်းသို့မဟုတ်ဘဲ နယ်မြေကျူးကျော်မှုများ ဆက်တိုက်လုပ်မည်ဆိုပါက ချင်းပြည်သူများအကြား စည်းလုံးမှုကို…

Read More

(004SS) ချင်းပြည်နယ်၊ ဟားခါးမြို့တွင် အွန်လိုင်းရက်ချိန်းစနစ်ဖြင့် နိုင်ငံကူးလက်မှတ် (passport) လျှောက်ထားနိုင်ပြီဟု သိရသည်။ နိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးများ၌ မေလ ၂ ရက်နေ့မှစပြီး နိုင်ငံကူးလက်မှတ် (passport) အသစ်လျှောက်ခြင်း၊ သက်တမ်းတိုးခြင်း၊ ပျောက်ဆုံး/ ပျက်စီး စသည့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် ကြိုတင်ရက်ချိန်းယူခြင်းအား လူကိုယ်တိုင်မလိုတော့ဘဲ အွန်လိုင်းမှ ကြိုတင်ရက်ချိန်း ရယူနိုင်ပြီဖြစ်ကြောင်း ဧပြီလ ၂၆ ရက်နေ့က မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ကြေညာခဲ့ခြင်းဖြစ်သည်။ ချင်းပြည်နယ် ဟားခါးမြို့တွင်လည်း Online Appointment System စနစ်ဖြင့် www.passport.gov.mm တွင် ကြိုတင်ရက်ချိန်းယူခြင်းအား မေလ ၁ ရက်နေ့မှစ၍ ကြိုတင်လျှောက်ထားနိုင်ပြီဟု ဟားခါးမြို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် ကြေညာထားကြောင်း သိရသည်။ “အခုက ဟားခါးမှာလဲ သူတို့စာကပ်ထားတယ် ရန်ကုန်လိုမျိုး အွန်လိုင်းကနေ ရက်ချိန်းယူပြီးမှ passport လျှောက်လို့ရမယ်၊ အဲမှာ သူတို့ချပေးတဲ့‌နေ့မှပဲ ရုံးသွားလျှောက်ထားလို့ရပြီ” ဟု ဟားခါးမြို့ နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးသည့် ကိုယ်စားလှယ်တစ်ဦးကပြောသည်။ လက်ရှိ ဟားခါးမြို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် ကိုယ်တိုင်လျှောက်ထားပါက ‌မြန်မာငွေ ကျပ် ၅၀၀၀၀ ပေးရပြီး ဖောင်ဖိုးအတွက်နှင့် သက်တမ်းတိုးသူများအတွက် နောက်ကျကြေး စသည့် အခွန်များ‌အတွက် အသီးသီးကုန်ကျမည်ဖြစ်သည်။ Online Appointment System အား ရန်ကုန်မြို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ ၂၄ ရက်က စတင်ခဲ့ပြီး နေပြည်တော်၊ မန္တလေး၊ ပုသိမ်၊ ပဲခူးမြို့တို့တွင်မူ ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီ…

Read More

(006SV) ချင်းပြည်နယ်က ချင်းလဲန်းကောင်စီဖြစ်စေ ICNCC ဖြစ်စေ ချင်းတော်လှန်ရေးအင်အားစု အားလုံးနှင့် ထိတွေ့ဆက်ဆံမှုရှိနေကြောင်း NUG အစိုးရ ပြောရေးဆိုခွင့်ရှိသူများက ပြောသည်။ ယနေ့ဧပြီလ ၃၀ ရက်မှာ ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း (၃) နှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ ခိုနူမ်းသုန်သတင်းဌာနက ချင်းအရေးနှင့်ပတ်သက်၍မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။ “ကျနော်တို့ အစိုးရအနေနဲ့က ချင်းပြည်နယ်မှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေ အားလုံးနဲ့ ဆက်ဆံတာ၊ ICNCC ၊ ချင်းလဲန်း ကောင်စီ၊ အဲဒီမှာ ကျနော်တို့ ဘာမှ ခွဲခြားမှု မရှိဘူး။ ဆက်ဆံနေတယ်ဆိုတာ ပြောကြားချင်ပါတယ်” ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောသည်။ ချင်းတော်လှန်ရေးအင်အားစုများသည် နိုင်ငံရေးသဘောထားကွဲလွဲမှုကြောင့် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)၊ ချင်းညီနောင်အဖွဲ့ဟူ၍ အဖွဲ့ (၂) ခု ပေါ်ပေါက်ခဲ့ပြီး စစ်ရေးပူးပေါင်းဆောင်ရွက်မှုများတွင်ပါ သဘောထားမတူညီသည့် သက်ရောက်မှုများ ရှိနေသည်။ ချင်းပြည်နယ်တွင် ချင်းလဲန်းကောင်စီ ဖွဲ့စည်းခြင်း၊ ICNCC ဖွဲ့စည်းခြင်းတို့သည် ဖက်ဒရယ်ဒီမိုကရေစီ ချာတာ အရ ဆောင်ရွက် နေကြခြင်းဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရန်အတွက် ကိုယ့်ပြည်နယ်နှင့် ကိုယ်ဒေသမှာ ကိုယ့်ကြမ္မာ ဖန်တီးနိုင်ရေး Bottom – Up အောက်ခြေမှ အထက်သို့ ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ယူဆကြောင်း ဦးကျော်ဇောက ပြောသည်။ “အဲဒီမှာ အရေးကြီးဆုံး အချက်တွေက တန်းတူညီမျှမှုရှိရေး၊ ကိုယ့်ကံကြမ္မာကို ဖန်းတီးဖို့ပေါ့နော်။ ချင်းပြည်နယ်မှာ ချင်းအမျိုးသားတွေ ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်ဆောင်သွားမယ်လို့လည်း ယုံကြည်ပါတယ်။ တော်လှန်ရေးအင်အားစုတွေ…

Read More

(006SV) ချင်းအမျိုးသားတပ်မတော် CNA အနေဖြင့် CNO/ CNDF နှင့် ချင်းညီနောင်တို့ကို ညှိနှိုင်းခြင်း၊ သဘောတူညီမှုမရှိဘဲ ဖလမ်းမြို့တွင်း မည်သည့် စစ်ရေးလှုပ်ရှားမှုများ မပြုလုပ်ရန် ဧပြီလ ၂၄ ရက်က CNDF စစ်ဦးစီးချုပ်က CNA စစ်ဦးစီးချုပ်ထံ စာပေးပို့ခဲ့ကြောင်း သိရသည်။ CNA စစ်ဦးစီးချုပ်ထံသို့ စာပေးပို့ခဲ့ခြင်းမှာ မှန်ကန်ပြီး မည်သို့ပေါက်ကြားလာသည်ကို မသိကြောင်း၊ စာပေးပို့ရသည့် အကြောင်း ရင်းနှင့်ပတ်သက်၍ CNO/ CNDF အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလီယံချင်းက ယခုကဲ့သို့ပြောဆိုသည်။ “အဓိကက ကိုယ့်နယ်မြေ ကိုယ့်ဒေသအလိုက်ကို စစ်ရေးအရရော၊ နိုင်ငံရေးအရရော လုပ်ထားတဲ့ ဟာတွေ ပြင်ဆင်မှုတွေ ရှိထား ချိန်မှာ တဖက်နဲ့ တစ်ဖက် ညှိနှိုင်းဆောင်ရွက်မှု၊ အသိပေးမှု မရှိဘဲနဲ့ လုပ်တာမျိုးတော့ မဖြစ်သင့်ဘူး။ အချင်းချင်း အပြန်အလည်း လေးစားမှု ရှိသင့်တယ်။ ဒေသခံတွေရဲ့ သဘောထားကိုလည်း ကြည့်သင်တယ်၊ CNF/ CNA အနေနဲ့ သိမ်း စရာတွေအဖြစ် ဟားခါးနဲ့ ထန်တလန်တွေလည်း ရှိပါတယ်။ တိုင်ပင်ခေါ်ပြီးမှ အားလုံး ဝိုင်းဝန်ပြီး ချင်းပြည်တစ်ခုလုံးကို သိမ်းနိုင်တဲ့ အနေအထားအထိ ပူး ပေါင်းဆောင်ရွက်ဖို့ လိုတဲ့အတွက် အကောင်းဆုံး ညှိနှိုင်းအဖြေရှာတဲ့ နည်းလမ်းကို သွားမှာပါ။ လုံးဝမရရင်တော့ ကျနော်တို့ဘက် မှာ ပြင်ဆင်ထားတဲ့ဟာတွေတော့ ရှိတယ်။ အဲဒီဟာတွေ မဖြစ်လာပါစေနဲ့လို့ ဆုတောင်းပါတယ်။ အဆင်ပြေနိုင်တဲ့ လမ်းကြောင်း တော့ ရွေးချယ်သွားမှာပါ” ဟု CNO/ CNDF အတွင်းရေးမှူးက ပြောသည်။ စစ်ကောင်စီက…

Read More