Author: Editor

(006SV) ချင်း – စစ်ကိုင်းအစပ် ကလေးမြို့နယ်ထဲက စစ်ကော်မရှင်တပ်နှင့် ချင်းပူးပေါင်းတပ်တို့၏ လေးလတာ တိုက်ပွဲကာလအတွင်း CDF – KKG တပ်ဖွဲ့မှ အမျိုးသမီးရဲမေနှင့် ရဲဘော် ၁၂ ကျဆုံးသည်ဟု သိရသည်။ အောက်တိုဘာလ ၁၈ ရက်က ကလေးမြို့နယ်၊ မှန်တောနှင့် အောင်သာယာကျေးရွာဝန်းကျင်က တိုက်ပွဲများတွင် CDF – KKG ၏ တပ်ရင်း ၄ နှင့် တပ်ရင်း ၇ တို့မှ ရဲဘော် ၄ ဦးကျဆုံးခဲ့ရပြီး အောက်တိုဘာလ ၂၀ ရက်က လက်ပံချောင်းတိုက်ပွဲတွင် တပ်ရင်း ၁ တပ်စုမှူး ၁ ဦး၊ အောက်တိုဘာလ ၂၅ ရက်က အောင်သာယာရွာတိုက်ပွဲမှာ တပ်ရင်း ၂ ရဲဘော် ၁ ဦးတို့ ကျဆုံးရသည်ဟု သိရသည်။ တပ်ရင်း ၇ ရဲဘော် မှ Bawi Tuah Kim နှင့် ရဲဘော် Pum Luah Cin (ခ) Pum Lua ၊ တပ်ရင်း ၄ မှ ရဲဘော်ဖြိုးကိုအောင်၊ ရဲဘော် မင်းကို၊ တပ်ရင်း ၂ ရဲဘော် မောင်အေး (ခ) ရဲမာန် နှင့် တပ်ရင်း ၁ မှ တပ်စုမှူး Pu Lian Khem တို့ ကျဆုံးရခြင်းဖြစ်သည်။ နိုဝင်ဘာလ ၁၈ ရက် မှန်တောရွာတိုက်ပွဲတွင်…

Read More

(005MK) အိန္ဒိယဗဟိုအစိုးရက အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်ရန် စီစဉ်ဆောင်ရွက်မှုကို ဆန့်ကျင်ကန့်ကွက် သည့်အနေဖြင့် မီဇိုရမ်ပြည်နယ်အခြေစိုက် မီဇိုးကျောင်းသားသမဂ္ဂ (MZP) နဲ့ Zo Re-unification Organization (ZORO) အဖွဲ့တို့က အိုင်ဇောလ်မြို့မှာ ယနေ့ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ပြည်နယ်၏မြို့တော် အိုင်ဇောလ်မြို့ Vanapa Hall ရှေ့မှာ ယနေ့ ဇန်နဝါရီ ၁၆ ရက် နံနက် ၁၁ နာရီမှာ ငြိမ်းချမ်း စွာစုရုံးပြီး ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။ “အိန္ဒိယအစိုးရက မိမိတို့ညီအကိုတွေကို ပိုင်းခြားစေမယ့် တံတိုင်းကြီးကို နယ်စပ်တစ်လျှောက်မှာတည်ဆောက်ဖို့ လုပ်ဆောင်နေပါတယ်၊ ဒါကြောင့် ကျနော်တို့ MZP နဲ့ ZORO အနေနဲ့ ဒီလို မိမိတို့ညီအကိုတွေကို ခြားနားစေမယ့် တံတိုင်းကြီးတည်ဆောက်မှုကို လက်မခံပါဘူး၊ ဒါကြောင့် ဆန့်ကျင်ကန့်ကွက်ရတာဖြစ်ပါတယ်” ဟု မီဇိုးကျောင်းသားသမဂ္ဂ MZP ဥက္ကဌ Dr. C.Lalremruata ကပြောသည်။ အိန္ဒိယ နှင့် မြန်မာ နှစ်နိုင်ငံကြား အထူးသဖြင့် မီဇိုရမ်ပြည် နှင့် ချင်းပြည်နယ်ကြားမှာ နယ်စပ်ခြံစည်းရိုးခတ်ရန် စီစဉ်ဆောင်ရွက်ခြင်းသည် တိုင်းပြည် နှင့် လူမျိုးအတွက် အန္တရာယ်ဖြစ်စေနိုင်ပြီး သွေးသားတော်စပ်သော ညီအကို များကို ပိုင်းခြားရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု MZP နှင့် ZORO တို့ကပြောဆိုသည်။ “ဘုရားသခင်က ပေးအပ်ထားတဲ့ ဒီမြေဒီရေပေါ်မှာ မိမိတို့ညီအကိုတွေကို ခြားနားစေမယ့် တံတိုင်းကြီးထားရှိဖို့ ခွင့်မပြုပါဘူး၊ ဘုရားသခင်ရဲ့အလိုတော်နှင့်အညီ မိမိတို့ ဇိုး(ချင်း) လူမျိုးတွေ အုပ်ချုပ်မှုတစ်ခုအောက်မှာ အတူတကွပြန်လည် ပေါင်းစည်းနေထိုင်ဖို့ မျှော်မှန်းနေကြတဲ့အချိန်မှာ မိမိတို့ကိုဝေးကွာစေနိုင်မယ့် ဘယ်အရာကိုမှ ခွင့်ပြုမှာမဟုတ်ပါဘူး၊…

Read More

(006SV) စစ်ကော်မရှင်၏ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်နှင့် ဝန်ကြီးများ၊ ဒုတိုင်းမှူး၊ ဗျူဟာမှူး အပါအဝင် ဦးစီးအရာရှိနှင့်အထက်ဝန်ထမ်းများအပြင် လုပ်ငန်းအဖွဲ့အစည်း၊ ကုမ္ပဏီနှင့် လူပုဂ္ဂိုလ် ၅၀၀ ကျော်ကို လူထုအကျိုးကို ခြစားဖျက်စီးသူများအဖြစ် သတ်မှတ်ပြီး အထူးပစ်မှတ်ထား၍ စတင်အရေးယူတော့မည်ဟု CDF – ဟားခါးဗဟိုကောင်စီက ကြေညာသည်။ CDF – ဟားခါးဗဟိုကောင်စီသည် အမည်ပျက်စာရင်းကြေညာခြင်းကို ယနေ့ ဇန်နဝါရီလ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာလိုက် ခြင်းဖြစ်သည်။ “ပြည်သူတွေ နားလည်အောင် ဆိုပြီး ချပြပေးတာဖြစ်ပါတယ်။ ငါးနှစ်လုံးလုံးမှာ သူတို့ကို ရာဇဝတ်သားတွေလို့ပဲ ပြောချင်တယ်။ သူတို့တွေက ဖြတ်စားတာက အနည်းဆုံး ကျပ်ငွေက ကျနော်တို့ ဖော်နိုင်တဲ့ ပမာဏပဲကိုက ကျပ်သန်းပေါင်းက ရှစ်သောင်းကျော် ရှိတယ်။ ကျနော်တို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့အတိုင်းပေါ့နော်။ သူတို့က အဲလောက်ထိကို ဖြတ်စားခဲ့ပြီးပြီ။ နောက်ဒုတိယ အချက်က စကမ အထက်ပိုင်းကလည်း မသိကြဘူး။ သူတို့က တင်ဒါလုပ်တယ်ဆိုပြီး တွန်ဇန်၊ နာရိန်၊ ဖလမ်း ၊ တီးတိန်၊ မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ထန်တလန်လည်း ပါတယ်။ ဟားခါးမြို့နယ်ထဲမှာလည်း တော်တော်များများ ပါတယ်။ မြို့ပေါ်မှာလည်း နည်းနည်းပါးပါးပေါ့လေ။ တကယ်ကော အဲဒီနေရာတွေ လုပ်နိုင်သလားဆိုရင် ငါးနှစ်လုံးလုံးမှာ သူတို့ လုံးဝ မလုပ်နိုင်ဘူး။ ဟားခါးမြို့ပေါ်မှာတော့ လုပ်နိုင်တဲ့ နေရာတချို့တော့ ရှိတယ်။ တကယ် မလုပ်နိုင်တဲ့ နေရာက ၉၉ ရာခိုင်နှုန်းလောက် ရှိတယ်။ သူတို့ တင်ပြပြီးတော့မှ ငွေလုံးငွေရင်းတွေ…

Read More

(002MG) စစ်ကော်မရှင်တပ်၏ လေကြောင်း နှင့် မြေပြင်တိုက်ခိုက်မှုများကြောင့် ၂၀၂၅ ခုနှစ်အတွင်းမှာ အမျိုးသမီး (၈၀၀) နီးပါး ခန့်သေဆုံးခဲ့သည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ယနေ့သတင်းထုတ်ပြန်သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ တနှစ်တာကာလအတွင်း မြန်မာနိုင်ငံတဝှမ်းတွင် အမျိုးသမီး (၇၉၂) ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ အမျိုးသမီး (၈၁၅) ဦးရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်သည်။ စစ်ကော်မရှင်တပ်ဖွဲ့၏ လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၆၂၁) ဦး၊ လက်နက်ကြီး ပစ်ခတ်ခံရမှု ကြောင့် (၁၀၂) ဦး၊ မတရားသတ်ဖြတ်ခံရမှုကြောင့် (၃၉) ဦး၊ မြေမြှုပ်မိုင်းကြောင့် (၁၃) ဦး၊ မီးရှို့သတ်ဖြတ်ခံရမှုကြောင့် (၆) ဦး၊ ပဋိက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကြောင့် (၅) ဦးနှင့် ထောင်တွင်းဆေးဝါးကုသခွင့်မရ ရှိမှုကြောင့် (၃) ဦး နှင့် ကျည်ထိမှန်မှုကြောင့် (၃) ဦးတို့ သေ ဆုံးခဲ့ကြရကြောင်း ဖော်ပြထားသည်။ သေဆုံးသူအမျိုးသမီးများထဲတွင် အသက် (၁၈) နှစ်အောက် အမျိုးသမီးငယ် (၁၅၄) ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး (၅) ဦး ပါဝင်သည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ ထုတ်ပြန်ထားသည်။ ထို့အပြင် ထိခိုက်ဒဏ်ရာရရှိခဲ့သူများတွင် လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် (၅၇၆) ဦး၊ ပဋိက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကြောင့် (၂၆)…

Read More

(006SV) ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ လဲန်သဲ (Lente) ကျေးရွာကို ယနေ့ မနက်ပိုင်းက စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ ဘုရားကျောင်းနှင့် လူနေအိမ်တချို့ ထိခိုက်ပျက်စီးမှု ရှိကြောင်း သိရသည်။ ယနေ့ ဇန်နဝါရီလ ၁၄ ရက် နံနက် ၁ နာရီဝန်းကျင်တွင် စစ်ကော်မရှင်တပ်က လဲန်သဲကျေးရွာကို ဂျက်ဖိုက်တာဖြင့် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး RC ဘုရားကျောင်း၊ Revival Baptist Church ဘုရားကျောင်းနှင့် ရွာအနီးဝန်းကျင်းကို ဗုံးများ ကျရောက်ပေါက်ကွဲသည်ဟု သိရသည်။ “အဲဒီဘက်မှာ စစ်ရေးဖော်ဆောင်တာတော့ မရှိဘူး။ အဲဒီရွာနဲ့ သိပ်တော့ မနီးတဲ့ နေရာ ဝန်းကျင်မှာ ဝေဘူလဘက်က တက်လာတဲ့ စစ်ကြောင်းက ရှိနေတယ်၊၊ အဲဒီရွာမှာ ကျနော်တို့ တပ်ဖွဲ့တွေ တပ်ချထားခြင်းလည်း မရှိဘူး။ ဘာမှလည်း စစ်ရေး မရှိဘူး။ ဒါပေ မယ့် သူတို့အနေနဲ့ ဂျက်ဖိုက်တာနဲ့ ပစ်တယ်လို့ သိရပါတယ်။ RC ဘုရားကျောင်း၊ Revival Baptist Church ဘုရားကျောင်း အနီးဝန်းကျင်မှာ ကျတယ်လို့ သိရပါတယ်” ဟု ချင်းအမျိုးသားကွယ်ရေးတပ်ဖွဲ့ (CNO/ CNDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။ ဘုရားကျောင်း ၂ ကျောင်းနှင့် အနီးဝန်းကျင်ရှိ နေအိမ်တချို့တို့ ထိခိုက်ပျက်စီးမှု ရှိသည်ဟု လတ်တလော သတင်းရရှိထားသော် လည်း အသေးစိတ်အခြေအနေကို မသိရှိရသေးကြောင်း CNO/ CNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “အခုတလောဆိုရင် သီဘွားဘက်…

Read More

(002MG) ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် စစ်ကော်မရှင်တပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒီဇင်ဘာလအတွင်း သေဆုံးသူ (၄၀) ဦးအထိရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ (၂၄) ဦးရှိခဲ့သည်ဟု Women For Justice – WJ က ဇန်နဝါရီ (၁၃) ယနေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။ ချင်းပြည်နယ်တွင် မိုင်းကြောင့် ပြည်သူ (၂) ဦးသေဆုံးခဲ့ကာ (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူငယ် (၄) ဦးဖမ်းဆီးခံရ သည်ဟု ဖော်ပြသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ကနီမြို့နယ်၊ ဒီပဲယင်းမြို့နယ်နှင့် ခင်ဦးမြို့နယ်တို့တွင် စစ်ကော်မရှင်တပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား (၁၈) ဦး၊ အမျိုးသမီး (၁၂) ဦး၊ အမည်မသိ (၈) ဦး သေဆုံးခဲ့ရကာ (၂၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်တွင် ဘုရားကျောင်း (၃) ကျောင်း၊ လူနေအိမ် (၃၄) အိမ် ပျက်စီးဆုံးရှုံးခဲ့ရသည်ဟုလည်း ဆိုသည်။ ချင်းပြည်နယ်အတွင်း စစ်ကော်မရှင်တပ်ဖွဲ့ ထိုးစစ်ကြောင့် လမ်းပန်း ဆက်သွယ်ရေးများပိတ်ထားပြီး ဆေးဝါးများ အဆမတန် ဈေးနှုန်းမြင့်တက်လာသောကြောင့် ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲနှင့် အမျိုးသမီးများ စီးပွားရေး၊ စားဝတ်နေရေး အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရကြောင်း Women For Justice -WJ က ပြောသည်။ စစ်ပွဲများကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည့်အပြင် ရာသီဥတု အကူးအပြောင်းကြောင့် ကိုယ်ဝန် ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ နေမကောင်းသည့်အပြင် အမျိုးသမီးများအနေ ဖြင့်…

Read More

(006SV) ချင်းပြည်နယ်အတွင်း စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကြောင့် စစ်ခေါင်း ဆောင် မင်းအောင်လှိုင်အပါအဝင် ကျူးလွန်သူ ၁၀ ဦးကို အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် တီမောလစ်စတေးနိုင်ငံတွင် စတင်တရားစွဲဆို နိုင်ရေးအတွက် ယနေ့မှာ လျှောက်ထားပြီဖြစ်ကြောင်း သိရသည်။ ယနေ့ ဇန်နဝါရီလ ၁၃ ရက်တွင် တီမောလစ်စတေးနိုင်ငံ၊ ဒီလီမြို့ရှိ Justice Department တွင် မင်းအောင်လှိုင် အပါအဝင် စစ်အုပ်စု၏ ချင်းပြည်နယ်တွင်း ကျူးလွန်သော စစ်ရာဇတ်မှု အမှု ၅ ခုဖြင့် တရားစွဲဆိုမှု စတင်တင်သွင်းလိုက်ခြင်းဖြစ်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) စီမံအရာရှိ ဆလိုင်းမာန်ဟရလျန်က ပြောသည်။ “အခုက Department of Justice ကတော့ ကျနော်တို့ရဲ့ အမှုတွဲကို လက်ခံပြီးပြီ။ ပြီးတော့ သူတို့က စိစစ်မှုတွေ လုပ်မယ်။ ပြီးတော့ သူတို့ အမှုကို လက်ခံ၊ မခံကို ၃ လကနေ ၆ လအတွင်းမှာ ကျနော်တို့ကို ပြန်ကြားဖို့ မျှော်လင့် ထားပါတယ်၊၊ အဲဒီထဲမှာ မင်းအောင်လှိုင်အပါအဝင် လူ ၁၀ ဦးပါတယ်။ အဲဒီထဲမှာမှ လေကြောင်းစစ်ဦးစီချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်လည်း ပါတယ်။ မတူပီက အရင်က သတ်ဖြတ်မှုမှာ ပါတဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး ရဲကျော်အပါအဝင် ၊ ခလရ ၁၄၀ က တပ်ရင်းမှူးရယ်၊ ခလရ ၃၀၄ က တပ်ရင်းမှူး၊ နမခတိုင်းမှူးရယ်၊ အထူးစစ်ဆင်ရေး စကထ က ဒုတိယဗိုလ်ချုပ်ကြီး…

Read More

(006SV) ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲက ကျေးရွာတချို့ကို ယမန်နေ့ညက စစ်ကော်မရှင်က လေကြောင်း တိုက်ခိုက်မှုများအတွင်း သီးဘွာလ်ကျေးရွာ တိုက်နယ်ဆေးရုံ ထိခိုက်ပျက်စီးမှု ကြီးမားသည်ဟု သိရသည်။ ဇန်နဝါရီလ ၁၁ ရက် ည ၉ နာရီခွဲခန့်တွင် ဖလမ်မြို့နယ်ထဲရှိ သီးဘွာလ်ကျေးရွာနှင့် Sim Dihai ရွာ တို့ကို စစ်ကော်မရှင်သည် လေကြောင်းမှ ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားသည်ဟု ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNO/ CNDF) မှ ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းတင်မီက‌ ပြောသည်။ “မနေ့ညက ၉ နာရီခွဲလောက်မှာ သီးဘွာလ်နဲ့ အဲဒီရွာတစ်ရွာကို အပစ်ခံရတာဖြစ်ပါတယ်။ ရွာတစ်ရွာကတော့ Sim Dihai ရွာလို့ ပြောပါတယ်။ အဲဒီရွာမှာလည်း ထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။ သီးဘွာလ်ဆေးရုံကတော့ အကုန်လုံးပျက်စီးသွားတယ်။ အနီးအနားမှာ ရှိတဲ့ အိမ်တွေလည်း ပျက်စီးသွားလည်း ရှိတယ်။ လူထိခိုက်မှုတော့ မရှိဘူးလို့ သတင်းရပါတယ်” ဟု ဆလိုင်းတင်မီက ပြောသည်။ ၂၀၁၄ – ၂၀၁၅ ဘဏ္ဍာနှစ်က သီးဘွာလ် (Tibual) တိုက်နယ်ဆေးရုံးကို သိန်ငါးထောင် ဘတ်ဂျတ်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ညက စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင်း အားလုံးနီးပါး တိုက်ခိုက်ပျက်စီးသွားသည်ဟု သိရသည်။ “ဆေးရုံးကတော့ ပင်မဆောင်၊ လူနာအိပ်ဆောင် တစ်ဆောင်နဲ့ ဆရာဝန်နေတဲ့ အိမ်ရယ်ပေါ့။ အဲဒီ ဗုံး ၂ လုံးကျတဲ့ နေရာက လူနာအိပ်ဆောင်ရယ်၊ ဆရာဝန်နေတဲ့ အိမ်ရယ်၊ ဓါတ်ခွဲခန်းလို့ ပုံစံဖြစ်မယ်၊၊ အဲဒါ ပျက်စီးတယ်။…

Read More

(004SS) စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်းသို့ ဆက်သွယ်ရာမှာ အဓိကအသုံးပြုသော ကလေး-သိုင်းငင်း လမ်းပိုင်းကို စစ်ကော်မရှင်တပ်က ပြန်လည်ပိတ်ပင်လိုက်ကြောင်း သိရသည်။ ယင်းသို့ ပိတ်ပင်မှုကြောင့် ကလေး-တီးတိန် လမ်းပိုင်းတွင် ယာဉ်အဝင်အထွက်များ ရပ်တန့်နေသည်မှာ ယနေ့ဆိုလျှင် (၃) ရက်ခန့် ရှိပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ လက်ရှိတွင် ခိုင်ကမ်းမြို့ (၉) မိုင်ဂိတ်မှတစ်ဆင့် ကလေး-သိုင်းငင်းလမ်းပိုင်းနှင့် (၈) မိုင်ဂိတ်မှတစ်ဆင့် ကလေး-ပိန်းပိ လမ်းပိုင်းတို့ကိုပါ စစ်ကော်မရှင်တပ်က အသီးသီး ပိတ်ပင်ထားခြင်းဟု သိရသည်။ “စနေနေ့ မနက်ပိုင်းက အတက်ဆိုင်ကယ်တွေပဲ ပေးဖြတ်တယ်။ ကားတွေတော့မရဘူး။ အဆင်းကတော့ အကုန်လုံးကို ဖြတ်ခွင့်ပြုတယ်။ ညနေကစပြီးပိတ်တော့တာပဲ အခုထိပဲ တီးတိန်တက်ချင်တာမရဘူး။” ဟု ခရီးသွားအမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါ လမ်းပိတ်ဆို့မှုများကြောင့် ခရီးသွားပြည်သူများနှင့် ကုန်သည်များမှာ လမ်းခရီး၌ အခက်တွေ့နေရသည်ဟု ၎င်းက ဆက်ပြောသည်။ ကလေး-သိုင်းငင်း လမ်းပိုင်းကို စစ်ကော်မရှင်တပ်က ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်နေ့ ညနေပိုင်းမှ ၈ ရက်နေ့အထိ (၁) ရက်ကြာ အတက်အဆင်း ပြန်လည်ဖွင့်ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် သိုင်းငင်းဂိတ်တွင် စစ်ကော်မရှင်တပ်သားများက ဂိတ်ကြေးအဖြစ် ငွေကျပ်သိန်းနှင့်ချီ၍ ကောက်ခံနေခြင်းကြောင့် ကုန်တင်ကားကြီးများနှင့် ဆိုင်ကယ်အချို့သာ သွားလာနိုင်ခဲ့ပြီး၊ လူစီးဂျစ်ကားငယ်များမှာ ဂိတ်ကြေးမပေးရသည့် အခြား ရှောင်ကွင်းလမ်းများကိုသာ အသုံးပြုခဲ့ကြရသည်။ ယခုအခါ အဆိုပါ ရှောင်ကွင်းလမ်းများဖြစ်သော သိုင်းငင်းလမ်းနှင့် ပိန်းပိလမ်းပိုင်းများကိုပါ စစ်ကော်မရှင်တပ်က ထပ်မံပိတ်ပင်လိုက်ခြင်းကြောင့် ဒေသတွင်း သွားလာရေး လုံးဝပြတ်တောက်လုနီးပါး ဖြစ်ပေါ်နေကြောင်း ဒေသခံများ ပြောပြချက်အရ…

Read More

(006SV) ချင်းပြည်နယ်တွင် ဒေသတွင်း နိုင်ငံရေးစစ်ရေး ဦးဆောင်မှု ပေးရန်အတွက် CDF- မင်းတပ်၊ MRO/ CDF- မတူပီ၊ CDF – ကန်ပက်လက်နှင့် CDF – ဒိုင်ရ်တို့ကို စုစည်း၍ ချင်းပြည်သူ့အစည်းအရုံး (CPU)/ ချင်းပြည်သူ့တပ်မတော် (CPA) ကို စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ယနေ့မှာ တရားဝင်ကြေညာသည်။ ချင်းပြည်သူ့အစည်းအရုံး (Chin People’s Union)/ ချင်းပြည်သူ့တပ်မတော် (Chin People’s Army) ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၅) နေ့တွင် စတင်ဖွဲ့စည်းလိုက်သည်ဟု ၎င်းအဖွဲ့က ယနေ့ ဇန်နဝါရီလ ၁၂ ရက်မှာ ထုတ်ပြန်သည်။ CPU/ CPA သည် ချင်းညီနောင်အဖွဲ့ဝင်အဖြစ် တက်ကြွစွာ ဆက်လက်ပါဝင်ပြီး စစ်အာဏာရှင်စနစ်နှင့် အခြားမည်သည့် အာဏာရှင်စနစ်မဆို အပြီးတိုင် ချုပ်ငြိမ်းရေး၊ ချင်းပြည်သူလူထု၏ မွေးရာ အခွင့်အရေးဖြစ်သော ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး ဆောင်ရွက်သွားမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့အပြင် လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်းကို ဖော်ဆောင်နိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်လာရေးနှင့် ရည်မှန်းချက်တူညီသည့် မဟာမိတ်တော်လှန်ရေးအင်အားစုများနှင့် လက်တွဲကာ စစ်ရေးနိုင်ငံရေးလုပ်ငန်း စဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ချင်းတောင်ပိုင်းရှိ ချင်းတော်လှန်ရေးအင်အားစုများဖြစ်သော မင်းတပ်မြို့အခြေစိုက် မင်းတပ်မြို့နယ် တော်လှန်ရေး ဦးဆောင် ကော်မတီ/ မင်းတပ်ပအဖ/ CDF- မင်းတပ်၊ MRO/ CDF- မတူပီ၊ ကန်ပက်လက် မြို့နယ်ကောင်စီ/ ကန်ပက်လက်ပအဖ/ CDF- ကန်ပက်လက်နှင့်…

Read More