(006SV) မလေးရှားနိုင်ငံမှာ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက စီးနင်းရှာဖွေမှုကြောင့် ယခုနှစ် ဇန်နဝါရီလ နှစ်ပတ်အတွင်း ချင်းလူမျိုုး ၆၀ ဝန်းကျင် ဖမ်းဆီးခံထားကြောင်း Chin Refugee Committee မှ တာဝန်ရှိသူက ပြောသည်။ “မနေ့က တနေ့က ရာဝမ်ဘက်မှာ အယောက် ၃၀ ကျော် ဖမ်းခံထိတယ်။ ပြောရမယ်ဆိုရင် (ချင်း)တောင်ပိုင်းက တော်တော် များ များပါတယ်။ ခုချိန်ထိ UN အနေနဲ့က ဘာမှ ဆောင်ရွက်ပေးနိုင်တာ မရှိသေးဘူး။ UN Online လျှောက်ထားတဲ့ဟာကို လူဝင်မူကြီး ကြပ်ရေးက လက်မခံဘူး။ ကျနော်မှတ်တမ်းထဲမှာ အယောက် ၆၀ လောက်ရှိပြီ” ဟု Chin Refugee Committee မှ ဥပဒေပိုင်း ဆိုင်ရာတာဝန်ရှိသူ ကိုပါကုလ်က ပြောသည်။ ဇန်နဝါရီလ ၁ ရက်မှ ယနေ့ ၁၅ ရက်အထိ မလေးရှားနိုင်ငံရောက် ချင်းလူမျိုးများ ၆၀ ခန့် ဖမ်းဆီးခံထားရခြင်းဖြစ်ပြီး ယင်းအထဲတွင် ကလေးငယ်များလည်း ပါဝင်နေသည်ဟု သိရသည်။ ဖမ်းဆီးခံရမှု အများစုမှာ မလေးရှားနိုင်ငံသားများက သက်ဆိုင်ရာအာဏာပိုင်များထံသို့ တိုင်ကြားမှုများ ပြုလုပ်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်းမှာလည်း မလေးရှားနိုင်ငံတွင် ချင်းလူမျိုး ၃၀၀ ကျော် ဖမ်းဆီးခံရပြီး အထောက်အထားရှိသူများမှာ ပြန်လည်လွတ်မြောက်လာသော်လည်း အထောက်အထား မရှိသူများမှာ ဖမ်းဆီးထောင်ချခံရကာ ပြန်လည်ပို့ဆောင်ခံရသည်ဟု သိရသည်။ ဖမ်းဆီးခံရသော ချင်းလူမျိုးများတွင် တချို့မှာ မိဘများက ဖမ်းဆီးထောင်ချခံရ၍ ပြန်လည်ပို့ခံရမှုများ၊ သားသမီးအဖမ်းခံရ၍ မိဘများသာ…
Author: Editor
ချင်းပြည်နယ် ပလက်၀မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် “နှမဒါဗျူဟာ”စခန်းကို သိမ်းပိုက်ပြီး နောက် ပလက်၀ဒေသတစ်ခုလုံးကို အောင်မြင်စွာထိန်းချုပ်နိုင်ပြီဟု ရက္ခိုင့်တပ်တော် AA ထုတ်ပြန်သည်။ ပလက်၀မြို့နယ်အတွင်းမှ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် “နှမဒါဗျူဟာ” စခန်းကို ယနေ့ဇန်န၀◌ါရီလ ၁၄ ရက် မွန်းလွဲပိုင်း ၃ နာရီခန့်တွင် AA က အပြီးသတ်သိမ်းပိုက်ခဲ့ပြီး ပလက်၀ဒေသတစ်ခုလုံးမှာ “စစ်ကောင်စီလုံး၀ကင်းစင်သော ဒေသ” ဖြစ်လာခဲ့ပြီဟု ယနေ့ ဇန်န၀◌ါရီလ ၁၄ ရက်တွင် ရက္ခိုင့်တပ်တော်က ထုတ်ပြန်လာခဲ့သည်။ ရက္ခိုင့်တပ်တော် AA အနေဖြင့် ပလက်၀ဒေသအတွင်း စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ် နို၀◌င်ဘာလ ၁၃ ရက်နေ့က စတင် ခဲ့ပြီး စစ်ကောင်စီတပ်၏ ဗျူဟာမြောက်အရေးပါသော “တရွန်အိုင်” “နှုံးဘူး” “မီး၀” “ခန်ခတောင်” “ခ၀◌ဲ” “ရှင်းလက်၀” နှင့် “ နှမဒါ” ဗျူဟာကုန်များအပါအ၀င် ပလက်၀မြို့အခြေစိုက် စစ်ကောင်စီ၏ “ခလရ (၂၈၉) တပ်ရင်းဌာနချုပ်တို့ကို အပြီးသတ် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ပလက်ဝမြို့ပေါ်ရှိ စစ်ကောင်စီ၏ မြို့နယ်အုပ်ချုပ်ရေးရုံး၊ စည်ပင်ရုံး၊ ရဲစခန်း၊ မီးသတ်နှင့် ကြံ့ခိုင်ရေးပါတီရုံးများတွင် AA အလံများ လွှင့်ထူထားသည့် ဓာတ်ပုံများကိုလည်း AA တပ်ဖွဲ့က ယနေ့ ဇန်နဝါရီ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
(006SV) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက “မီးဝဗျူဟာကုန်း” နှင့် “ခန်ခတောင်ဗျူဟာစခန်း” တို့ကို အပြီးသတ် ထပ်မံသိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း ရက္ခိုင်တပ်တော် AA က သတင်းထုတ်ပြန်သည်။ ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် “ခန်ခတောင်ဗျူဟာစခန်းကို” အပြီးသတ် ထပ်မံ သိမ်းပိုက်ရယူနိုင်ခဲ့ပြီး စစ်လက်နက်ပစ္စည်းအပါအဝင် လက်နက်ခဲယမ်း အမြောက်အများကို သိမ်းဆည်းရမိခဲ့သည်ဟု ရက္ခိုင်တပ်တော် AA က ဇန်နဝါရီလ ၁၃ ရက် ည ၁၂ နာရီမှာ သတင်းထုတ်ပြန်သည်။ ယမန်နေ့ ညနေ ၆ နာရီခန့်ကလည်း ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အစပ်တွင် တည်ရှိသည့် “မီးဝဗျူဟာကုန်း” တစ်ခုလုံးကို ရက္ခိုင်တပ်တော်က အပြီးသတ်သိမ်းပိုက် ထိန်းချုပ် ရယူထားနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ “မီးဝဗျူဟာကုန်း” စခန်းသိမ်းတိုက်ပွဲနှင့် ပတ်သက်၍ ထပ်မံအသေးစိတ် ထုတ်ပြန်မည်ဟု သိရသည်။ ရက္ခိုင်တပ်တော် AA သည် ပလက်ဝမြို့နယ်တွင် ခလရ – ၂၈၉ ပလက်ဝဗျူဟာကုန်းအပါအဝင် ခြေလျင်နှင့် ခြေမြန် တပ်ရင်း ၈ ခုကို ဇန်နဝါရီလ ၁ ရက်မှ စတင်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေသည်။ ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီ ရဲစခန်း၊ စစ်စခန်းများနှင့် ဗျူဟာကုန်းများ စုစုပေါင်း (၂၀) ကျော်ကို ရက္ခိုင်တပ်တော် AA သည် ၁၀၂၇ စစ်ဆင်ရေးဖြင့် သိမ်းပိုက်ထားသည် မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။ ပလက်ဝမြို့နယ်အတွင်းက စခန်းသိမ်းတိုက်ပွဲများအတွက် ရက္ခိုင်တပ်တော် AA နှင့် Maraland Defense Force (MDF)…
(005MK) စစ်ကိုင်းတိုင်း ကလေးမြို့မြောက်ပိုင်းဒေသ ကြိုးကြာကွင်းကျေးရွာတွင် ယနေ့မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ် လိုက်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ အသက် ၁၂ နှစ်ရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ရသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံမှသိရသည်။ ကလေးမြို့မှ ၁၀ မိုင်ခန့်ေ၀◌းသော ကြိုးကြာကွင်းကျေးရွာထဲ ယနေ့မနက်ပိုင်း ၁၀ နာရီ၀န်းကျင်ခန့်က လက်နက် ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အသက် ၁၂ နှစ်အရွယ် မ ၀◌ုန်ဆန်းလျန်သည် ၀မ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် ၁၁ နာရီခန့်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။ ကလေး-တီးတိန်ကားလမ်းမပေါ်ရှိ သိုင်းငင်းကျေးရွာက စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ယမန်နေ့က တိုက်ခိုက်ခဲ့ပြီးနောက် ကလေးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့နေ့လည်ပိုင်းအထိ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ထိုကဲ့သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ရာတွင် ကလေး-လက်ပံချောင်းလမ်းမပေါ်က ကြိုးကြာကွင်းကျေးရွာထဲ ကျရောက်ပေါက်ကွဲကာ ယခုကဲ့သို့သေဆုံးမှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယခုလက်ရှိတွင်လည်း လက်နက်ကြီးပစ်ခတ်မှုများ ရှိနေဆဲဖြစ်သည့်အတွက် ကြိုးကြာကွင်းနှင့် အနီးတ၀◌ိုက်ကကျေးရွာက ပြည်သူများသည် ဗုံးခိုကျင်းများနှင့် အဆင်ပြေသည့်နေရာများတွင် ပုန်းခိုနေကြရသည်ဟု သိရသည်။
(002MG) ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်နှင့် ကျေးလက်ဒေသတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန် ရေးတပ်ဖွဲ့များအကြား ဖြစ်ပွားနေသော တိုက်ပွဲအတွင်း အရပ်သားပြည်သူများ ဘေးကင်းလုံခြုံရေးဆောင်ရွက်ပေးရန် ကြားကာလ ခူမီး (ချင်း) မျိုး နွယ်စု အတိုင်ပင်ခံကောင်စီ/ ပလက်ဝကိုယ်ပိုင်အုပ်ချုုပ်သော ခရိုင်ကောင်စီက တောင်းဆိုသည်။ ယခုလက်ရှိ ပလက်၀မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားမှုကြောင့် ဒေသခံအရပ်သားပြည်သူများသေကြေဒဏ်ရာရရှိမှု၊ နေအိမ်နှင့်ဘာသာရေး အဆောက်အအုံထိခိုက်ပျက်စီးမှုနှင့် ဘေးကင်းလုံခြုံရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။ ထို့အကြောင့် လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ဘာသာရေးနှင့်အရပ်ဘက်ဆိုင်ရာအဆောက်အအုံ၊ အပြစ်မဲ့အရပ်သား ပြည်သူများအား ပစ်မှတ်ထားခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းမျိုးမလုပ်ဘဲ ဂျီနီဗာကွန်ဗင်းရှင်းပါပြဌာန်းချက်များနှင့်အညီ အရပ် သားပြည်သူများဘေးကင်းလုံခြုံရေးကို ဆောင်ရွက်ပေးကြရန် အလေးအနက်တောင်းဆိုသည်ဟု ဇန်န၀◌ါရီလ ၁၁ ရက် နေ့စွဲဖြင့် ကြားကာလ ခူမီး (ချင်း) မျိုး နွယ်စု အတိုင်ပင်ခံကောင်စီ/ ပလက်ဝကိုယ်ပိုင်အုပ်ချုုပ်သော ခရိုင်ကောင်စီက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ပလက်ဝကိုယ်ပိုင် အုပ်ချုုပ်သော ခရိုင်ကောင်စီ ဥဣဌ ဆလိုင်းမျိုးထိုက်က “အပြစ်မဲ့ပြည်သူတွေကို မထိခိုက်အောင် လက်နက်ကိုင်ပဋိပက္ခတွေကြားမှာ အပြစ်မဲ့ပြည်သူတွေက မြေစာပင်ဖြစ်ရတာ ကြာပါပြီ။ အပြစ်မဲ့ပြည်သူတွေအတွက် ပိုပြီးမှ ထိလွယ်ရှလွယ်တဲ့အတွက်ကြောင့် သူတို့တွေလုံလုံခြုံခြုံနဲ့ နေနိုင်ဖို့၊ လက်နက်ကိုင်တွေရဲ့ ကြားမှာ ပြည်သူတွေရဲ့ ဘဝ၊ အသက်က ကာကွယ်စောင့်ရှောက်ဖို့ ဘယ်အဖွဲ့စည်းဖြစ်ဖြစ် တာဝန်ရှိပါတယ်” ဟု ပြောသည်။ ပလက်၀မြို့နယ်တွင် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားကာ ပလက်ဝမြို့နယ်ကို စစ်ကောင်စီကင်းစင်သည့် နယ်မြေဖြစ်လာရန် စစ်ကောင်စီစခန်းများကို အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေးတိုက်ပွဲများ ဖော်ဆောင်နေသည်ဟု ရက္ခိုင်တပ်တော်က ဇန်နဝါရီလ ၉ ရက်က…
(006SV) စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကနန်ကျေးရွာမှ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသည့် ကလေးငယ် ၁၁ ဦးအပါအဝင် အရပ်သား ၁၉ ဦးကို စစ်ကောင်စီက ဆေးဝါးကုသခွင့် ပိတ်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ဇန်နဝါရီလ ၁၂ ရက် သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူများက ပြောသည်။ “စစ်ကောင်စီက ဒဏ်ရာ ရသူတွေကို မြို့ထဲကို အဝင်မခံဘူး။ ခိုးပြီးတော့ တိတ်တိတ်ဝင်မှာ ကြောက်လို့လည်း မြို့ထဲက ပုဂ္ဂလိက ဆေးရုံးဆေးခန်းတွေကို ရှောင်တခင် ဝင်စစ်တယ်။ ကနန်ရွာက လာတဲ့ လူတွေကို ဘယ်သူမှ ကုသခွင့် မပေး ရဘူး။ ပိတ်ပင်ထားတာပါ။ ကျမတို့က မဖြစ်ဖြစ်တဲ့ နည်းလမ်းနဲ့ ဒဏ်ရာ ရထားတဲ့ လူတွေကိုဆေးဝါးကုသမှု ပေးနေ ပါတယ်။ ဘယ်နေရာမှာ ဘယ်သူတွေဆိုတာ လုံခြုံရေးအရ ထုတ်ဖော်ပြောကြားလို့ မရပါဘူး” ဟု Mobile Medical Team – West Division ၏ တာဝန်ခံဆရာမ ဒေါ်ရတီအုန်းက ပြောသည်။ တမူးမြို့နယ်၊ ခမ်းပတ်မြို့အနီး ကလေး-တမူးကားလမ်းမပေါ်ရှိ ကနန်ကျေရွာ၏ အ.ထ.က ကျောင်းခွဲနှင့် St. Peter ဘုရားကျောင်းအနီးကို ဘုရားကျောင်းတက်ချိန်မှာ ဇန်နဝါရီလ ၇ ရက်က စစ်ကောင်စီက A- 5 တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် (တစ်ကြိမ်လျှင် ဗုံးနှစ်လုံး) ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ယင်းတိုက်ခိုက်မှုကြောင့် အသက် ၅ နှစ်မှ ၁၇ နှစ်အရွယ် ကလေးသူငယ် ၉ ဦးအပါအဝင် အရပ်သားပြည်သူ ၁၇…
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Alounkeo Kittikhoun နှင့် စစ်ကောင်စီခေါင်းဆောင်၊ အပစ်ရပ် တိုင်းရင်သား ၇ ဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုသည် နိုင်ငံရေးအရ ထူးထူးထွေထွေ မျှော်လင့်စရာမရှိကြောင်း ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ “အထူးသံတမန်အနေနဲ့ တွေ့ဆုံတာက သူ့တာဝန်ပေါ့လေ၊၊ စကစနဲ့လည်း တွေ့တယ်လို့ သိရတယ်။ အာဆီယံရဲ့ မူ ၅ ချက် အကောင်အထည်ဖော်ဖို့ဆိုရင် ဒုံရင်းပဲဖြစ်မှာပါ။ နိုင်ငံရေးအရ ထူးထူးထွေထွေ မျှော်လင့်စရာ မရှိလောက်ဘူးလို့ပဲ မှတ်ချက်ပြုချင်တယ်” ဟု ဆလိုင်းထက်နီက ပြောသည်။ ကုလသမဂ္ဂဆိုင်ရာ လာအိုသံအမတ်ဟောင်းလည်းဖြစ်ပြီး အာဆီယံအထူးသံတမန်လည်းဖြစ်သူ Mr. Alounkeo Kittikhoun သည် စစ်ကောင်စီ ငြိမ်းချမ်းရေးအဖွဲ့၊ အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နှင့် နေပြည်တော်တွင် ဇန်နဝါရီ ၁၀ ရက်နေ့က သီးခြားတွေ့ဆုံခဲ့သည်ဟု သိရသည်။ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့ထဲက ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့သည် အာဆီယံအထူးကိုယ်စားလှယ် Alounkeo Kittikhoun နှင့် တွေ့ဆုံမှုတွင် ပါဝင်ခဲ့ခြင်း မရှိပေ။ ဆလိုင်းထက်နီက “စကစ အနေနဲ့ အာဆီယံမူတွေ လိုက်နာနိုင်အောင် အပစ်ရပ် ၇ ဖွဲ့ကနေ တွန်းနိုင်မှာမဟုတ်ဘူး။ အာဆီယံကိုယ်တိုင်ကလည်း ကြိုးစားခဲ့တာ ဘာမှအရာထင်ခဲ့တာမဟုတ်ဘူး၊၊ ဒီနေ့နိုင်ငံရေး ပဋိပက္ခကြီးက အင်မတန် ကျယ်ပြန့်နေပြီး စကစရော အပစ်ရပ်…
(006SV) စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ ချင်းပြည်နယ်မှ စစ်ကောင်စီတပ်သား (၃) ဦး လက်နက်ခဲယမ်း အပြည့်အစုံဖြင့် အလင်းဝင်ရောက်ပြီး ငွေကျပ်သိန်း (၂၀၀) ကျော် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁၁ ရက်က ချင်းပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃) ဦးသည် MA1 ရိုင်ဖယ် (၁) လက်၊ MA3 ရိုင်ဖယ် (၁)လက်၊ လက်ပစ်ဗုံး (၆) လုံး၊ ကျည်ဘောက် (၆) ခု၊ အီနာဂါ (၄) ဖူး၊ ကျည်ဆံ (၄၉၀) တောင့်တို့ကို သယ်ဆောင်ကာ အလင်းဝင်ရောက်လာခြင်းဖြစ်သည်ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ယမန်နေ့က သတင်းထုတ်ပြန်သည်။ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တို့မှ အလင်းဝင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် (၃) ဦးကို တစ်ဦးလျှင် ငွေကျပ် (၇၀) သိန်းစီဖြင့် စုစုပေါင်း ငွေကျပ်သိန်း ၂၁၀ တို့ကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ပုလဲမြို့နယ် လူသားစာနာတာဝန်ခံမှလည်း ငွေကျပ် ၁ သိန်းကို ချီးမြှင့်ပေးအပ်ခဲ့သည်ဟု သိရသည်။ အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသည် ချင်းပြည်နယ်မှ စစ်ကောင်စီ၏ မည်သည့်တပ်ရင်းများမှဖြစ်သည်ကို ပုလဲမြို့နယ်ပအဖက ထုတ်ပြန်ထားခြင်းမရှိပေ။
(006SV) ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တီးတိန် – ရိခေါဒါရ်ကားလမ်းမပေါ် လိုင်သွီးကျေးရွာအနီးတွင် ချင်းအမျိုးသားတပ်ဦး CNF/ CNA နှင့် ZRA တို့ ယမန်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။ ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက် ၁ နာရီခန့်မှာ လိုင်သွီးကျေးရွာအနီးတွင် ZRA (Zomi Revolutionary Army) မှ CNF/CNA တပ်ဖွဲ့က နယ်မြေလုံခြုံရေးအတွက် သွားလာမှုဆောင်ရွက်နေချိန်မှာ ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ထို့နောက် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် ZRA မှ ဆုတ်ခွာထွက်ပြေးစဉ် လိုက်လံတိုက်ခိုက်ရာ ပစ္စည်းတချို့နှင့် အဝတ်အစားတချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။ “CNA က နယ်မြေလုံခြုံရေးသွားတဲ့အချိန်မှာ ZRA ကနေ Ambush လုပ်ပြီး ပစ်ကြတာပါ သူတို့နောက်ကို ဆက်လိုက်တာ အဝတ်အစားတချို့ သိမ်းခဲ့တာပါ အထိအခိုက်မရှိပါဘူး အနည်းငယ် ပစ်ခတ်ကြတာပါ” ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ တိုက်ပွဲအတွင်း နှစ်ဖက်အဖွဲ့ဝင်များသည် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။ စစ်အာဏာရှင်တော်လှန်ရေး ၃ နှစ်နီးပါးအတွင်း CNF/CNA၊ တွန်းဇံ – CDF အပါအဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) တချို့နှင့် ZRA (Zomi Revolu tionary Army) သည် မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။
(004SS) ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ဟားခါးနှစ်ခြင်းအသင်းတော်ပိုင် မူကြိုကျောင်း ယနေ့မနက်ပိုင်းက မီးလောင်ပြာကျ သွားကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်ထံမှ သိရသည်။ ယနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၅ နာရီ ခွဲဝန်းကျင်တွင် ဟားခါးနှစ်ခြင်း အသင်းတော်ပိုင် မူကြိုစာသင်ကျောင်း မီးလောင်ခဲ့ရာ မီးသတ်ကားမရောက်လာမှီ နာရီတစ်ချက်အတွင်း ပြာကျခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “မနက်အစောက စလောင်တာပေါ့၊ မီးသတ်ကားကတော့ ၊၆ နာရီကျော်လောက်မှာ ရောက်လာတယ် အဲချိန် အိမ်က အကုန် ပြကျသွားလုနီးပါးဖြစ်ပြီ နောက်ပြီး ဘေးအိမ်က ပြတင်းပေါက်တွေပျက်ဆီးနေပြီ အဲအိမ်ကိုတော့ မီးဆက်မလောင်သွား အောင် တားပေးနိုင်ခဲ့တယ်” ဟု မျက်မြင် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ ယခုလောင်ကျွမ်းသည့် အဆောက်အအုံတွင် အစောင့်များနေထိုင်ပြီး လူထိခိုက်ေသဆုံးမှု မရှိသလို ၎င်းတို့၏ ပစ္စည်း အချို့ ဆယ်ထုတ်နိုင်ခဲ့သော်လည်း ကျန်ပစ္စည်းများအားလုံး မီးထဲပါသွားသည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။ မီးလောင်ရသည့်အကြောင်းအရင်းကို မသိရသေးသော်လည်း လျှပ်စစ်မီးမှ စတင်လောင်ကျွမ်းခြင်းဖြစ်နိုင်သည်ဟု မျက်မြင် ဒေသခံများက ယူဆကြသည်။ မီးလောင်ကျွမ်းသွားခဲ့သည့် မူကြိုကျောင်းသည် ပျဉ်ထောင် နှစ်ထပ်အိမ်ဖြစ်ပြီး မကြာမှီ ပြန်လည်ပြုပြင်ရန် ပြင်ဆင်ေနဆဲဟုလည်း သိရသည်။ Photo Crd
