အဆိုပါသတင်းအမှားမှာ “ရုရှားသမ္မတပူတင် မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးကြီး မင်းအောင်လိုင်က ယူကရိန်းကို စစ်ကြေညာပြီးနောက် ယူကရိန်းနိုင်ငံ နေရာအနှံ့အပြားမှာ ပေါက်ကွဲသံများကြားရပြီး ရုရှားတပ်မတော်နဲ့ မြန်မာတပ်မတော်တို့မှ ပူးပေါင်းပြီး ဒုံးများနဲ့ ပစ်ခတ်တိုက်ခိုက်နေကြောင်း နိုင်ငံတကာသတင်းများမှာ ဖော်ပြထားတယ်လို့” ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ စာရေးသူဖော်ပြထားသလို ရုရှားတပ်မတော်နဲ့ မြန်မာတပ်မတော်တို့မှ ပူးပေါင်းပြီး ဒုံးများနဲ့ ပစ်ခတ်တိုက်ခိုက်နေကြောင်းကို နိုင်ငံတကာသတင်းများမှာရေးသာဖော်ပြထားတာမျိုးမရှိပါဘူ။ အရှေ့ ဥရောပမှာ ဖြစ်ပွားနေတဲ့ ယူကရိန်း-ရုရှား စစ်ပွဲနှင့်ပတ်သက်ပြီး အရေးပေါ်အစည်းအဝေးတရပ်ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နေပြည်တော်မှာမြန်မာစစ်ကောင်စီက ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီမှာလည်း သတင်းအမှားမှာဖော်ပြထားသလို အဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးဖော်ပြထားတာမရှိပါဘူ။ သတင်း Link မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ Link>>https://burma.irrawaddy.com/news/2022/02/28/250189.html ဒီသတင်းအမှားကို Kyaw Thiha account မှ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာရေးသားဖော်ပြခဲ့တဲ့အပြင် ဒီမတ်လ ၂၈ ရက်နေ့မှာတော့ Facebook စာမျက်နှာမှာ ပြန်လည်ဝေမျှနေတာဖြစ်ပါတယ်။ ပြည်သူများအနေနဲ့ သတင်းတု/သတင်းအမှားများကို သတိထားရှောင်ကြဉ်သင့်ပါတယ်။ သတင်းတွေကိုဖတ်တဲ့အခါမှာလည်း ယုံကြည်စိတ်ချထိုက်တဲ့သတင်းဌာနက သတင်းတွေကိုသာ ဖတ်ရှုသင့်ပါတယ်။
Author: Editor
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ကနေ မတူပီမြို့ကို ရိက္ခာနဲ့ စစ်အင်အားဖြည့်တင်းဖို့ ချီတက်သွားတဲ့ တင့်ကား ၂ စီးပါ စစ်ကောင်စီယာဉ်တန်း ၈၀ ကျော် နဲ့ CDF-Mindat တပ်ဖွဲ့တို့ဟာ မတ်လ ၂၆ ရက်နေ့ကတည်းကနေ တောက်လျှောက် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ် နဲ့ CDF-Mindat တပ်ဖွဲ့တို့ဟာ မင်းတပ်မြို့နယ် မင်းတပ်-မတူပီလမ်း မိုင်တိုင်အမှတ် ၁၆ မှာ မတ်လ ၂၆ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦးခန့် သေဆုံးခဲ့ပြီး ဒီကနေ့မှာလည်း စစ်ကောင်စီဘက်က ၁၅ ဦး လောက်သေဆုံးခဲ့တယ်လို့ CDF-Mindat ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ “တိုက်ပွဲအခြေအနေကတော့ ၂၆ ရက်နေ့ကတည်းက ပြင်းထန်မှုရှိတယ် စကစဘက်က ၅ ယောက်သေဆုံး ဒဏ်ရာရတဲ့ သူရှိတယ် ၂၇ ရက်နေ့မှာတိုက်ပွဲတစ်ခုရှိတယ် အဲဒီတိုက်ပွဲကတော့ အကျအဆုံးမသိရလို့ သတင်းမထုတ်ပြန်ခဲ့ဘူး၊ အခု ၂၉ ရက်နေ့မှာတော့ တိုက်ပွဲပြင်းထန်မှုရှိတယ် အရှေ့ဖက်က တပ်မဟာမှူးကိုယ်တိုင် ဆက်သွယ်လာပြီးခါမှ စကစဘက်က ၁၅ ယောက်လောက်သေပြီး ဒဏ်ရာအများအပြားရတယ်လို့ ကျနော့ကို ဆက်သွယ်လာပါတယ်၊ တိုက်ပွဲက တော်တော်ပြင်းထန်ပါတယ်၊ မိုင်းဆွဲတာရှိတယ် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုတွေ ပြင်းပြင်းထန်ထန်ဖြစ်ပါတယ်” စစ်ကောင်စီတပ်ဖွဲ့တွေဟာ မင်းတပ်-မတူပီလမ်းကြောင်းတစ်လျှောက်က ဆက်သွယ်ရေးဖုန်းလိုင်းတွေကလည်း ဖြတ်တောက်ထားပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ ရှေ့တန်းနဲ့နောက်တန်း ချိပ်ဆက်မှုမရှိအောင် လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ စစ်ကောင်စီယာဉ်တန်းဟာ မကွေးတိုင်း ကျောက်ထုမြို့ကနေ မတ်လ ၂၄ ရက်နေ့က မင်းတပ်မြို့ကို ရောက်ရှိလာပြီး စစ်ဗျူဟာအခြေစိုက်ရာနဲ့ တပ်ရင်း ၂ ရင်းအခြေစိုက်ထားတဲ့…
ချင်းပြည်နယ် ဟားခါးမြို့တွင် ယနေ့နံနက်ပိုင်း ၉ နာရီမိနစ် ၂၀ ခန့်က စစ်ကောင်စီတပ်ဖွဲ့၏ ရဟတ်ယာဉ်တစင်း ပျက်ကျမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။ အဆိုပါရဟတ်ယာဉ်သည် စစ်ကိုင်းတိုင်း ကလေးမြို့မှ ၁၀ တန်းစာမေးပွဲမေးခွန်းများသယ်ဆောင်လာသည့် ရဟတ်ယာဉ် ဖြစ်ပြီး ဟားခါးမြို့သို့အဆင်းတွင် ထိုကဲ့သို့ ပျက်ကျသွားခြင်းဖြစ်သည်ဟု ချင်းပြည်နယ်အစိုးရဌာနမှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။ “၉ နာရီကျော်ကျော်လောက်မှာ ကလေးမြို့ကနေ တက်လာတာ ဒီကိုရောက်လာတာ ကိုးနာရီ ၁၅ လောက်ရှိမယ် ဆင်းတဲ့အခါမှာ ဝိတ်များတော့ ကုန်းပေါ်မှာဆင်းခါနီးမှဖြစ်သွားတယ်ပြောတယ်” ဟု ၎င်းကပြောသည်။ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံးမှုမရှိသော်လည်း ၄ ဦးခန့်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့မှ မတူပီမြို့သို့ ထွက်ခွါသည့် တင့်ကား ၂ စီးပါ စစ်ကောင်စီယာဉ်တန်းနှင့် CDF-Mindat တပ်ဖွဲ့တို့ မတ်လ ၂၆ ရက်နေ့ကစ၍ နှစ်ဖက်ထိတွေ့မှု စတင်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အကျအဆုံးရှိ ခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်နှင့် CDF-Mindat တပ်ဖွဲ့တို့သည် မင်းတပ်မြို့နယ် မင်းတပ်-မတူပီလမ်း မိုင်တိုင်အမှတ် ၁၆ တွင် မတ်လ ၂၆ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦးခန့်သေဆုံးခဲ့သည်ဟု CDF-Mindat ကထုတ်ပြန်သည်။ ယခုလက်ရှိတွင် မင်းတပ်-မတူပီလမ်းကြောင်းတစ်လျှောက်ရှိ ဖုန်းလိုင်းများကို စစ်ကောင်စီတပ်ဖွဲ့က ဖြတ်တောက်ထားပြီး တိ်ုက်ပွဲဖြစ်ပွားမှုအသေးစိတ်ကိုမူမသိရသေးကြောင်း CDF- Mindat မှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။ “ အနောက်ဖက်တကျောကို ဖုန်းလိုင်းတွေဆက်သွယ်မှုအကုန်ဖျက်ခံထားရတယ်။ ရှေ့တန်းဝင်နေတဲ့ရဲဘော် တွေနဲ့တောင် ဆက်သွယ်လို့မရဘူး။ လုံးဝအဆက်အသွယ်က ဖြတ်ပစ်လိုက်တာ။ တိုက်ပွဲက သူတို့က တောက်လျှောက်ပဲ လက်နက်ကြီး တွေနဲ့ပစ် ဖြည်းဖြည်းချင်းနဲ့ ရွေ့လာတဲ့ သဘောရှိတယ်” ဟု CDF- Mindat မှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။ မကွေးတိုင်း၊ ကျောက်ထုဘက်မှ မင်းတပ်မြို့သို့ရောက်ရှိလာသည့် တင့်ကားနှစ်စီးနှင့် ကားအစီး ၈၀ ကျော်ပါသော စစ်ကောင်စီယာဉ်တန်းသည် မင်းတပ်မြို့မှ မတူပီမြို့သို့ မတ်လ ၂၅ ရက်နေ့က ဆက်လက်ထွက်ခွါကာ CDF-Mindat တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ စစ်ကောင်စီယာဉ်တန်းသည် မတ်လ ၂၇ ရက်နေ့က မင်းတပ်မြို့နယ် မင်းတပ်-မတူပီလမ်း မိုင်တိုင်အမှတ် ၂၃- ၂၄…
ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ဟားခါး- ဂန့်ဂေါ်ကားလမ်းမပေါ်တွင်ရှိသော သီနမ်းကျေးရွာမှ လူနေအိမ် ၇ လုံး နှင့် ပြည်သူပိုင်အဆောက်အဦး ၂ လုံး စုစုပေါင်း ၉ လုံးကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့ မတ်လ ၂၈ ရက် မနက်ပိုင်း ၁၀ နာရီခန့်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။ “ဒီနေ့တနင်္လာမှာ သူတို့ လမ်းသုတ်ဘက်ဆင်းတာနဲ့ သူတို့ဆင်းခါနီးမှာပဲ ကျနော်တို့ရွာကို မီးရှို့တာအိမ်ခြေ ၉ အိမ်လောင်သွားတယ်၊ ၇ အိမ်က လူထုအိမ် ၂ အိမ်က ကျနော်တို့ရွာပိုင်အိမ် အစည်းအဝေးလုပ်ဖို့ ဆောက်ထား တဲ့ဟာ” ဟု သီနမ်းကျေးရွာဒေသခံတစ်ဦးကပြောသည်။ အင်အား ၁၅၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် မတ်လ ၂၆ ရက်နေ့က သီနမ်းကျေးရွာသို့ဝင်ရောက်လာပြီး နှစ်ခြင်းဘုရားကျောင်းနှင့် ယုံကြည်သူများအသင်းတော်ဘုရားကျောင်းတွင် ၂ အိပ်ကြပြီးနောက် ယနေ့မတ်လ ၂၈ ရက်နေ့တွင် လာမ်သုတ်ကျေးရွာဘက်သို့ ပြန်လည်ထွက်ခါနီးတွင် လူနေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ ဟားခါးမြို့မှ ၃၆ မိုင်ခန့်ဝေးသော သီနမ်းကျေးရွာသည် အိမ်ခြေ ၁၀၅ အိမ်ရှိပြီး လူဦးရေ ၇၀၀ ဝန်းကျင်ခန့်နေ ထိုင်ကြသည်။ ၎င်းတို့ကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့များ မဝင်ရောက်ခင်ကတည်းက သတင်းရရှိကြသည့် အတွက် တရွာလုံးတောထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သီနမ်းဒေသခံကပြောသည်။ “တောထဲမှာ ပုန်းကျတာ တဲတွေဆောက်တာနဲ့ တစ်နေရာထဲမနေကြဘူး ၆ ဖွဲ့လောက်ရှိတယ် ချောင်းဘက်မှာ နေတဲ့သူရှိတယ်၊ ကြာပြီတစ်ပတ်လောက်ဖြစ်သွားပြီ သူတို့အခြေအနေဘယ်လိုဖြစ်မလဲဆိုတာမသိသေးတော့ လူငယ်တွေကလည်း မပြန်နဲ့ဦး ဒီမှာပဲနေကြပါဦးဆိုပြီး ကျနော်တို့တောထဲမှာပဲ လူနာတွေလည်းရှိတယ် လူနာ က ၅…
အိန္ဒိယနိုင်ငံတွင် ခိုလုံနေကြသည့် စစ်ဘေးဒုက္ခသည်များအား လူသားချင်းစာနာမှုနှင့် အကာအကွယ်ရရှိရေးအတွက် နယူးဒေလီမြို့ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (UNHCR) ရုံးရှေ့တွင် ယနေ့ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံသား လူဦးရေ ၅၀၀ ကျော်က ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ မြန်မာ့နိုင်ငံရေး၊ စစ်ရေးအခြေအနေကြောင့် အိန္ဒိယနိုင်ငံသို့ စစ်ဘေးဒုက္ခသည် အဖြစ် ထွက်ပြေးတိမ်းရှောင်လာသူဦးရေ တနေ့ထက်တနေ့တိုးများလာနေပြီး ယင်းစစ်ဘေးဒုက္ခသည်များအား ကာကွယ်မှုပေးရန်နှင့် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များပေးအပ်ရန်အတွက် ဆန္ဒပြတောင်ဆိုခဲ့ကြခြင်းဖြစ်သည်ဟု နယူးဒေလီအခြေစိုက် Myanmar Refugee Demand Committee အဖွဲ့မှတာဝန်ရှိသူ မစင်ဒီက ပြောသည်။ “အဓိက ရည်ရွယ်ချက်က (၃) ချက်ပါ။ နံပါတ် (၁) အိန္ဒိယရောက်မြန်မာ Refugee တွေအတွက် resettlement (ပြန်လည် နေရာချထားရေး) ရရှိဖို့ဖြစ်တယ်။ နံပါတ် (၂) အခု ယာယီကဒ်ရတဲ့သူကို RSD အင်တာဗျူးအမြန်ဆုံးလုပ်ပြီးတော့ စမတ်ကဒ် ထုတ်ပေးဖို့ဖြစ်တယ်။ နံပါတ် (၃) အသစ်ရောက်လာတဲ့ Refugee တွေကို ယာယီကဒ်၊ Blue card, Asylum Seeker card အမြန်ဆုံး ရဖို့ဖြစ်တယ်။ အဲဒီ (၃) ချက်အပြင် Refugee တွေကို ကာကွယ်မှုနှင့်လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေ အမြန်ပေးဖို့ စသည့်အချက်များကို တောင်းဆိုခဲ့တာဖြစ်တယ်။” ဟု မစင်ဒီကပြောသည်။ နယူးဒေလီမြို့အခြေစိုက် UNHCR ရုံးရှေ့တွင် ယနေ့ပြုလုပ်သော ဆန္ဒပြပွဲတွင် လူဦးရေ ၅၀၀ ခန့်ပါဝင်ပြီး အနက်ရောင် ဝတ်စုံဝတ်ဆင်ခဲ့ကြသည်ဟု သိရသည်။ လက်ရှိတွင် အိန္ဒိယနိုင်ငံ နယူးဒေလီတွင် စစ်ဘေးဒုက္ခသည်…
ချင်းပြည်နယ် ကန်ပက်လက်မြို့တွင် မတ်လ(၂၆)ရက်နေ့ နံနက် ၁ဝး၃၀ ဝန်းကျင်ခန့်က မြို့တွင်းကင်းပုန်းဝတ်နေရာယူထားသော CDF – Kanpetlet ရဲဘော်များနှင့် စစ်ကောင်စီတပ်အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီ ရဲတပ်သားတစ်ဦး သေဆုံးပြီး တစ်ဦးပြင်းထန် ဒဏ်ရာရရှိခဲ့သည်ဟု CDF-Kanpetlet ကထုတ်ပြန်သည်။ ယင်းတိုက်ပွဲတွင် မြို့မရဲစခန်းနှင့်အ.ထ.က ကျောင်းတွင်တပ်စွဲထားသောစစ်ကောင်စီတပ်များမှ လက်နက်ကြီး၊လက်နက်ငယ်ပစ်ကူခဲ့သောကြောင့် မြို့တွင်းနေအိမ်အချို့နှင့် မြို့နီးနားရှိကျေးရွာများတွင်လက်နက်ကြီးကျရောက်မှူကြောင့်ပြည်သူနေအိမ်အချို့ထိခိုက်ပျက်စီးခဲ့ပြီး CDF-Kanpetlet ရဲဘော်များအထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။
မီဇိုရမ်ပြည်နယ် Mamit ခရိုင် Kanhmun ရဲစစ်ဆေးရေးဂိဒ်အနီးတွင် မြန်မာနိုင်ငံမှ သယ်ဆောင်လာသော ရူပီး သိန်း ၁၅၀ ကာလတန်ဖိုးရှိ Methamphetamine အလုံးရေ ၅ သောင်းကို မတ်လ ၂၅ ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။ အဆိုပါ ဆေးပြားကို Mamit ခရိုင် Zawlnuam Police Outpost နှင့် Kanhmun ရဲစစ်ဆေးရေးအဖွဲ့တို့ ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဆေးပြားသယ်ဆောင်လာသော ကားသမားနဲ့နောက်လိုက်တို့မှာ မဖမ်းဆီးမှီ ထွက်ပြေးသွားခဲ့တယ်လို့ မီဇိုရမ်ညစဉ်သတင်း Zonet တွင် ဖော်ပြသည်။ ယင်းဆေးပြားများမှာ မြန်မာနိုင်ငံမှသယ်ဆောင်လာခြင်းဖြစ်ပြီး မီဇိုရမ်ပြည်နယ်ကို ဖြတ်ကျော်ကာ တီးပူရားပြည်နယ်ကို တင်သွင်းမည့် ဆေးပြားများဖြစ်ကြောင်းသိရသည်။
Gyus from Chin အဖွဲ့က သီချင်းဖျော်ဖြေခြင်းအားဖြင့် ရရှိသော ရံပုံငွေ ရူပီး ၁၂ သိန်းကို မီဇိုရမ်ပြည်နယ်ရှိ အကူအညီလိုအပ်နေသော စစ်ဘေးရှောင် (၄) ခုထံ သွားရောက် ကူညီခဲ့ကြကြောင်း သိရသည်။ Guys From Chin အဖွဲ့မှ နိုင်ငံကျော် အဆိုတော် ဒေးဗစ်လိုင်နှင့် ယောကီးတို့ ကိုယ်တိုင် သွားရောက်ကူညီခဲ့သော စစ်ဘေးရှောင်စခန်းမှာ မီဇိုရမ်ပြည်နယ် ဆိုင်းဟားခရိုင်အတွင်းရှိ Hawhrei, Chapi, Lopu, Khaikhy ကျေးရွာရှိ စစ်ဘေးရှောင်စခန်းများဖြစ်သည်။ အဆိုတော် ဒေးဗစ်လိုင်နှင့် ယောကီးတို့သည် CDMs၊ စစ်ဘေးရှောင် ပြည်သူများ တွေ့ဆုံပွဲ အခမ်းအနားကိုလည်း ပြုလုပ်ခဲ့ကြပြီ အားပေးစကားပြောကြားခြင်း၊ စစ်ဘေးရှောင်များကို ဖျော်ဖြေပေးခြင်းများလည်း ပြုလုပ်ခဲ့ကြသည်။
#Fact Check ထိုသတင်းအမှားကို သတင်းနှင့်ခံစားချက်ရင်ဖွင့်သံများ ဆိုတဲ့ Facebook အကောင့်မှာ မတ်လ ၁၇ ရက်နေ့က ဖော်ပြထားတာဖြစ်ပြီး “PDF အကြမ်းဖက်လူသတ်သများရဲ့ ရွာများအားမီးရှို့ဖျက်ဆီးမှုဟာ မြန်မာနိုင်ငံအနှံ နေရာပေါင်း ၂၀၁ နေရာထိရှိလားပြီး မတ်လ ၁၅ ရက်နေ့အထိ PDF အကြမ်းဖက်လူသတ်သမားအုပ်စုမှ မီးရှို့ဖျက်ဆီးခံရတဲ့ လူနေအိမ်ခြေ ပျက်စီးဆုံးရှုံးမှုမှာ… စစ်ကိုင်းတိုင်းဒေသကြီးတွင် အိမ်ခြေ ၄,၄၂၆ လုံး၊ မကွေးတိုင်းတွင် အိမ်ခြေ ၁,၁၄၈လုံး၊ ချင်းပြည်နယ်တွင် အိမ်ခြေ ၁,၁၂၁လုံး၊ ကယားပြည်နယ်တွင် အိမ်ခြေ ၃၅၇ လုံးတို့ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့တယ်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာ လူနေအိမ် ၉၆၁ လုံး၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် လူနေအိမ် ၁,၀၅၉ လုံး၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် လူနေအိမ်၂,၈၈၂ လုံး၊ ၂၀၂၂ ခုနှစ် မတ်လတွင် လူနေအိမ် ၁၁၂၁ လုံးတို့ ဖြစ်တယ်လို့”ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက လူနေအိမ်မီးရှို့တဲ့ စာရင်းမှတ်တမ်းကို ပြုစုပြီး ထုတ်ပြန်လေ့ရှိတဲ့ Data for Myanamar မှာရေးသားဖော်ပြထားတဲ့ အချက်အလက်များကို အဲဒီအကောင့်ပိုင်ရှင်က ပြန်လည်ကူးယူရေးသားပြီး စာဖတ်သူများအနေနဲ့ PDF တပ်ဖွဲ့ကို အထင်မြင်လွဲမှားစေရန် တမင်သက်သက်ပုံမှားရိုက်ရေး သားထားခြင်း သာဖြစ်ပါတယ်။ Data for Myanmar ဟာ မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက လူနေအိမ်မီးရှို့တဲ့ စာရင်းမှတ်တမ်းကို ပြုစုပြီး ထုတ်ပြန်လေ့ရှိတဲ့ အဖွဲ့ဖြစ်ပါတယ်။…