ချင်းပြည်နယ် တီးတိန်မြို့နယ် ကလေး-တီးတိန်ကားလမ်းပေါ်ရှိ ဟိန်ဇင်ကျေးရွာအနီးတွင် ယနေ့နံနက်ပိုင်း ၈ နာရီခန့်ကစ၍ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေကြောင်း PDF-Zoland က ထုတ်ပြန်သည်။ အင်အား ၁၀၀ ကျော်လောက်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇန်နဝါရီလ ၁၂ ရက်နေ့ကတည်းက ကလေးမြို့မှ ချင်းတောင်ဘက်သို့စစ်ကြောင်းချီလာပြီး ထေးဇန်ကျေးရွာမှာ ညအိပ်တည်းခိုခဲ့ကြပြီးနောက် ဇန်နဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းမှာ CNA, CNDF, PDF-Zoland, CDM Siyin, Zogam Army, People’s Defense Army (PDA) စတဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။ ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း မနက်ပိုင်း ၁၀ နာရီမှ ညနေပိုင်း ၃ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဘက်က တစ်ဦးသေဆုံးကာ ဒဏ်ရာရရှိသူများလည်းရှိသည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထေးဇန်ကျေးရွာဘက်မှ ဟိန်ဇင်ကျေးရွာဘက်သို့ ရောက်ရှိလာပြီးနောက် နေအိမ်အတွင်းပုန်းနေသည့်အသက် ၃၀ အရွယ် ဦးမန်ဒိုခုပ်ကို ပစ်သတ်ခဲ့ကြသည်ဟုလည်း သိရသည်။ ယနေ့ နံနက်ပိုင်းတွင်လည်း ကလေးမြို့မှ ချင်းတောင်ဘက်သို့ လက်နက်ကြီးများအပါအဝင် စစ်ကားများတက်သွားသည်ဟု သိရသည်။
Author: Editor
တိုက်ပွဲကြောင့် ကျေးရွာစွန့်ခွါ၍ တောထဲသို့ထွက်ပြေးတိမ်းရှောင်နေကြရသည့် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် မွောလ်ဇောလ်ကျေးရွာနှင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ဟားခါးလေးကျေးရွာမှ စစ်ဘေးရှောင်ပြည်သူများကို ကလေးမြို့၊လူမှုကူညီရေးအဖွဲ့နှင့် သက်ဆိုင်ရာ ဘာသာရေးအသင်းတော်များမှ ဇန်နဝါရီလ ၁၃ ရက် ယမန်နေ့က သွားရောက်ခေါ်ဆောင်လာခဲ့ကြကြောင်း ကလေးမြို့၊ စစ်ဘေးရှောင်ကူညီပေးနေသူ ဦးပွီးရာ ကပြောသည်။ “အခုတော့ ဟားခါးလေးနဲ့ မွောလ််ဇောလ်ရွာပဲ။ သူတို့က ရွာမှာမနေရဲ တော့ ဘူးဆိုပြီးတော့ သူတို့က တောင်းဆိုလာတာ၊ ကလေးမြို့က ပရဟိတအသင်းနဲ့ ဆိုင်ရာဆိုင်ရာ အသင်းတော်တွေစုပြီးတော့ သူတို့ကိုသွားခေါ်လိုက်တာ” ဟု ကလေးမြို့၊ စစ်ဘေးရှောင် ကူညီပေးနေသူ ဦးပွီးရာ ကပြောသည်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့က ကလေးမြို့နယ်တောင်ပိုင်း ချောင်းခွရွာနှင့် ဟားခါးလေး ရွာကြားနှင့် ဇန်နဝါရီလ ၇ ရက်နေ့က မွောလ်ဇောလ်ရွာအနီးတွင် စစ်ကောင်စီတပ်နှင့် PDF/ Kalay/ CNDF နှင့် ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် အနီးအနားကျေးရွာရှိ ပြည်သူများ နေရပ်စွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။ အဆိုပါ စစ်ဘေးတိမ်းရှောင်လာသည့် ပြည်သူများမှာ ဖလမ်းမြို့နယ်၊ မွောလ်ဇောလ် ကျေးရွာမှ ၁၂၁ ဦး၊ ကလေးမြို့နယ် ဟားခါးလေးကျေးရွာ ၄၆ ဦး၊ ချောင်းခွရွာမှ ၃ ဦး တို့ဖြစ်ကြပြီး ၎င်းတို့ကို ကလေးမြ်ိုသို့ခေါ်ဆောင်လာကြပြီးနောက် အများစုမှာ ဆွေမျိုး အိမ်များတွင် သွားရောက်ခိုလှုံနေကြသည့်အပြင်၊ ဆွေမျိုးမရှိသူတစ်ချို့မှာ လူမှုကူညီရေးအဖွဲ့မှ နေရာထိုင်ခင်းစီစဉ်ပေးထားကြောင်းလည်းသိရသည်။ စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲများကြောင့် ကလေးမြို့နယ်မှ ပြည်သူ အများအပြားသည် ကလေးမြို့ပေါ်တွင် လာရောက်ခိုလှုံနေကြရပြီး…
ကလေး-တီးတိန်ကာလမ်းမပေါ်ရှိ ထေးဇန်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ယနေ့နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်က တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်မှ ၇ ဦးသေဆုံးကြောင်း PDF-Zoland က ထုတ်ပြန်သည်။ စစ်ကောင်စီတပ်ဖွဲ့သည် ဇန်နဝါရီလ ၁၂ ရက်နေ့က ကလေးမြို့မှ အင်အား ၁၀၀ ကျော်နှင့် ချင်းတောင်ဘက်သို့ စစ်ကြောင်းချီတက်လာပြီး ထေးဇန်ကျေးရွာသို့ ညအိပ်တည်းခိုခဲ့ကြပြီးနောက် ယနေ့မနက်ပိ်ုင်းက တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တိ်ုက်ပွဲဖြစ်ပွားပြီး နေ့လည်ပိုင်း ၂ နာရီခန့်တွင် ထေးဇန်းကျေးရွာ ကော်ဖီခြံမှ အိမ်သုံးလုံးကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု PDF-Zoland ၏ ထုတ်ပြန်ချက်အရသိရသည်။ ချင်းတောင်ပေါ်သို့စစ်ကြောင်းချီလာသော စစ်ကောင်စီတပ်ကို ကလေး-သိုင်ငင်းကျေးရွာအကြားတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဖြစ်သည့် PDF-Zoland, CDM Siyin, Zogam Army, People’s Defense Army (PDA) တို့မှ ပူပေါင်းစစ်ဆင်လျှက်ရှိကြောင်း သိရသည်။ ကလေး-သိုင်ငင်း-တီးတိန်-ရိခေါဒါရ်ကားလမ်းတွင် အချိ်န်မရွေး စစ်ဘေးအန္တရာယ်ကျရောက်လာနိုင်သည့်အတွက် မိဘပြည်သူများအနေဖြင့် ခရီးသွားလာခြင်းမပြုကြရန်လည်း PDF-Zoland က ထုတ်ပြန်ထားပါသည်။
နိုင်ငံတကာမြန်မာ့သတင်း-BNI ကို စတင်တည်ထောင်ခဲ့စဉ်က ပါဝင်ခဲ့သူတစ်ဦးဖြစ်သည့် ပူးသွီဒင်း (Pu Tuidim) ကို အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့က သတ်ဖြတ်ခဲ့သည်ဟု ၎င်း၏မူလအဖွဲ့အစည်းဖြစ်သည့် ခိုနူမ်သုန် (Khonumthung) သတင်းဌာနက ထုတ်ပြန်ခဲ့သည်။ ဇန်နဝါရီလ ၆ ရက်နှင့် ၇ ရက်နေ့များက ချင်းပြည်နယ်၊ မတူပီမြို့နယ် ကီလုန်းနှင့် လုံလှောကျေးရွာအကြား မတူပီ-ဟား ခါးကားလမ်းပေါ်တွင် ခရီးသွားလာနေသည့် အရပ်သားပြည်သူ ၁၁ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ကာ ရှေ့တန်းစစ်မြေပြင်သို့ လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားခဲ့ပြီးနောက် သတ်ဖြတ်ခဲ့ရာတွင် ပူးသွီဒင်းလည်း ပါဝင်ခဲ့သည်။ ပူးသွီဒင်းသည် နိုင်ငံတကာမြန်မာ့သတင်း (BNI) ကို ၂၀၀၃ ခုနှစ်၊ စတင်တည်ထောင်ခဲ့စဉ်က နိရိဉ္ဇရာ၊ မဇ္ဈိမ၊ ကုလားတန်သတင်းဌာနများနှင့်အတူ ချင်းသတင်းဌာနဖြစ်သည့် ခိုနူမ်သုန်ကိုယ်စား ပါဝင်ခဲ့သူတစ်ဦးဖြစ်သည့်အတွက် ၎င်းသေဆုံးသွားခဲ့ခြင်းမှာ BNI အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်။ သူသည် ခိုနူမ်သုန်သတင်းဌာန တည်ထောင်သူထဲပါဝင်သကဲ့သို့ အယ်ဒီတာချုပ်အဖြစ်လည်း နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သည့်အပြင် ချင်းပြည်နယ်ရှိ သတင်းမီဒီယာများအတွက် ရှေ့ဆောင်လမ်းပြခဲ့သည့် ဝါရင့်တိုင်းရင်းသား သတင်းသမားတစ်ဦးလည်းဖြစ်သည်။ ပူးသွီဒင်း သေဆုံးသွားခြင်းသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားမီဒီယာများအတွက်သာမက တစ်နိုင်ငံလုံး၏ မီဒီယာအသိုင်းအဝိုင်းအတွက်ပါ များစွာသော ဆုံးရှုံးမှုဖြစ်သည်ဟု နိုင်ငံတကာမြန်မာ့သတင်း (BNI) က မှတ်ယူသည့်အပြင် ကျန်ရစ်သူ မိသားစုဆွေမျိုးသားချင်းများ၊ လုပ်ဖော်ကိုင်ဖက်များနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း ထုတ်ပြန်အပ်ပါသည်။ အလားတူ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့က ရန်ကုန်မြို့ရှိ အသံတိတ်သပိတ် လှုပ်ရှားမှုကို…
ချင်းပြည်နယ်၊ ဟားခါးမြို့ ဈေးသစ်ရပ်ကွက်တွင် ရှိသော CNLD လွတ်တော်ကိုယ်စားလှယ် ဦးရှန်မန်းနေအိမ်ကို ယမန်နေ့ ဇန္နဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ချိတ်ပိတ်သွားသည်ဟု သိရသည်။ “မနေ့က ချိတ်ပိတ်ထားတာ ရဲတွေနဲ့ စစ္သားတွေက။ အိမ်ရှင်တွေကို အိမ်ထဲက ပစ္စည်းတွေကို ထုတ်ခိုင်း တာရှိတယ်။ ထုတ်ခိုင်းတဲ့အချိန်က နည်းနည်းလေးပေးတာ အကုန်လုံးသူတို့ထုတ်ချင်တဲ့ဟာတောင်မှ အကုန် မထုတ်နိုင်ဘူးဖြစ်နေတယ်။ အဓိကေတာ့ ဒီကို ကျွန်တော်တို့ ချိတ်ပိတ်တော့မယ် ခင်ဗျားတို့ ယူချင်တဲ့ဟာ ပစ္စည်းကိုယူပါဆိုတဲ့သဘောအနေနဲ့ပေါ့” ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။ ၎၏ နေအိမ် ချိတ်ပိတ်ခံရခြင်းသည် ဦးရှန်မန်းမှာ ရွေးကောက်ခံပြည်နယ်လွတ်တော် ကိုယ်စလှယ်တစ်ဦးဖြစ်သည့်အပြင် သားဖြစ်သူမှာလည်း ဟားခါးမြို့ ပြည်သူ့ဆေးရုံအုပ်ဖြစ်ပြီး လက်ရှိ CDM လှုပ်ရှားမှုတွင် ပါဝင်ခြင်းတို့ကြောင့် ဖြစ်နိုင်သည်ဟု သိရသည်။ ဦးရှန်မန်းမှာ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီမွ ၂၀၂၀ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း တစ်ဦးတည်းသော အနိုင်ရရွေးကောက်ခံပြည်နယ် လွတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။ ချင်းပြည်နယ်တွင် စစ်ကောင်စီမှ နိုင်ငံပိုင်အဖြစ် ချိတ်ပိတ်သိမ်းယူသည့် လူနေအိမ် ၄ အိမ်ရှိနေပြီဖြစ်ပြီး ဒီဇင်ဘာလ ၂၆ ရက်နေ့က ဆမီးမြို့က NLD လွတ်တော်ကိုယ်စာလှယ် ဆလိုင်းမျိုးထိုက်နေအိမ်၊ အောက်တိုဘာလ ၃၀ ရက်နေ့က ဟားခါးမြို့ ချင်းအမျိုးသားတပ်ဦး CNF ဒုက္ကဌလည်းဖြစ် အမျိုးသားညီညွှတ်ရေးအစိုးရ NUG ဖယ်ဒရယ်ပြည်စုရေးရာဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်း နေအိမ်အပါအဝင် ကျောဘုတ်ရပ်ကွက်မှ သိက္ခာတော်ရဆရာတော် ဦးဗန်ကျဲမ်နေတို့ကိုလည်း ချိတ်ပိတ်ခဲ့ပြီးဖြစ်သည်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီလ ၁ ရက်ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ၁၁ လတာ ကာလအတွင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ရဲ့ သတ်ဖြတ်မှုကြောင့် ချင်းလူမျိုး ၁၆၃ ဦး သေဆုံးခဲ့ရပြီလို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က ဇန်နဝါရီလ ၆ ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေကြတဲ့ ပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်တာ၊ မတရားဖမ်းဆီး ညှင်းပန်းနှိပ်စက်တာ၊ မီးရှို့သတ်ဖြတ်တာ၊ လက်နက်ကြီးအပါအဝင် လေကြောင်းကနေ တိုက်ခိုက်မှုတွေကြောင့် ချင်းလူမျိူးအရပ်သားပြည်သူအများစုဟာ သေဆုံးကြရတာလို့ ချင်းရေးရာအဖွဲ့ချုပ် ICA ရဲ့ ပြန်ကြားရေးတာဝန်ခံကေ ပြာပါတယ်။ “စစ်အာဏာသိမ်းပြီး ၁၁ လအတွင်း စစ်ကောင်စီကြောင့် သေဆုံးရတဲ့ ချင်းတိုင်းရင်းသားဦးရေ ၁၆၀ ကျော်ရှိတယ်ဆိုပြီး ကျမတို့ထုတ်ပြန်ထားပါတယ်ကျမတို့ရရှိထားတဲ့စာရင်းအပေ့ါနော် တကယ့်မြေပြင်မှာဒီထက်မကများနိုင်သေးတယ်၊ သေဆုံးသူတွေထဲမှာ ဆန္ဒပြလို့ သပိတ်တွေမှောက်လို့ စစ်ကောင်စီဘက်ကနေ အကြမ်းဖြိုခွင်းလို့သေဆုံးတာရှိမယ်၊ စစ်ကောင်စီဘက်ကနေ ကျေးရွာတွေ လူနေရပ်ကွက်တွေထဲဝင်ရောက်ပြီး ရမ်းသန်းပစ်ခတ်လို့နေအိမ်အတွင်းမှာပဲ သေဆုံးတာရှိမယ်၊ စစ်ဘေးရှောင်ရင်းနဲ့ အင်အားပြတ်လပ်ပြီး ဆေးဝါးမလုံလောက်လို့သေဆုံးတာ ပြီးတော့မှ စစ်ကောင်စီ ဘက်ကနေ လူတွေကြင်လည်ကျက်စားတဲ့နေရာတွေမှာ မိုင်းထောင်ထားလို့ မိုင်းနင်းမိပြီးသေဆုံးတာတွေရှိပါတယ်၊ ဖမ်းဆီးနှိပ်စက်ပြီးမှသေဆုံးတာလည်းရှိမယ်၊ မီးရသတ်ဖြတ်ပြီးမှသေဆုံးတာလည်းရှိတယ် တစ်ချို့ဆိုရင်အလောင်း တောင်ပြန်မရဘူး အလောင်းဖျောက်တယ် သက်သေဖျောက်တဲ့ပုံစံတွေလည်းရှိပါတယ်” အဲဒီသေဆုံးသူတွေထဲမှာ အမျိုးသမီး ၁၇ ဦးအပါအဝင် အရပ်သားပြည်သူ ၈၇ ဦး နဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၇၆ ဦးပါ ဝင်ပြီး အဲဒီထဲမှာ စစ်ကောင်စီရဲ့မီးရမှုကြောင့်သေဆုံးသူ ၇ ဦးနဲ့ အလောင်းပြန်မရတဲ့ အရပ်သား ၈ ဦးတို့ပါဝင်တ ယ်လို့လည်း ICA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်ဟာ…
ချင်းပြည်နယ် မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် အရပ်သားပြည်သူ ၁၁ ဦးအနက် ရုပ်အလောင်း ၁၀ လောင်းတွေ့ရှိထားပြီဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံကိုနွေဦးလင်းကပြောသည်။ “ညနေ ၅ နာရီထိလောက်က ၅ လောင်းပဲတွေ့သေးတယ်ပေါ့နော် အခု ၅ လောင်းထပ်တွေ့တယ်ဆိုတော့ စုစုပေါင်း ၁၀ လောင်းတွေ့ရှိထားပါပြီ” ဟု ကိုနွေဦးလင်းကပြောသည်။ မတူပီ-ဟားခါးလမ်းပေါ်က ကီလှုန်းနှင့် လုံလှော ကျေးရွာအကြားတွင် ဇန်နဝါရီလ ၆ ရက် နေ့နှင့် ၇ ရက်နေ့က ခရီး သွားအရပ်သားပြည်သူ ၁၁ ဦးကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ကဖမ်းဆီးကာ ရှေ့တန်း စစ် မြေပြင်တွင် ခေါ်ဆောင်ပြီး လူသားဒိုင်းအဖြစ်အသုံးပြုပြီးနောက်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီက သတ်ဖြတ်ထားသည့် အဆိုပါပြည်သူ ၁၀ ဦးထဲမှာ အသက် ၁၃ နှစ်အရွယ်ကလေးငယ်တစ်ဦးလည်းပါဝင် သည်ဟု သိရသည်။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် ယနေ့ဇန်နဝါရီလ ၈ ရက်နေ့က အ.ထ.က စာသင်ကျောင်း၌ တပ်စွဲ ထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် အချင်းချင်းစကားများပြီး အပြန်အလှန်ပစ်ခတ်ကြရာတွင် တပ်ရင်းမှူး ဗိုလ်ကြီးအပါအဝင် တပ်သား ၄ ဦး သေဆုံးသွားကြောင်း သိရသည်။ “အတွင်းသတင်းအနေနဲ့ ကြားရတာတော့ တပ်တပ်ကြီးတပ်တစ်ဦးကနေပြီးမှ တပ်သား တစ် ယောက်နဲ့ ဆေးဗိုလ်ကြီးတယောက်နဲ့ တပ်ရင်းမှုးကို သူတို့စကားများရင်းနဲ့ ပစ်သတ်တာလို့ သိရတယ်” ဟု CDF-Kanpetlet ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။ ကန်ပက်လက်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စာသင်ကျောင်း၊ စီးပွားရေးဘဏ်၊ မြို့နယ်အုပ်ချုပ် ရေးရုံး၊ မြို့နယ် NLD ရုံးတို့တွင် တပ်စွဲထားသည်ဟု သိရပြီး စစ်အင်အားလည်း တိုးချဲ့ထားသည်ဟု သိရသည်။
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်တွင် ဇန်နဝါရီလ ၆ ရက် (ယမန်နေ့) မနက် ၉ နာရီကစတင်ပြီး CDF ညီနောင်တပ်ပေါင်းစုနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွားနေခဲ့ကာ လက်ရှိတွင်လည်း နှစ်ဖက်စစ်ရေးတင်းမာနေသည့်အပြင် စစ်ကောင်စီတပ်က ခရီးသွားပြည်သူ ၇ ဦးကိုဖမ်းဆီးထားသည်ဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။ “မနေ့က တနေကုန်နီးပါး ညထိပေါ့ တောက်လျှောက်ပစ်တယ်။ ဒီမနက်လည်း နှစ်ဖက်တင်း မာနေ တုန်းရှိသေးတယ်။ တခြားထိခိုက် ဒဏ်ရာရတဲ့ဟာတွေတော့ အတည်မပြုနိုင်သေးဘူး။ ကျွန်တော်တို့ CDF တပ်ဖွဲ့ဝင်တွေတော့ ထိခိုက်ဒဏ်ရာရတာမရှိဘူး။ စကစဖက်က ဘယ်လိုရှိလဲဆိုတာ အတည်မပြု နုုိင်သေးဘူး။ အခုအချိန်ထိ တို်က်ပွဲကြားထဲမှာပဲရှိနေသေးတယ်ဆိုတော့” ဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ယမန်နေ့က မတူပီ-ဟားခါးလမ်းမ ဝဲဘက်ရှိသော ကီလှုန်းနှင့် လုံလှောရွာကြားကို အင်အား ၁၅၀ ကျော်ဖြင့် စစ်ကြောင်းနှစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် CDF-Matupi/ CDF- Zotung/ CDF-Lautu ညီနောင်တပ်ပေါင်းစုတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၎င်းအပြင် စစ်ကောင်စီတပ်က ကီလှုန်းမှ လုံလှောရွာကို ခရီးသွားနေသော ပြည်သူ ၇ ဦးကိုလည်း ဖမ်းဆီးထားသည့်အပြင် လူသားဒိုင်းကာအဖြစ် တိုက်ပွဲအတွင်း အသုံးပြုနေသည်ဟု CDF-Matupi သတင်းထုတ်ပြန်ချက်အရ သိရသည်။ ကီးလှုန်နှင့် လုံလှောကျေးရွာသည် မတူပီမြို့နှင့် မိုင် ၂၀ ခန့်ကွာဝေးသည်ဟုသိရပြီး မတူပီမြို့နယ်တွင် ဇန်နဝါရီလကစပြီး CDF-Matupi နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။
ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် ယမန်နေ့ (ဇန်နဝါရီလ ၄ ရက်) က မတူပီ-ဟားခါးလမ်းမပေါ်ရှိ ဖနိုင်နှင့် ငလိုင်ရွာကြားတွင် CDF-Matupi ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်အရာရှိ ၁ ဦး အပါ အဝင် ၃ ဦးသေဆုံးခဲ့သည်အပြင် ဒဏ်ရာရရှိသူတွေလည်းရှိသည်ဟု သိရသည်။ “မနေ့က မနက်ခြောက်နာရီနဲ့ ခုနှစ်နာရီကြားမှာ ကျွန်တော်တို့ တိုက်ပွဲဖြစ်တယ်။ အရာရှိတစ်ဦး အပါအဝင် ၃ ဦး ကျတယ်။ ညနေ သုံးနာရီနဲ့ ငါးနာရီကြားမှာ ဖြစ်တဲ့တိုက်ပွဲမှာတော့ ကျွန်တော်တို့ သတင်းအချက်အလက်ကတော့ အတည်မပြုနိုင်ဘူး ။ သူတို့ဖက်ကတော့ ထိခို်က်ဒဏ်ရာရှိပေမယ့်။ လောလောဆယ် ဒီနေ့တော့ တိုက်ပွဲ မရှိသေးဘူးပေါ့။ ဒါပေမယ့် နှစ်ဖက်စ လုံးကတော့ အဆင့်သင့် အနေအထားတော့ ရှိကြတယ်” ဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။ မတူပီ-ဟားခါးလမ်းမပေါ်ရှိ ဖနိုင်-ငလိုင်ကျေးရွာအကြားတွင် အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထွက်လာ သော စစ်ကောင်စီတပ်နှင့် CDF-Matupi တို့ တိုက်ပွဲဖြစ်ပွားခြင်းခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က အထိနာသော ကြောင့် ပြန်လည်ဆုတ်ခွာခဲ့သည်ဟု ၎င်းကပြောသည်။ ပြီးခဲ့သည့်ဇန်နဝါရီလ ၃ ရက်နေ့ကလည်း မတူပီ-ပလက်ဝလမ်းမပေါ်ရှိ ထယ်ဘွေးကျေးရွာတွင်အခြေစိုက်သော စစ်ကောင်စီတပ်စခန်းကို CDF-Matupi က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးပြီး ၁၀ ခန့်ဒဏ်ရာရရှိခဲ့သည်။ အလားတူ အဆိုပါနေ့ညနေပိုင်း ၅ နာရီခန့်ကလည်း မတူပီ-ဟားခါးလမ်း ဖနိုင် နှင့် ငလိုင်ရွာကြားတွင် တိုက်ပွဲထပ်မံဖြစ်ပွား ကာ စစ်ကောင်စီတပ်သား ၂ ဦးကို အရှင်ဖမ်းမိထားသည်ဟု…
