Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယနိုင်ငံသား ၂ ဦး၏ ရုပ်အလောင်းပြန်ပေးရန် မိုးရေးမြို့တွင် ဆန္ဒပြ၊ မြန်မာရဲကင်းကို မီးရှို့
ပုံစာ - အိန္ဒိယ-မြန်မာနယ်စပ်အနီးရှိ မြန်မာဘက်က ရဲကင်း မီးလောင်နေပုံ

အိန္ဒိယနိုင်ငံသား ၂ ဦး၏ ရုပ်အလောင်းပြန်ပေးရန် မိုးရေးမြို့တွင် ဆန္ဒပြ၊ မြန်မာရဲကင်းကို မီးရှို့

0
By Editor on July 7, 2022 Khonumthung

အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်တိုင်း တမူးမြို့တွင် ဇူလိုင် ၅ ရက်နေ့က စစ်ကောင်စီလက်ပါးစေ ပျူစောထီးအဖွဲ့မှ ပစ်သတ်ခဲ့သော အိန္ဒိယနိုင်ငံသား ၂ ဦး၏ ရုပ်အလောင်း ပြန်လည်ရရှိရေးအတွက် မဏိပူရ်ပြည်နယ် နယ်စပ် မိုးရေးမြို့တွင် ဒေသခံပြည်သူလူထုက ယနေ့မွန်းလွဲပိုင်းတွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

တမူးမြို့နှင့် ထိစပ်နေသော အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် နယ်စပ်မြို့ မိုးရေးပြည်သူထုသည် မိုးရေးမြို့ရဲစခန်းရှေ့တွင် ယနေ့မွန်းလွဲပိုင်း ၂ နာရီခန့်က သွားရောက်တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ကြပြီး အလောင်းပြန်မရသည့်အတွက် အိန္ဒိယ-မြန်မာနယ်စပ်အနီးရှိ မြန်မာဘက်က ရဲကင်းတစ်ခုကို မီးရှို့ခဲ့ကြသည်ဟု သိရသည်။

ဇူလိုင်လ ၅ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်ခန့်တွင် တမူးမြို့ စော်ဘွားရပ်ကွက်ရှိ အမှတ် ၄ အထက်တန်းကျောင်းအနီးတွင် သူငယ်ချင်းအိမ်သို့ အလည်သွားပြီး ပြန်လာကြသည့် အသက် ၂၈ နှင့် ၃၅ နှစ်အရွယ်ခန့်ရှိသော အိန္ဒိယနိုင်ငံသား ၂ ဦးကို ပျူစောထီးများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.