ချင်းပြည်နယ် ထန်တလန်မြို့မှာ ဇန်နဝါရီလ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ စစ်ကောင်စီတပ်ကလူနေအိမ်တွေထပ်မံမီးရှိုတာ ကြောင့် ၂ ရက်အတွင်းမှာ အိမ်ခြေ တစ်ရာကျော်ထပ်မံလောင်ကျွမ်းခဲ့ရတယ်လို့သိရပါတယ်။ မီးလောင်မှုအကြိမ်ကြိိမ်ဖြစ်ပွားခဲ့တဲ့ ထန်တလန်မြို့မှာ ဇန်နဝါရီလ ၃ ရက်နေ့က CDF-Thantlang တပ်ဖွဲ့တွေခြေကုတ်ယူ ထားတဲ့ဘက်ကို စစ်ကောင်စီတပ်ဖွွဲ့က ထိုးစစ်ဆင်လာပြီး ပစ်ခတ်မှုတချိူ့ ရှိခဲ့ပြီးနောက် မွန်းလွဲပိုင်း ၂ နာရီဝန်းကျင် လောက်မှာ စစ်ကောင်စီဘက်က လူနေအိမ်တွေကို ထပ်မံမီးရခဲ့တာဖြစ်တယ်လို့ CDF-Thantlang ပြောရေးဆိုခွင့်ရှိ သူကပြောပါတယ်။ “ဇန်နဝါရီလ ၃ ရက်နေ့ညနေ ၁ နာရီခွဲဝန်းကျင်လောက်ကနေ ဟတ်စကီးဆင်းလာတယ် အဲဒီကြားကာလ ဟတ်စကီး မဆင်းခင်လေးမှာ ၁ နာရီ ၁၅ မိနစ်ဝန်းကျင်လောက်ကနေ ရဲစခန်းဘက်ကနေ တာဝန်ကျတဲ့ စစ်ခွေးတွေက ဆင်းလာပြီးမှ ကျနော်တို့ CDF နေတဲ့ဘက်ကို ထိုးစစ်ဆင်တာပေါ့နော်၊ အဲဒီအတောအတွင်းမှာပဲ ဟတ်စကီးက ၁ နာရီခွဲ ဝန်းကျင်လော က်မှာဆင်းလာတာပေါ့နော်၊ အဲဒီနောက်ပိုင်း ၂ နာရီခွဲဝန်းကျင်လောက်ကနေ မီးကစလောက်တာပေါ့ ရှို့မီးကြောင့်ဖြစ်တ ယ်၊ ဇုံမှုန် နဲ့ ကျောင်းရပ်ကွက်ကိုဆင်းလာတဲ့အချိန်မှာ တခါတည်းမီးရှို့တာပေါ့နော” ယမန်နေ့ ဇန်နဝါရီလ ၄ ရက်နေ့မှာလည်း ထန်တလန်မြို့ပေါ်ကို ရဟတ်ယာဉ်တစ်စင်း ဆင်းသက်ပြီးနောက် ညနေပိုင်း ၃ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က လူနေအိမ်တွေကို ထပ်မံမီးရှို့ခဲ့ကြပြီး ဇန်နဝါရီ ၃ ရက်နဲ့ ၄ ရက်နေ့ နှစ်ရက်တာ အတွင်းလောင်မှုကြောင့် ထန်လတန်မြိ့ပေါ်မှာ လူနေအိမ်ခြေ ၁၃၀ ကျော်ထပ်မံလောင်ကျွမ်းပြာကြ ခဲ့ရတယ်လို့ CDF-Thantlang ပြောရေးဆိုခွင့်ရှိသူကဆက်ပြောပါတယ်။ ချင်းပြည်နယ်…
Author: Editor
ချင်းပြည်နယ်၊ မတူပီမြို့နှင့် ၃၈ မိုင်ကွာဝေးသော မတူပီ- ပလက်ဝ လမ်းမပေါ်က ထယ်ဘွေး တပ်စခန်းတွင် ယနေ့မနက် ၉ နာရီကျော်ကနေစတင်ပြီး CDF-Matupi နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲထပ်မံဖြစ်ပွားနေသည်ဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံတစ်ဦးကပြောသည်။ “ အခုလောလောဆယ် ၉း၄၂ မှာ ထိတွေ့မှုရှိနေတယ်။ သူတို့ဖက်ကနေလည်း လက်နက်ကြီးနဲ့ ပစ်နေ တဲ့ဟာရှိတယ်။ကျွန်တော်တို့လည်း သူတို့ကို ပြန်ပြီးတော့မှ တိုက်ခိုက်နေတဲ့ အနေအထားဖြစ်ပြီး နှစ်ဖက်တင်းမာမှုတွေရှိနေတယ်။ မတူပီ-ပလက်ဝလမ်းပေါ်က ထယ်ဘွေးတပ်စခန်းမှာပဲ။” ဟု CDF-Matupi ပြန်ကြားရေး တာဝန်ခံတစ်ဦးကပြောသည်။ ဇန်နဝါရီလ ၃ ရက်၊ (ယမန်နေ့) ခုနှစ်နာရီခွဲကလည်း မတူပီ- ပလက်ဝလမ်းမပေါ် ထယ်ဘွေးတပ်စခန်းကို CDF-Matupi တပ်ဖွဲ့တို့က ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။ ယမန်နေ့က မတူပီ-ပလက်ဝလမ်းနှင့် မတူပီ-ဟားခါးလမ်း ၂ နေရာတို့တွင် CDF-Matupi နှင့် စစ် ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်းခဲ့ပြီး CDF-Matupi တပ်ဖွဲ့ရဲဘော် တစ်ဦး မိုင်းဒဏ်ရာရရှိသော်လည်း မစိုးရိမ်ရကြောင်းသိရသည်။ ထို့အပြင် ယမန်နေ့ညနေ ၅ နာရီခွဲအချိန်တွင်လည်း မတူပီ- ဟာခါးလမ်းမပေါ်က ဖနိုင်ရွာ နှင့် ငလိုက်ရွာကြား အင်အားအလုံးအရင်းနှင့် ချီတက်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ထပ်မံ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ CDF-Matupi က စစ်ကောင်စီတပ်သား နှစ်ဦးကို လက်ရဖမ်းဆီးမိကြောင်းလည်းသိ ရသည်။
ခိုနူမ်းသုန်သတင်း၊ ၄ ဇန်နဝါရီ ၂၀၂၂ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့မှ နေရပ်စွန့်ခွါကြသည့် ပြည်သူများအား နေရပ်သို့ပြန်လာကြရန်နှင့် နှစ်ပတ်အတွင်း မိမိနေအိမ်သို့ပြန်လည်နေထိုင်ခြင်းမရှိသည့် အိမ်များကို ချိပ်ပိတ်မည်ဟု စစ်ကောင်စီက လိုက်လံခြိမ်းခြောက်နေကြောင်း ကန်ပက်လက်ဒေသခံများထံမှ သိရသည်။ “အဲလိုပြောတာက သုံးလေးရက်တော့ရှိပြီ။ မပြန်လာရင်တော့ ချိတ်ပိတ်မယ်ပေါ့။ ပြန်လာကြပါလို့ပြေတာ ဒီလဆယ့်လေးရက်နေ့အတွင်း ပြန်မနေလို့ရှိရင် ချိတ်ပိတ်မယ်လို့ပြောတာ” ဟု ကန်ပက်လက်မြို့ဒေသခံတစ်ဦးက ပြောသည်။ လူဦးရေ ငါးထောင်ကျော်ရှိသည့် ကန်ပက်လက်မြို့တွင် စစ်ကောင်စီတပ်နှင့် CDF- Kanpetlet တပ်ကြားတွင် တိုက်ပွဲ ဖြစ်ပွားမှုများ ပြင်ထန်လာခဲ့ပြီးနောက် မြို့ပေါ်နေ ပြည်သူအားလုံးနီးပါးမြို့ကို စွန်ခွာကာ မကွေးတိုင်း ဆောမြို့နှင့် ကျေးရွာ၊ စိုက်ခင်းခြံ တို့တွင် ထွက်ပြေး စစ်ဘေးခိုလှုံခဲ့ကြခြင်းဖြစ်သည်။ ယခုရက်ပိုင်းတွင် မြို့ပေါ်သို့ပြန်လာသည့် ပြည်သူအချို့ရှိနေသော်လည်း စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိနေသည့်အတွက် ပြည်သူများကလည်း ကြောက်ရွံ့စိုး ရိမ်မှုများနေသည်ဟုသိရသည်။ “သူတို့ကတော့ လာပြန်နေကြပါသာပြောတာ၊ ဘယ်နှယ့်နေတဲ့သူတွေရဲ့အိမ်ကိုပေါ်တင်ကြီးပစ်တာ၊ သူသူကို ယ်ကိုယ်ဆိုလည်းကြောက်တာပေါ့။ အိမ်မှာနေပါတယ်ဆိုမှ ရှိမှန်းသိတာတောင်ပစ်တာကြီးကိုး ဘယ်သူနေရဲမလဲ အခုကြတော့ ပြန်လာနေပါဆိုတော့ စဉ်းစားရခက်တာပေါ့” ဟု ကန်ပက်လက်ဒေသခံကပြောသည်။ ကန်ပက်လက်မြို့တွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF- Kanpetlet) တို့အကြား ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘုရားကျောင်းအပါအဝင် လူနေအိမ်များ လက်နက်ကြီးကျည်ထိမှန်ခြင်း၊ မိုင်းနင်းမိခြင်းနှင့် လူမနေထိုင်သည့်နေအိမ်များကိုလည်း ဖောက်ထွင်းကာ ပစ္စည်းများကိုခိုးယူခြင်းတို့ရှိနေသည်ဟု သိရသည်။
ချင်းပြည်နယ်၊ မတူပီမြို့နယ် မတူပီ-ပလက်ဝ လမ်းမပေါ်က စစ်ကောင်စီတပ်စွဲထားသော ထယ်ဘွေးတပ်စခန်းကို ဇန်နဝါရီလ ၃ ရက်နေ့ ယနေ့ မနက်ပိုင်းကစပြီး CDF-Matupi တပ်ရင်း (၃) နှင့် တပ်ရင်း (၄) ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေသည်ဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။ “ကျွန်တော်တို့ ဒီမနက် ၇ နာရီခွဲလောက်ကနေ စပြီးတော့ CDF-Matupi ကနေပြီး ထယ်ဘွေးတပ်စခန်းကို ဝင်ပစ်တာပါ။ လက်ရှိအချိန်ထိလည်း ဖြစ်နေသေးတယ်ဆိုတော့။ ကျွန်တော်တို့ဖက်က ထိုးစစ်ဆင်တယ်ဆိုတော့လေ သူတို့ဖက်ကတော့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့ အနေအထား ဖြစ်တယ်။” ဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။ CDF-Matupi ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေမှုပြင်းထန်သော်လည်း လက်ရှိတွင်မှု နှစ်ဘက်ထိခိုက်သေဆုံးမှုအခြေအနေကိုမှု မသိရသေးကြောင်း CDF-Matupi ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသတင်းအမှားမှာ “ဒီဇင်ဘာ ၆ ရက်နေ့မှာ ချင်းပြည်နယ်၊ ဖလမ်းမြို့၊ လုံပီး သာသနရကိ္ခတာ ပရိယတ္တိသာသနာပြု စာသင်တိုက်ကျောင်းဆရာတော်၊ မြို့နယ်သံဃာ့နာယကဥက္ကဠ ဆရာတော် ဘဒ္ဒန္တဉာဏိကဟာ ဖလမ်းမြို့နယ် လူငယ်သင်တန်းကျောင်းမှ ဒုဦးစီးမှူး ဦးချစ်စန်း မောင်းနှင်းတဲ့ မော်တော်ယဉ်နဲ့ ဖလမ်းမြို့ရှိကျောင်းတိုက်ကို ပြန်လည်ထွက်ခွာလာစဉ် လမ်းခရီးမှာ PDF အမည်ခံအကြမ်းဖက်သမားများရဲ့ ဖမ်းဆီးမှုခံခဲ့ရပြီး ညနေပိုင်းမှာပြန်လွှတ်ပေးမယ့် အတူလိုက်ပါခဲ့တဲ့ ဒုဦးစီးမှူး ဦးချစ်စန်းမှာ အကြမ်းဖက်သမားများရဲ့ ဆက်လက်ဖမ်းဆီးထားခြင်းကိုခံရပြီး ပျောက်ဆုံးလျက်ရှိတယ်လို့” ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ “အကြမ်းလုပ်ရပ်များကြောင့် ရဟန်းသံဃာ ၁၄ ပါးပျံလွန်တော်မှုခဲ့ပြီး အချို့ဒေသများမှာ ဘုန်းတော်ကြီးကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့တယ်လို့” ဖော်ပြထားပါတယ်။ ဒီသတင်းအမှားမှာ ဖော်ပြထားသလို ဘုန်းတော်ကြီးကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခြင်းများကို PDF များအနေနဲ့ လုပ်ဆောင်ခဲ့ခြင်းမျိုးမရှိဘူးလို့ CNDF တာဝန်ရှိသူကပြောကြားသွားပါတယ်။ သတင်းအချက်အလက်တွေအရ စစ်ကောင်စီများဘက်ကသာ လူနေအိမ်များနဲ့ ခရစ်ယာန်ဘုရားကျောင်းများကို ချင်းပြည်နယ်မှာ မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်နေတာဖြစ်ပါတယ်။ အထက်ပါသတင်းအမှားကို NHP News Agency က ရေးသားဖော်ပြထားတာဖြစ်ပြီးတော့ Like & React ပြုလုပ်သူ ၃၁ ယောက်ရှိပြီး ပြန်လည်မျှဝေသူ အယောက် ၆၀ ရှိပါတယ်။ ဒီသတင်းအမှားဟာ ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းအသွင် ဖြစ်ပွားမှုကို တားဆီးသလိုဟန်နဲ့ ခေါင်းစဉ်ပေးရေးသားထားသလိုထင်ရပြီး အမှန်တကယ်မှာတော့ ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းအသွင် ဖြစ်ပွားအောင် ပြုလုပ်နေတဲ့ သတင်းအမှားတစ်ပုဒ်ဖြစ်တဲ့အတွက် သတင်းတု၊ သတင်းအမှားတွေကို သေချာစွာ ဖတ်ရှု့ဆင်ခြင်သင့်ပါတယ်။
မိုးပြည့် အကောင့်ကနေ “ဆည်မြောင်းဦးစီးအရာရှိ ဦးသန်းဝင်းဟာ ၎င်းမိတ်ဆွေတွေနဲ့အတူ ကျင်မွှာရပ်ကွက်၊ ကလေး-ဖလမ်းကားလမ်းဘေးရှိ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေစဉ်မှာပဲ ပစ္စတိုသေနတ်ကိုင်ထားတဲ့ သေနတ်သမားနှစ်ဦး ဝင်ရောက်လာပြီး သေနတ်နဲ့ ပစ်ခတ်တဲ့အတွက် ဆီးခုံအထက်နားအပါအဝင် ကိုယ်တွင်း သေနတ်ဒဏ်ရာ ၃ နေရာရရှိခဲ့ပြီး သေနတ်သမား ၂ ယောက်ကတော့ ဆိုင်ရှေ့ရပ်ထားတဲ့ ဦးသန်းဝင်းရဲ့ Surf အမျိုးစားကားကို မောင်းယူသွားခဲ့တယ်လို့ ရေးသားထားပါတယ်။” ဆက်လက်ပြီး “အခင်းဖြစ်ပွားတဲ့နေရာကို လုံခြုံရေးအဖွဲ့များကရောက်ရှိလာပြီး ဦးသန်းဝင်းကို ဖလမ်းဆေးရုံးကိုပို့ပေးခဲ့ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက် ၁၀ နာရီခွဲမှာ ကလေးမြို့ ပြည်သူဆေးရုံကို ပြောင်းလဲကုသဖို့ သယ်ဆောင်လာတဲ့အခါ ဖလမ်းမြို့နယ်၊ ခေါလယ်လမ်းခွဲမှာ CDF အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့မှ မော်တော်ယဉ်ကိုသေနတ်နဲ့ဝိုင်းပစ်တဲ့အတွက် ယာဉ်မောင်နဲ့အတူလိုက်ပါလာတဲ့ အဖော်တစ်ဦးလည်ယဉ်ကိုထားပြီးထွက်ပြေးသွားခဲ့ပါတယ်။” “ထိုပစ်ခတ်မှုကြောင့် ယဉ်မောင်းမှာ သေနတ်ဒဏ်ရာ ၃ ချက်ရရှိတဲ့အတွက် လမ်းဘန်း တိုက်နယ်ဆေးရုံမှာ ဆေးကုသခံယူနေတဲ့မချိန်မှာ CDF အကြမ်းဖက် ၃ ဦးဆေးရုံကိုရောက်ရှိလာပြီး ဆေးကုသခံယူနေတဲ့ ယဉ်မောင်နဲ့ အဖော်ဖြစ်သူတို့ရဲ့ လက်ကိုင်ဖုန်းများကို ယူဆောင်သွားကြောင်းသိရှိရတယ်” “အဲ့ဒီဖြစ်စဉ်မှာ မကြမ်းဖက်လုပ်ဆောင်ခဲ့တဲ့ CDF အဖွဲ့ကို ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ဖို့အတွက် လုံခြုံရေးတပ်ဖွဲ့များနဲ့ နယ်မြေခံတပ်မတော်စစ်ကြောင်းပူပေါင်းကာ လုံခြုံရေးလုပ်ငန်းစဉ်များနဲ့အညီ ဆောင်ရွက်နေကြောင်းသိရပါတယ်” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး CNDF ဘက်က တာဝန်ရှိသူကိုမေးမြန်းတဲ့အခါအခုလိုဖြေကြားခဲ့ပါတယ်၊ သူတို့ရေးထားတဲ့ အထဲမှာအမှန်တချို့တော့ပါတယ်၊ တချို့ကတော့သတင်းအမှားပါ၊ ဆေးရုံမှာ လက်ကိုင်ဖုန်းလုတာတို့၊ ဆေးရုံထိဝင်ရောက်တာတို့ တွေကတော့ သတင်းအမှားပါ၊ ပစ်ခတ်မှုတွေတော့ရှိခဲ့ပါတယ်၊ ကျနော်တို့ဘက်ကလမ်းကနေပဲ လှည့်ပြန်ခိုင်းတာပါ၊ ပြီးတော့ ညဘက်မှာ ဖြစ်တာပါ သူတို့ပြောသလို မနက်ပိုင်းမှာမဟုတ်ပါဘူး၊ ကျန်တဲ့အပိုင်းကတော့…
နှစ်သစ် ၂၀၂၂ ကို မကူးပြောင်းမီ ကရင်ပြည်နယ်အတွင်း PDF အကြမ်းဖက်သောင်းကျန်းသူ ကင်းစင်ရေး KNU ခေါင်းဆောင်ပိုင်းနဲ့ တပ်မတော်သဘောတူညီမှုရသွားပြီဆိုတဲ့သတင်းအမှား တစ်ခုဟာ ဒီဇင်ဘာလ ၂၇ ရက်နေ့က Minn Thet Naing ဆိုတဲ့အကောင့်ပိုင်ရှင်ကနေ ရေးသားလာခဲ့ပါတယ်။ ဒါ့အပြင် “KNU(ဗဟို) နဲ့ KNU တပ်မဟာမှူးတွေရဲ့ ညွန်ကြားချက်တွေကို မလိုက်နာတဲ့ KNU အဖွဲ့ငယ်တွေကိုလည်း ပြင်းထန်စွာခြေမှုန်းဖို့ တပ်မတော်ကို အပ်နှံလိုက်ပြီလို့လည်း ကြားသိရပါတယ်” ဆိုပြီးထပ်မံရေးသားထား တာတွေ့ရပါတယ်။ အဲဒီရေးသားမှုဟာ သတင်းအမှားသာဖြစ်ပါတယ်။ Minn Thet Naing အကောင့်ပိုင်ရှင်ရေးထားသလို PDF အရေးနဲ့ပတ်သက်ပြီး KNU ခေါင်းဆောင်ပိုင်းနဲ့ တပ်မတော်သဘောတူညီမှုရရှိတယ်ဆိုတာ KNU ဘက်က တရားဝင်ထုတ်ပြန်တာမရှိခဲ့လို့ပါပဲ။ ဒါ့အပြင် လေးကေကော်ဒေသမှာ ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို KNU နဲ့ PDF တို့က ပူးပေါင်းတိုက်ခိုက်နေကြတာလည်းဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၁ ရက်နေ့ကထုတ်ပြန်တဲ့ KNU ရဲ့ကြေညာချက်ထဲမှာ စစ်ကောင်စီဟာ ဆိုးဝါးပြင်းထန်သော လူသတ်မှုနဲ့ လူ့အခွင့်အရေးချိူးဖောက်မှုများ ဖြစ်ပေါ်စေမည့်လေကြောင်းတိုက်ခိုက်မှုများအား လေးကေကော်ဒေသတွင် အချိန်မရွေး ပြုလုပ်လာနိုင်သည့်အတွက် ကမ႓ာ့ကုလသမဂ္ဂမှ ဦးစီးလျှက် အရေးပေါ်အစည်းဝေးများကျင်းပပြီး လေကြောင်းပျံသန်းမှု ကင်းမဲ့ဇုံအဖြစ် သတ်မှတ်ဖို့၊ စစ်ကောင်စီအနေနဲ့ ကျဆင်းနေတဲ့ ဂုဏ်သိက္ခာကို ပြန်လည်ထိန်းသိမ်းသည့်အနေဖြင့် ၎င်းတို့ရဲ့ တပ်ဖွဲ့ဝင်တွေကိုတိုက်ပွဲဖြစ်ပွားရာဒေသမှ ပြန်ရုပ်သမ်းဖို့၊ စစ်ကောင်စီတပ်အတွင်းရှိ တပ်ဗိုလ်၊ တပ်မှူးများမှလည်း ကျရှုံးနိုင်ငံအဖြစ်သို့ရောက်ရှိနေသော မိမိတို့၏ နိုင်ငံအား ပြန်လည်ကယ်ဆယ်သည့်အနေဖြင့် ပြည်သူလူထုဘက်တွင် ပူးပေါင်းပါဝင်ကြဖို့ ရေးသားဖော်ပြထားပါတယ်။ KNU ကြေညာချက်ကြည့်ရန်………https://www.facebook.com/365915613790768/posts/1591183874597263/ ဒါကြောင့် Minn Thet Naing…
ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယနေ့နံနက်ပိုင်းက ချောင်းခွနှင့် ဟားခါးလေးကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားသည့်အတွက် ထောင်နှင့်ချီသောဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ ထပ်မံထွက်ပြေးတိမ်းရှောင်လျှက်ရှိကြသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ပြီးခဲ့သည့်ဒီဇင်ဘာလ ၂၃ ရက်နေ့ကတည်းက ကလေးမြို့နယ်တောင်ပိုင်း နတ်ချောင်းကျေးရွာ တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကလေး PDF၊ CNDF (ကလေးတပ်မဟာ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက် နတ်ချောင်းကျေးရွာအပါအဝင် အနီးနားကျေးရွာမှဒေသခံ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရပြီးဖြစ်သည်။ ယခုအခါ စစ်ကောင်စီတပ်သည် နတ်ချောင်းကျေးရွာမှ အနောက်ဘက်သို့ စစ်ကြောင်းထိုးလာပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့နှင့် ဆက်လက်တိုက်ပွဲဖြစ်ပွားကာ အနီးနားကျေးရွာများဖြစ်သည့် ဟားခါးလေး၊ ချောင်းခွ၊ ရေစို၊ ပါးမွန် ချောင်းကျေးရွာများမှ ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ထွက်မံထွက်ပြေးနေကြရသည်ဟု စစ်ဘေးတိမ်းရှောင်နေသော ဟားခါးလေးကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။ “တိုက်ပွဲကြောင့်ကြောက်လို့ ရွာခံတွေက မနေ့ တနေ့က ထွက်ပြေးတဲ့သူတွေလည်းရှိတယ်။ ဒီမနက်မှပဲလာတဲ့သူတွေ လည်းရှိပါသေးတယ်။ တောင်ပေါ်ဖက်မှာပေါ့။ ဘေးလွတ်ရာကို အကုန်ရောက်ကြပြီ။ အခုကျွန်တော်တို့ ဟားခါးလေးရွာမှာ ၁၅ လောက်ယောက်ကျန်ခဲ့မယ် မပြေးနိုင်တဲ့သူ” ဟု ဟားခါးလေးဒေသခံကပြောသည်။ ဟားခါးလေးကျေးရွာမှ ပြည်သူအားလုံးနီးပါးသည် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော်လည်း ကျေးရွာထဲတွင် ကျန်းမာရေးမကောင်းသူနှင့် သက်ကြီးရွယ်အိုအပါအဝင် ဒေသခံခန့်မှန်းခြေ ၁၅ ဦးခန့်တို့မှာ ကျန်ရစ်ခဲ့ကြပြီး ၎င်းတို့ကို စစ်ကောင်စီ တပ်ဖွဲ့တို့က ဖမ်းဆီးပြီး ဘုရားကျောင်းတခုတွင် အပြင်မထွက်ရန် ချုပ်နှောင်ထားသည်ဟုလည်း သိရသည်။ စစ်ဘေးဒဏ်ကြောင့် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ကြသည့် ဒေသခံပြည်သူများသည် အဝတ်အထည်၊ အစားအသောက်အနည်းငယ်ကိုသာ ယူဆောင်နိုင်ကြသည့်အတွက် အခက်အခဲဖြစ်လာနိုင်သည်ဟုလည်း ဟားခါးလေး ဒေသခံကပြောသည်။ “ကျွန်တော်တို့ ရွာက ဒီဖက်ရောက်တဲ့သူတွေက ငါးရာကျော်တယ်။ နေရာကမတူကြဘူး။ သူတို့ကြိုက်တဲ့…
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ယှက်ကျေးရွာအနီးတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပြည်သူ ၂ ဦးကို သတ်ဖြတ်ခဲ့ပြီး ဆိုင်ကယ် ၁ စီးနှင့်အတူမီးရှို့ထားခဲ့သည်ဟု သတင်းရရှိသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မင်းတပ်မြို့နယ်အတွင်းထိုးစစ်ဆင်တိုက်ခိုက်မှုတွင် ဒေသခံပြည်သူများအား ဖမ်းဆီး ခေါ်ဆောင်မှုရှိခဲ့ပြီးနောက် လမ်းခုလတ်တွင် သတ်ဖြတ်မီးရှိုခြင်းဖြစ်နိုင်သည်ဟု ယူဆရပြီး မည်သူမည်ဝါ ဖြစ်သည်ကိုမူ မသိရကြောင်း CDF-Mindat ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်ကပြောသည်။ “ပြည်သူ ၂ ဦးကို မနေ့တနေ့ကပေါ့နော် ၂၇ ရက်နေ့က သတ်ပြီးမှ မီးရှို့သွားတာပေါ့ စကစက ဖမ်းခေါ်သွားတာ တွေရှိ တယ်၊ ဘယ်တစ်ယောက်ကိုသတ်ပြီး မီးရှို့သွားလဲတော့မသိရဘူး” ဟု ဆလိုင်းယောမန်ကပြောသည်။ ယှက်ကျေးရွာသည် မင်းတပ်မြို့နှင့် မျက်နှာချင်းဆိုင် တဖက်တောင်တွင် တည်ရှိပြီး ဒီဇင်ဘာလ ၂၈ ရက်က စစ်ကောင်စီ တပ်ဖွဲ့များ စစ်ကြောင်းထိုးကာ ညအိပ်ခဲ့ကြသည်ဟုသိရသည်။ ထို့အပြင် ယမန်နေ့က မင်းတပ်မြို့ထဲ ပြန်ဝင်လာသော စစ်ကောင်စီတပ်ဖွဲ့များ ရှေ့တွင် ပြည်သူနှစ်ဦးကိုလည်း ကြိုးဖြင့်ချည်တုပ်ပြီး ဖမ်းဆီးခေါ်ဆောင်းသွားသည်ဟု သိရပြီး ၎င်းတို့မှာ စစ်ကြောင်း ထွက်ရာ ကျေးရွာတလျှောက်မှ ဖမ်းဆီးလာသော ပြည်သူများဖြစ်နိုင်သည်ဟုလည်း သိရသည်။ ဒီဇင်ဘာလ ၁၇ ရက်နေ့ကစပြီး စစ်ကြောင်း ၂ ကြောင်းဖြင့် မင်းတပ်မြို့နယ်တွင် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ဖွဲ့များနှင့် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF-Mindat ) တို့သည် ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ ရှစ်မွှေး၊ လာပန်း၊ ဝမ္မသူး၊ ခွီးရိန် စသည့်ကျေးရွာများတွင် အနည်းဆုံးတိုက်ပွဲ ၈ ကြိမ်လောက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီး အဆင့်ရှိ သူတစ်ဦးအပါအဝင်…
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့တွင် ဓာတ်ဆီများပြတ်လပ်နေသည့်အပြင် တစ်ဂါလံနှစ်သောင်းနီး ပါးစျေးနှုန်းမြင့် တက်နေခြင်းကြောင့် ပြည်သူများသွားလာရေးနှင့် သယ်ယူပို့ဆောင်ရေးအပိုင်းတွင် အခက်ခဲတွေကြုံနေရသည်ဟု သိရသည်။ “တချို့ပြောတာက ဗျူဟာမှာ နည်းနည်းရောင်းတဲ့ဟာက ငါးဂါလံပုံးတစ်ပုံးကို ရှစ်သောင်းနဲ့ ရတယ်။ အခုကျတော့ ဝယ်ဖို့ကိုရှိကိုမရှိတာမြို့ပေါ်မှာ။ အရင်တုန်းက ဝယ်လို့ရတဲ့အချိန်မှာ ဝယ်ထားတဲ့သူ တွေပဲ သုံးကြတယ်။ သိပ်ပြီး ဆိုင်ကယ်က မစီးဖြစ်ကြတော့ဘူးအများစုက ဆီရှားပါးလို့၊ ခြေလျှင်နဲ့ သွားကြတော့ ဘာမဆိုပိုပြီးတော့ခက်ခဲတာပေါ့ သယ်ယူပို့ဆောင်ရေး၊ လူမှုရေးကိစ္စတွေလည်း အလိုလိုနဲ့ ကြန့်ကြာတာပေါ့” ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။ ပြီးခဲ့သည့်နိုဝင်ဘာလ ၂၅ ရက်နေ့ကစပြီး မတူပီအခြေစိုက် စစ်ကောင်စီတပ်ယန္တရားလည်ပတ်မှု ရပ်တန့်စေရန်အတွက် မတူပီမြို့သို့ စက်သုံးဆီသယ်ယူခွင့်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Matupi) က ပိတ်ပင်းထားခဲ့ခြင်းဖြစ်သည်။ မတူပီမြို့ပေါ်သို့ စက်သုံးဆီသယ်ယူခွင့်ပိတ်ထားခံရသည့်အပြင် ကုန်သည်များဖက်မှ မှာယူခြင်းမရှိတော့ဘဲ ယခင်ကမြို့တွင်းသို့ တင်သွင်းထားသော ဓာတ်ဆီများမှာလည်း စျေးနှူန်းအဆမတန်မြင့် တက်လာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “ကုန်သည်တွေကလည်း ဟိုဖက်မှာပိတ်ထားတော့ ဒီဖက်လည်းဝင်လို့မရဘူးဆိုတော့ ထပ်ပြီးမမှာ တော့ဘူးအများ စုက။ ဓာတ်ဆီစျေးမြင့်တက်ကတော့ ကြာပါပြီ။ ရတဲ့ဟာလည်း ၃၊၄ ရက်အတွင်းမှာပဲ ခနလေးရတာလေ အသကုန်တန်းစီပြီး ပွဲလိုပဲဝယ်ကြတာ” ဟု မတူပီမြို့ခံတစ်ဦးကပြောသည်။ ယခင်တွင် မတူပီမြို့သို့ ဟားခါး-မတူပီလမ်းကြောင်းဖြင့် ကုန်တင်ကားများဖြင့် တင်ပို့သည့်အပြင် ပလက်ဝ-မြောက်ဦးမှ လေးမြိုမြစ်လမ်းကြောင်းဖြင့်လည်း ကုန်ပစ္စည်းနှင့် စက်သုံးဆီများကို တင်သွင်း ပို့ဆောင်ခဲ့တာတွေရှိသည်ဟု သိရသည်။ လက်ရှိ မတူပီမြို့တွင် CDF-Matupi နှင့် စစ်ကောင်စီတို့အကြား တို်က်ပွဲဖြစ်ပွားမှုမရှိသော်လည်း စစ်ကောင်စီတပ်ဖက်မှ မင်းတပ်မြို့သို့သွားသည့်လမ်းတွင် စစ်ဆေးရေးတင်းကြပ်နေသည့်အပြင် CDM တွင်ပါဝင်သော ဝန်းထမ်တွေကိုလည်း ခြိမ်းခြောက်မှုများရှိသည့်အပြင်…
