Author: Editor

(006SV) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ တိုက်နယ် ၅ ဒေသမှာ ပြောင်းစိုက်ခင်းများ ပိုးကျမှုကြောင့် ပျက်စီးဆုံးရှုံးမှု များပြားပြီး ဒေသခံထောင်ချီသည် စားဝတ်နေရေး လုံးဝခက်ခဲနေသော အခြေအနေ ကြုံတွေ့နေရသည်ဟု ကန်ပက်လက် ချင်းအင်အားစု များထံမှ သိရသည်။ တိုက်နယ်အမှတ် ၅ ဒေသသည် ပြောင်းဖူးကို အဓိက အခြေခံစားသုံးကုန်အဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုနှစ်တွင် တစ်အိမ်ခြေတွင် မျှမ်းမျှ သုံးဧကမှ ငါးဧကဝန်းကျင် စိုက်ပျိုးကြရာ ပြောင်းတစ်ခင်းလုံးတွင် တစ်တင်းမှ ၂ တင်းခန့်တောင် မရရှိကြောင်း သိရသည်။ “အဲဒီမှာ သူတို့ မှီခိုပြီး စိုက်ပျိုးတဲ့ ဒီပြောင်းဖူးက ဒီ ၂၀၂၅ ခုနှစ်မှာ ပျက်စီးမှုက လုံးဝပျက်စီးတယ်လို့ ပြောရမှာ ဖြစ်တယ်။ မိုးများတာကြောင့်လည်း တစ်ပိုင်း ဖြစ်မယ်။ ပြီးတော့ ပိုးမွှားတွေ ကျပြီမှ အမှတ် ၅ ဒေသဘက်မှာက တစ်ခင်းလုံးမှာမှ တစ်တင်း၊ ၂ တင်းတောင် မရတော့ဘူး။ တစ်အိမ်ခြေမှာ ပျမ်းမျှ သုံးဧကကနေ ငါးဧက လောက် အခင်းကို ခုတ်ပြီး စိုက်လေ့ရှိတယ်။ အဲဒါက ပိုးတွေ ကျနေတာကြောင့် အစေ့ မရဘူး။ အစေ့တွေကို ပိုးတွေက ထိုး(စား)ကုန်တယ်။ တချို့က ပုပ်ကုန်တယ်။ တချို့က အပင်တွေပါ မြေပေါ်လဲပြီး ပုပ်သွားတဲ့ အဆင့်ထိ ဖြစ်တယ်။ အဲလိုအခြေအနေ ကြောင့် အမှတ် ၅ အနေအထားမှာ ဒီနှစ်ကတော့ စားဝတ်နေရေးကတော့ စားနပ်ရိက္ခာဟာ လုံးဝအခက်အခဲနဲ့ တွေ့ကြုံနေရပါတယ်”ဟု CDF -…

Read More

(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲက ကျေးရွာ ၂ ရွာကို စစ်ကော်မရှင်တပ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ရာ ကျောင်းသား ၃ ဦးနှင့် မသန်စွမ်းအမျိုးသမီး ၁ ဦးတို့ သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ အများအပြား ရှိကြောင်း မင်းတပ်ဒေသခံများထံမှ သိရသည်။ ယမန်နေ့ည အောက်တိုဘာလ ၈ ရက် ည ၇ နာရီခန့်မှာ မင်းတပ်မြို့နယ်၊ ဝမ္မသူးကျေးရွာနှင့် ထင်ချောင်းကျေးရွာတို့ကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်းဖြစ်သည်။ “မနေ့ညက စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်တာကြောင့် ၉ တန်း၊ ၁၀ တန်းအရွယ် ကျောင်းသား ၃ ဦး သေဆုံးသွားတယ်။ မသန်းစွမ်းအမျိုးသမီးတစ်ဦးလည်း သေဆုံးသွားတယ်။ ၁၀ ဦးကျော်လည်း ထိခိုက်ဒဏ်ရာတွေ ရရှိကြတယ်။ ထင်ချောင်းရွာ RC ဘုရားကျောင်းဝန်း ဘော်ဒါဆောင်ကို ကြဲချတာမှာ ထိခိုက်သေဆုံးကြတာပါ” ဟု မင်းတပ်မြို့ဒေသခံတစ်ဦးက ပြောသည်။ စစ်ကော်မရှင်သည် ဂျက်ဖိုက်တာ ၂ စီးဖြင့်‌ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ဝမ္မသူးရွာ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ရာ ကျောင်းဆောင်ပျက်စီးသော်လည်း ဒေသခံပြည်သူများ ထိခိုက်မှု မရှိကြောင်း၊ ထင်ချောင်းရွာရှိ RC ဘုရားကျောင်းဝန်းထဲရှိ ဘော်ဒါဆောင်ကို ဗုံးကြဲရာမှာ အရပ်သားပြည်သူများ သေဆုံး၊ ထိခိုက်ပျက်စီးမှု များပြားခြင်း ဖြစ်ကြောင်း သိရသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဆောင်အပါအဝင် နေအိမ် ၆ လုံးလည်း ပျက်စီးသွားကြောင်း သိရသည်။ အောက်တိုဘာလ ၄ ရက် နံနက် ၁ နာရီခန့်ကလည်း မင်းတပ်မြို့၏…

Read More

(006SV) မရာဒေသချင်းလက်နက်ကိုင် ၂ ဖွဲ့ဖြစ်သော CDF – မရာနှင့် MDF တို့ ပြန် လည်သင့်မြတ်နိုင်ရေးအတွက် မီဇိုရမ်အခြေစိုက် ZORO ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ကြားဝင်ညှိနှိုင်းပေးနေသော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။ ချင်းပြည်နယ်၊ မရာဒေသတွင် မရာချင်းလက်နက်ကိုင်နှစ်ဖွဲ့တို့၏ လချီကြာမြင့်လာနေသော တိုက်ပွဲများအတွက် နှစ်ဖက်ပြေလည်မှု ရရှိစေရန် မီဇိုရမ်ပြည် နယ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းဖြစ်သည့် Zo Reunification Organization (ZORO) က စက်တင်ဘာ လ ၁၉ ရက်နေ့က IMC /CDF – မရာအဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးသည်ဟု သိရသည်။ “ZORO က တစ်ဖက်စီကို ဆွေးနွေးတာမျိုး ရှိတယ်။ ကျနော်တို့ကို ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ တွေ့ဆုံတာပေါ့နော်။ တွေ့ဆုံပြီး တော့မှ ညီအစ်ကိုချင်းချင်း ပစ်ခတ်တာကို‌ ရှောင်ကျဉ်စေချင်တယ်လို့ သူတို့က ပြောတယ်။ ကျနော်တို့ကလည်း ကျနော်တို့ CDF – မရာ ဘက်က ပစ်ခတ်တာတွေ စပြီးတော့ မလုပ်ခဲ့ဘူး။ ရှောင်တယ်။ ဘုံရန်သူ စစ်ကောင်စီကိုပဲ တော်လှန်နေတာဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့က ဒီလိုပဲ ရှောင်ပေးရင်၊ နောက်ဆုတ်ပေးရင်နဲ့ ကျနော်တို့ ဌာနချုပ်ကို ထိလာတဲ့အခါကြတော့ ကျနော်တို့ ဆက်ဖြစ်မှာပဲလို့ ပြောခဲ့ပါတယ်” CDF – မရာ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ စက်တင်ဘာလ ၂၁ ရက်တွင် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MTC/ MDF) အဖွဲ့နှင့်လည်း ZORO အဖွဲ့တို့…

Read More

(004SS) ချင်းပြည်နယ်၊ ဟားခါးနှင့် တီးတိန်မြို့များတွင် အာဏာသိမ်းစစ်ကော်မရှင်၏ ရွေးကောက်ပွဲအတွက် မဲစာရင်းများ ကပ်ထားကြေညာသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်သော်လည်း ဒေသခံပြည်သူများအကြား စိတ်ဝင်စားမှုမရှိဘဲ မဲစာရင်းများကိုပင် ကြည့်ရှုသူရှိသလောက် နည်းပါးနေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း ၁ အတွက် မဲစာရင်းများကို စစ်တပ်ဩဇာခံ ရွေးကောက် ပွဲကော်မရှင်က စက်တင်ဘာလ ၃၀ ရက်နေ့က သက်ဆိုင်ရာ မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်များတွင် စတင်ကြေညာကပ်ထားခဲ့ ခြင်းဖြစ်သည်။ ရွေးကောက်ပွဲအပိုင်း ၁ မှာပါဝင်မည့် ချင်းပြည်နယ် ဟားခါး နှင့် တီးတိန်မြို့မှာလည်း မဲစာရင်းများကို ကြေညာကပ်ထား သော်လည်း ပြည်သူများအကြား စိတ်ဝင်စားမှုမရှိကြဘဲ မဲစာရင်းတွင် မိမိနာမည်ပါဝင်ခြင်းရှိမရှိကိုပင် ကြည့်ရှုသူမရှိ သလောက်ဖြစ်နေသည်ဟု ဟားခါးမြို့ခံတစ်ဦးကပြောသည်။ “ရွေးကောက်ပွဲလား ကိုယ့်ဟာကိုတောင် ရှုပ်နေတာ စိတ်မဝင်စားဘူး။ မဲစာရင်းတာ့ ကပ်ထားပါတယ်။ သွားမကြည့် ဖြစ်ပါ ဘူး။ တခြားကြည့်တဲ့သူ ဘယ်သူမှလဲ မတွေ့ဘူးနော်။ ပြီးတော့ သူတို့မဲစာရင်းကပ်ထားတဲ့ဟာကလဲ လူတိုင်း လွယ်လွယ် ကူကူ ကြည့်လို့ရအောင် မကပ်ဘူးလေ။ အခုပြန်ကြားရေးမှာလဲ ကပ်ထားတယ်၊ ဒါပေမဲ့အထဲမှာ ကပ်ထားတာ ဘေးမှာ ရဲတွေစောင့်လို့ ဘယ်သူကြည့်ရဲမှာလဲဗျာ။ ပြီးတော့ ဘေးမှာ ‘ဖက်ဆီးနှောက်ယှက်သူရှိပါက ထောင်ဒါဏ်’ ဆိုပြီး ဆိုင်းဘုတ်ထောင်ထားသေးတယ်ဗျာ။”ဟု ဟားခါးမြို့ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဟားခါးမြို့က အိမ်ရှင်မအမျိုးသမီးတစ်ဦးကတော့ မဲစာရင်းကပ်ထားခြင်း ရှိမရှိပင် သတိမထားမိကြောင်းနှင့် မဲစာရင်းကို မကြည့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အလားတူ တီးတိန်မြို့တွင်လည်း စစ်ကော်မရှင်တပ်က မဲစာရင်းများကို ရပ်ကွက်အလိုက် ထင်ရှားသည့်နေရာများတွင်…

Read More

(006SV) မလေးရှားနိုင်ငံတွင် ရောက်ရှိနေထိုင်သော ချင်းအသိုင်းအဝိုင်းတွင် ငွေလွှဲလုပ်ကိုင်သူများနှင့် ငွေလွှဲသော ချင်းပြည်သူများသည် ငွေကြေးအလိမ်ခံရမှုကြောင့် သိန်းထောင်ချီနစ်နာဆုံးရှုံးသွားကြောင်း မလေးရှားမှ ချင်းအရေးကူညီဆောင်ရွက်နေသူများထံမှ သိရသည်။ အောက်တိုဘာလဆန်း ၃ ရက်က မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ တမင်ဂျာရာဒေသတွင် ချင်းအသိုင်းအဝိုင်းထဲက ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူများနှင့် ချင်းပြည်သူများ နစ်နာဆုံးရှုံးရခြင်းဖြစ်သည်။ “တရားမဝင် ငွေလွှဲလုပ်တဲ့ ဒိုင်က ထွက်ပြေးသွားတယ်။ အဲလိုဖြစ်တော့ ချင်းအသိုင်းအဝိုင်းမှာဆိုရင် ရင်းဂစ် ၂ သိန်း၊ ၃ သိန်းပါ သွားတယ်။ ချင်းတစ်ဦးဆိုရင် ငွေလွှဲလုပ်တော့ သူ့ဆီကို ယုံယုံကြည်ကြည်အပ်တဲ့ ငွေပမာဏက များတော့ ရင်းဂစ် သိန်း ၂၀ အထက်ပါသွားတယ်။ ကျနော်တို့ ချင်းတွေ အတော်များများလည်း ထိကြတယ်၊၊ သတင်း အတိအကျ တော့ ရတယ်။ ပြည်သူ ဘယ်ဝါဆိုတာတော့ ပြောဖို့ ခက်တယ်။ ခံရတဲ့ လူတွေကလည်း ချင်းအသိုင်းအဝိုင်းကပါပဲ။ တော်တော်များများ ခံရတယ်။ မလေးရှားမှာ ဒီကိစ္စက တော်တော်ဂယက်ထနေပါတယ်” မလေးရှားနိုင်ငံရောက် ချင်းအမျိုးသားတစ်ဦးက ပြောသည်။ မလေးရှားတွင် ငွေလွှဲလုပ်ငန်းလုပ်ကိုင်သော ချင်းတချို့သည် လွှဲငွေများ အလိမ်ခံရမှုကြောင့် မလျော်နိုင်ဘဲ ထွက်ပြေးကြရ ကြောင်း၊ ငွေလွှဲလုပ်ကိုင်သူ ချင်းတစ်ဦးမှာ ရင်းဂစ် သိန်း ၂၀ ၊ အခြားချင်းတစ်ဦးမှာ ၁၈ သိန်း၊ မလေးရှားရောက်မြန်မာပို့ငွေ ရင်းဂစ် သိန်း ၁၀၀ ခန့် ပါသွားသူလည်း ရှိကြောင်း၊ ရင်းဂစ် ၂ သိန်း၊ ၃ သိန်းပါသွားမှုများလည်း ရှိကြောင်း သိရသည်။ မလေးရှားတွင်…

Read More

(004SS) ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်တွင် ဆိုင်ကယ်ခိုးမှု ပြန်များလာပြီး ၂ လအတွင်း ဆိုင်ကယ် ၅ စီးပျောက်ဆုံးခဲ့သည်ဟု တီးတိန်မြို့ဒေသခံများထံမှသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လအတွင်းမှာ ဆိုင်ကယ် ၃ စီး နှင့် စက်တင်ဘာလ ၂၇ ရက်နေ့ တစ်ရက်တည်းတွင် ဆိုင်ကယ်အသစ် ၂ စီး ပျောက်ဆုံးခဲ့သည်ဟု သိရသည်။ တီးတိန်မြို့လူငယ်များက ဆိုင်ကယ်ခိုးသူတစ်ဦးဖြစ်သော ဦးမန်ပီဆိုသူကို ဖမ်းမိထားပြီး သူသည် ဩဂုတ်လ ၁၀ ရက်နေ့ နှင့် စက်တင်ဘာလ ၂၇ ရက်နေ့က ဆိုင်ကယ် ၂ စီးခိုးယူခဲ့သည်ဟု သိရသည်။ “သူ (ဦးမန်ပီ) ခိုးတာကို တွေ့တဲ့သူရှိပါတယ်။ အဲဒီဆိုင်ကယ်က ပြည်သူ့ဆေးရုံရှေ့ ပါကင်မှာရပ်ထားခဲ့တာ။ သူကခိုးသွား တာ။ သူ့ကို ဖမ်းပြီး စစ်ဆေးတဲ့အခါ ဆိုင်ကယ်ဘယ်မှာထားလဲ မပြောပြချင်ဘူး။ အခုထိ ဆိုင်ကယ်လည်း ပြန်မရ သေးဘူး။ အဲဒီ ဆိုင်ကယ်ဆို ဝယ်တာ တစ်လတောင်မရှိသေးဘူး အသစ်နီးပါးပါ၊ သူတို့ဝယ်တုန်းက ၄၅ သိန်းနဲ့ ဝယ်ထားတာလေ။ သူများ အတွက် ဘာမှအမဟုတ်ရင်တောင်၊ ကိုယ့်အတွက်က ဆိုင်ကယ်ဝယ်ဖို့ဆိုတာ အချိန်အကြာကြီးစုပြီးမှ ဝယ်နိုင်တာ‌ဆို‌တော့ တော်တော်ဝမ်းနည်းတယ်” ဟု ဆိုင်ကယ်ပျောက်ဆုံးသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဆိုင်ကယ်ခိုးမှုကြောင့် ဖမ်းဆီးခံရသူ ဦးမန်ပီသည် တွန်ဇံမြို့ မှ တီးတိန်မြို့သို့ စစ်ရှောင်အဖြစ်ရောက်ရှိလာသူဖြစ်ကာ စီမံကိန်းရုံးတွင် တာဝန်ထမ်းဆောင်နေသူဟု Tedim Times က ဖော်ပြထားသည်။ ၎င်းသည် အသက်အရွယ်ကြီးရင့်သူဖြစ်သောကြောင့် တီးတိန်လူငယ်များအနေဖြင့် ဖမ်းဆီးထိန်းသိမ်း ရိုက်နှက်ခြင်းမပြုလုပ်ပဲ နှုတ်ဖြင့်သာ…

Read More

(004SS) အာရက္ခတပ်တော် AA က နှစ်ပတ်ကျော်ကြာဖမ်းဆီးထိန်းသိမ်းထားသော ပလက်ဝမြို့နယ်က ချင်းအမျိုးသား ဦးစနီအောင်သည် အောက်တိုဘာလ ၆ ရက် တနင်္လာနေ့မနက်ပိုင်းက အာမခံဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်ဟု သိရသည်။ ပလက်ဝမြို့နယ် ဒလက်မေချောင်း၊ ဒလက်စာကျေးရွာ(ယခင် အောက်နှုံးဘူးကျေးရွာ)နေ ဦးစနီအောင်(ခ) Beung Kang သည် အာရက္ခတပ်တော် AA က ထုတ်ပေးသည့် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(Border Pass) ကို အွန်လိုင်းပေါ် ပေါက် ကြားစေသည်ဟုဆိုကာ စက်တင်ဘာလ ၂၀ ရက်နေ့မှာ AA က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဦးစနီအောင်ဖမ်းဆီးခံရသည့်ကိစ္စနှင့်ပတ်သက်၍ ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ (IKACC/PC) က AA တာဝန်ရှိသူများနှင့် ညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီးနောက် အောက်တိုဘာလ ၆ ရက်နေ့က ပြန်လွှတ်ပေးခဲ့ ခြင်းဖြစ်သည်။ “ဒီဟာက ကြီးမားတဲ့အမှုလဲမဟုတ်တော့ လွှတ်ပေးသင့်ပါတယ်။ နိုင်ငံရေးလဲမဟုတ်ဘူး။ ဒလန်လဲ မဟုတ်ဘူးပေါ့။ နောက် ဆွေမျိုးတွေကလဲ တွေ့ခွင့်မရဘူးဆိုတာတွေ ဖြစ်လာတော့။ ဖမ်းဆီးတာမဟုတ်ဘူးဆိုလို့ရှိရင် သူ့ကိုပြစ်ဒါဏ်ပေးတာ မဖြစ်သင့်ဘူး။ ညှင်းပန်းနှိပ်စက်တာတွေ၊ နောက် မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးတာတွေ မဖြစ်သင့်ဘူး။ လွှတ်ပေးပါဆိုပြီး ညှိနှိုင်းတော့ တနဂ်လာနေ့၊ မနေ့ကပေါ့ မနက်ပိုင်းမှာ လွှတ်ပေးလိုက်ပြီ။” ဟု IKACC/PC မှ တာဝန်ရှိသူက ပြောသည်။ လက်ရှိတွင် ဦးစနီအောင်သည် ၎င်း၏မိသားစုရှိရာ နေအိမ်သို့ ပြန်လည်ရောက်ရှိနေပြီဟုသိရသည်။ အာရက္ခတပ်တော် AA က ဦးစနီအောင်ကို အာမခံဖြင့်သာ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး၊ လောလောဆယ်တွင် ကျေးရွာပြင်ပသို့ ခရီးထွက်ခွင့်မပြုကြောင်းသိရသည်။ အာရက္ခတပ်တော် AA က သိမ်းပိုက်ထိန်းချုပ်ထားသည့်…

Read More

(006SV) မလေးရှားနိုင်ငံတွင် ချင်းလူမျိုးဒုက္ခသည် အများစုပါဝင်သည့် မြန်မာနိုင်ငံသား ၁၀၀၀ ကျော်သည် “Café Bustelo” ၏ ကျားဖြန့် လိမ်လည်ခံရမှုကြောင့် ငွေကြေးပမာဏများစွာ ဆုံးရှုံးမှုများ တွေ့ကြုံနေရသည်ဟု မလေးရှားနိုင်ငံမှ ချင်းလူမျိုးများက ပြောသည်။ လွန်ခဲ့သော ၃ လခန့်မှစတင်၍ မလေးရှားနိုင်ငံရောက် ချင်းဒုက္ခသည် အသိုင်းအဝိုင်းတွင် ငွေကြေးထည့်ဝင် ရင်နှီးမြှုပ်နှံမှုဖြင့် နေ့စဉ် အမြတ်ငွေ အများအပြား ရနိုင်သည်ဟူသော မက်လုံးဖြင့် “Café Bustelo” ငွေကြေးလုပ်ငန်းအဖွဲ့က စည်းရုံးသည်ဟု သိရသည်။ “တော်တော်များများက ဒုက္ခသည်တွေကနေ ဝင်တဲ့ ၊ လုပ်တဲ့ ချင်းတွေ လူဦးရေ ထောင်ကျော် ရှိတယ်။ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုက အနည်းဆုံး ရင်းဂစ် ၆၀ ထည့်ရတယ်။ ရင်းဂစ် ၆၀ ထည့်ရင် တစ်ရက်မှာ ၃ ရင်းဂစ်ပြန်ရတယ်။ အဲဒါက အနည်းဆုံး။ နောက် တစ်ဆင့်မှာက ရင်းဂစ် တစ်ထောင်ထည့်ရတယ်။ အဲလို အဆင့်ဆင့်ရှိတယ်။ အဓိကက အွန်လိုင်းမှာ တစ်ယောက် ဝင်သွားတယ် ဆိုရင် နောက်တစ်ယောက် ဝင်ဖို့ Customer တွေ လိုက်ရှာကြတယ်။ လူတစ်ယောက်ဝင်ရင် သူတို့မှာ ရင်းဂစ် ၂၀၊ ၃၀ ဘောနပ် ပေးတာ ရှိတယ်။ ကျနော်တို့ သိသလောက်က တော်တော် များများ ချင်းအသိုင်းအဝိုင်းထဲမှာ ရင်းဂစ် ၅၀၀၀ ကနေ သောင်း ဂဏန်းအထိ ရင်းနှီးမြှုပ်ကြတဲ့ လူတွေ ရှိတယ်” ဟု မလေးရှားမှ ချင်းတစ်ဦးက ပြောသည်။…

Read More

(004SS) ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ဘုရားကျောင်းမှအပြန် ဖမ်းဆီးခံရသူများအနက် (၁၀) ဦးကို စစ်ကော်မရှင်က ယမန်နေ့က ပြန်လည်လွှတ်ပေးလိုက်သည်ဟုသိရသည်။ ယမန်နေ့ အောက်တိုဘာလ (၅) ရက် တနင်္ဂနွေနေ့ညတွင် အဆိုပါ လူငယ် ၁၀ ယောက်ကို စစ်ကော်မရှင်က လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာ လူငယ် (၆) ဦးသာ ဆက်လက်ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။ ဟားခါးမြို့ဒေသခံတစ်ဦးက “မနေ့ညက (၁၀) ယောက် လွှတ်ပေးတယ်။ အခုက (၆) ယောက် ကျန်သေးတယ်။ အခုလွှတ် ပေးလိုက်တဲ့သူတွေကတော့ ဘာအပြစ်မှမရှိလို့ လွှတ်ပေးတာပေါ့နော်။ နောက်ကျန်တဲ့ (၆) ယောက်ကလဲ ဘာအပြစ်မှ လုပ်ထားတာတော့ မဟုတ်ဘူးဗျ။ ဒီတိုင်းမြို့ထဲမှာ နေနေတဲ့လူငယ်တွေပေါ့နော်။ သူတို့ကိုလဲ နောက်အချိန်တန်ရင် ပြန် လွှတ်ပေးမှာပါ။ တစ်ခါတည်းနဲ့ အကုန်လွှတ်မပေးချင်တဲ့ သဘောထင်ပါတယ်” ဟု ပြောသည်။ ဟားခါးမြို့တွင် ပြီးခဲ့သည့် ဩဂုတ်လ (၃) ရက် တနင်္ဂနွေနေ့လည်ပိုင်းက HBC ဘုရားကျောင်းမှ ပြန်လာသည့် လူငယ်များနှင့် ဟားခါး-ဂန့်ဂေါလမ်းမရှိ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေကြသော မြို့ခံလူငယ် စုစုပေါင်း (၄၀) ခန့်ကို စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများအနက် ကျောင်းသား (၇) ဦးနှင့် ဆေးရုံဆင်းလာခါစ လူငယ် (၁) ဦးတို့ကို ပထမအသုတ်အဖြစ် ဩဂုတ်လအတွင်းမှာပဲ ပြန်လွှတ်ပေးခဲ့ပြီးနောက် အခြားသူများကိုလည်း အသုတ်လိုက်ဖြင့်ပြန်လွှတ်ပေးခဲ့ရာမှာ (၆) ဦးသာ ကျန်ရှိတော့သည်ဟု သိရသည်။

Read More