(005MK) အိန္ဒိယ-မြန်မာနှစ်နိုင်ငံနယ်စပ်အကြား လွတ်လပ်စွာသွားလာခွင့် FMR ကိုဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးခတ်မည့် အိန္ဒိယဗဟိုအစိုးရ၏ အစီစဉ်ကို ဆန့်ကျင်ရန် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ထံ Zo Reunification Organization (ZORO) တောင်းဆိုလိုက်သည်။ ZORO ခေါင်းဆောင်များသည် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာကို သူ၏ ရုံးခန်း၌ ယနေ့ဧပြီလ ၂၅ ရက်နေ့တွင် တွေ့ဆုံခဲ့ကြပြီး FMR နှင့် နယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ် လက်မခံရန် တင်ပြခဲ့ကြသည်ဟု သိရသည်။ အိန္ဒိယဗဟိုအစိုးရ၏ နယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ်ကို ဆန့်ကျင်ကန့်ကွက်ပြီး နှစ်နိုင်ငံကြား လွတ်လပ်စွာသွားလာခွင့် FMR စနစ်ကိုလည်း နဂိုပုံစံအတိုင်းပြန်ထားရှိနိုင်ရေး ဆောင်ရွက်ပေးရန် နှင့် မိမိတို့ နယ်မြေ နှင့်လူမျိုး အတွက် အဆုံးတိုင် ဆန့်ကျင်လက်တွဲသွားကြရန် မီဇိုရမ်ဝန်ကြီးချုပ်ကို တောင်းဆိုခဲ့ကြသည်။ မီဇိုရမ်ဝန်ကြီးချုပ်ကလည်း FMR စနစ်ဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ်ကို ပြည်နယ်အစိုးရအနေဖြင့် မလိုလားသည့်အတွက် ကန့်ကွက်ထားကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ ZORO ၏ဆောင်ရွက်ချက်များကို ပံ့ပိုးကူညီမည်ဟု ပြောဆိုသွားကြောင်း ZORO ထုတ်ပြန်ချက်တွင်ပြထားသည်။ မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော ZORO သည် အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့်စသည့် ၃ နိုင်ငံတွင် ပြန့်နှံ့နေထိုင်ကြသော ချင်း-လူရှိုင်း-ကူကီးအနွယ်ဝင် မျိုးနွယ်စုများ အုပ်ချုပ်မှုတစ်ခုအောက်တွင် ပြန်လည်ပေါင်း စည်းနေထိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသောအဖွဲ့ဖြစ်သည်။ အိန္ဒိယဗဟိုအစိုးရက အိန္ဒိယ-မြန်မာနယ်စပ်ကို ခြံစည်းရိုးခတ်ရန် နှင့် နှစ်နိုင်ငံကြားလွတ်လပ်စွာသွားလာခွင့် FMR စနစ် ဖျက်သိမ်းသည့်အပေါ်မှာလည်း အပြင်းအထန်ကန့်ကွက်သည့်အဖွဲ့ဖြစ်ပြီး အဆုံးတိုင် ဆက်လက်ဆန့်ကျင်သွားမည်ဟု ဧပြီလ ၂၂ ရက်နေ့ကလည်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အိန္ဒိယဗဟိုအစိုးရသည် ပြီးခဲ့သည့်ဧပြီလ ၁၅ ရက်နေ့က မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းများဖြစ်ကြ…
Author: Editor
(005MK) ဗဟိုမီးဇိုးလူငယ်အသင်း (Central YMA) လက်အောက်တွင် ဖွဲ့စည်းထားသော မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့ (CADS) က မြန်မာနိုင်ငံမှ သယ်ဆောင်လာသော ရူပီးငွေ သိန်း ၁၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများကို ဧပြီလ ၂၄ ရက်နေ့က ဖမ်းဆီးရမိခဲ့သည်။ အိန္ဒိယ-မြန်မာနယ်စပ်ကတဆင့် ကားနှစ်စီးဖြင့်သယ်ဆောင်ကြလာကြသော အလေးချိန် ၄ ကေဂျီ ၈၂၁ ဂရမ်(ဆပ်ပြာဗူး ၄၀၀) ရှိသော ဘိန်းဖြူများကို Saitual မြို့မှာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့ (CADS) အနေဖြင့် ကာလအတော်ကြာစောင့်ကြည့်ခဲ့ပြီးနောက် အဆိုပါဘိန်း ဖြူများကို ဖမ်းဆီးရမိခြင်းဖြစ်သည်။ မီဇိုရမ်ပြည်နယ် Farkawn ကျေးရွာသား လက်ရှိ Ramhlun North ရပ်ကွက်တွင်နေထိုင်သူ အသက် ၂၈ နှစ်အရွယ် Thangsangpuia မောင်းနှင်းလာသော ကားတွင် ဘိန်းဖြူ ဆပ်ပြာဗူး ၂၀၀ ဖမ်းဆီးခဲ့ပြီး Farkawn ရွာသား ချင်းပြည်နယ် Khawmawi တွင်နေထိုင်သူ အသက် ၂၉ နှစ်အရွယ် Malsawmdawnga မောင်းနှင်လာသော ကားတွင် ဘိန်းဖြူ ဆပ်ပြာဗူး ၂၀၀ စုစုပေါင်း ဘိန်းဖြူ ဆပ်ပြာဗူး ၄၀၀ ကို ဖမ်းဆီးရမိခြင်းဖြစ်သည်။ အဖမ်းခံရသူ ၂ ဦး၏ ထွက်ဆိုချက်အရ မီဇိုရမ်ပြည်နယ် ဇိုခေါထာရ် နှင့် ချင်းပြည်နယ် ရိခေါဒါရ်မြို့ အမှတ် (၂) ရပ်ကွက် (Khawmawi) ကျေးရွာတို့တွင် ကြင်လည်ကျက်စားနေထိုင်သူ ကျန်ဖိုင်းခရိုင် Ngur ကျေးရွာသား Lalhmingmawia ဆိုသူက တစ်ယောက်ကိုရူပီးငွေ…
(004SS) ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော CDF CDM- Siyin တပ်ဖွဲ့အမည်ကို အလွဲသုံးကာ ပြည်သူထံ ငွေကြေးကောက်ခံ နေသော အမျိုးသား ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း CDF CDM- Siyin က ထုတ်ပြန်သည်။တပ်ဖွဲ့အမည် အလွဲသုံးကာ ငွေကြေးကောက်ခံသူ ၂ ဦးမှာ အသက် ၃၄ နှစ်ရှိ မင်ပုမ်းကိမ်းနှင့် အသက် ၃၃ နှစ်ရှိ ပုမ်းငင့် တို့ဖြစ်ပါတယ်။ ဧပြီလ ၂၀ ရက်နေ့တွင် တီးတိန်မြို့ထဲသို့ ဝင်ရောက်ပြီး အဖွဲ့အစည်းနာမည်ကို အလွဲသုံးစားလုပ်တောင်းရမ်းသည့်အပြင် ဧပြီလ ၂၁ ရက်နေ့တွင်လည်း Akluai ကျေးရွာအတွင်း ခရီးသွားပြည်သူများကို တားဆီး တောင်းရမ်းခြင်းများ ထပ်မံပြုလုပ်ခဲ့သည်ဟု CDF CDM- Siyin က ဖော်ပြထားသည်။ ထို့အပြင် ၎င်းတို့ ၂ ဦးက သိုင်းငင်းတိုက်ပွဲအပြီးတွင် အဖွဲ့ပိုင်ပစ္စည်းအချို့အား ခိုးယူရောင်းစားခဲ့သောကြောင့် ပထမအကြိမ် ဖမ်းဆီးထိန်းသိမ်းကာ သတိပေးခဲ့ပြီး ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်အရ သိရသည်။ ထို့ကြောင့် ၎င်းတို့၂ ဦး၏ ဒေသခံ ကျေးရွာလူကြီးများနှင့် ဆွေးနွေးညှိနှိုင်းပြီးနောက် နောက်ဆုံးကြိမ်အဖြစ် သတိပေး ဖမ်းဆီးထိန်းသိမ်းခဲ့ရခြင်းဟု CDF CDM-Siyin က ဆိုသည်။ နောက်နောင်တွင်လည်း ထိုကဲ့သို့သော အဖွဲ့အစည်းနှင့် တော်လှန်ရေးအား ထိခိုက်စေမည့် ပြုမှုဆောင်ရွက်ချက်များ ရှိလာပါက မိဘပြည်သူများနှင့် ပူးပေါင်းကာ ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း CDF CDM-Siyin က သတိပေးထားသည်။
တီးတိန်အပြင် ဟားခါး၊ ထန်တလန် စစ်ဆင်ရေးမှာလည်း ပူးပေါင်းမည်ဟု ကမ်းလှမ်း (006SV) ယခုနှစ်အတွင်း ချင်းပြည်နယ် တပြည်နယ်လုံးကို စစ်ကောင်စီ လက်အောက်က လွတ်မြောက်ပြီး ကိုယ့်ကြမ္မာကို ဖန်တီးခွင့် အပြည့်အဝ ရရှိရေးအတွက် စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ချင်းညီနောင်အဖွဲ့၏ စစ်ရေးကော်မတီ တာဝန်ခံက ပြောသည်။ ယမန်နေ့ ဧပြီလ ၂၄ ရက် ကျရောက်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်၏ တော်လှန်ရေး ၄ နှစ်ပြည့် အထိမ်းအမှတ်ဖြစ် ပြောကြားသော မိန့်ခွန်းတွင် ချင်းညီနောင်အဖွဲ့၏ စစ်ရေးကော်မတီဥက္ကဌလည်းဖြစ်၊ CDF – မင်းတပ်၏ စစ်ဦးစီးချုပ်လည်း ဖြစ်သူ ထန်းချွမ်ဖေက ပြောသည်။ “ကျနော်တို့ ဒေသတွင်းမှာ ရှိနေကြတဲ့ ကျနော်တို့နဲ့ ချိတ်ဆက်နေကြတဲ့ ဒေသအသီးသီးမှာလည်း စစ်အာဏာရှင်စနစ်နေ လွတ်မြောက်ပြီးတော့ ကျနော်တို့ အားလုံးလိုချင်နေတဲ့ ပန်းတိုင် ကိုယ့်ကြမ္မာကို ဖန်တီးခွင့် အပြည့်အဝ ရှိတဲ့ ပန်းတိုင်ကို ဆက်ပြီးတော့ ချီတက်ရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ၅ နှစ်ပြည့်မှာတော့ ကျနော်တို့ လိုချင်တဲ့ ပန်းတိုင် ရောက်ဖို့အတွက် လာမယ့် ၁ နှစ်အတွင်း မှာလည်း ကြိုးစားပြီး တော်လှန်ရေးကို ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ထန်းချွမ်ဖေက ပြောသည်။ ချင်းပြည်နယ် တခုလုံးသည် အာဏာရှင်စနစ်မှ လွတ်မြောက်ပြီး ကိုယ့်ကံကြမ္မာကို အပြည့်အဝ ဖန်တီးခွင့်ရှိသော စနစ်တခုဆီကို သွားမည်ဟု ဆိုသည်။ ဒေသတွင်း ချိတ်ဆက်နေသော နယ်မြေဒေသအသီးသီးတွင် ရှေ့ဆက်ရမည့် စစ်ဆင်ရေးများမှာ ပူးပေါင်းရဖို့ ရှိနေပြီး ယင်း…
(005MK) မီဇိုရမ်ပြည်နယ်အတွင်း ဝင်ရောက်ခိုလုံနေကြသော စစ်ဘေးရှောင်များအနေဖြင့် ယာဉ်မောင်းခွင့် နှင့် ယာဉ်ပိုင်ဆိုင်ခွင့် မရှိဘဲ ချိုးဖောက်သူများကို ဥပဒေကြောင်းအရ အရေးယူသွားမည်ဟု Lunglei ခရိုင်ရဲမှူးကပြောသည်။ Lunglei ခရိုင်ရဲမှူး J Lalmuankima သည် Lunglei မြို့က မီဇိုးလူငယ်အသင်း(YMA)၊ မီဇိုးကျောင်းသားအဖွဲ့အစည်း များ ဖြစ်ကြသော MZP,MSU က ဦးဆောင်သူများနှင့်အတူ ယမန်နေ့က မြန်မာစစ်ဘေးရှောင်များနေထိုင်သော Nghasiha စစ်ရှောင်စခန်းကို သွားရောက်ကာ အသိပညာ ပေးအစီစဉ် ပြုလုပ်ရာမှာ ထိုကဲ့သို့ ပြောဆိုသွားခြင်း ဖြစ်သည်ဟု မီဇိုရမ်ဒေသတွင်းသတင်းဌာန Bengvarna ကဖော်ပြသည်။ မီဇိုရမ်ပြည်နယ်တွင် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရသူအများစုမှာ မြန်မာနိုင်ငံသားများဖြစ်ကြပြီး၊ မကောင်းမှုပြု လုပ်သူများကြောင့် ကောင်းကောင်းမွန်မွန်နေထိုင်ကြသော စစ်ဘေးရှောင်များကို နာမည်ပျက်စေကြောင်း၊ အိန္ဒိယ ဗဟိုအစိုးရက စစ်ဘေးရှောင်များကို တရားဝင်နေထိုင်ခွင့်မပြုသည့်ကြားမှ မကောင်းမှုပြုလုပ်သောလူတစ်စုကြောင့် စစ်ဘေးရှောင်များ၏ နေရေးထိုင်ရေးပိုင်းမှာ စိုးရိမ်စရာဖြစ်လာနိုင်ကြောင်း ခရိုင်ရဲမှူးကပြေဆိုသွားသည်။ စစ်ဘေးရှောင်တွေအနေဖြင့် မကောင်းမှုဒုစရိုက်၊ မူးယစ်ဆေးဝါးလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခြင်းမရှိကြရန်၊ မူးယစ်ဆေးဝါးတွင် ပါဝင်ပတ်သက်သူများရှိပါက တာဝန်ရှိသူများထံ အကြောင်းကြားခြင်းအားဖြင့် ကူညီပေးကြ ရန်လည်း ခရိုင်ရဲမှူးကပြောဆိုသွားသည်။ Lunglei မြို့သည် မီဇိုရမ်ပြည်နယ်တွင် ဒုတိယအကြီးဆုံးမြို့တော်ြဖစ်ပြီး မြန်မာနိုင်ငံက စစ်ဘေးရှောင်အမြောက် အများနေထိုင်ကြသည်။ ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်ကစကလည်း Lunglei ခရိုင်အတွင်းသို့ စစ်ဘေးရှောင်များပါလာသော တရုတ်နိုင်ငံထုတ် ၁၂၅ ဆိုင်ကယ်အစီး ၆၀ ကျော်ကို ခရိုင်ရဲတပ်ဖွဲ့က သိမ်းဆည်းလိုက်ပြီး ဆိုင်ကယ်ပိုင်ရှင်များအနေဖြင့် မိမိနေရပ်ပြန် ချင်အခါ ရဲစခန်းမှာ ပြန်လည်ထုတ်ယူရမည်ဟု သိရသည်။ ယခုလက်ရှိ မီဇိုရမ်ပြည်တစ်ခုလုံးတွင် မြန်မာနိုင်ငံမှ…
(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ စိမ်းစင်းရွာက ကလေးမိခင်တဦးကို အာရက္ခတပ်တော် ULA/AA တပ်ဖွဲ့ဝင် ၂ ဦးက မုဒိမ်းကျင့်ကာ သတ်ဖြတ်ရန် ကြိုးပမ်းမှုသည် မှန်ကန်ပြီး ပြစ်မှု ပြစ်ဒဏ်မျှတအောင် ပြင်းပြင်းထန်ထန် အရေးယူမည်ဟု အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ဧပြီလ ၅ ရက်က ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာမှ အသက် ၂၃ နှစ်အရွယ် ကလေးမိခင်တဦးကို ULA/ AA တပ်ဖွဲ့ဝင် အရာရှိ ၁ ဦးနှင့် တပ်သား ၁ ဦးတို့က မုဒိမ်းမှုကျူးလွန်၍ ရေနှစ် လူသတ်ဖျောက်ဖျက်ရန် ကြိုးပမ်းမှုနှင့် ပတ်သက်၍ ULA/ AA ပြောရေးဆို ခွင့်ရှိသူက အတည်ပြုဖြေကြားခြင်းဖြစ်သည်။ “အဲ့ဒီမုဒိမ်းမှု ကျူးလွန်တယ်ဆိုတဲ့ ကိစ္စက မှန်ပါတယ်ခင်ဗျာ။ ဒီကိစ္စကတော့ပလက်ဝမြို့နယ်၊ စိမ့်စင်းဝကျေးရွာမှာ ဖြစ်ပွားသွား ခဲ့တာပါ။ပြစ်မှုဖြစ်ပွားတဲ့ နေ့ကတည်းက အဲ့ဒီပြစ်မှုကျူးလွန်တဲ့ ရဲဘော် နှစ်ယောက်ကိုကျနော်တို့ ဖမ်းဆီးထိန်းသိမ်းထားပြီး ဖြစ်ပါတယ်” ဟု ULA/ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ရခိုင်ဒေသတွင်း သတင်းဌာနဖြစ်သော နိရဉ္စရာသတင်းဌာနကို ဖြေကြားထားသည်။ လက်ရှိတွင် ယင်းအမှုကို စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေပြီး တရားမျှတမှု ရရှိရေးအတွက် ပြစ်မှု ပြစ်ဒဏ် မျှတအောင် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဟု ဦးခိုင်သုခက ပြောသည်။ ULA/ AA ထိန်းချုပ်ထားသော ပလက်ဝမြို့နယ်အတွင်း ခူမီချင်းလူမျိုး၊ ကလေးမိခင်တဦးသည် ယခုလို ကျူးလွန်ခံရမှုအပေါ် နစ်နာသူ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ရှိစေမည့် အကောင်းဆုံးနည်းလမ်းဖြင့် ဖြေရှင်းပေးရန်…
တွန်းဇန်မြို့နယ်ကောင်စီ ဥက္ကဌ ပူးထန်ဆွင်းမုန်နဲ့ ဆက်သွယ်မေးမြန်းချက် (006SV) ချင်းပြည်နယ်မြောက်ပိုင်းမှာတည်ရှိတဲ့ တွန်းဇန်မြို့နယ်ဟာ စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ လွတ်မြောက်နယ်မြေတစ်ခု ဖြစ်ပါတယ်။ ယခင်က တွန်းဇံမြို့ပေါ်မှာ နေရာယူတပ်စွဲထားကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ချင်းလဲန်းကောင်စီ/ချင်းပြည်အစိုးရ ကာကွယ်ရေး တပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ် မေလမှာ တိုက်တိုက်သိမ်းပိုက်ပြီးနောက် နယ်မြေခံတပ်ဖွဲ့ဖြစ်တဲ့ CDF-Tonzang/ Tonzang Township Council ကနေ အုပ်ချုပ်ရေးလုပ်ငန်းတွေ ဖော်ဆောင်နေတဲ့ဒေသဖြစ်ပါတယ်။ စစ်ကောင်စီကင်းစင်သွားပြီဆိုပေမယ့် မြို့သိမ်းတိုက်ပွဲအပြီး ၁ နှစ်နီးပါးအကြာမှာတော့ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ဘက်မှာ စစ်ရေး လှုပ်ရှားနေတဲ့ ဇိုမီးတော်လှန်ရေးတပ် (ZRA) က CDF – တွန်းဇန်နဲ့ ချင်းလဲန်းကောင်စီပူးပေါင်းတပ်တို့ ထိန်းချုပ်ထားတဲ့ တွန်းဇံမြို့ကို စစ်အင်အား အလုံးအရင်းနဲ့ မကြာခဏ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေရှိလာပါတယ်။ ယခု ဧပြီလအတွင်းမှာပင် ZRA တပ်ဖွဲ့တွေက တွန်းဇန်မြို့ကို ၂ ကြိမ်တိုင်တိုင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေ ရှိသလို စစ်ရေးက ဆက်လက်တင်းမာနေဆဲဖြစ်ပါတယ်။ တွန်းဇန်မြို့နယ်ထဲက ကျေးရွာ ၂ ရွာဟာလည်း ZRA တပ်ဖွဲ့တွေက ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့သလို မြို့ပေါ်နဲ့ စစ်ပွဲဖြစ်ပွားတဲ့ နေရာအနီးက ကျေးရွာဒေသခံတွေဟာ အိုးအိမ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။ ယခုလက်ရှိ တွန်းဇံမြို့ရဲ့ စစ်ရေးအခြေအနေ၊ အိုးအိမ်စွန့်ခွာစစ်ဘေးရှောင်ပြည်သူတွေအကြောင်း နဲ့ ZRA တပ်ဖွဲ့ရဲ့အနေ အထားနဲ့ပတ်သက်ပြီး တွန်းဇန်မြို့နယ်ကောင်စီ ဥက္ကဌ ပူးထန်ဆွင်းမုန်ကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထား ပါတယ်။ မေး – တွန်းဇန်မြို့ကို စစ်ကောင်စီတပ်ဖွဲ့ထံကနေ ဆရာတို့ သိမ်းပိုက်တဲ့အခြေအနေ နဲ့ ZRA…
(004SS) ချင်းပြည်နယ်မြို့တော် ဟားခါးမြို့သိမ်းစစ်ဆင်ရေးအတွက် ပြည်တွင်း၊ ပြည်ပမှာရောက်ရှိနေကြသော ဟားခါးမြို့နယ်က လူငယ်များအားလုံး စစ်သင်တန်းတက်ရောက်လာကြရန် CDF-Hakha က ဖိတ်ခေါ်လိုက်သည်။ စစ်ကောင်စီ၏ စစ်ဗျူဟာ နှင့် ခလရ ၂၆၆ တပ်ရင်းအခြေစိုက်ထားသည့် ဟားခါးမြို့တွင် မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၅ ခုနှစ်အတွင်း ဆင်နွှဲနိုင်ရန် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်နေပြီး ထို့အတွက် ဟားခါးမြို့နယ်က လူငယ်များ၊ မိမိရောက်ရှိ သည့် နိုင်ငံမှ ပြန်လာကာ CDF-Hakha ထံ ပါဝင်ဆက်ကပ်ကြရန် ဖိတ်ခေါ်ခြင်းဖြစ်သည်ဟု CDF-Hakha တာဝန်ရှိသူက ပြောသည်။ “အခုဆိုရင် ချင်းပြည်နယ်မှာ နောက်ဆုံးလက်ကျန်မြို့လိုလိုဖြစ်နေ ပြီပေါ့နော်။ ကျွန်တော်တို့ခံယူချက်ကတော့ ဟားခါးမြို့ သိမ်းဖို့ဆိုရင် ဟားခါးမြို့နယ်သူ၊မြို့နယ်သားတွေမှာ အဓိကတာဝန်ရှိတယ်လို့ ခံယူတာပေါ့နော်။ ဆိုတော့ ဟားခါးမြို့နယ်က လူငယ်အားလုံးကို ဖိတ်ခေါ်တယ်။ ဒီမြို့သိမ်းစစ်ဆင်ရေးအတွက် သင်တန်းတွေတက်ပြီးတော့မှ ဆက်ကပ်ကြဖို့။ ပြည်တွင်း မှာရှိတဲ့လူငယ်တွေသာမကဘဲနဲ့ မီဇိုရမ်မှာ ရောက်နေတဲ့ လူငယ်တွေအားလုံးလည်း ပြန်လာစေချင်တယ်။ နောက် မလေးရှား ရောက်နေတဲ့ လူငယ်တွေကိုလဲ ပြန်လာနိုင်ရင် ပြန်လာစေချင်တယ်။ အခုနွေဦးတော်လှန်ရေးရဲ့ ရေစီးကြောင်းအရ စစ်တိုက် ဖို့ကအဓိကဖြစ်နေတယ်ပေါ့နော်။ ဆိုတော့ စစ်တိုက်ဖို့ဆိုရင် အဓိကလိုအပ်တာ လူအင်အားဖြစ်တယ်။ လူအင်အားမရှိဘဲနဲ့ လက်နက်ဘယ်လောက်ပဲကောင်းကောင်း စစ်ကိုနိုင်မှာမဟုတ်ဘူး။ အဲဒါကြောင့် ဒီဖိတ်ခေါ်ချက်ကို ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ တိုင်းပြည်နှင့်လူမျိုးလွတ်မြောက်ရေးသည် လူတိုင်း၏တာဝန်ဖြစ်ပြီး လူငယ်များအားလုံးအနေဖြင့် ဟားခါးမြို့သိမ်းတိုက်ပွဲ တွင် ကိုယ်တိုင်ပါဝင်လာကြရန်နှင့် မိဘများအနေဖြင့်လည်း မိမိ သား၊သမီးများကို တိုင်းပြည်နှင့် လူမျိုး လွတ်မြောက်ရေး အတွက် ပါဝင်နိုင်ရေး…
(004SS) မဏိပူရ်ပြည်နယ်၊ အင်ဖားထောင်မှ စစ်ကောင်စီထံ လွှဲပြောင်းပို့ခံရသော မြန်မာနိုင်ငံသား အမျိုးသမီးနှင့်ကလေး ၂၇ ယောက်ကို စစ်ကောင်စီက တမူးမြို့မှာ ဆက်လက်ဖမ်းဆီးထားကြောင်း ၎င်းဖြစ်စဉ်ကို သိရှိသူ အမျိုးသားတစ်ဦးထံမှ သိရသည်။ နိုင်ငံရေးတွင် ပါဝင်ပတ်သက်သည်ဟု တိုင်ကြားချက်ကြောင့် အသက်မပြည့်သေးသော ကလေးငယ် ၇ ဦးနှင့် အမျိုးသမီး ၂၀ ဦး တို့ကို စစ်ကောင်စီက မိသားစုထံ အိမ်ပြန်ခွင့်မပေးဘဲ တမူးမြို့အချုပ်ထဲတွင် ဆက်လက် ချုပ်ထားခြင်းဖြစ်သည်ဟု သိရသည်။ “အခုတမူးအချုပ်ထဲမှာ ထဲ့ထားပြီးတော့ ကိုယ့်စရိတ်ကိုယ်စားနေရတယ်။ သူတို့မှာလည်း အထင်လွဲစရာရှိတာ တွေက ဘာလဲဆိုတော့ အရင်က Lamka မြို့မှာ ဆန္ဒပြပွဲတွေလုပ်တယ်။ အကျီတွေ၊ ဘာတွေရန်ပုံငွေ ကမ်ပဲန်းတွေလုပ်တယ်။ သူတို့က အဲဒီအဖွဲ့ထဲမှာ ပါတယ်ဆိုပြီးတော့မှ သူများတွေက စကစကို သတင်းပေးတဲ့အခါကျတော့ အဲဒီအဖွဲ့တွေကို မလွှတ်တော့ဘဲနဲ့ အချုပ်ထဲမှာပဲထိန်းသိမ်းထားတယ်“ ဟု ၎င်းက ပြောသည်။ ၎င်းတို့ကို မိသားစုဝင်များနှင့် တွေ့ဆုံ စကားပြောခွင့်ပြုပေးထားသော်လည်း အချုပ်ထဲတွင် မိမိစရိတ်နှင့် စားသောက်နေရ ကြောင်း သိရသည်။ အဆိုပါ မြန်မာနိုင်ငံသား ၂၇ ယောက်သည် မဏိပူရ်ပြည်နယ်၊ အင်ဖားမြို့ရှိ ဆာဂျီဝါးအကျဥ်းထောင်တွင် နိုင်ငံခြားသား အက်ဥပဒေဖြင့် ၃ နှစ်ကျော်ကြာ ထောင်ဒဏ်ကျခံပြီးနောက် မတ်လ ၂၁ ရက်နေ့က အိန္ဒိယ-မြန်မာနယ်စပ်ရှိ တမူးနယ်စပ် ဂိတ်မှတစ်ဆင့် စစ်ကောင်စီထံ လွှဲပြောင်းပေးခံရသူများဖြစ်ကြသည်။ ၎င်းတို့သည် မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့မှာ နေထိုင်ကြသူများဖြစ်ကြသည်။ အိန္ဒိယအစိုးရအနေဖြင့် မဏိပူရ်ပြည်နယ်တွင် ဖမ်းဆီးထောင်ဒဏ် ချမှတ်ခံထားရသော မြန်မာနိုင်ငံသားများကို စစ်ကောင်စီထံ သုံးကြိမ်…
(006SV) မင်းတပ်မြို့နယ်က စစ်ဘေးရှောင်ပြည်သူများအတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပေးထားသည့် လူသားချင်းစာနာမှုဆိုင်ရာထောက်ပံ့ပစ္စည်းများကို မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီက သုံးစွဲထားသော လက်ကျန်များ သိမ်းဆည်းရမိသည်ဟု မင်းတပ်တော်လှန်ရေးအင်အားစုထံမှ သိရသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက မင်းတပ်မြို့ကို ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ်သိမ်းပိုက်ခဲ့ရာတွင် စစ်ကောင်စီ အထိုင်ချစခန်းတချို့တွင် UNHCR ၏ လူသားချင်းစာနာမှုထောက်ပံ့ပစ္စည်းလက်ကျန်များကို တွေ့ရှိရခြင်းဖြစ်သည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြောရေးဆိုခွင့်ရှိ သူ ကိုယောမာန်က ပြောသည်။ “ယူအင်ရဲ့ ထောက်ပံ့မှုဖြစ်တဲ့ ဆန်၊ ဆီတွေကို စကစတွေ သုံးထားတာ လက်ကျန်တွေ တွေ့ရပါတယ်။ တခြား ဘယ်ပစ္စည်းတွေ သုံးကြလဲ၊ ပါဝင်လဲဆိုတာတော့ မသိရပါဘူး။ မင်းတပ်မြို့ပေါ်က စကစရဲ့ အခြေချစခန်းတစ်ခုပါပဲ။ ဘယ်စခန်းဆိုတာထက်လေ။ စကစက အခြေချစခန်းတစ်နေရာမှာပဲ။ အဲဒီ ရိက္ခာလက်ကျန်တွေနဲ့ UNHCR မိုးကာတွေ တွေ့ရတာပါ။ တခြား စကစ အခြေချ မဟုတ်တဲ့ နေရာမှာလည်း UN မိုးကာတစ်ခု၊ နှစ်ခု တွေ့ရတာ ရှိပါတယ်” ဟု ကိုယောမာန်က ပြောသည်။ မင်းတပ်မြို့သိမ်းတိုက်ပွဲအပြီး စစ်ကောင်စီအထိုင်ချစခန်းများတွင် လက်ကျန်ပစ္စည်းများကို တွေ့ရှိရခြင်းဖြစ်၍ မြို့သိမ်းတိုက်ပွဲ ကာလမှာလည်း ယင်းအထောက်အပံ့ပစ္စည်းများကို စစ်ကောင်စီတပ်က အသုံးပြုနိုင်သည်ဟု ကိုယောမာန်က ပြောသည်။ လူသားစာနာထောက်ပံ့အကူအညီများ အားလုံးသည် လိုအပ်နေသော ဒေသခံပြည်သူများထံ ရောက်ရှိခြင်းမရှိဘဲ စားနပ် ရိက္ခာများအား မင်းတပ်မြို့ခံများကို ရောင်းစားရန်၊ မက်လုံးပေး စွဲဆောင်ရန်နှင့် ဒေသခံလူထုကို စစ်ကြောင်းထိုး၊ ဖမ်းဆီးသတ် ဖြတ်သော နေရာများတွင် စစ်ကောင်စီက အသုံးပြုခဲ့သည်ဟု…