Author: Editor

#Unicode By နှင်းနှင်း – ရက္ခိုင့်တပ်တော် (AA) မှ ဖမ်းဆီးထားသည့် ချင်းလူငယ် (၄) ဦးအနက် (၃) ဦးသည် သြဂုတ်လ ၂၅ နေ့က ပြန်လည်လွတ်မြောက်လာကြပြီဟု Chin IDPs Support Committee (CISC) အဖွဲ့မှ အတွင်းရေးမှူး ကိုကျော်အောင်ကပြောသည်။ “သူတို့နဲ့ကျွန်တော်စကားပြောပြီးပြီ သြဂုတ်လ ၂၅ ရက်နေ့မနက်ပိုင်းကနေ လွတ်လာတယ် ညနေပိုင်းကို ပလက်ဝမှာရောက်တယ်’’ ဟု ကိုကျော်အောင်ကပြောသည်။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှတဆင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်သို့ နေရပ်ပြန်သွားကြသည့် ချင်းလူငယ် (၄) ဦးကို ရက္ခိုင့်တပ်တော် (AA) က ငသရိုင်းကျေးရွာတွင် ဇူလိုင်လ (၂၉) ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အဆိုပါလူငယ် (၄) ဦးထဲမှ ကိုခင်မောင်ထွန်း၊ ကိုဘင်ဂျမင်၊ ကိုအောင်ထွန်းကိုတို့ (၃) ဦး ပြန်လွတ်ပေးလိုက်သော်လည်း ပလက်ဝမြို့နယ် အရပ်ဘက်အဖွဲ့အစည်းများတွင် ပါဝင်လှုပ်ရှားနေသည့် ကိုအောင်စိုးကိုမူ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။ ကိုကျော်အောင်က “ကိုအောင်စိုးကိုတစ်ယောက်တည်းကိုပဲ ဘာလို့မလွှတ်ပေးသလဲဆိုတာတော့ မပြောတတ်ဘူး၊ အရင်ကတော့ သူတို့သူငယ်ချင်း ၄ ယောက်ဆိုတော့ ခံသာသေးတယ် အခုတော့ သူ့သူငယ်ချင်းတွေက လွတ်တယ် သူပဲကျန်တယ်ဆိုတော့ သူ့အတွက် ကျနော်တို့စိုးရိမ်မိတယ်’’ ဟု ပြောသည်။ ရက္ခိုင့်တပ်တော်အနေဖြင့် အဆိုပါလူငယ် ၄ ဦးကို မည်သည့်ကိစ္စကြောင့် ဖမ်းဆီးထိန်းသိမ်းရသည်ကိုမူ မသိရသေးကြောင်း၊ ဖမ်းဆီးထိန်းသိမ်းစဉ်တွင် ခြိမ်းခြောက်ရိုက်နှက်ခြင်းမျိူး မပြုလုပ်ခဲ့ကြောင်း ဦးကျော်အောင်က ဆက်ပြောသည်။ Photo – Khumi Media Group #Zawgyi By…

Read More

#Unicode By Benezer – မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု ယခုရက်ပိုင်းအတွင်း ပြန်လည်မြင့်တက်လာသောကြောင့် ရောဂါကာကွယ်ထိန်းချူပ်နိုင်ရန်အတွက် ချင်းပြည်နယ်အတွင်းရှိ မြို့ဝင်/မြို့ထွက်ဂိတ်များတွင် စနစ်တကျစစ်ဆေးမှု ပြန်လည်လုပ်ဆောင်သွားမည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သည့်ရက်ပိုင်းကစ၍ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကိုဗစ်-၁၉ လူနာထံမှတဆင့် ရောဂါကူးစက်မှု ပြန်လည်ဖြစ်ပွားနေသောကြောင့် ကြိုတင်ကာကွယ်နိုင်ရန် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ချင်းပြည်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဉီးစိုးထက်မှ ပြောသည်။ “ကိုရိုနာဗိုင်းရပ်စ်က ဖြစ်တာနည်းလာတဲ့အခါကျတော့ လူတွေကပေါ့ဆလာတယ်၊ ဂိတ်တွေမှာလည်း စစ်ဆေးမှုတွေမလုပ်တော့ဘူး၊ အခုကျတော့ ဒီရက်ပိုင်းမှာ ရခိုင်မှာလည်းဖြစ်တယ် အခြားနေရာတွေမှာလည်း ပိုးတွေ့ပြီးတော့ ရောဂါပိုပိုဖြစ်လာတဲ့အတွက်ကြောင့် ထိန်းချုပ်တာတွေ ပိုပြီးတော့ စနစ်ကျအောင်ပြန်လုပ်ဖို့ အဓိကဆွေးနွေးကြတာပါ၊” ဟု ဉီးစိုးထက် (စည်ပင်ဝန်ကြီး) စည်ပင်ဝန်ကြီးဉီးစိုးထက်မှပြောသည်။ ရောဂါထိန်းချုပ်ရေး ပြန်လည်လုပ်ဆောင်ရာတွင် မြို့ဝင်မြို့ထွက်များတွေ အပူချိန်တိုင်းခြင်း၊ ခရီးသွားရာဇဝင်များမေးမြန်းခြင်း၊ ကိုဗစ်-၁၉ ကူးစက်နေသည့်နေရာမှ လာရောက်သူဖြစ်ပါက Quarantine ဝင်ခိုင်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ ထို့အပြင် စားသောက်ဆိုင်နှင့် စျေးဆိုင်းများကိုလည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ထားမှု ရှိ/မရှိ ပြန်လည်စစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။ ကိုဗစ်ရောဂါ ပြန်လည်ထိန်းချုပ်ရေးနှင့်ပတ်သတ်ပြီး Covid-19 Emergency Committee –Tedim CSO အဖွဲ့မှ ကိုမုန်နိုးက “ကျနော်တို့ကတော့ အရင်လိုမျိုး Volunteer တွေ အကုန်လုံးစုပြီးတော့ လုပ်ဖို့အစီအစဉ်တော့ မရှိတော့ဘူး၊ ဒါပေမယ့် အဖွဲ့အစည်းတွေကနေလှူတဲ့ Mask တွေကို ကျောင်းဖွင့်ပြီဆိုတော့ ကျောင်းသူ/ကျောင်းသားတွေအတွက် လှူမယ်၊ အခုဟာက ရခိုင်ကနေစလာပြီ၊ ကျောင်းကလည်းဖွင့်ပြီဆိုတော့ ကျောင်းကနေ စကူးခဲ့လို့ရှိရင် တော်တော်လေးခက်ခဲမှာဖြစ်တဲ့အတွက် ကျောင်းကိုဘဲ…

Read More

#Unicode By လားနွန် – ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီး နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်း( ၁၁) ဦးရှိသည်ဟု မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံမှသိရသည်။ မကွေးတိုင်းဒေသကြီး ချင်းရေးရာဝန်ကြီးနေရာအတွက် နိုင်ငံရေးပါတီ (၈) ပါတီ နှင့် တစ်သီးပုဂ္ဂလ (၃) ဦး စုစုပေါင်း (၁၁) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ၎င်းတို့မှာ ဦးမောင်လွင် (ညီညွှတ်သောဒီမိုကရစ်တစ်ပါတီ)၊ ဦးအေးထွန်းမင်း (ချင်းတိုင်းရင်းသားများပါတီ)၊ ဦးသန်းဌေး (ခ) ဦးဂါဘီ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)၊ ဆလိုင်းအောင်မင်းလှိုင် (အရှို ချင်းအမျိုးသားပါတီ)၊ဆလိုင်းနောလ်ကြုံအဲရ် (ခ) ဦးဝေလျန် (တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီ)၊ ဆလိုင်းသန်းဝင်းလှိုင်(ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ)၊ ဆလိုင်းအောင်ထွန်းမင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)၊ ဦးသန်းထွန်း (ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ)၊ ဦးတီာလ်ကမ်း (တစ်သီးပုဂ္ဂလ)၊ ဦးမြင့်တိုး တစ်သီးပုဂ္ဂလနှင့် ဦးညီခံ တစ်သီးပုဂ္ဂလ တို့ဖြစ်ကြသည်ဟု မကွေးတိုင်းဒေကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစိုးထွဋ်ဦးမှ သိရသည်။ အရှိုချင်းအမျိူးသားပါတီမှ ကိုယ်စားလှယ်လောင်း ဆလိုင်းအောင်မင်းလှိုင်ကတော့ မကွေးတိုင်းတွင် နေထိုင်ကြသည့် ချင်းလူမျိူးများ၏ လူမှုဘဝမြှင့်တင်နိုင်ရေးနှင့် နိုင်ငံရေးအရ ရပိုင်ခွင့်များကို ရရှိနိုင်ရန်အတွက် ယခုကဲ့သို့ ချင်းရေးရာဝန်ကြီးနေရာအတွက် ယှဉ်ပြိုင်ရခြင်းဖြစ်သည်ဟု ပြောပါသည်။ “မကွေးတိုင်းမှာရှိတဲ့ ချင်းလူမျိုးတွေရဲ့ ဘဝမြှင့်တင်ပေးဖို့ ချင်းလူမျိုးတွေရဲ့ နိုင်ငံရေး စီးပွားရေး လူမှုရေး အကျိုးစီးပွားရေးတွေအတွက် နောက်ဖွံ့ဖြိုးရေးတွေကို ချင်းလူမျိုးတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေ ဒီထက်မကလုပ်ဆောင်နိုင်အောင် နိုင်ငံရေးအရ (၂၁) ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံတက်ပြီးတော့ ကျနော်တို့ဒီလာမယ့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့နေရာမှာ ကျနော်တို့မကွေးတိုင်းမှာရှိတဲ့ ချင်းလူမျိုးတွေရဲ့ နိုင်ငံရေးရပိုင်ခွင့်တွေပေါ့နော် နိုင်ငံရေးကိုယ်စားပြုခွင့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ…

Read More

#Unicode ချင်းပြည်နယ်တွင် ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်း ထားသူများတွင် အရည်အချင်းမကိုက်သဖြင့် ပယ်ချခံရသော လွှတ်တော်ကိုယ်စားလှယ်လောင်းမရှိကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံမှသိရသည်။ ချင်းပြည်နယ်တွင် ရွေးကောက်ပွဲဝင်ပြိုင်ရန် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းသူစုစုပေါင်း (၂၁၂) ဦးရှိသည့်အနက် (၂) ဦးမှာ မိမိသဘောဖြင့်ပြန်နှုတ်ထွက်သွားကာ လွှတ်တော်ကိုယ်စားလှယ်လောင်း (၂၁၀) သာကျန်ရှိတော့ပြီး ၎င်းတို့အားလုံးသည် လည်း အရည်အချင်းသတ်မှတ်ချက်များနှင့် အားလုံးကိုက်ညီကြသည်ဟု ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးလင်းကျော်ကပြောသည်။ “ကျနော်တို့ စီစစ်တာတော့ ပြီးသွားပြီ ကျနော်တို့ (၂၁၂) ဦး နာမည်စာရင်းတင်တယ် တစ်ဦးက သူဟာသူ ပြန်ရုတ်သိမ်းတယ် အဲဒါကြောင့် (၂၁၁) ပဲကျန်တယ် အဲဒီမှာတော့ နောက်တစ်ဦးကျတော့ မတူပီမြို့နယ်က စီစစ်တဲ့အချိန်မှာ သူ့ဟာသူပြန်ကန့်ကွက်တယ် ကျန်တဲ့လူက ကန့်ကွက်တာတော့မဟုတ်ဘူး ဌာနတစ်ခုမှာ တာဝန်ပေးခြင်းခံရလို့ ပြန်ရုတ်သိမ်းတယ်၊ (၂၁၀) ကျန်တာပေ့ါ စီစစ်တဲ့လုပ်ငန်းတွေကတော့ ပြီးသွားပါပြီ စီစစ်တဲ့အခါမှာတော့ အရည်အချင်းမကိုက်ညီတဲ့သူကိုတော့ မတွေ့သေးဘူး မတွေ့ဘူးပေ့ါနော်” ဟု ဦးလင်းကျော်ကပြောသည်။ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို တစ်သီးပုဂ္ဂလ အပါအဝင် နိုင်ငံရေးပါတီအသီးသီးတို့မှ ပြီးခဲ့သည့်ဇူလိုင် ၂၅ ရက်နေ့ကစ၍ တင်သွင်းခဲ့ကြပြီး ယင်းအမည်စာရင်း တင်သွင်းလွှာများကို သြဂုတ်လ ၁၁ ရက်မှ ၁၇ ရက်နေ့အထိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့က စီစစ်ခဲ့ခြင်းဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက်နှင့်ပတ်သက်၍ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၈ တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းချိန်တွင် နိုင်ငံသားဖြစ်သူ၊ မဲစာရင်းတွင်ပါဝင်သူ၊ နိုင်ငံသား မိဘနှစ်ပါးမှမွေးဖွားသော နိုင်ငံသားဖြစ်သူ၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြောက်ခံရသည့်အချိန်နှင့်တစ်ဆက်တည်း ပြည်ထောင်စုမြန်မာနို််င်ငံတွင် အနည်းဆုံး…

Read More

#Unicode ချင်းပြည်နယ်တွင် မဲစာရင်းပြင်ဆင်ဖြည့်စွက်သူ ၃ သောင်းနီးပါးရှိ ချင်းပြည်နယ်တွင် ပထမအကြိမ် မဲစာရင်းလာရောက်ကြည့်ရှုသူ တစ်သိန်းကျော်ရှိသည့်အနက် မဲစာရင်း ပြင်ဆင်၊ ဖြည့်စွက်၊ ကန့်ကွက်သူ ၃ သောင်းနီးပါးရှိသည်ဟု ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံမှသိရသည်။ မဲစာရင်းတွင်အမည်မပါလာသည့်အတွက် အမည်ထည့်သွင်းပေးရန် ပုံစံ(၃) ဖြင့်လျှောက်ထားသူ ၁၄၄၃ ဦး၊ မဲစာရင်းတွင်မ ပါသင့် သူပါနေသောကြောင့် ပုံစံ (၄) ဖြင့် ကန့်ကွက်သူ ၁၂၄၆၇ ဦးနှင့် မဲစာရင်းတွင် အချက်အလက်မှားယွင်းနေေ သာကြောင့် ပုံစံ (၄­-ဂ )ဖြင့် ပြင်ဆင်သူ ၁၆၀၄၀ ရှိပြီး ပြင်ဆင်၊ ဖြည့်စွက်၊ ကန့်ကွက်သူပေါင်း ၂၉၉၅၀ ဦးရှိသည်ဟု ချင်းပြည်နယ်ရွေးကာက်ပွဲကော်မရှင်အတွင်းရေးမှူးဦးလင်းကျော်ကပြောသည်။ “ အထွေထွေဦးစီးဌာနက လူဦးရေစာရင်းကိုကောက်ပေးတယ် ၂၀၁၉ မှာဆိုတော့ ကျန်ခဲ့တဲ့သူတွေရှိမှာပေါ့ အိမ်မှာလူမရှိတာ ၊ စာရင်းယူတဲ့အခါမှာ အချက်အလက်တွေကို တိတိကျကျ မပြောနိုင်တာတွေရှိမယ်၊ တချို့ဆိုရင်လည်း ကိုယ့်သားသမီးတွေ ကွယ်လွန်သွားပြီဆိုရင်လည်း အိမ်ထောင်စုစာရင်းကနေလည်း မထုတ်ကြဘူးလေ ၊ တချို့အိမ်ထောင်စုကနိုင်ငံခြားသွားတဲ့သူတွေကိုလည်း ထည့်ပေးလိုက်တာမျိုးပေါ့ ၊ ပါသင့်တဲ့သူတွေမပါပဲ မပါသင့်တဲ့သူတွေပါတာပေါ့ ”ဟု ဦးလင်းကျော်ကပြောသည်။ ၂၀၂၀ ရွေးကောက်ပွဲအတွက် ပထမအကြိမ်မဲစာရင်းကို ဇူလိုင်လ ၂၅ ရက်နေ့မှ သြဂုတ်လ ၁၄ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချူပ်ရေးမှူးရုံးများတွင် အသီးသီးကပ်ထားကြေညာခဲ့ကြခြင်းဖြစ်သည်။ ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့၏ စာရင်းအရ ချင်းပြည်နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၃၄၂၁၄၂) ရှိသည့် အနက် မဲစာရင်းလာကြည့်သူ(၁၁၀၄၅၉) ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် ၃၂.၄ ဝန်းကျင်ခန့်ရှိသည်။ “ခုကျွန်တော်တို့ပုံစံ (၃) ၊ (၄) ၊…

Read More

#Unicode စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ဝင်ရောက်ယှဉ်ပြိုင်မှု ယခင်ရွေးကောက်ပွဲထက် နှစ်ဆခန့် များပြားလာကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။ အဆိုပါ ခရိုင်ရှိ လွှတ်တော်မဲဆန္ဒနယ်များတွင် ပြီးခဲ့သည့် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲ၌ လွှတ်တော်ကိုယ်စား လှယ်လောင်း ၃၃ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခုရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဝင်ရောက်ယှဉ်ပြိုင်မှု ယခင်ထက် နှစ်ဆနီးပါးတိုးလာခြင်းဖြစ်သည်။ ယင်းလွှတ်တော်ကိုယ်စားလှယ်လောင်း ၆၁ ဦးတွင် အမျိူးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း ကိုးဦးပါဝင်ကြောင်း ကလေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ယဉ်နွယ်နွယ်ကပြောသည်။ ကလေးခရိုင်တွင် ကလေးမြို့နယ်၊ ကလေးဝမြို့နယ်နှင့် မင်းကင်းမြို့နယ်တို့ပါဝင်ပြီး ကလေးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ရှစ်ဦး၊ ကလေးဝမြို့နယ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ငါးဦး၊ မင်းကင်းမြို့နယ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ငါးဦး၊ကလေးခရိုင်အမျိူးသားလွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ခုနစ်ဦးနှင့် ကလေးမြို့နယ်စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အမှတ် (၁) နေရာအတွက် အရွေးခံမည့်လွှတ်တော်ကိုယ်စားလှယ်လောင်း ခုနစ်ဦး၊ ကလေးမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အမှတ် (၂) အတွက်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုးဦး၊ ကလေးဝမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အမှတ် (၁) နေရာအတွက် အရွေးခံမည့်လွှတ်တော်ကိုယ်စားလှယ်လောင်းငါးဦး၊ ကလေးဝမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အမှတ် (၂) နေရာအတွက် ဝင်ရောက်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းငါးဦး၊ မင်းကင်းမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အမှတ် (၁) နေရာ အတွက် ဝင်ရောက်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းငါးဦးနှင့် မင်းကင်းမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အမှတ် (၂) ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံမည့် ပုဂ္ဂိုလ်ငါးဦး စုစုပေါင်း…

Read More

#Unicode ချင်းပြည်နယ်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အမျိူးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၁၈ ဦးရှိပြီး ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲထက် ပိုမိုနည်းပါးသွားကြောင်း ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း တစ်သီးပုဂ္ဂလအပါအဝင် နိုင်ငံရေးပါတီ ၁၂ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၁၁ ဦးက ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားပြီး ယင်းအနက် အမျိူးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၁၈ ဦးသာ ပါဝင်လာခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်မှ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၂၂ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ “၂၀၂၀ က အားလုံးသိတဲ့အတိုင်း ကိုဗစ်ဖြစ်နေတဲ့အချိန်မှာ ပါတီတွေက ကိုယ်စားလှယ်လောင်းတွေကို အမြန်ရွေးချယ်ရတဲ့အနေအထားတွေ ကျနော်တို့တွေ့ရတယ်၊ နောက်ကိုဗစ်ကြောင့်ပဲ အမျိုးသမီးတွေကတော့ ဒီမိသားစုတွေနဲ့ အနီးကပ်ရှိနေတာကို အဲဒီတော့ စိတ်အေးလက်အေးနဲ့ ဝင်ပြိုင်နိုင်ဖို့အတွက် ဟန့်တားမှုတွေရှိတယ်၊ ကိုဗစ်ရဲ့ အကျိုးအဆက်ကလည်းအဟန့်အတားဖြစ်စေတယ် အမှန်ဆိုရင်တော့ ကျနော်ထင်တယ် ပိုများလာဖို့ကျနော်က ယုံတယ်လေ အခုကျတော့နည်းနည်းလျော့သွားတာပေါ့။ လျော့သွားတာကတော့ အခုနကပ်ရောဂါတစ်ခုကြောင့်လို့ပဲ မြင်တယ်” ဟု ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးလင်းကျော်က ပြောသည်။ အဆိုပါ အမျိုးသမီးကိုယ်စားလှယ်လောင်းများသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ငါးဦး၊ အမျိူးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ခြောက်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ခုနစ်ဦးတို့ဖြစ်ပြီး ၎င်းတို့အနက် နှစ်ဦးသည် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ ချင်းအမျိူးသမီးများ နိုင်ငံရေးတွင် ပါဝင်မှုအားနည်းနေမှုသည် ချင်းအမျိူးသမီးများကိုယ်တိုင် အတွေးအခေါ်ပြုပြင်ပြောင်းလဲရန်လိုအပ်သည့်အပြင် နိုင်ငံရေးပါတီကိုဦးဆောင်နေကြေသာ အမျိူးသားများကလည်း နိုင်ငံရေးတွင် အမျိူးသမီးများပါဝင်မှုများလာစေရန် ဦးစားပေးလုပ်ဆောင်သင့်သည်ဟု ကျား/မတန်းတူရေးနှင့် အမျိူးသမီးအရေးဆောင်ရွက်နေသော NiNu ၏ ဒါရိုက်တာ…

Read More

#Unicode ၂၀၂၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ ချင်းပြည်နယ်တွင် နိုင်ငံရေးပါတီ ၁၂ ပါတီနှင့် တစ်သီးပုဂ္ဂလအပါအဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၀၀ ကျော်က ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်သို့ အမည်စာရင်းတင်သွင်းထားကြပြီးဖြစ်သည်။ ချင်းပြည်နယ်သည် မြို့နယ် ကိုးမြို့နယ်ရှိပြီး မဲဆန္ဒနယ်မြေ ၃၉ နေရာရှိကာ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ သုံးသိန်းလေးသောင်းကျော်ရှိကြောင်း သိရသည်။ ထို့ကြောင့် ချင်းပြည်နယ်ရှိ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မည်သို့သော လွှတ်တော်ကိုယ်စားလှယ်မျိူးကို ရွေးချယ်သင့်သလဲဆိုသည်နှင့်ပတ်သက်၍ နယ်ပယ်အသီးသီးက ချင်းအရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ဦးဆောင်သူများ၏ သဘောထားအမြင်ကို ယခုလိုစုစည်း တင်ပြလိုက်ရသည်။ “လူပုဂ္ဂိုလ်ကိုလည်းကြည့်သင့်တယ်၊ နှစ်ခုစလုံးကိုကြည့်ပြီးတော့ရွေးသင့်တယ်” Mai Len Nei Cer (NiNu) ကျား/မ တန်းတူရေးနှင့် အမျိူးသမီးအရေးဆောင်ရွက်နေသူ “ချင်းပြည်နယ်အတွက်အကောင်းဆုံးလုပ်ဆောင်ပေးမယ့် စေတနာရှိတဲ့ လွှတ်တော်အမတ်ကို ရွေးချယ်သင့်ပါတယ်၊ ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းကတော့ပါတီကိုကြည့်ပြီးတော့ NLDပါတီကိုဘဲ မဲပေးခဲ့ကြတယ်၊ ဒါပေမယ့်သိပ်အဆင်မပြေတော့ ပြည်သူတွေအနေနဲ့ပါတီကိုလည်းကြည့်သင့်တယ်၊ တစ်ချိန်တည်းမှာဘဲ လူပုဂ္ဂိုလ်ကိုလည်းကြည့်သင့်တယ်၊ နှစ်ခုစလုံးကိုကြည့်ပြီးတော့ရွေးသင့်တယ်၊ အမျိုးသမီးမဲပေးမယ့်သူအနေနဲ့ သူတို့မဲပေးမယ့် လွှတ်တော်ကိုယ်စားလှယ်က ကျားမတန်းတူရေးအတွက် သဘောထားဘယ်လိုရှိသလဲပေါ့၊ အထူးသဖြင့် ချင်းပြည်နယ်မှာက Chin Act က ရှိနေတော့ အမျိုးသမီးတွေကို အမွေဆက်ခံခွင့်မှာ ယောကျာ်းတွေနဲ့ခွဲခြားထားတော့ ဥပဒေကိုပြင်ဖို့ ကျမတို့အဖွဲ့ကလှုံ့ဆော်နေတယ်။ အဲဒါကြောင့် အမျိုးသမီးမဲဆန္ဒရှင်အနေနဲ့ သူတို့မဲပေးမယ့် ကိုစားလှယ်လောင်းက အမွေဆက်ခံခွင့်မှာ ယောကျာ်းတွေနဲ့တန်းတူရရှိသင့်တယ် ဆိုတဲ့အချက်ကို လက်ခံလား မလက်ခံလားဆိုတာလည်း မေးကြည့်သင့်တယ်လို့တိုက်တွန်းချင်တယ်။အခုအစိုးရကတော့ လမ်းပန်းဆက်သွယ်ရေးကို အဓိကလုပ်နေတယ်၊ ဖွံ့ဖြိုးရေးလို့ဆိုလိုက်လို့ရှိရင် မျက်စိနဲ့မြင်ရတဲ့အရာတွေဖြစ်တဲ့အဆောက်အဦတွေ၊ ကားတွေ၊ လမ်းတွေ စသဖြင့်ကိုပဲ လောလောဆယ်ကတော့ ဦးစားပေးနေကြတာတွေ့ရတယ်၊…

Read More

#Unicode By လားနွန် – ကလေးခရိုင်တရားရုံးကနေ သက်ငယ်မုဒိမ်းမှုဖြင့် ထောင်ဒဏ် (၄၃) နှစ်ချမှတ်ခဲ့သော ဧဝံဂေလိတရား ဟောဆရာကို တိုင်းဒေသကြီးတရားလွှတ်တော်မှ (၁၇) နှစ်သာချခံစေရန် ပြစ်ဒဏေ် ဖြလျော့လိုက်သ ည်အတွက် ကလေးမြို့ အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများ ဆန့်ကျင်ကန့်ကွက်သွားမည်ဟုသိရသည်။ ကလေးမြို့ အနောက်မြောက်ဘက် လက်ပံချောင်းကျေးရွာတွင်နေထိုင်သည့် ဧဝံဂေလိတရားဟောဆရာ Lal biak lar (ခ) Lar Boih သည် အသက် (၁၄) နှင့် (၁၅) နှစ်အရွယ်ရှိသော အမျိူးသမီးငယ်နှစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့်အတွက် ကလေးခရိုင်တရားရုံးကနေ ထောင်ဒဏ် (၄၃) နှစ်ချခံစေရန် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁၆) ရက်နေ့က ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ယင်းပြစ်ဒဏ်ချမှတ်သည့်ကိစ္စနှင့်ပတ်သက်၍ တရားဟောဆရာ၏ ရှေ့နေက တိုင်းအဆင့်သို့ အယူခံဝင်ပြီးနောက် ပြစ်ဒဏ် (၄၃) နှစ်ကနေ (၁၇) နှစ်ပြန်လည်ဖြေလျော့ခဲ့သည့်အတွက် ကလေးမြို့အရပ်ဘက် အဖွဲ့အစည်းများအနေဖြင့် ဆန့်ကျင်ကန့်ကွက်သွားမည်ဟု ကလေးမြို့အခြေစိုက် အထက်ချင်းတွင်းလူငယ်များကွန်ယက်မှ ကိုကျော်သက်ဝင်းကပြောသည်။ “ကလေးခရိုင်တရားရုံးက အမျိုးသမီးငယ်နှစ်ယောက်ကို သက်ငယ်မုဒိမ်းမှုနဲ့ သူကို (၄၃) နှစ်ချထားတာ တိုင်းဒေသကြီးတရားလွှတ်တော်ကနေပြီးတော့ သူကအယူခံဝင်တဲ့အခါမှာ (၁၇) နှစ်ပဲချတာ အဲဒါကို ကျနော်တို့ လုံးဝလက်မခံနိုင်တော့တာ၊ အယူခံဆက်တက်တဲ့အတွက်ကြောင့် နေပြည်တော်ကနေ ကလေးနှစ်ယောက်ကိုခေါ်တယ်၊ အဲ့အတွက်ကြောင့် ကျနော်တို့က ကလေးနှစ်ယောက်ရဲ့ ကျနော်တို့ ဒီဘက်ကအရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ အမျိုးသမီးအဖွဲ့တွေကနေပြီးတော့ ထပ်ပြီးတော့ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ တိုင်းဒေသကြီးတရားလွှတ်တော်မှာ ဖြေလျော့ထားတာတွေကို လုံးဝလက်မခံဖို့ကိ စ္စရယ် ပြန်လည်သုံးသပ်ဖို့ ဒီအမှုကို ကလေးခရိုင်တရားရုံးရဲ့ ချမှတ်ထားတဲ့ (၄၃)…

Read More

#Unicode ခိုနူမ်းသုန်သတင်း၊ ၁၇ သြဂုတ်လ ၂၀၂၀။ By ရစ်ချက် – ချင်းပြည်နယ်နှင့်နယ်နမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုနှုန်း မြင့်တက်လာ သည့်အတွက် ရောဂါကူးစက်မှုထိန်းချူပ်နိုင်ရန်အတွက် ပြည်နယ်၏မြို့တော် အိုင်ဇောလ်မြို့တစ်မြို့လုံးကို သြဂုတ်လ ၁၆ ရက်နေ့ကစ၍ အပြင်မထွက်ရ (Total Lockdown) ချလိုက်ပြီဟုသိရသည်။ ယခုရက်ပိုင်းအတွင် အိုင်ဇောလ်မြို့ ကိုဗစ်-၁၉ ရောဂါကူးစက်မှု အရှိန်မြင့်တက်လာသည့်အပြင် လူထုအကြား ကူးစက်ပြန့်ပွားမှုရှိလာသည့်အတွက် အစိုးရအဖွဲ့က သြဂုတ်လ ၁၆ ရက်နေ့ကစ၍ ၂၁ ရက်နေ့အထိ ၄ ရက်ကြာ Total Lockdown ချမှတ်လိုက်သည်ဟု မီဇိုရမ်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သတင်းထုတ်ပြန်သည်။ အိုင်ဇောလ်မြို့ရှိ Zoram Medical College ဆေးရုံးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး ချက်အရ သြဂုတ်လ ၁၆ ရက်နေ့တည်းတွင် ရောဂါပိုးကူးစက်ခံထားရသူ ၆၄ ဦးရှိခဲ့ပြီး မီဇိုရမ်ပြည်နယ်တွင် တစ်ရက်တည်းအတွင်း ကူးစက်မှုအများ ဆုံး စံချိန်သစ်တင်ခဲ့သည်။ မီဇိုရမ်ပြည်နယ်တွင် ပြီးခဲ့သည့် ဇွန်လကစပြီး ပြည်ပမှပြည်တော်ပြန်လာသူများထံ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရ သူ စတင်တွေ့ရှိခဲ့ပြီးနောက် သြဂုတ်လ ၁၇ ရက်နေ့အထိ ရောဂါပိုးကူးစက်ခံထားရသူ လူဦးရေ (၇၈၉) ဦးရှိနေပြီး လူဦးရေ (၃၇၁) ဦး သက်သာပျောက်ကင်းသွားပြီဖြစ်ကာ ယခုလက်ရှိတွင် (၄၁၈) ဦးဆေးကုသမှုခံယူလျက်ရှိကြသည်။ #Unicode By ရစ္ခ်က် – ခ်င်ျးပည္နယ်နွင့္နယ္နမိတ္ခ်င်းထိစပ်နေသာ မီဇိုရမ်ျပည္နယ္တြင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက္မှုနှုန်ျးမင့္တက္လာ သည့်အတြက် ရောဂါကူးစက္မှုထိန်းခ်ူပ်နိုင်ရန်အတြက်…

Read More