By မိုးကျော် – လူကုန်ကူးခံရသည်ဟု ယူဆရသော ဘင်္ဂလားဒေရှ့်  ဒုက္ခသည် စခန်းမှ အသက်မပြည့် ကလေးငယ် ၁၂ ဦးကို မီဇိုရမ်ပြည်နယ် မြို့တော်အိုက်ဇောလ် Edenthar ရပ်ကွက်တွင် ရဲနှင့် Young Mizo Association (YMA) တို့ ပူးပေါင်းပြီး ပြီးခဲ့သည့် မေလ ၅ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။ ယခုလို လူကုန်းကူးခံရသည်ဟုယူဆရသော အသက်မပြည့် အမျိုးသမီး ၈ ဦးနှင့် အမျိုးသား ၄ တို့ကို Edenthar ရပ်ကွက်ရှိ Pi Denghliri နေအိမ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မီဇိုရမ်နေ့စဉ်ထုတ်သတင်းစာတွင် ဖော်ပြသည်။ အဆိုပါ လူကုန်ကူးခြင်းခံနေရသည်ဟုယူဆရသော လူမျိုးခြား ၁၂ ဦးတို့ တည်းခိုးရာအိမ်ပိုင်ရှင် Pi Denghliri ပြောဆိုချက်အရ အမဖြစ်သူ၏ သမီး ကလေးမြို့နယ် တာဟန်းရပ်ကွက်တွင်နေထိုင်သူက Madiki က ကျမနေအိမ်တွင် တည်းခိုခိုင်းရန်နှင့် ကားဖြင့်လာခေါ်မည်ဖြစ်ကြောင်း ပြောဆိုသည်ဟု ထွက်ဆိုခဲ့ပြီး ယခုအကြိမ်သည် ငါးကြိမ်မြောက်ရှိပြီဖြစ်ကြောင်းလည်း ထွက်ဆိုခဲ့သည်။ ယခုလို ဖမ်းဆီးခံထားရသော ၁၂ ဦးတို့မှာ တရားဝင်နေထိုင်ခွင့်အထောက်အထားတစ်ခုမှမရှိကြောင်း၊ ကုလားစကားလည်း မတတ်ကြကြောင်း သိရပြီး၊ ၎င်းတို့ကို ဘင်္ဂလားဒေရှ့် ဒုက္ခသည် စခန်းမှ အာသံပြည်နယ်သို့ ခေါ်ဆောင်လာကြပြီး၊ ထို့နောက် မီဇိုရမ်ပြည်နယ်ကို ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ဒေသထုတ် သတင်းစာတွင် ထပ်မှန်ဖော်ပြသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး မီဇိုရမ်ပြည်နယ် Young Mizo Association (YMA) ဥက္ကဌ Pu Vanlalruata က ဒီ…
Author: Editor
By လားနွန် – ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) တပ်စခန်းမှ ထွက်ပြေးလွတ်မြောက်လာသည့် ပလက်ဝမြို့နယ်၊ ကင်းသလင်းကျေးရွာသား ဦးကျော်သိန်း (ခ) အောင်ယဒ်သည် စိတ်ဖောက်ပြန်ပြီး သမီးဖြစ်သူကို ဓားနှင့်ခုတ်သည့်ဖြစ်ရပ် မေလ (၅) ရက်နေ့က ဖြစ်ပွားခဲ့သည်ဟုသိရသည်။ ဦးကျော်သိန်း (ခ) အောင်ယဒ်အပါအ၀င် ကင်းသလင်းရွာသား ၅၄ ဦးတို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့က (AA) လက်နက်ကိုင်တပ်ဖွဲ့၏ ဘင်္ဂလားဒေရှ့်နယ်စပ်ဘက်ရှိ ၎င်းတို့ အခြေချရာစခန်းသို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး မကြာသေးခင်ရက်ပိုင်းက ထွက်ပြေးလွတ်မြောက်လာကာ မီးဇာကျေးရွာ စစ်ဘေးရှောင်စခန်းတွင် နေထိုင်ခဲ့သည်။ (AA) စခန်းမှ ထွက်ပြေးလွတ်မြောက်လာပြီးနောက် ဦးကျော်သိန်း (ခ) အောင်ယဒ်သည် စိတ်ပုံမမှန်ဘဲ သမီးဖြစ်သူ မသီတာမေ၏ ဦးခေါင်းနှင့်လက်ကို ဓါးဖြင့်ခုတ်ခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်၊ စစ်တွေစစ်ရုံးသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူနေကြောင်း ပလက်ဝမြို့ လူမှုကူညီရေး ပရဟိတအဖွဲ့ထံမှသိရသည်။ “မနေ့က စစ်တွေကိုပို့လိုက်တယ် အဲဒါကျွန်တော်တို့က တတ်နိုင်သလောက်အကူအညီတွေ ငွေကြေး နှစ်သိန်းခွဲလောက်ထောက်ပံ့လိုက်တယ် အခုလောလောဆယ်တော့ သတိလစ်သလိုပြောရမှာပေါ့နော် သူစကားပြောလို့တော့မရဘူးဒါပေမဲ့ ပြောတဲ့စကားတော့ သူသဘောပေါက်တဲ့ သဘောတော့ရှိတယ်” ဟု ပလက်ဝမြို့လူမှုကူညီရေး ပရဟိတအဖွဲ့ ဦးဝေတန်းကပြောသည်။ ဦးကျော်သိန်း (ခ) အောင်ယဒ်ကို ပလက်ဝမြို့နယ် တရွန်အိုင်ရဲကင်းစခန်းတွင် ထိန်းသိမ်းထားသည်ဟု သိရပြီး မသီတာမေ၏ အခြေအနေမှာ စိုးရိမ်စရာမရှိကြောင်း သူမကို ဆေးရုံတွင်စောင့်ပေးနေသည့် ဦးအောင်လင်းဟွေ့ ကပြောသည်။ “သူက သတိတော့ရပြီ စစ်တွေမြို့ပြည်သူ့ဆေးရုံမှာအခုဆေးကုသနေပြီ ဦးနှောက်အမှီးပါးကိုတော့ ထိသွားတယ်ပေါ့နော် ဆရာဝန်တွေရဲ့ပြောကြားချက်အရပေါ့နော် ခေါင်းက နည်းနည်းပေါ့နော် ဆန့်ကွဲသွားပြီးမှ အမှီးပါးတော့ ပွင့်တာပေါ့နည်းနည်း လက်ကောက်ဝတ်နေရာတစ်ချက် ဘယ်လက်သန်းကတော့…
By လားနွန် – ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်ပီးမြို့တွင် Mission Aviation Fellowship (MAF) အဖွဲ့မှ အသေးစား လေယာဉ်ကွင်းတည်ဆောက်ရန် ဆောင်ရွက်နေကြောင်း ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။ “ဟုတ်တယ် အဲဒီမှာလေယာဉ်ကွင်းတည်ဆောက်မှာပါ သူတို့ ကွင်းဆင်းလေ့လာပြီးတော့ တော်တော်များများ တည်ဆောက်မှုတောင်ပြီးနေပြီ (၄) ရက်နေ့က အဲဒီမှာသွားပြီးတော့ လေယာဉ်ကွင်းတည်ဆောက်ဖို့ ၀န်ကြီးချုပ်နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ သွားပြီးတော့ ပန္နက်ချတယ်၊ အဲဒီဟာက MAF – Mission Aviation Fellowship အင်္ဂလန်အခြေပြုတဲ့ အဲဒီအုပ်စုက ဆင်းရဲတဲ့တိုင်းပြည်မှာ လေယာဉ်ကွင်းအသေးစားလေးတွေနှင့် ပို့ဆောင်ဆက်သွယ်ရေးလုပ်တဲ့အဖွဲ့တွေက တည်ဆောက်ပေးမှာပါ” ဟု စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။ မတူပီမြို့နယ်၊ လိုင်လင်ပီးမြို့တွင် စည်ပင်ဧရိယာအတွင်းတည်ဆောက်မည့် လေယာဉ်ကွင်းအသေးစားအတွက် Mission Aviation Fellowship (MAF) အဖွဲ့မှ အမေရိကန်ဒေါ်လာ (၂) သန်း အကုန်အကျခံပြီး တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း ၀န်ကြီးကပြောသည်။ Mission Aviation Fellowship (MAF) မှ တည်ဆောက်ပေးမည့် လေယာဉ်ကွင်းသည် ပေပေါင်း သုံးထောင်ကျော် ရှည်လျားမည်ဖြစ်ကာ အကျယ်မှာ ပေ (၁၅၀) ရှိမည်ဖြစ်ပြီး လူ (၁၅) ဦးလောက်သာ လိုက်ပါစီးနှင်းနိုင်သည့် လေယာဉ်ငယ်များသာ အတက်အဆင်းလုပ်နိုင်သည့် လေယာဉ်ကွင်းအသေးစားဖြစ်ကြောင်းသိရသည်။ လေယာဉ်ကွင်းတည်ဆောက်ရန် နိုင်ငံတော်မှ ခက်ခဲနေသည့်အချိန် ပြည်ပအကူအညီဖြင့် တည်ဆောက်ခြင်းသည်လည်း ချင်းပြည်နယ်၏ အလွန်အရေးကြီးသည့် လိုအပ်ချက်ဖြစ်ကြောင်း ၀န်ကြီးကဆက်ပြောသည်။ “လေယာဉ်ကွင်းက အခု နိုင်ငံတော်ကတောင်ဆောက်ပေးဖို့ ခက်ခဲတဲ့အချိန်မှာ အဲလို ပြည်ပအကူအညီနဲ့ ဆောက်တယ်ဆိုတော့ ဒီလိုမထင်မှတ်ပဲနဲ့ ဒီချင်းပြည်နယ်၊…
By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း မတူပီခရိုင်ရုံးကို ဖနိုင်-ငလိုင်ဘက်တွင်တည်ဆောက်ရန် ချင်းပြည်နယ်အစိုးရက ရွေးချယ်လိုက်ပြီဟုသိရပြီး ထိုကဲ့သိုရွေးချယ်လိုက်ခြင်း မတူပီလူထုဆန္ဒကို မလေးစားခြင်းမဟုတ်ဘူးဟု ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။ “ခရိုင်ရုံးဆောက်ဖို့နေရာကို ကျွန်တော်တို့ ဖနိုင်-ငလိုင်ကိုရွေးပြီးပါပြီ အဲဒီမှာပဲ အစိုးရက ဆက်လုပ်သွားမှာပါ လူထုဆန္ဒကိုလေးစားတယ် လူထုဆန္ဒကိုလည်းလိုက်နာခဲ့တယ် နားထောင်ပြီးပြီ အဲဒီလူတိုင်းရဲ့ ဆန္ဒအတိုင်းလုပ်မယ်ဆိုရင်တော့ ဒီဘက်ဂျက်ကပြန်အမ်းရမှာအမှန်ပဲ ဒါပေမဲ့အခုကတော့ ဒီအဆောက်အဦးဆောက်တယ် ခရိုင်ကိုပေးတယ်ဆိုတာ အုပ်ချုပ်ရေးစနစ် ဒီဒေသဖွံ့ဖြိုးရေးအတွက်ကို စီစဉ်ပေးတဲ့ဟာပဲ အဲဒါကို အစိုးရရဲ့စီမံခန့်ခွဲတဲ့ဟာကို တအားကို ဒီလိုကန့်ကွက်နေမယ်ဆိုရင် နစ်နာဆုံးရှုံးမှာသူတို့ပဲ နစ်နာဆုံးမှာ ဆိုတော့ကျွန်တော်တို့က ဖနိုင်-ငလိုင်ရွေးပေးပြီ အဲဒီမှာ ခရိုင်ရုံးဆောက်ဖို့ရန်နဲ့ အိမ်ယာဆောက်မှာပါ” ဟုစည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။ မတူပီခရိုင်ရုံးတည်ဆောက်ရန်အတွက် မြေနေရာအငြင်းပွားမှုသည် ၇ လကျော်သွားပြီဖြစ်ပြီး ၅ လသာကျန်ရှိတော့သည့်အတွက် အမြန်ဆုံး တင်ဒါခေါ်ယူပြီး တည်ဆောက်တော့မည်ဟု ၀န်ကြီးကပြောသည်။ “ခရိုင်ရုံးဆောက်ဖို့ရန်နဲ့ အိမ်ယာဆောက်ဖို့ရန်အတွက် ၁.၇ ဘီလီယံကျော်နှင့် အခုတင်ဒါခေါ်ပြီးပြီး အခုတင်ဒါက ဒီမေလ ၁၀ ရက်နေ့မှာ တင်ဒါပိတ်မယ် ၂၀ ရက်နေ့ကျရင် တင်ဒါဖွင့်မယ် အဲဒီအတိုင်းပဲဆက်လုပ်မှာ နောက်တစ်ချက်က အခုကအဲဒီမြေနေရာအငြင်းခုံဖြစ်တာနဲ့ပဲ အခု ၇ လကျော်သွားပြီ ဒီဘက်မှာ ၅ လပဲကျန်တော့တယ် ၅ လတောင်မှ အခုလဆန်းဖြစ်တယ် တင်ဒါပတ်မှာက ၁၀ ရက်နေ့ ဖွင့်မှာက ၂၀ ရက်ဆို အဲဒီမှာတင်ပဲ ဟိုဘက်မှာ ၁၀ ရက်ပဲကျန်တော့တယ်ဆိုတော့ ၄ လနဲ့ ၁၀ ရက်ပဲ ဆောက်လုပ်မယ့်အချိန်ကျန်တာ ကုမ္ပဏီတွေကလည်း ဒီကာလမှာ သူ့ရဲ့တင်ဒါလုပ်ထုံးလုပ်နည်းနဲ့ လုပ်ရမယ် စာချုပ်ချုပ်ရမယ်…
By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့တွင်အခြေစိုက်လျှက်ရှိသော ချင်းပြည်နယ်စစ်ဗျူဟာ (၂) လက်အောက်ခံ ခလရ (၁၄၀) မှ စစ်သား (၆) ယောက်က လျှပ်စစ်မီးဖြတ်တောက်သည်ဟုဆိုကာ လျှပ်စစ်ဝန်ထမ်းတစ်ဦးကို ၀ိုင်းရိုက်နှက်သည့်ဖြစ်ရပ် ပြီးခဲ့သည့် ဧပြီလ (၂၀) ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု ချင်းလူအခွင့်အရေးအဖွဲ့ (CHRO) ထံမှ သတင်းရရှိသည်။ မတူပီမြို့ ဘုံတလာရေအားလျှပ်စစ်စက်ရုံတွင် အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်သော Salai Boi Ha အသက် (၃၀) သည် ပြီးခဲ့သည့်ဧပြီလ၂၀ ရက် စနေနေ့ညတွင် ရေအားနည်းခြင်းကြောင့် ခလရ (၁၄၀) တပ်ရင်းဖက်ပေးနေသော လျှပ်စစ်မီးအား ခဏပိတ်ခဲ့မှုကို မကျေမနပ်ဖြစ်ကာ စစ်သား (၆) ဦးတို့သည် အသင့်ယူဆောင်လာခဲ့ကြသော ကျွန်းသား (ကျွန်းသစ်ပျဉ်) ထင်းချောင်းကို ကိုယ်စီကိုင်လာကြပြီး လျှပ်စစ်ဝန်ထမ်းတန်းလျားသို့ အရပ်ဝတ်ဖြင့်လာကြကာ “ဘာကြောင့်မီးပိတ်ရသလဲ” ဟုဆိုကာ ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြခြင်းဖြစ်သည်ဟု CHRO ကပြောသည်။ ထိုကဲ့သို့ ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြသည့်အတွက် ဆလိုင်းဘွေဟားသည် ဦးခေါင်းတစ်နေရာကွဲပြဲပြီး ဘယ်ဖက်လက်ညိုးတစ်ချောင်း ကြိုးသွားသည်ဟု သိရသည်။ ဆလိုင်းဘွေဟားကို ရိုက်နှက်သူများသည် ခလရ (၁၄၀) မှ တပ်းရင်းမှူး ဗိုလ်မှူးကျော်ကျော် လက်အောက်ခံစစ်သားများဖြစ်ကြပြီး ၎င်းတိုကို ယခု စစ်ဗျူဟာတပ် အချူပ်ထဲတွင် အကုန်လုံးချုပ်နှောင်ထားပြီဖြစ်ကြောင်းကို တပ်ရင်းမှူးရဲ့ပြောကြားချက်အရ သိရှိရကြောင်း ဆလိုင်းဘွေဟားက ပြောဆိုပါသည်။ ဆလိုင်းဘွေဟားက “မတူပီမြို့ ဘုံတလာရေအားလျှပ်စစ်စက်ရုံးမှာ မိုးတွင်းနှင့် ဆောင်းရာသီမှာတော့ ရေများသဖြင့် ဖနိုင်ကျေးရွာ၊ မတူပီမြို့ စံဘောင်ရပ်ကွက်၊ ခလရ (၁၄၀) တပ်ရင်း၊ စစ်ဗျူဟာတပ်ရင်းနှင့် ခမရ (၃၀၄)…
By မိုးကျော် – မီဇိုရမ်ပြည်နယ်သို့ အထောက်အထားတခုမှမပါပဲ ဘင်္ဂလားဒေရှ့်နိုင်ငံမှခိုးဝင်လာပြီး Vairengte ရဲစစ်ဆေးရေးဂိတ်တွင် အဖမ်းခံရသည့် ရိုဟင်ဂျာအမျိုးသမီး (၈) ဦးတို့အမှုကို တရားဥပဒေအရစစ်ဆေးပြီးမှ အာသံပြည်နယ် Foreigner Detention Center တွင် ပို့သွားမည်ဖြစ်ကြောင်းသိရသည်။ ၎င်းတို့ (၈) ဦးကို မီဇိုရမ်ပြည်နယ် Vairengte ရဲစစ်ဆေးရေးဂိတ်တွင် ဧပြီလ ၂၅ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အဆိုပါအမျိုးသမီး (၈) ဦးတို့သည် ဘင်္ဂလားဒေရှ့်နိုင်ငံ Sabulara ဒေသ Kutupalong ဒုက္ခသည်စခန်းတွင်နေထိုင်သည့် ရိုဟင်ဂျာ မူစလင် အမျိုးသမီး များဖြစ်ပြီး မီဇိုရမ်ပြည်နယ်နှင့် သာသံပြည်နယ် နယ်စပ်မြို့ Vairengte ရဲစစ်ဆေးဂိတ်တွင် Inner Line Permit (ILP) မရှိသောကြောင့် ဖမ်းဆီးခဲ့ပြီး စစ်ဆေးခဲ့ရာ ရိုဟင်ဂျာများဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံမှတဆင့် မလေးရှားနိုင်ငံသို့ သွားရောက်မည့်သူများဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု Mizoram Inspector General Law & Order ကိုင်တွယ်သူ Pu L.H Shanlian က ပြောဆိုခဲ့ကြောင်း ဒေသထုတ်နေ့စဉ်သတင်း Zonet တွင် ဖော်ပြသည်။ ယခုဖမ်းဆီးထားသော ရိုဟင်ဂျာအမျိုးသမီး ၈ ဦးကို တရားဥပဒေအရ အမှုစစ်ဆေးသွားမည်ဖြစ်ကြောင်း လိုအပ်သည့် စစ်ဆေး ချက်များ ပြုလုပ်ပြီး အာသန်ပြည်နယ်ရှိ Foreigner Detention Center သို့ ပို့ဆောင်သွားမည်ဖြစ်ပြီး လောလောဆယ် Vairengte ရဲစခန်းဌာနတွင် ထားရှိကြောင်း သိရသည်။
By လားနွန် – ချင်းပြည်နယ်တွင် မြို့နယ်အလိုက် ပြည်နယ်အစိုးရ ဘတ်ဂျက်ခွဲဝေချပေးရာတွင် အလွန်အမင်းကွာဟမှုမရှိဘဲ မျှမျှတတ ဆောင်ရွက်ရန်လိုအပ်သည်ဟု ချင်းတက္ကသိုလ်ကျောင်းသားများ (Chin University Student Fellowship) က ပြောဆိုလိုက်သည်။ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့တွင် ဧပြီလ (၂၄) မှ (၃၀) ရက်နေ့အထိ ကျင်းပပြုလုပ်သော (၂၁) ကြိမ်မြောက် ချင်းတက္ကသိုလ်ကျောင်းသားပွဲတော်မှ အချက် (၅) ချက်ပါသော သဘောထားကြေညာချက်ကို ထုတ်ပြန်လိုက်ကာ ချင်းပြည်နယ်အစိုးရ၏ မြို့နယ်အလိုက်ဘတ်ဂျက်ခွဲဝေမှုနှင့်ပတ်သက်၍ ထိုကဲ့သို့ထောက်ပြ ပြောဆိုလိုက်ကြခြင်းဖြစ်သည်။ ချင်းတက္ကသိုလ်ကျောင်းသား(CUSF) မှပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထောင်းထောင်းက “၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်ရဲ့ ဘက်ဂျက်ကို ကျွန်တော်တို့ ကြည့်လိုက်မယ်ဆိုရင် တော်တော်လေးကွားခြားမှုကို ကျွန်တော်တို့တွေ့ရတယ် ဒီမြို့နယ် သုံးခုရဲ့ ဘတ်ဂျက် စုစုပေါင်းက မြို့နယ်တစ်မြို့နယ်ရဲ့ ဘတ်ဂျက်ထက် နည်းနေတာကိုကျွန်တော်တို့တွေ့ရတယ် ပြည်နယ်တစ်ခုမှာ မြို့နယ်တိုင်းတန်းတူဖွံ့ဖြိုးတိုးတက်မှုလိုချင်ရင် ဒါမျိုးလုံးဝမလုပ်သင့်ဘူးလို့ ကျွန်တော်တို့မြင်တယ် ကွာတော့ ကွာရမှာပဲ ဒါပေမဲ့ အဲလောက်ကြီးတော့ မကွာသင့်ဘူးလို့ ကျွန်တော်တို့မြင်တဲ့အတွက်ကြောင့် ဒီချင်းပြည်နယ်အစိုးရအနေနဲ့ လွှတ်တော်နဲ့ ပူးပေါင်းပြီးမှ ဒါမျိုးကို နောက်တစ်ချိန် ဒီကိစ္စမှာဆိုရင်တော့ စဉ်းစားသုံးသပ်ပြီးမှ ချင်းပြည်နယ်ရဲ့ စည်းရုံးရေး တန်းတူရေးအတွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီဟာတွေကို အကောင်းဆုံးလုပ်လာဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်” ဟုပြောသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ချင်းပြည်နယ်ဘတ်ဂျက်မှ မြို့နယ်အလိုက်ချပေးသော ငွေလုံးငွေရင်းအသုံး စရိတ်များမှာ ဟားခါးမြို့နယ် အတွက် ကျပ်ငွေသန်း ၂၂၈၉၃၊ မတူပီမြို့နယ်အတွက် သန်း ၁၇၃၃၀၊ ဖလမ်းမြို့ နယ်အတွက် သန်း ၁၃၉၇၀၊ မင်းတပ်မြို့နယ်အတွက် သန်း၁၃၁၀၈၊ ထန်တလန်မြို့နယ်အတွက်…
By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် အောက်သဲမ၀အုပ်စု၊ ကျောက်ဖျာရွာနှင့် ဆင်အိုးဝကျေးရွာအနီးတွင် မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်(AA) တပ်ဖွဲ့တို့ ယနေ့နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားမှုကြောင့် ရွာသား ၃၀၀ ကျော်တို့သည် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သတင်းရရှိသည်။ အဆိုပါတိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်ဖျာကျေးရွာမှ အိမ်ခြေ ၄၆၊ လူဦးရေ ၂၄၀ နှင့် ဆင်အိုးဝကျေးရွာမှ အိမ်ခြေ ၃၄ လူဦးရေ ၁၄၀ စုစုပေါင်း လူဦးရေ ၃၈၃ တို့သည် အောက်သဲမ၀ကျေးရွာသို့ ယနေ့ ဧပြီလ ၃၀ ရက်နေ့ ညနေပိုင်းတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု ပလက်ဝမြို့နယ် လူမှုကူညီရေးပရဟိတအဖွဲ့ထံမှ သိရသည်။ ယခုကိစ္စနှင့်ပတ်သက်၍ အောက်သဲမ၀ကျေးရွာဥက္ကဌက “ညနေပိုင်း ၄ နာရီလောက်က ရောက်လာကြတယ် ဒါပေမယ့် သူတို့ရွာကို ပစ္စည်းတွေသိမ်းဖို့ပြန်သွားကြတယ်၊ တိုက်ပွဲဆက်ဖြစ်ပြီး စိုးရိမ်ရရင်တော့ သူတို့ပြန်လာကြမယ်ပြောတယ်” ဟု ပြောသည်။ ကျောက်ဖျာရွာနှင့် ဆင်အိုးဝကျေးရွာသည် ကုလားတန်မြစ်တဖက်ကမ်းတွင်တည်ပြီး အောက်သဲမ၀ကျေးရွာနှင့် စက်လှေဖြင့် ၅ မိနစ်ခန့်သွားရသည်ဟု သိရသည်။ ပလက်ဝမြို့ပေါ်နှင့် ဆိုင်ကယ်ဖြင့် တစ်နာကျော်ကျော်သွားရသည်ဟု သိရသည်။
By မိုးကျော် – မီဇိုရမ်ပြည်နယ်တောင်ပိုင်း “လိုင်” ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရခရိုင်ကောင်စီ (Lai Autonomous District Council (LADC) နယ်မြေအတွင်း မေလ (၈) ရက်နေ့တွင်ကျင်းပမည့် ကျေးရွာကောင်စီရွေးကောက်ပွဲတွင် ရခိုင်စစ်ဘေးရှောင်ပြည်သူများ ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် ကြိုးပမ်းနေသည်ဟု ဆိုကာ လိုင်ကျောင်းသားအသင်း (Lai Students’ Association) မှ အပြင်း အထန်ကန့်ကွက်သည်ဟု ယမန်နေ့က ကြေညာချက်ထုတ်ပြန်လိုက်သည်။ မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင် (AA) တပ်ဖွဲ့အကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် ရခိုင်စစ်ဘေးရှောင်ပြည်သူများသည် ကျေးရွာကောင်စီရွေးကောက်ပွဲတွင် မဲထည့်ခွင့် နှင့် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ရန်ကြိုးစားမှုများရှိနေပြီး ယင်းကိစ္စကို လိုင်ကျောင်းသားများအနေဖြင့် လုံးဝ လက်မခံကြောင်း ၎င်းတို့ကြေညာချက်တွင်ဖော်ပြထားသည်။ လိုင်ကျောင်းသားအသင်းဥက္ကဌ H Vanlaltanpuia က “ ဒီစစ်ဘေးရှောင်ပြည်သူတွေက မီဇိုရမ်ပြည်နယ်မှာ ၂ နှစ်/ ၃ နှစ်ပြင် မနေထိုင်ကြသေးပါဘူး၊ မကြာခင်ကျင်းပတော့မယ့် LADC ကောင်စီရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအနေနဲ့ ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့သူတွေရှိတယ်၊ မြန်မာဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေက ဒီနိုင်ငံသားတွေလို အခွင့်အရေးရဖို့ ကြိုးစားလာတာ ကျနော်တို့မလိုလားဘူး နောက်ဆုံးအချိန်ထိ ကျနော်တို့ ကန့်ကွက်သွားမယ်’’ ဟု မီဇိုရမ်အခြေစိုက် Vanglaini သတင်းစာတွင်ပြောကြားသည်။ လောင်တလိုင်မြို့နယ်အတွင်း ထွက်ပြေးလာကြသော စစ်ဘေးဒုက္ခသည်များကို Lai Students’ Association အနေဖြင့် ဂရုဏထားရှိကြောင်းနှင့် ကြိမ်ဖန်များစွာ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သို့သော် ပြည်နယ် အုပ်ချုပ်မှုစနစ်တွင် ရောယှက်ပါဝင်လိုခြင်းကို လုံးဝကန့်ကွက်ကြောင်း၊ ယခုလို ဆက်လက်လုပ်ဆောင်ပါက ဒီပြည်နယ်အတွင်း ဆက်လက်နေထိုင်ရန်…
By လားနွန် – ချင်းပြည်နယ်၏ ပထမဦးဆုံးသော အားကစားနှင့်ကာယပညာ (သိပံ္ပ) ကျောင်းကို ဟားခါးမြို့တွင် ယခုဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ပြီး ချင်းပြည်နယ်သို့ ရောက်ရှိနေသော နိုင်ငံတော်ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူမှ ဧပြီလ ၂၉ ရက်နေ့က အုတ်မြစ်ချအမွှေးနံ့သာရေပက်ဖြန်းပေးခဲ့သည်ဟု သိရသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနအနေဖြင့် ထူးချွန်ထက်မြတ်သော လူငယ်များ မွေးထုတ်နိုင်ရန်နှင့် ၎င်းတို့၏ ပင်ကိုယ်စွမ်းရည်များမြှင့်တင်ပေးနိုင်ရေးအတွက် ယခုကဲ့သို့ တည်ဆောက်ရခြင်းဖြစ်သည်ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့်ထန်ကပြောသည်။ “ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ လူတိုင်းကစားနိုင်အောင် အားကစားကိုမြှင့်တင်ပေးတဲ့ မူဝါဒရှိတယ် လူတိုင်းလူတိုင်းကစားဖို့ ကျန်းမာရေးအတွက်ကစားဖို့ နံပတ်တစ်ပေါ့ ပြီးတော့ အား/ကာ သိပ္ပံဆိုတာကတော့ ပင်ကိုယ်စွမ်းရည်ရှိတဲ့ ကလေးတွေကိုမွေးထုတ်နိုင်ဖို့ သိပ္ပံဆိုတော့လည်း ကစားဖို့တစ်ခုတည်းလည်းမဟုတ် နည်းပညာတွေရှိမယ်ပြီးတော့ လူငယ်တွေဆိုတော့ ခုနှစ်တန်းအောင်တဲ့ ကလေးတစ်ယောက်က သူ့သတ်မှတ်ချက်အရပ်မောင်းရှိမယ် စိတ်ဝင်စားမှုရှိရင် တက်လာမယ် ဘွဲ့ရတာနဲ့ ဒီအားကစားသင်တန်းပြီးတာနှင့် နောက်ပိုင်းမှာ ကာယဆရာတို့ဘာတို့မှာ ဦးစားပေးရွေးချယ်ဖို့ရှိတယ် ဒီလူငယ်တွေ အား/ကာ သိပ္ပံကျောင်းမှာရောက်ခြင်းအားဖြင့် ဒီအသက်မွေးဝမ်းကျောင်းမှာလည်းအကျိုးရှိသလို ဒီအားကစားပညာကိုလည်း အရင်ထက်စာရင် ပိုပြီးတော့ လူထုထဲ ရောက်အောင်ပို့နိုင်မှာပေါ့နော် ပြီးတော့ သိပ္ပံကနေထွက်တဲ့ကလေးတွေဆိုရင် စနစ်တကျမွေးထုတ်ထားတဲ့ ကလေးတွေဖြစ်တဲ့အတွက်ကြောင့် အာဆီယံအဆင့်မှာ ရွှေတံဆိပ်တွေရနိုင်အောင် ထူးချွန်တဲ့ကလေးတွေပေါ်နိုင်အောင် အား/ကာ သိပ္ပံကနေသွားအားကိုးနိုင်မည်လို့ ယုံကြည်ပါတယ်” ဟု ၀န်ကြီး ဦးပေါင်လွန်မင့်ထန်ကပြောသည်။ အားကစားနှင့်ကာယပညာ (သိပံ္ပ) ကျောင်းတွင် သင်တန်းသား၊ သင်တန်းသူအဆောင်အပါအ၀င် အဆောက်အဦး ၄ ခုတည်ဆောက်မည်ဖြစ်ပြီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ကျပ်ငွေသန်း ၂၀၀ ဘတ်ဂျက်ချထားပေးသည်ဟု သိရသည်။ ၂၀၁၉ – ၂၀၂၀…
