Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများအားလုံး ရွေးကောက်ပွဲအသုံးစရိတ် တင်ပြပြီးစီး

ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများအားလုံး ရွေးကောက်ပွဲအသုံးစရိတ် တင်ပြပြီးစီး

0
By Editor on December 16, 2020 Khonumthung

#Unicode

By လားနွန် – ချင်းပြည်နယ်တွင် ၂၀၂၀ ခုနှစ်ထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် လွှတ်တော်ကိုယ်စား လှယ် လောင်းများအားလုံး ရွေးကောက်ပွဲကာလအသုံးစရိတ်များ တင်ပြပြီးစီးပြီဖြစ်ကြောင်း သိရသည်။

လမ်းပန်းဆက်သွယ်ရေးအခြေအနေကြောင့် မတူပီခရိုင်၊ ပလက်ဝမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်တစ်ချိူ့ သည့် အသုံးစရိတ်တင်သွင်းရန်အခက်အခဲဖြစ်နေခဲ့သော်လည်း Viber မှတဆင့် ပေးပို့လာသည့်အတွက် ယခု အခါ ရွေးကောက်ပွဲအသုံးစရိတ်တင်သွင်းရန် ကျန်ရှိနေသေးသည့် ကိုယ်စားလှယ်လောင်းမရှိတော့ကြောင်း မတူပီခရိုင် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးမင်းအောင်ရှိန်ကပြောသည်။

“အားလုံးတင်ပြပြီးသွားပါပြီ ပျက်ကွက်သူမရှိပါဘူး ပလက်ဝဘက်ကတော့ Viber ကနေပို့လာတယ် စာတော့ မရောက်သေးဘူး Viber ကနေ ကျနော်ကနေပြီးတော့ လက်ခံပြီးတော့ စာရင်းစစ်လိုက်တာပေါ့ သူ့မူရင်း ကတော့မရောက်သေးဘူး Viber ကနေဓာတ်ပုံရိုက်ပြီးတော့ ပို့လာပေးတယ် ဒါကိုကျနော်တို့ Print ထုတ်လိုက်ြ ပီးတော့ စာရင်းစစ်လိုက်တာပေ့ါ အဲလိုလက်ခံပေးလိုက်တယ် အဆင်ပြေသွားတယ်’’ ဟု ဦးမင်းအောင်ရှိန်က ပြောသည်။

နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့ကြသော ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်မှာ တစ်သီးပုဂ္ဂလ အပါအဝင်နိုင်ငံရေးပါတီ ၁၁ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၇၁ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲကာလအတွင်း သိန်း (၁၀၀) အထိ အသုံးပြုခွင့်ပေးထားပြီး ထိုအသုံးစရိတ်များကို ရွေးကောက်ခံကိုယ်စားလှယ်ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း (၃၀) အတွင်း သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်များထံ တင်သွင်းရမည်ဖြစ်သည်။

ရွေးကောက်ပွဲကုန်ကျစရိတ်များကို တင်သွင်းခြင်းမရှိပါက သက်ဆိုင်ရာရွေးကောက်ပွဲနည်း ဥပဒေ (၈၄) အရ အရည်အချင်းပျက်ယွင်းသူအဖြစ်ကြေညာရမည်ဖြစ်သည်။

#Zawgyi


လမ်းပန်းဆက်သွယ်ရေးအခြေအနေကြောင့် မတူပီခရိုင်၊ ပလက်ဝမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်တစ်ချို့ သည့် အသုံးစရိတ်တင်သွင်းရန်အခက်အခဲဖြစ်နေခဲ့သော်လည်း Viber မှတဆင့် ပေးပို့လာသည့်အတွက် ယခု အခါ ရွေးကောက်ပွဲအသုံးစရိတ်တင်သွင်းရန် ကျန်ရှိနေသေးသည့် ကိုယ်စားလှယ်လောင်းမရှိတော့ကြောင်း မတူပီခရိုင် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးမင်းအောင်ရှိန်ကပြောသည်။

“အားလုံးတင်ပြပြီးသွားပါပြီ ပျက်ကွက်သူမရှိပါဘူး ပလက်ဝဘက်ကတော့ Viber ကနေပို့လာတယ် စာတော့ မရောက်သေးဘူး Viber ကနေ ကျနော်ကနေပြီးတော့ လက်ခံပြီးတော့ စာရင်းစစ်လိုက်တာပေါ့ သူ့မူရင်း ကတော့မရောက်သေးဘူး Viber ကနေဓာတ်ပုံရိုက်ပြီးတော့ ပို့လာပေးတယ် ဒါကိုကျနော်တို့ Print ထုတ်လိုက်ြ ပီးတော့ စာရင်းစစ်လိုက်တာပေါ့ အဲလိုလက်ခံပေးလိုက်တယ် အဆင်ပြေသွားတယ်’’ ဟု ဦးမင်းအောင်ရှိန်က ပြောသည်။ 




Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

အိန္ဒိယ- မြန်မာနယ်စပ်က မရာလူငယ်အဖွဲ့၏စစ်ဆေးရေးဂိတ်ကို မီးရှို့သည့် ရခိုင်ကုန်သည်တချို့ကို အရေးယူပေးရန် ULA/AA ထံ IFM တောင်းဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.