Author: Editor

(002MG) စစ်ကိုင်းတိုင်း၊ တမူးခရိုင်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ခမ်းပတ်မြို့တွင် ၂နှစ်နီးပါး ပိတ်ထားခဲ့သည့် (Ooredoo) အူရီဒူးဖုန်းလိုင်းများကို ဇူလိုင်လအတွင်း စစ်ကောင်စီက အချိန်ပိုင်းဖြင့် ပြန်လည်ဖွင့်ပေးကြောင်း သိရသည်။ ခမ်းပတ်မြို့ကအမျိုးသားတဦးက “အူရီဒူးကပဲပြန်ဖွင့်တယ်။အဲ့တာပဲဖုန်းပြောသုံးနေကြတာ။ ခမ်းပတ်အပြင် ကာနန်၊ တခြားနေရာတွေလဲ ဖုန်းခေါ်လို့ရပြီ။ အင်တာနက် ဒီဖက်မှာ စတားလင့်ပဲသုံးတာ။ မြို့တွင်းကတော့ ကောင်းပါတယ် ပုံမှန်အတိုင်းပဲ လည်ပတ်နေပါတယ်” ဟု ပြောသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ကလေး-တမူး ကားလမ်းပေါ်တွင်တည်ရှိသော ခမ်းပတ်မြို့က စစ်ကောင်စီတပ်စခန်းများကို ပြည်သူ့ ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီသည် ဖုန်းနှင့် အင်တာနက်လိုင်းများကို ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။ ခမ်းပတ်မြို့ပေါ်တွင် ဆက်သွယ်ရေးဖုန်းလိုင်းများ ပြတ်တောက်ခဲ့သည့် တနှစ်ကျော်အချိန်တွင် မြို့ခံပြည်သူများသည် အိန္ဒိယ Sim Card နှင့် Starlink (စတားလင့် (လ်) အင်တာနက်များကိုသာ အဓိကအားထားနေကြရပြီး အခက်အခဲများစွာ ကြုံတွေ့ခဲ့ရကြောင်း ခမ်းပတ်ဒေသခံ အမျိုးသမီးတဦးက ပြောသည်။”ဖုန်းလိုင်းကပြန်တော့ရပြီ ဖုန်းလိုင်းရတာ အိမ်မက်နေသလားလို့ ထင်နေတာလေ ။ ဒါပေမယ့် ဒီလိုမျိုးဆက်တိုက်ရ တာမျိုးမဟုတ်ဘူး ညနေပိုင်းပိတ်ရင် မနက်ပိုင်းရတယ်၊ တခါတလေ ရလိုက်မရလိုက်ပါပဲ အချိန်ပိုင်းပုံစံလိုမျိုးပဲ။ ဘာဖုန်းလိုင်းမှ မရတုန်းကဆို တော်တော်ခက်ခဲတယ်။ လိုင်းသုံးချင်ရင် ၁ နာရီ လောက်ဝေးတဲ့နေရာကိုသွားပြီး စတားလင့်သွား သုံးရတယ်၊အခုက ဒေတာမရရင်တောင်မှ ဖုန်းပြောလို့ရတော့ မရတာထက်စာရင်တော့ ကောင်းတယ်ပြောရမှာ” ဟု ၎င်းကပြောသည်။ လက်ရှိတွင် (Ooredoo) အူရီဒူးဖုန်းလိုင်းတစ်ခုသာ အသုံးပြုနိုင်ပြီး မိုဘိုင်းဒေတာ၊ Wifi အင်တာနက်နှင့် MPT၊ Atom…

Read More

တော်လှန်ရေးအတွင်း ကိုင်ဆီးတပ်ရင်းမှ ရဲဘော် ၇ ဦး၊ ဒေသခံပြည်သူ ၆ ဦး ကျဆုံးဟုဆို (006SV) မတူပီမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသည့် လမ်းမကြီး နှစ်ခုပေါ်တွင် စစ်ရေးလှုပ်ရှားသည် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ၊ တပ်ရင်း – ၃ (ကိုင်ဆီးတပ်ရင်း) သည် တော်လှန်ရေးကာလအတွင်း ရဲဘော် ၇ ဦး၊ ဒေသခံပြည်သူ ၆ ဦး ကျဆုံးသည်ဟု သိရသည်။ တော်လှန်ရေး ၄ နှစ်တာ ကာလအတွင်း ကိုင်ဆီးတပ်ရင်းမှ တပ်ဖွဲ့ဝင် ၃ ဦးနှင့် ပြည်သူ ၄ ဦးတို့လည်း ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ရပြီး ဒေသခံပြည်သူများ၏ အိုးအိမ်ပစ္စည်းများ မီးရှို့ဖျက်ဆီးခံရမှုကြောင့် အိုးအိမ်ပစ္စည်းများ ဆုံးရှုံးမှုနှင့်အတူ ကျေးရွာ စွန့်လွှတ်ရသည်အထိရှိသည်ဟု ကိုင်ဆီးတပ်ရင်းက ဇူလိုင်လ ၁၄ ရက်မှာ ထုတ်ပြန်သည်။ တပ်ရင်း – ၃ သည် မတူပီ- ပလက်ဝ ပြည်ထောင်စုလမ်းနှင့် မတူပီ- လိုင်လင်းပီ လမ်းမများတွင် လုံခြုံရေးတာဝန်ယူရင်း မြို့နယ်အတွင်းသာမက ချင်းပြည်ချင်းလဲန်း၏ စခန်းသိမ်းတိုက်ပွဲများနှင့် စစ်ကြောင်းတိုက်ပွဲများတွင် အကြိမ်ပေါင်းများစွာ ပါဝင်တိုက်ခိုက်သည်ဟု သိရသည်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်က ထိန်းချုပ်နယ်မြေ ထယ်ဘွေးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကိုလည်း ဝီဘေားခ် (Vui Baawk) စစ်ဆင်ရေးဖြင့် မဟာမိတ်တပ်ဖွဲ့များဖြင့် အောင်မြင်စွာ သိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။ ကိုင်ဆီးတပ်ရင်းကို မတူပီမြို့နယ်၊ ဒုမ်းဇုံနယ် (ကိုင်းဆီး၊ လုံပဲလ်၊ ကောင်လောင်၊ စင်ကီ) တောင်ကျောရှိ…

Read More

၂၀၂၅ ခုနှစ်အတွင်း CDF- Hakha ထံ အလင်းဝင်လာသူ စစ်သားနှင့်ရဲ အယောက် ၂၀ ရှိ (004SS) ချင်းပြည်နယ်၊ ဟားခါးမြို့မှ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦးသည် ဇူလိုင် ၆ ရက်က ပြည်သူ့တော်လှန်ရေး ဘက်သို့ ပူးပေါင်းရန် လက်နက်ခဲယမ်းများနှင့်အတူ Chinland Defense Force – Hakha (CDF–Hakha) ထံ အလင်းဝင်ခဲ့ကြောင်း သိရသည်။ “ကျွန်တော်တို့ ဟားခါးကို ဝိုင်းထားတယ်ဆိုတော့ စစ်သားတွေ၊ ရဲတွေ ထွက်ပြေးလာတာနဲ့ ကျွန်တော်တို့ဆီ အလိုလို ရောက်တယ်။ ထွက်လာတဲ့သူအများစုကတော့ သူတို့ စကစရဲ့ လုပ်ရပ်ကို မကြိုက်လို့ သဘောမကျလို့ အလင်းဝင် လာကြတာများပါတယ်။ အခုနောက်ဆုံးထွက်လာတဲ့ သူကတော့ G3 တစ်လက်နဲ့ Talkie တစ်ခုကို ယူဆောင်လာပါတယ်။ ဒီလို အလင်းဝင်တဲ့သူကို ကျွန်တော်တို့ CDF- Hakha ကနေ ဆုကြေးငွေချီးမြင့်ပါတယ်။ သူတို့ လုံခြုံတဲ့နေရာ၊ သွားချင်တဲ့ နေရာကို သူတို့အချိတ်အဆက်နဲ့ သူတို့အသိတွေနဲ့ ပူးပေါင်းပြီး လိုက်ပို့ပေးတာတွေရှိတယ်။” ဟု CDF-Hakha အထွေထွေအတွင်းရေးမှူးက ပြောသည်။ ယခု အလင်းဝင်လာသူ ရဲတပ်သားကိုလည်း CDF–Hakha မှ နွေးထွေးစွာ ကြိုဆိုပြီး ငွေသားဆုကြေး ချီးမြှင့်သည့်အပြင် လုံခြုံရာနေရာသို့ ရောက်ရှိသည်အထိ တာဝန်ယူဆောင်ရွက်ပေးမည်ဟု သိရသည်။ ထို့အပြင် စစ်ကောင်စီဘက်မှ ဘက်ပြောင်းလာလိုသူများအား CDF–Hakha က အမြဲဖွင့်လှစ်ကြိုဆိုပြီး လုံခြုံမှုအပြည့်အဝ ပေးသွားမည်ဟု ဆိုသည်။ ယခုနှစ် ၂၀၂၅ ခုနှစ်တွင် ဟားခါးမြို့ရှိ…

Read More

(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်က မတူပီ- လိုင်လင်းပီလမ်းမဘက်ရှိ Chinland Defense Force – မတူပီ၊ တပ်ရင်း – ၃ ထိန်းချုပ်ဒေသတွင် MRO / Chin Defense Force- မတူပီနှင့် မဟာမိတ်များက စစ်ကြောင်းထိုး၊ တပ်စခန်းချနေခြင်းကို အမြန်ဆုံးပြန်လည်ရုတ်သိမ်းပေးရန် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီက ကြေညာသည်။ ဇူလိုင်လ ၁၀ ရက် MRO/ CDF – မတူပီနှင့် မဟာမိတ်တို့သည် အင်အားအလုံးအရင်းဖြင့် မိမိတို့ထိန်းချုပ်နယ်မြေအတွင်း ရုတ်တရက် စစ်ကြောင်းထိုးလာခြင်း၊ တပ်စခန်းချခြင်းနှင့် ရဲဘော်များကို ခေတ္တဖမ်းဆီးထိန်းသိမ်းခြင်းတို့ ပြုလုပ်သည်ဟု CDF – မတူပီက ဇူလိုင်လ ၁၃ ရက်မှာ ထုတ်ပြန်သည်။ MRO/ CDF – မတူပီနှင့် မဟာမိတ်တို့အနေဖြင့် လက်ရှိတပ်စခန်းချထားခြင်းနှင့် တပ်ဖွဲ့ဝင်များကို အမြန်ဆုံးပြန်လည် ရုတ်သိမ်းပေးရန် Chinland Defense Force – မတူပီက တောင်းဆိုသည်။ ယင်းကို မလိုက်နာပါက နောက်ဆက်တွဲပြဿနာများသည် MRO/ Chin Defense Force – မတူပီ၏ တာဝန်သာဖြစ်ပြီး မိမိတို့အနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း Chinland Defense Force – မတူပီထံမှ သိရသည်။ဇူလိုင်လ ၁၀ ရက်က ဖမ်းဆီးခံထားရသော Chinland Defense Force – မတူပီ တပ်ဖွဲ့ဝင်များသည် ဇူလိုင်လ ၁၁ ရက် ညပိုင်းက ပြန်လွတ်လာပြီဟု…

Read More

(006SV) ချင်းတော်လှန်ရေးအင်အားစု ညီအစ်ကိုများအကြား စစ်ရေးပဋိပက္ခများသည် ချင်းတော်လှန်ရေးကို ချိနဲ့စေရုံသာမက လူထု၏ နှလုံးသားကို ကုစားမရနိုင်သော ဒဏ်ရာများ ဖြစ်ပေါ်စေသောကြောင့် ညီအစ်ကိုကြား စစ်ရေးပဋိပက္ခကို ချက်ချင်းရပ်တန့်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် Chin Civil Movement – CCM က ကြေညာသည်။ ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းသော အနာဂါတ်ချင်းပြည်တည်ဆောက်ရေးအတွက် CCM ၏ မေတ္တာရပ်ခံ ပန်ကြားချက်ဟူ၍ ဇူလိုင်လ ၁၃ ရက်က ချင်းအရပ်ဖက်အသံများကို စုစည်း၍ တောင်းဆိုချက် ၄ ချက်ကို Chin Civil Movement – CCM ထုတ်ပြန်သည်။ “ကျနော်တို့ ချင်းပြည်နယ်မှာ ထိန်းချုပ်နယ်မြေတွေ လက်နက်ကိုင်အဖွဲ့အစည်းတွေက အသီးသီးရှိလာကြပြီ။ အဲလိုအခြေအနေမှာ နိုင်ငံရေးပလက်ဖောင်း ပိုကျယ်လာဖို့ ကြိုးစားကြတာကို ပိုလိုလားတယ်လို့ ပြောချင်တယ်။ အဲလို လုပ်ရမယ့်အစား သူတို့က နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့‌ ရောက်လာနေတဲ့အချိန်မှာ တခုခုဆိုရင် လက်နက်နဲ့ ဖြေရှင်းကြတယ်။ စစ်ရေးနဲ့ ဖြေရှင်းတဲ့ အတိုင်းအတာတွေကို လျော့ပြီး နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းတဲ့ လမ်းကြောင်းမျိုးကို ရွေးဖို့ အချိန်တန်နေပြီ။ ချင်းအမျိုုးသား တည်ဆောက်ရေးအတွက်။ နိုင်ငံရေးနည်းနဲ့ တည်ဆောက်ရပါမယ်။ လက်နက်နည်းနဲ့ တည်ဆောက်ရမယ်ဆိုရင် တချိန်လုံး ကျနော်တို့ လက်နက်တွေ ကိုင်ထားမယ်ဆိုရင် အဆင်မပြေမှုတွေကို ပိုတွန်းပို့နိုင်တယ်” ဟု CCM မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ချင်းပြည်အနာဂါတ်အတွက် ချင်းညီအစ်ကိုများအကြား လက်နက်ဖြင့် ဖြေရှင်းသော ပဋိပက္ခအားလုံးကို ချက်ချင်းရပ်တန့်ပြီး တော်လှန်ရေးအင်အားများကို ဘုံရန်သူ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်…

Read More

(006SV) ချင်းမြောက်ပိုင်း၊ ဖလမ်းမြို့နယ်အတွင်းက CNF/CNA ၊ HPO/CDF- Hualngoram နှင့် CNO/ CNDF တို့၏ စစ်ရေး ပဋိပက္ခအတွင်း အညာညီနောင် (BNRA- GZA) နှင့် ယောတပ်တော် (Yaw Army) တို့သည် ပါဝင်ပတ်သက်မှု မရှိကြောင်း ယင်းအဖွဲ့အစည်းများက ကြေညာသည်။ ချင်း – မကွေးအစပ်၊ ယောဒေသအခြေစိုက် ယောတပ်တော်က ဇူလိုင်လအတွင်းဖြစ်ပွားသော CNO/ CNDF နှင့် HPO/CDF- Hualngoram ကြား ပဋိပက္ခတွင် အခြားသော အဖွဲ့အစည်းတချို့နှင့်အတူ ယောတပ်တော် ပါဝင်တိုက်ခိုက်သည်ဟု သတင်းစာရှင်းလင်းပွဲတစ်ခုတွင် CNF/ CNA တာဝန်ရှိသူက ပြောဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ဇူလိုင်လ ၁၃ ရက်မှာ ထုတ်ပြန်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းပြည်တွင်းရေးတွင် ပါဝင်ပတ်သက်မှု မရှိကြောင်းကို မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ ရေးဆွဲရေး ကော်မရှင် အတွင်းရေးမှူးမှတဆင့် ဆက်သွယ်ကန့်ကွက်သည်ဟု သိရသည်။ ချင်းညီနောင် (CB) နှင့် မဟာမိတ်အဖြစ် ဘုံရန်သူ စစ်သုံးစစ် ဖြတ်ချရေးတွင် လက်တွဲပူးပေါင်း ဆောင်နေခြင်း ဖြစ်သော်လည်း ချင်းအမျိုုးသားတည်ဆောက်ရေး၊ ချင်းပြည်ကံကြမ္မာနှင့် သက်ဆိုင်သော ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်နေခြင်း မရှိကြောင်း ချင်းလူထုအား သိရှိစေလိုသည်ဟု ယောတပ်တော်က အသိပေးထုတ်ပြန်သည်။ ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း ဖလမ်းပဋိပက္ခတွင် ယောတပ်တော် ပါဝင်ကြောင်း ပြောဆိုခဲ့မှုမှာ မြေပြင်သတင်း အားနည်းချက်ဖြစ်နိုင်ကြောင်း အကြောင်းပြန်ပြီး ယင်းသို့ မမှန်ကန်ကြောင်း ဆက်သွယ်လာသည်အပေါ် ကျေးဇူးတင်ကြောင်း ပြောဆိုထားသည်ဟု…

Read More

(006SV) ချင်းကာကွယ်ရေးအဖွဲ့များအနေဖြင့် ပြည်သူကို အကာအကွယ်ပေးရမည့်အချိန်တွင် ပုဂ္ဂိုလ်ရေး အကျိုးစီးပွား၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ အားပြိုင်လိုမှုကြောင့် မလိုလားအပ်သည့် ပြသနာများကို ရှောင်ရှားရမှာဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF/ CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ ချင်းလဲန်းရှိ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များအနေဖြင့် ပြည်သူကို အကာအကွယ်ပေးရေးနှင့် တာဝန်ခံမှု ရှိရေး လိုအပ်နေမှုအပေါ် ပြောကြားချက်ဟူ၍ ဇူလိုင် ၁၃ ရက် က ချင်းအမျိုးသားတပ်ဦး၏ အတွင်းရေးမှူးရုံးမှတဆင့် CNF ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်လာခြင်းဖြစ်သည်။ “အကြမ်းဖက်စစ်ကောင်စီရဲ့ သောင်းကျန်ဖိနှိပ်မှုအောက်ကနေ ပြည်သူတွေကို အကာအကွယ်ပေးရမယ့် အချိန်အခါမှာ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားအတွက် ဒါမှမဟုတ် တဖွဲ့နဲ့တဖွဲ့ အားပြိုင်လိုမှုကြောင့် မလိုလားအပ်တဲ့ ပြသနာတွေကို ရှောင်ရှားရမှာဖြစ်ပါတယ်။ ကိုယ့်နယ်မြေက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်းကို မကာကွယ်နိုင်ဘဲ စစ်ရေးအရ အသာစီးရတဲ့ အခိုက်အတန့်တွေကို ဂုဏ်မယူင့်ဘူး။ ဒီလိုလုပ်နေမယ်ဆိုရင် ကျနော်တို့ အမြစ်ပြတ်တိုက်ဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီလုပ်ရပ်နဲ့ ထူးမခြားနားဖြစ်သွားပါလိမ်မယ်” ဟု ဆလိုင်းထက်နီက ပြောသည်။ လက်ရှိမှာ ချင်းလဲန်အတွင်းရှိ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ အားလုံးက ရင့်ကျင်မှု ရှိပြီး စည်းကမ်းရှိရန် လိုအပ်ကြောင်း၊ စိတ်ခံစားမှုကို ထိန်းချုပ်ပြီး တော်လှန်ရေးကို ဆင်နွှဲဖို့ရန်လိုအပ်ကြောင်း ဆလိုင်းထက်နီက အသိပေးထုတ်ပြန်သည်။ “အရေးကြီးဆုံးက ပြည်သူကို တာဝန်ခံရမယ်ဆိုတဲ့ စိတ် မပျက်ယွင်းဖို့ပါဘဲ၊၊ တိုက်ပွဲအလီလီ အောင်မြင်မှုထက် ပြည်သူကို တာဝန်ခံမှု ရှိတဲ့ တော်လှန်ရေးလမ်းစဉ်ကသာ တရားမျှတပြီး ရေရှည်တည်တံ့တဲ့ လွတ်မြောက်မှုဆီကို ဆောင်ကျဉ်းပေးနိုင်မှာဖြစ်ပါတယ်” ဟု ဆလိုင်းထက်နီက ချင်းအင်အားစုများကို သတင်းစကားပါးသည်။ နယ်မြေများ သိမ်းပိုက်ပြီးရုံဖြင့်…

Read More

(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်အတွင်း မတူပီ- လိုင်လင်းပီလမ်းမဘက်ရှိ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ၊ တပ်ရင်း – ၃ ထိန်းချုပ်ဒေသကို MRO/ Chin Defense Force – မတူပီက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးပြီး တပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးသွားကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီထံမှ သိရသည်။ ဇူလိုင်လ ၁၀ ရက် ညနေ ၆ နာရီခန့်က MRO/ Chin Defense Force – မတူပီ နှင့်မဟာမိတ်တပ်ဖွဲ့ဝင် အင်အား ၆၀ ခန့်သည် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ ထိန်းချုပ်ဒေသကို စစ်ကြောင်းထိုးခြင်းဖြစ်သည်ဟု ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကိန်းက ပြောသည်။ “ကျနော်တို့ နေရာမှာ သူတို့ စစ်ကြောင်းလာထိုးတာ ညကပါ၊၊ ကျနော်တို့ တွေ့ဆုံတဲ့အချိန်မှာလည်း ဒီကိစ္စတွေကို ခဏ၊ ခဏ ပြောတယ်။ ကိုယ်ရှိတဲ့ နေရာကနေ ရှေ့မတိုးဖို့ဆိုတာ ကျနော်တို့ သဘောတူညီချက်လည်း အများကြီး ရှိခဲ့ပြီးသာ။ ဘာကြောင့် ဒီလို လုပ်လာသလဲဆိုတာ ကျနော်လည်း မသိဘူး။ ကျနော်တို့ လူတွေကိုလည်း ဖမ်းထားတယ်။ ကျနော်တို့ ပစ်ချင်ပေမယ့်လည်း အချင်းချင်းပစ်ခတ်မှုတွေ လုံးဝ ရှောင်ရှားမယ်ဆိုတာ စွဲကိုင်ထားတယ်။ ဒီလက်နက်မပါဘဲနဲ့‌ တွေ့ဆုံမှုတွေ လုပ်မယ်၊ ဆွေးနွေးမှု တွေ လုပ်မယ်ဆိုတဲ့ဟာကို ကျနော်တို့ စွဲကိုင်ထားတဲ့အတွက်ကြောင့် ကျနော်တို့ မပစ်ပဲနေခဲ့တာ” ဟု ဆလိုင်းနိုင်ဂျွန်ကိန်းက ပြောသည်။ MRO/ Chin…

Read More

(005MK) ချင်းပြည်နယ် ဖလမ်းမြို့နယ် ဟွာလ်ငိုးရမ်းဒေသ ရိခေါဒါရ်မြို့မှ CNO/CNDF တပ်ဖွဲ့များ ယနေ့နံနက်ပိုင်းတွင် ပြန်လည် ဆုတ်ခွါသွားပြီး ချင်းအမျိုးသားတပ်မတော် CNA နှင့် နယ်မြေခံတပ်ဖွဲ့ဖြစ်သော CDF-Hualngoram တပ်ဖွဲ့တို့ ပြန်လည်ဝင်ရောက်ပြီဟု သိရသည်။ “သူတို့ (CNO/CNDF) ဒီမနက် ၅ နာရီလောက်မှာ ပြန်ဆုတ်သွားကြပါပြီ” ဟု CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။ CNO/CNDF နှင့် CDF-Hualngoram တပ်ဖွဲ့တို့သည် ဇူလိုင်လ ၂ ရက်နေ့ကစ၍ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြပြီးနောက် အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေး စခန်းတည်ရှိရာ ရိခေါဒါရ်မြို့ကို ဇူလိုင်လ ၅ ရက်နေ့မှာ CNO/CNDF တပ်ဖွဲ့ က ထိန်းချုပ်နိုင်ခဲ့သည်။ ရိခေါဒါရ်မြို့သည် HPO/CDF-Hualngoram တပ်ဖွဲ့က ဒေသန္တရအစိုးရအုပ်ချုပ်ရေးလုပ်ငန်းလည်ပတ်နေသည့်မြို့ဖြစ်သကဲ့သို့ ချင်းအမျိုးသားတပ်မတော် CNA တပ်မဟာ ၄ အခြေစိုက်ရာဒေသလည်းဖြစ်ပါသည်။ CNO/CNDF က ယင်းဒေသကို သိမ်းပိုက်ခဲ့သည့်အတွက် CNA,CDF-Hualngoram နဲ့ CNO/CNDF တပ်ဖွဲ့တို့အကြား စစ်ရေးအခြေအနေလည်း ပိုမိုတင်းမာလာခဲ့ပြီး ဖလမ်းမြို့နယ်အတွင်းရှိ အခြားဒေသများတွင် အပြန် အလှန်ပစ်ခတ်မှုအထိ ဖြစ်ပွားလာခဲ့သည်။ အဆိုပါတိုက်ပွဲကြောင့် ရိခေါဒါရ်မြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာက ဒေသခံပြည်သူ ၃၀၀၀ ကျော်တို့သည် မီဇိုရမ်ပြည်နယ်ဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတအပါအဝင်၊ NUCC၊ ချင်းဘာသာရေးအဖွဲ့အစည်းများ၊ မီဇိုရမ်ပြည် နယ်ဘက်က အရပ်ဖက် အဖွဲ့အစည်းများကလည်း နှစ်ဖက်တပ်ဖွဲ့ကြား သဘောထားကွဲလွဲမှုများကို စစ်ရေးဖြင့်မဖြေရှင်းဘဲ ငြိမ်းချမ်းသောနည်းလမ်းဖြင့် အဖြေရှာကြရန်အသီးသီးတောင်းဆိုခဲ့ကြသည်။လက်ရှိတွင်လည်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ဦးဆောင်မှုဖြင့်ဖွဲ့စည်းထားသော Advocacy Group for…

Read More

(002MG) ချင်းပြည်နယ်အတွင်းလက်ရှိဖြစ်ပွားနေသည့် ချင်းအမျိုးသားတပ်ဦး CNF/ CNA ၊ CDF- Hualngoram နှင့် CNO/ CNDF တို့အကြား စစ်ရေးပဋိပက္ခများကို ချက်ချင်းရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးနည်းလမ်းဖြင့် ဖြေရှင်းကြရန် တော် လှန်ရေးတွင်ပါဝင်သော ၂၀၂၀ ရွေးကောက်ခံချင်းလွှတ်တော်ကိုယ်စားလှယ်များက တောင်းဆိုသည်။ ချင်းပြည်နယ်အတွင်း လတ်တလောဖြစ်ပေါ်နေသော တော်လှန်ရေးအင်အားစု အချင်းချင်းကြား သဘောထားကွဲလွဲမှု များနှင့် အထင်မြင်လွဲမှားမှုများကြောင့် မလိုလားအပ်သော စစ်ရေး ပဋိပက္ခများဖြစ်ပေါ် နေသည်ကို ဝမ်းနည်းဖွယ်ရာ တွေ့ရှိရပြီး စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းမပြုပဲ နိူင်ငံရေးနည်းလမ်းဖြင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းကြရန် ဇူလိုင်လ ၁၀ ရက်နေ့စွဲဖြင့်ထုတ်ပြန်သော တော်လှန်ရေးတွင်ပါဝင်သော ၂၀၂၀ ရွေးကောက်ခံ ချင်းလွတ်တော်ကိုယ်စားလှယ်များ က တောင်းဆိုထားသည်။ စစ်အာဏာရှင်အပြီးတိုင်ချေမှုန်းရေးအတွက် ချင်းတော်လှန်ရေးချင်းတော်လှန် ရေးအင်အားစုများအနေဖြင့် အသက် သွေးချွေးပေးဆပ်လျက် တော်လှန်ရေးတိုက်ပွဲဆင်နွဲနေသည့် ကာလဖြစ်သည်နှင့်အညီ တော်လှန်ရေး အင်အားစုအချင်း ချင်းကြား စည်းလုံးညီညွှတ်မှုမှာ တော်လှန်ရေးအောင်မြင်ရေးအတွက် အဓိက ချက်ဖြစ်ကြောင်းထုတ်ပြန်ချက်မှာဖော် ပြထားသည်။ လက်ရှိအချိန်သည် ချင်းတမျိုးသားလုံးစုစည်းနိုင်ရေးအတွက် ချင်းအမျိုးသားကောင်စီ (CNC) အမြန်ဆုံးပေါ် ပေါက်လာ နိုင်ရေးအား တစိုက်မတ်မတ်ဆောင်ရွက်နေသောကာလ ဖြစ်သည်နှင့်အညီ ချင်းလက်နက်ကိုင်အဖွဲ့အစည်းများအပါအဝင် ချင်းပြည်သူတရပ်လုံးပူးပေါင်းပါဝင်ပေးကြပါရန် ၂၀၂၀ ရွေးကောက်ခံ ချင်းလွတ်တော်ကိုယ်စားလှယ်များ က အလေးအနက် မေတ္တာရပ်ခံ တိုက်တွန်း ထားပါသည်။

Read More