Author: Editor

မရာနယ်မြေအားလုံး ထိန်းချုပ်နိုင်ရေးအပါအဝင် အဆိုပေါင်း ၂၀ ကို ဆွေးနွေးဆုံးဖြတ်ခဲ့ဟု MTC ဆို (006SV) ချင်းပြည်နယ်၊ မရာနယ်မြေဒေသတွင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း မရာပြည်သူလူထုတိုင်းသည် အမျိုးသား၊ အမျိုးသမီး အားလုံး စစ်မှုထမ်းရမည်ဟု မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ- MTC က ဆုံးဖြတ်အတည်ပြုပြီး ကြေညာလိုက်သည်။ မရာပြည်သူလူထုတိုင်း အသက် ၄၅ နှစ်အောက် ချွင်းချက်မှ လွဲ၍ မည်သည့်ပုဂ္ဂိုလ် ဖြစ်စေ စစ်မှုထမ်းရမည့် အဆိုကို မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၏ တတိယအကြိမ် မရာပြည်သူ့ ညီလာခံ သက်တမ်း၊ ပထမအကြိမ် ပုံမှန်ဗဟို ကောင်စီအစည်းအဝေးက အတည်ပြုဆုံးဖြတ်ခဲ့သည်ဟု ဇွန်လ ၅ ရက်မှာ ထုတ်ပြန်သည်။ “အသက် ၄၅ နှစ်အောက် စစ်မှုထမ်းဖို့က အခု စကစ (စစ်ကောင်စီ) လည်း အင်အားတည်ဆောက်နေတယ်ဆိုတော့ ကိုယ့်ဒေသကို လုံးလုံးစိတ်ချလို့ရပြီ ဆိုတာ မဟုတ်သေးတော့ ပြည်သူ့အားနဲ့ အမြဲအဆင်သင့် ပြင်ဆင်ထားဖို့ လိုပါတယ်၊ ကိုယ့်ကျေးရွာ၊ တိုက်နယ်၊ နယ်မြေလုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ထားတဲ့သဘောပါ။ ချွင်းချက်ဆိုက ကျန်းမာရေး၊ ဘာသာရေး အရ စစ်မှုထမ်းလို့ မရတဲ့အနေထားမှာ ရှိတဲ့သူတွေ ပါပါမယ်။ အမျိုးသမီးတွေလည်း ပါပါတယ်၊ ဒါပေမယ့် အိမ်ထောင်နဲ့ ကလေးနဲ့ဆို ချွင်းချက်ပေါ့၊ အသက် ၁၈ နှစ်အထက် ကနေ စပါမယ်” ဟု MTC/ MDF ပြောရေးဆိုခွင့်ရှိသူ Ronah က ပြောသည်။ မရာပြည်သူတိုင်း စစ်မှုထမ်းရမည့် အမိန့်ညွှန်ကြားချက်အာဏာ သက်ရောက်မှုသည်…

Read More

(006SV) ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း တော်လှန်ရေးလုပ်ငန်းများ အနှောက်အယှက်ပြုသော Non- CDM ပညာရေး ဝန်ထမ်းများ ကို ZFU/ PDF – Zoland၊ ရဲတပ်ဖွဲ့၊ မြို့နယ် ပအဖ တို့နှင့် လက်တွဲ၍ အရေးယူဆောင် ရွက်မည်ဟု တီးတိန်မြို့နယ် ပညာရေးဘုတ်အဖွဲ့က ဇွန်လ ၄ ရက်မှာ ကြေညာသည်။ တီးတိန်မြို့နယ်အတွင်း စစ်ကောင်စီ၏ စစ်ကျွန်ပညာရေးလုပ်ငန်း ဖော်ဆောင်မှုများကို ZFU ၏ ပညာရေးဌာနဖြစ်သည့် တီးတိန်မြို့နယ် ပညာရေးဘုတ်အဖွဲ့က လုံးဝ တားမြစ်ထားသည်ဟု သိရသည်။ ပြည်သူ့ပညာရေးလုပ်ငန်းများတွင် Non – CDM ဝန်ထမ်းများသည် တော်လှန်ရေး လုပ်ငန်းများ အနှောက်အယှက် ဖြစ်စေသော လုပ်ဆောင်မှုများကို တွေ့ရှိပါက ZFU/ PDF – Zoland၊ ပြည်သူ့ရဲတပ်ဖွဲ့ – Zoland၊ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့တို့နှင့် လက်တွဲ၍ လိုအပ်သလို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မည်ဟု တီးတိန်မြို့နယ် ပညာရေးဘုတ်အဖွဲ့က ထုတ်ပြန်သည်။ Non- CDM ဝန်ထမ်းများသည် စစ်ကောင်စီ၏ ယန္တရားလည်ပတ်စေရန်နှင့် တော်လှန်ပြည်သူများကို စိတ်ဝမ်းကွဲစေရန် လုပ်ဆောင်မှု၊ စည်းရုံးမှုများအပြင် ပြည်သူ့ပညာရေးလုပ်ငန်းများတွင် မိမိကိုယ်ကျိုးအတွက်သာ ရည်စူး၍ တော်လှန်ရေးလုပ်ငန်းများတွင် အနှောက်အယှက်ဖြစ်စေသည်ဟု ဆိုထားသည်။ စစ်အာဏာသိမ်းပြီးနောက် ပြည်သူ့ဝန်ဆောင်မှု ပညာရေးလုပ်ငန်းများသည် ပျက်ပြားလာခဲ့သော်လည်း မိဘပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုကြောင့် တီးတိန်မြို့နယ်ပညာရေးဘုတ်အဖွဲ့၏ ပြည်သူ့ပညာရေးလုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တီးတိန်မြို့နယ် ပညာရေးဘုတ်အဖွဲ့၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ တီးတိန်မြို့အခြေစိုက် ချင်းအင်အားစုများထံ ဆက်သွယ်သော်လည်း…

Read More

(006SV) မြန်မာပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံကို အမေရိကန်နိုင်ငံသို့ ခရီးသွားလာ ဝင်ရောက်ခွင့် ပြည်ဝင်ခွင့် တားမြစ်ကန့် သတ်လိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန်လ ၄ ရက်မှာ လက်မှတ်ရေးထိုးထုတ်ပြန်လိုက်သည်။ အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့် ပြည်သူ့လုံခြုံရေးအန္တရာယ်များမှ ကာကွယ်ရန်အတွက် မြန်မာ အပါအဝင် အာဖဂန်နစ္စတန်၊ ချက်၊ ကွန်ဂို၊ အီကွေတာတို့ရား ဂီနီ၊ အီရီတရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယား၊ ဆူဒန် နှင့် ယီမင်နိုင်ငံများကို အမေရိကန်က ပြည်ဝင်ခွင့် လုံးဝပိတ်လိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် အမေရိကန်သို့ ပြည်ဝင်ခွင့် ပိတ်ပင်ခံရမှုမှာ အမေရိကန်နိုင်ငံမှာ မြန်မာနိုင်ငံသားများ ဗီဇာသက်တမ်းကျော် လွန်နေထိုင်မှု များပြားမှုကြောင်းဖြစ်ကြောင်း၊ B1/ B2 ဗီဇာ သက်တမ်းလွန်နေထိုင်မှု ၂၇.၀၇ ရာခိုင်နှုန်း၊ F၊ M နှင့် J ဗီဇာသက် တမ်း လွန်နေထိုင်မှု ၄၂. ၁၇ ရာခိုင်နှုန်း ရှိကြောင်း ၊ အမေရိကန်က နိုင်ငံသား ပယ်ဖျက်ခံရသော လူများကို ပြန်လည်လက်ခံရန် ပူးပေါင်းခြင်း မရှိခြင်းကြောင့်ဖြစ်ကြောင်း အမေရိကန် သမ္မတရုံးက ထုတ်ပြန်ထားသည်။ အမေရိကန်အစိုးရ၏ ယခုလို ပြည်ဝင်ခွင့် ပိတ်ပင်မှုသည် စစ်အာဏာရှင်တော်လှန်ရေးကို လှုပ်ရှားဆောင်ရွက်နေသော တော်လှန်ရေးအင်အားစုအေပေါ်လည်း သက်ရောက်မှု ရှိကြောင်း မလေးရှားနိုင်ငံ ချင်းဒုက္ခသည်အရေး ဆောင်ရွက်နေသော အဖွဲ့ဖြစ်သည့် Alliance of Chin Refugees ဥက္ကဌ James Bawi Thang Bik က ပြောသည်။…

Read More

(004SS) ချင်းပြည်နယ် မြို့တော် ဟားခါးမြို့တွင် ၃ လကြာ လျှပ်စစ်မီးပြတ်တောက်သောကြောင့် ပြည်သူအများစုသည် လျှပ် စစ်မီးမရှိဘဲနေထိုင်ကြရပြီး လူတိုင်းအသုံးပြုသော ဖုန်းနှင့် Power bank များကို အခကြေးငွေပေးဆောင်၍ အားဖြည့်သွင်းနေရသည်ဟု ဒေသခံများထံမှ သိရသည်။ ဟားခါးမြို့တွင် လျှပ်စစ်မီး ပြတ်တောက်သည်မှာ လွန်ခဲ့သော ၃ လခန့်ကဖြစ်ပြီး ယခုကဲသို့ ငွေကြေးပေးကာ ဖုန်းအားသွင်းရသည်မှာ တစ်လခန့်ရှိပြီဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဖုန်းအားသွင်းခ တစ်ကြိမ်မှာ ၁၀၀၀ ကျပ်၊ Power bank အရွယ်အစားအလိုက် ၁၅၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိ ကုန်ကျပြီး နေ့စဉ်လိုအပ်သော ဆက်သွယ်ရေးအတွက် ကုန်ကျစရိတ်များ ပိုမိုတိုးလာကာ အခက်အခဲများ ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။ ဟားခါးမြို့‌နေ ဒေသခံအမျိုးသားတစ်ဦးက “ဟားခါးမြို့မှာ မီးမလာတာ ၃ လရှိပြီ။ မီးမလာတော့ ဖုန်း၊ power bank အားသွင်းဖို့ ပိုက်ဆံပေးပြီး သွင်းခိုင်းနေရတယ်။ ဖုန်းက – ၁၀၀၀ ကျပ် power bank အ ကြီး- ၂၅၀၀ကျပ်၊ အသေး- ၁၅၀၀ကျပ်။ သွင်းလို့ရတဲ့နေရာကတော့ ဈေးဟောင်းမှာတော့ ၂ နေရာရှိတယ်။ တစ်ခြားရပ်ကွက်မှာလဲ ရှိမှာပါတယ်၊ သေချာမသိလို့။ တစ်ချို့က power bank အကြီး အားအပြည့်သွင်းခ ၅၀၀၀ကျပ် ပေးရတဲ့သူလဲရှိတယ်။ အခုလို ဘယ်ချိန်ထိ ကြုံရမလဲမသိဘူး။ ကြာလာရင်တော့ လွယ်မှာမဟုတ်ဘူး” ဟု ပြောသည်။သို့သော် NGO ရုံးများနှင့် နီးစပ်သူများက အခမဲ့ဖုန်းအားသွင်းလို့ရကြောင်း ၎င်းက…

Read More

(006SV) ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်မြို့ပေါ် မော်တော်ယာဉ် မောင်းနှင်သူများအတွက် မော်တော်ယာဉ် စည်းကမ်းများကို သတ်မှတ်ပြဌာန်းလိုက်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့‌ ဇွန်လ ၄ ရက်မှာ ကြေညာသည်။ “မြို့တွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ရှိစေချင်တာ။ မဖြစ်သင့်တာ မဖြစ်ရအောင်၊ ပြည်သူထိခိုက်မှုမရှိအောင် လုပ်ဆောင်တာပါ” ဟု မင်းတပ်မြို့နယ် ပအဖအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။ မင်းတပ်မြို့တွင် ကုန်စည်မော်တော်ယာဉ်များအနေဖြင့် ည ၇ နာရီ နောက်ပိုင်း မြို့တွင်းဖြတ်သန်းသွားလာခြင်းနှင့် ညအိပ်ရပ်နားခြင်းကို ခွင့်မပြုကြောင်း မင်းတပ်ပအဖက ဇွန်လ ၂ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။ အသက် ၁၅ နှစ်အောက် ကလေးသူငယ်များလည်း မော်တော်ယာဉ်/ မော်တော်ဆိုင်ယ်များ စီးနင်းမောင်းနှင်ခြင်း ခွင့်မပြုကြောင်း မင်းတပ်မြို့ပအဖက ထုတ်ပြန်သည်။ မော်တော်ယာဉ် (ယာဉ်ကြီး/ ယာဉ်ငယ်) များ၊ မော်တော်ဆိုင်ကယ်များ မောင်းနှင်သူများသည် မြို့တွင်းမှာ သတ်မှတ်ထားသော ၁ နာရီ မိုင် ၂၀ နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်း မပြုကြောင်း၊ လိုက်နာခြင်းမရှိသူများကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ အရေးယူသွားမည်ဟု သိရသည်။ “ကျနော်တို့မှာ ဘယ်လို ပြစ်မှုအတွက် ဘယ်လိုပြစ်ဒဏ် သတ်မှတ်ထားတာ ရှိပါတယ်။ ငွေဒဏ်သင့်တာ ငွေဒဏ်၊ ထောင်ဒဏ်သင့်တာ ထောင်ဒဏ်၊ နှစ်ခုလုံး သင့်တာ နှစ်ခုလုံး ချမှတ်ပါတယ်” ဟု ကိုယောမာန်က ပြောသည်။ အဆိုပါယာဉ်စည်းကမ်းများကို ဒေသခံပြည်သူများအနေဖြင့် အလေးအနက်ထား လိုက်နာကြရန်နှင့် လိုက်နာခြင်း မရှိပါက ကြားကာလပြည်သူ့ အုပ်ချုပ်ရေး ဥပဒေနှင့်အညီ အရေးယူခြင်းခံရမည်ဟု ထုတ်ပြန်သည်။…

Read More

(006SV) အရှိုချင်းကာကွယ်ရေးတပ် (CDF-Asho) ထိန်းချုပ်နယ်မြေမှာ ၂ လအတွင်း ငှက်ဖျားနှင့် ရာသီတုပ်ကွေးရောဂါများဖြစ်ပွားနေပြီး ရဲဘော်များ အပါအဝင် ဒေသခံပြည်သူ ၁၀၀ ဝန်းကျင်တွင် ကူးဆက်မှုရှိခဲ့သည်ဟု သိရသည်။ မိုးဦးကာလ ရောက်လာပြီးဖြစ်သည့်အတွက် ရဲဘော်များသာမက CDF – အရှို စစ်ဆင်ရေးလှုပ်ရှားရာ နယ်မြေဒေသရှိ ပြည်သူ များမှာလည်း ရာသီတုပ်ကွေးနှင့် ငှက်ဖျားရောဂါများ ပိုမိုဖြစ်ပွားလာ၍ ဆေးဝါးအကူအညီများကို တောင်းခံကြောင်း CDF – အရှိုက ပြောသည်။ “အဓိကက ရှေ့တန်းရဲဘော်တွေ အဖြစ်များတယ်။ ရှေ့တန်စစ်ဆင်ရေး နယ်မြေမှာ နေတဲ့ ရဲဘော်တွေ ဖြစ်တယ်။ ဖြစ်လို့ရှိရင် စခန်းတွေကို ပို့ရတယ်။ ပို့ရတော့ အရပ်သားပြည်သူတွေနဲ့ ဆက်စပ်မှု ရှိတယ်ဆိုတော့ ရဲဘော်တွေဆီကပဲ အရပ်သားတွေဆီကို ကူးတယ်လို့ ပြောရမယ်။ တောထဲမှာ နေထိုင်တာဖြစ်လို့ ခြင်ကိုင်တာကို မကာကွယ်နိုင်တာကနေ ဖြစ်တာပါ။ ပြီးခဲ့တဲ့ နှစ်က အရပ်သားပြည်သူ မဖြစ်သလောက်ကို ရှားပါတယ်။ မစစ်မိတာ ပါချင်ပါမယ်။ ဒီနှစ်က သေချာစစ်ကြတယ်။ အထူးသဖြင့် ကျနော်တို့ ရဲဘော်တွေမှာကိုပဲ တနှစ်ထဲ နှစ်ခါဖြစ်တာ၊ တလထဲနဲ့ နှစ်ခါ၊ သုံးခါဖြစ်တာ ဒီလိုမျိုးတွေရှိတယ်” ဟု CDF – Asho မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။ ယခုနှစ် ဧပြီနှင့် မေလမှာ အရပ်သားပြည်သူများနှင့် CDF – အရှိုရဲဘော်တို့တွင် ရာသီတုပ်ကွေးနှင့် ငှက်ဖျား ရောဂါ အယောက် ၁၀၀ ဝန်းကျင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မေလ…

Read More

(004SS) စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် ဟားခါး၊ တီးတိန်နှင့် ခိုင်ကမ်းမြို့တို့တွင် စစ်ကောင်စီ လက်အောက်ခံ အခြေခံကျောင်းများ ယနေ့ ဇွန်လ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ပြည်နယ်၏ မြို့တော် ဟားခါးမြို့တွင် စစ်ကောင်စီလက်အောက်ခံ အခြေခံပညာ အထက်တန်းကျောင်းများဖြစ်ကြသော အ.ထ.က – ၁၊ ၂ ၊ ၃ နှင့် အ.ထ.က -၄ တို့နှင့် အခြားသော ကိုယ်ပိုင်ကျောင်းများကို ယနေ့မှစ၍ ဖွင့်လှစ်ခြင်းဖြစ်ကာ ယခင်နှစ်များထက် တက်ရောက်သူများပြားကြောင်း သိရသည်။ “ဒီနေ့ ကျောင်းစဖွင့်ပြီ။ အထက်တန်းကျောင်းတွေအကုန်လုံး ဖွင့်တယ်။ နောက် အခုကိုယ်ပိုင်ကျောင်းတွေလဲ များလာ တယ်။ သူတို့ကလဲ အကုန်ဖွင့်တယ်။ အခု လက်ရှိ ဟားခါးမှာ စစ်ရှောင်တွေရော၊ ဒေသခံတွေရော ဆိုတော့ ကျောင်းတက် တဲ့သူတော့ တော်တော်များတယ်။ ပြောရရင် အရင်နှစ်တွေထက် ဒီနှစ်က ကျောင်းတက်သူ ပိုများတယ်၊ ကျောင်း လဲ ပိုများတယ်” ဟု ဟားခါးမြို့နေ ကျောင်းသားမိဘတစ်ဦးက ပြောသည်။ စစ်တပ်အာဏာမသိမ်းမီ ဟားခါးမြို့တွင် ကိုယ်ပိုင်ကျောင်း ၃ ခုခန့်သာ ရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ကိုယ်ပိုင်ကျောင်း ၁၀ ခုကျော်ရှိလာသည်ဟု ဒေသခံများထံမှ သိရသည်။ အလားတူ တီးတိန်မြို့တွင်လည်း စစ်ကောင်စီ လက်အောက်ခံ အမှတ်- ၁ အခြေခံအထက်တန်းကျောင်း တစ်ကျောင်း ဖွင့်လှစ်ကာ ကလေးမြို့အစပ်တွင်တည်ရှိသော ခိုင်ကမ်းမြို့တွင်လည်း စစ်ကောင်စီလက်အောက်ခံ အခြေခံအထက် တန်းကျောင်း တစ်ကျောင်းကို ယနေ့ ဖွင့်လှစ်ကြောင်း သိရသည်။ ချင်းပြည်နယ်တွင်…

Read More

ရေဘေးသင့် ပြည်သူ ၆၇၀ ခန့်မှာ အကူအညီလိုအပ်နေ (006SV) အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်ထဲ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်များ၏ နေအိမ် ၉၀ နီးပါး လုံးဝပျက်စီးကာ ရေဘေးသင့် ပြည်သူ ၆၇၀ ခန့် အရေးပေါ်အကူအညီများ လိုအပ်နေသည်။ လောင်တလိုင်ခရိုင်၊ တွီဒင်းနှင့် ကာကီကျေးရွာတို့တွင် မေလ ၃၁ ရက်မှ စတင်၍ မိုးသည်ထန်စွာ ရွာပြီး မြစ်ရေကြီးသောကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူများ၏ နေအိမ်များ၊ အိမ်သာများ ရေမြှပ်၊ မျှောပါ၊ ထိခိုက်ပျက်စီးမှုများရှိနေသည်ဟု ပလက်ဝ လူသားချင်းစာနာကူညီရေးဌာနမှ သိရသည်။ “လက်ရှိအခြေအနေမှာက ကျောင်းဆောင်တွေ၊ ခန်းမဆောင်တွေ၊ လူနေအိမ်တွေမှာ ရွေ့ပြောင်းပြီး အဆင်ပြေသလို နေထိုင်နေရတယ်။ တချို့က ကိုယ့်ဟာကို ဆောက်ပြီး နေရတဲ့ လူတွေလည်း ရှိတယ်။ အရေးပေါ် လိုအပ်တာက အခြေခံစားနပ်ရိက္ခာပါပဲ။ သူတို့အတွက် တော်တော် လိုအပ်တယ်လို့ ပြောတယ်။ ဘာကြောင့်လဲဆို စစ်ဘေးရှောင် တွေက နေ့စား လုပ်ပြီးမှ နေ့စဉ်ဘဝကို ဖြေရှင်းနေရချိန်မှာ မိုးရွာရေကြီးလိုက်တော့ အလုပ်ကလည်း မရှိသလို ၊ တဖက်မှာ ရေဘေးသင့်မှုကို ကြုံရတော့ စားဝတ်နေရေးက အဆင်မပြေဘူးပေါ့နော်။ ကျန်းမာရေးစောင့်ရှောက်မှု အတွက်လည်း ဆေးဝါးတွေ လိုအပ်ပါတယ်” ဟု ပလက်ဝ ကောင်စီ၏ ကယ်ဆယ်ရေးဌာန တာဝန်ခံ ဆလိုင်းစိုးသန်းက ပြောသည်။ တွီဒင်းရွာက စစ်ရှောင်စခန်းတွင် အိမ်ခြေ ၂၇၀ ရှိရာ အိမ်ခြေ ၁၈ လုံးမှာ…

Read More

(006SV) ချင်းပြည်နယ်၊ မတူပီမြို့နယ်အခြေစိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့ နှစ်ဖွဲ့တို့ ပြန်လည်သင့်မြတ်နိုင်ရေးအတွက် ရပ်မိရပ်ဖများက ညှိနှိုင်းပေးနေရာ သဘောတူညီချက် ၈ ချက် ရရှိခဲ့ကြောင်းသိရသည်။ မတူပီတော်လှန်ရေးအဖွဲ့ချုပ်- MRO/ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ ၊ CDF – မတူပီ၊ တပ်မဟာ ၂ နှင့် Matu Chin Ministry Fellowship (MCMF) ငြိမ်းချမ်းရေးကော်မတီ ရပ်မိရပ်ဖတို့သည် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပြီးနောက် အချက် ၈ ချက်ကို မေလ ၁၀ ရက်က သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။ မတူပီမြို့နယ်အတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ပြည်သူနှင့် ပတ်သက်သော ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး၊ အုပ်ချုပ်ရေးဆိုင်ရာများကို လွတ်လပ်စွာ သွားလာခွင့်ပြုမည်၊ ငြိမ်းချမ်းရေး တည်ဆောက်ခြင်းကို ခိုင်ခံ့တည်မြဲရေးအတွက် ကော်မတီ တရပ်ဖွဲ့စည်းမည်ဟု သိရည်။ ပြည်သူလူထုတို့ မိမိနေရာ၊ ရပ်ရွာဒေသကို လွတ်လပ်စွာ သွားလာခွင့်၊ နေထိုင်ခွင့် ပြုမည်ဖြစ်ပြီး ငလိုင်ကျေးရွာ၏ မိုင်းများကို နှစ်ဦးနှစ်ဖက် ပူးပေါင်းဆွေးနွေး၍ ဇွန်လ ၁၀ ရက် နောက်ဆုံးထားကာ မိုင်းရှင်းလင်းရန်နှင့် လူထုဝင်ရောက် နေထိုင်နိုင်ရေးဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။ NGO၊ INGO များက စစ်ဘေးဘေးရှောင် (IDP) များ ထောက်ပံ့ခြင်းကို လွတ်လပ်စွာ သွားလာခွင့်ပြုမည်ဖြစ်ပြီး အရပ်သားပြည်သူများကို အတားအဆီး မရှိ လွတ်လပ်စွာ သွားလာခွင့်ပြုမည်ဖြစ်ကြောင်း၊ Non – CDM နှင့် ဒလန်းများကို ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။ လက်နက်ဖြင့် အချင်းချင်း ပစ်ခတ်တုန့်ပြန်ခြင်းကို…

Read More

(006SV) ချင်းပြည်နယ်၊ မတူပီမြို့နယ်အခြေစိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ၊ တပ်မဟာ – ၂ ကို ပယ်ဖျက်ပြီး ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ အဖြစ် ပြန်လည်အတည်ပြုဖွဲ့စည်းလိုက်ကြောင်း ကြေညာသည်။ မေလ ၂၈ နှင့် ၂၉ ရက်တို့တွင် ၄ နှစ်ပြည့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီနှင့် တပ်မဟာ – ၂ တို့၏ ဒုတိယအကြိမ် ညီလာခံကို ကျင်းပပြီးနောက် ယင်းကဲ့သို့ ပြန်လည်အတည်ပြု ဖွဲ့စည်းခြင်းဖြစ်သည်ဟု ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ -မတူပီက မေလ ၃၁ ရက်မှာ ထုတ်ပြန်သည်။ CDF – မတူပီ၊ တပ်မဟာ – ၂ ၏ အမည်နာမ၊ အမှတ်တံဆိပ်၊ ရုံးတံဆိပ်တို့ကို ပယ်ဖျက်ပြီး ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ အဖြစ် ပြန်လည်ဖွဲ့စည်းခြင်းဖြစ်သည်ဟု သိရသည်။ တော်လှန်ရေး ၄ နှစ်အတွင်း တိုင်းပြည်နှင့် လူမျိုးအတွက် ရဲဘော် ၁၄ ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၆ ဦး ကိုယ်လက်အင်္ဂါများ ဆုံးရှုံးခဲ့ကာ ရဲဘော် ၂ ဦးမှာ အမြင်အာရုံ ဆုံးရှုံးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ ရဲဘော် ၄၀ ဦးကျော် ရှိသည်ဟု သိရသည်။ ကျဆုံးရဲဘော်များ၊ ဒဏ်ရာရ ကိုယ်လက်အင်္ဂါပေးဆပ်သူများကို CDF – မတူပီမှ မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း၊ အဖက်ဖက်က ကူညီထောက်ပံ့ပေးသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းနှင့် ပြည်တွင်းပြည်ပရှိ မိဘပြည်သူများကို…

Read More