Author: Editor

(006SV) ချင်းပြည်နယ်မြောက်ပိုင်းက ဇိုမီးလူမျိုးများ နေထိုင်ရာဒေသအတွင်း CNA ၊ ZRA အပါအဝင် ချင်းလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် အရပ်သားပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှု ဆက်လက်ကျူးလွန်လာပါက အရေးယူဆောင်ရွက်သွားမည်ဟု ZFU/ PDF – Zoland ကပြောသည်။ ဇိုမီးလူမျိုးများ နေထိုင်ရာဒေသအတွင်း လက်နက်မဲ့ပြည်သူများအပေါ် မတရားဖမ်းဆီး ထိန်းသိမ်းခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ် ခြင်းများကို CNF/ CNA ၊ ZRA – EC ၊ CDF – Tonzang နှင့် CDF – Hualngoram တပ်ဖွဲ့တို့က ဆက်တိုက်ကျူးလွန်လာသည်ကို တွေ့ရှိရသည်ဟု ZFU/ PDF – Zoland က မတ်လ ၁၆ ရက်က ထုတ်ပြန်သည်။ လက်နက်မဲ့၊ အပြစ်မဲ့ပြည်သူများအပေါ် ကျူးလွန်သော ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်း လုပ်ရပ်များအားလုံးကို ZFU/ PDF- Zoland အနေဖြင့် အပြင်းအထန်ရှုတ်ချသည်ဟု ဆိုသည်။ “အဲဒါက အဖွဲ့အစည်း ၂ ခုပေါ့နော။ ZRA နဲ့ CNF ဆိုရင်လည်း ဇိုးလန်းနယ်မြေမှာ အဲဒီလို ကျူးလွန်လာတော့ အဲဒီမတိုင်ခင်က လည်း သတင်းထုတ်ပြန်ထားတာ ရှိတယ်။ လက်နက်မဲ့ ပြည်သူတွေ၊ အပြစ်မရှိတဲ့ လူတွေကို အဲဒီလို ညှင်းပန်းနှိပ်စက်တာတွေ ရှိလာတော့ ပြည်သူတွေရဲ့ တောင်းဆိုမှု အရပဲဖြစ်ဖြစ်၊ သူတို့ရဲ့ လုပ်ရပ်တွေကြောင့်လည်း တော်လှန်ရေးမှာ တဖက်က ပြည်သူ တွေရဲ့ ထောက်ခံမှုကို အားနည်းစေတယ်ပေါ့နော်။ အဲဒါကြောင့် ဒီလိုကန့်ကွက်ရှုတ်ချတာပါ”…

Read More

(005MK) မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Farkawn ကျေးရွာတွင် မြန်မာစစ်ဘေးရှောင်များဖွင့်လှစ်ထားသော ဆိုင်ခန်းများကို ကျေးရွာအာဏာပိုင်များက ပိတ်ခိုင်းလိုက်သည်ဟု သိရသည်။ Farkawn ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ Village Council (VC) နှင့် အရပ်ဖက်အဖွဲ့အစည်းများအားလုံး(All NGO) တို့က မတ်လ ၁၅ ရက်နေ့မှာ အစည်းအဝေးကျင်းပပြုလုပ်ပြီးနောက် စစ်ဘေးရှောင်များ၏ ဆိုင်ခန်းများပိတ်ခိုင်းရန် သဘောတူဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။ Farkawn ကျေးရွာတွင် စစ်ဘေးရှောင်များကို မည်သည့်ဆိုင်ခန်းမှ ဖွင့်လှစ်ခွင့်မပြုတော့ဘဲ လက်ရှိ ဆိုင်ခန်း ဖွင့်သူများ ကိုလည်း မေလ ၃၁ ရက်နောက်ဆုံးထားပိတ်သိမ်းကြရန်ညွန်ကြားထားသည်ဟု သိရသည်။ ဆိုင်ဖွင့်ထားသူများအနေဖြင့် ယင်းသတ်မှတ်ရက် မကုန်ဆုံးခင် အတောအတွင်း ဆိုင်က ပစ္စည်းတွေကို အကုန်အစင် ရောင်းချရမှာဖြစ်သည်ဟု ဆိုသည်။ ရွာသားများအနေဖြင့်လည်း စစ်ရှောင်များ ဖွင့်လှစ်ထားသော ဆိုင်လုပ်ငန်းများကို လက်လွှဲယူတာ၊ ကုန်စည်များကို လက်ပြောင်းဝယ်ယူခွင့်မရှိဘဲ မြန်မာစစ်ရှောင်များကသာ ကိုယ်တိုင်ကိုယ်ကျ ရောင်းချကြရမည်ဟုလည်း အစည်းအဝေး ဆုံးဖြတ်ချက်မှာဖော်ပြထားသည်။ Farkawn ကျေးရွာတွင် ကုန်စုံဆိုင်၊ လဘ္ကရည်ဆိုင် ၊ ဆိုင်ကယ်ပြင်ဆိုင်များအပါအဝင် စစ်ဘေးရှောင်ဆိုင်ခန်းပေါင်း ၁၀ ခုကျော်ရှိသည်ဟု သိရသည်။ “ဘာကြောင့် ခုလိုလုပ်ရတာလဲတော့အတိအကျမသိရဘူး၊ ဒါပေမယ့်တစ်ခုရှိတာက စစ်ဘေးရှောင်တွေက ရွာထဲမှာ ဆိုင်ခန်းဖွင့်သူများလာတယ် ဈေးဝယ်ရင်လည်း အချင်းချင်းပဲအားပေးနေကြတယ် ဒါကို ဒေသခံတွေက မလိုလားကြ တာလည်းဖြစ်နိုင်တယ်” ဟု Farkawn ကျေးရွာမှာနေထိုင်သူတစ်ဦးကပြောသည်။ ထို့အပြင် စစ်ဘေးရှောင်များ ကျေးရွာအတွင်း ဝင်ထွက်သွားလာမှုကိုလည်း ကန့်သတ်လိုက်ပြီး ဝင်ထွက်သွားလာမည် ဆိုပါက Village Level Committee on Myanmar Refugee အဖွဲ့ထံ…

Read More

(005MK) မီဇိုရမ်ပြည်နယ်အခြေစိုက် Zo Reunification Organization (ZORO) က အိန္ဒိယပြည်ထဲရေးဝန်ကြီး Amit shah ထံ အိန္ဒိယ-မြန်မာနယ်စပ်လွတ်လပ်စွာသွားလာခွင့်စနစ် ပြန်လည်ခွင့်ပြုရန် တောင်းဆိုခဲ့သည်ဟု သိရသည်။ မတ်လ ၁၅ ရက်နေ့က မီဇိုရမ်ပြည်နယ်ကို တစ်ညအိပ်ခရီးဖြင့်ရောက်ရှိလာသော အိန္ဒိယပြည်ထည်ရေးဝန်ကြီးကို အိုင်ဇောလ်မြို့ ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်ယာ Raj Bhavan မှာ ZORO ခေါင်းဆောင်များက သွားရောက်တွေ့ဆုံရာမှာ အိန္ဒိယ-မြန်မာနယ်စပ်လွတ်လပ်စွာဝင်ထွက်သွားလာခွင့်စနစ် Free Movement Regime (FMR) ဖျက်သိမ်းမှုကို ပြန်လည်သုံးသပ်ရန် တောင်းဆိုခဲ့ကြသည်ဟု All India Radio News ကဖော်ပြသည်။ အိန္ဒိယဗဟိုအစိုးရက FMR စနစ်ကိုဖျက်သိမ်းပြီးနောက် ယခုနှစ်ဇန်နဝါရီလ ၁ ရက်နေ့ကစ၍ အိန္ဒိယ-မြန်မာနယ်စပ်မှာ လွတ်လပ်စွာဝင်ထွက်သွားလာခွင့်ကို ကန့်သတ်တင်းကြပ်လိုက်သောကြောင့် နှစ်နိုင်ငံပြည်သူများအတွက် များစွာသော အခက်အခဲဖြစ်စေပြီး ယခင် ပုံမှန်အတိုင်း FMR စနစ်ကို ပြန်လည်ကျင့်သုံးရန် ZORO က တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ဒါ့အပြင် အိန္ဒိယဗဟိုအစိုးရအနေဖြင့် အိန္ဒိယ-မြန်မာနယ်စပ်ကို ခြံစည်းရိုးခတ်မည်ဆိုပါကလည်း နယ်စပ်ဒေသတွင် နေထိုင်ကြသော ဌာနေတိုင်းရင်းသားလူမျိုးများအတွက် များစွာသော အခက်အခဲများဖြစ်ပေါ်စေနိုင်သည့်အပြင် ညီအကိုအချင်းချင်းကြား ပိုင်းခြားခံရမည့်အခြေအနေမျိုး ရောက်သွားနိုင်သည်ဟု ပြည်ထဲရေးဝန်ကြီးထံ တင်ပြခဲ့ကြသည်။ လက်ရှိ မဏိပူရ်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခကြောင့် ကူးကီး (ဇို) လူမျိုးများ အခက်ခဲ မျိုးစုံနဲ့ကြုံတွေနေရကြောင်း၊ မဏိပူရ်ပြည်နယ်ထဲမှာ ကူကီး (ဇို) လူမျိုးများ နှင့် Meitei (ကသည်း) လူမျိုးများသည် အုပ်ချုပ်မှုတစ်ခုအောက်တွင် အတူနေထိုင်ရန် အဆင်မပြေတော့ဘဲ ကူကီး (ဇို) လူမျိုးများအတွက် သီးခြားအုပ်ချုပ်မှုတစ်ခု…

Read More

ချင်းပြည် (Chinland) ကောင်စီနှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ/ချင်းညီနောင် (ICNCC/CB) အကြား ပေါင်းစည်းရေးကြိုးပမ်းဆောင်ရွက်မှုနှင့် လုပ်ငန်းစဉ်ကို ဝမ်းမြောက်စွာကြိုဆိုပြီး ချင်းတော်လှန်ရေးအင်အားစုများ ပေါင်းစည်းညီညွတ်ရေး သက်ဆိုင်ရာအဖွဲ့များနှင့် လက်တွဲဆောင်ရွက်မည်ဟု ချင်းအမျိုးသားတပ်ဦး CNF က အသိပေး ထုတ်ပြန်သည်။ မတ်လ ၁၂ ရက်မှ ၁၅ ရက်အထိ ကျင်းပခဲ့သည့် CNF၏ အဋ္ဌမအကြိမ် ပါတီညီလာခံသက်တမ်း၊ တတိယအကြိမ် ဗဟိုကော်မတီအစည်းအဝေးအပြီး ထုတ်ပြန်သည့် ကြေညာချက်တွင် ဖေဖော်ဝါရီ ၂၆ ရက်က ချင်းပြည်ကောင်စီနှင့် ICNCC/CB တို့အကြားပေါင်းစည်းရေးကြိုးပမ်းဆောင်ရွက်မှုနှင့် လုပ်ငန်းစဉ်ကို ဝမ်းမြောက်စွာကြိုဆိုသည်ဟု ဖော်ြပထားသည်။ ချင်းအမျိုးသားတပ်ဦးသည် ချင်းအမျိုးသား ရေး ရှေ့ရှုလျက် ချင်းတော်လှန်ရေး အင်အားစုများ ပေါင်းစည်းညီညွတ် ရေးအတွက် သက်ဆိုင် ရာအဖွဲ့အစည်းများ၊ အစုအဖွဲ့များနှင့် လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြသည်။ ထို့အပြင် ပြည်သူ့တော်လှန်ရေး (၄)နှစ် တိုင်အောင် စစ်ကောင်စီ၏ မတရားအာဏာသိမ်းမှုကိုဆန့်ကျင်သည့် အာဏာဖီဆန်လှုပ်ရှားမှု (CDM) ဖြင့်လည်းကောင်း၊ အခြားနည်းလမ်းပေါင်းစုံဖြင့် လည်းကောင်းကြံ့ကြံ့ခံ ပေးဆပ်တိုက်ပွဲဝင်နေကြ သည့် ချင်းအမျိုးသားပြည်သူများအား လေးစား ဂုဏ်ပြုကြောင်း ဖော်ပြပြီး စစ်အာဏာရှင်စနစ်အဆုံးသတ်ပြီး ဖက်ဒရယ် ပြည် ထောင်စုတည်ဆောက်ရေးပန်းတိုင်ရောက်ရှိသည့်အထိ အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ CNF/CNA၏ အမိအဖဖြစ်ပြီး ချင်းအမျိုးသားတော်လှန်ရေး၏ ပင်မမဏ္ဍိုင်ကြီးဖြစ်သော ချင်းပြည်သူတရပ်လုံး အနေဖြင့် ချင်းအမျိုးသားတည်ဆောက်ရေးနှင့် ချင်းပြည်တည်ဆောက်ရေးတွင် အတူရပ်တည်ပြီး ကာယအင်အား၊ ဉာဏ အင်အား၊ ဓနအင် အား အသီးသီးဖြင့် ပါဝင်တိုက်ပွဲဝင်ကြရန်လည်း CNF က ကြေညာခဲ့သည်။ CNF…

Read More

(005MK) မီဇိုရမ်ပြည်နယ်တွင် မြန်မာအပါအဝင်အိမ်နီးချင်းနိုင်ငံမှ ဝင်ရောက်လာသော စစ်ဘေးရှောင် ၄ သောင်းကျော်ရှိပြီး ဇီဝအချက်အလက်များကောက်ယူနိုင်ရေးအတွက် ဗဟိုအစိုးရနှင့် ညှိနှိုင်းလျှက်ရှိကြောင်း မီဇိုရမ်ပြည်နယ် ပြည်ထဲရေး ဝန်ကြီးက ယနေ့ကျင်းပသော လွှတ်တော်အစည်းအဝေးတွင် အသိပေးပြောဆိုသည်။ ယနေ့မတ်လ ၁၇ ရက်နေ့တွင်ကျင်းပသော ၉ ကြိမ်မြောက် မီဇိုရမ်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် စစ်ဘေး ရှောင်အခြေအနေ နှင့်ပတ်သက်၍ MPCC လွှတ်တော်အမတ် Pu C. Ngunglianchunga က မေးမြန်းရာမှာ ပြည်ထဲ ရေးဝန်ကြီး Pu K. Sapdanga က အသိပေးလာခြင်းဖြစ်သည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ နောက်ဆုံးရရှိထားသောစာရင်းအရ မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၃၃၅၀၅ ဦး၊ ဘဂ်လားဒေရှ့်စစ်ဘေးရှောင် ၂၂၁၇ နှင့် မဏိပူရ်ပြည်နယ်က စစ်ဘေးရှောင် ၂၆၃၃ ဦး စုစုပေါင်း ၄၁၃၅၅ ဦးရှိသည်ဟု ဆိုသည်။ စစ်ဘေးရှောင်များအားလုံးကို ဇီဝအချက်အလက်(Biometric Data) ကောက် ယူနိုင်ရေးအတွက် ဗဟိုအစိုးရ ပြည်ထဲ ရေးဝန်ကြီးဌာနနှင့် ဆက်လက်ညှိနှိုင်းလျက်ရှိပြီး ဇီဝအချက်အလက်ကောက်ယူရာတွင် အသုံးပြုမည့် နည်းပညာပိုင်း အဆင်သင့်မဖြစ်သေးသည့်အတွက် ယနေ့ချိန်ထိကောက်ယူနိုင်ခြင်းမရှိသေး ကြောင်း ဝန်ကြီးကပြောသည်။ မီဇိုရမ်ပြည်နယ်က စစ်ဘေးရှောင်များ၏ လူဦးရေအခြေအနေမှန်ကို အတိ အကျသိရှိနိုင်ရန်ခက်ခဲပြီး နယ်စပ်မှတဆင့် နေ့စဉ်နှင့်အမျှ ဝင်/ထွက်သူများရှိနေသည့်အတွက် အရေအတွက်မှာ နာရီနှင့်အမျှပြောင်းလဲနိုင်သည်ဟု ပြည်ထဲရေး ဝန်ကြီးက ပြောသည်။ စစ်ဘေးရှောင်များထဲတွင် အမှန်တကယ်ဒုက္ခရောက်နေသူ နေအိမ်များမီးရှို့ခံရ၍ အဝတ်တစ်ထည်ကိုယ်တစ်ခုနှင့် ဝင်ရောက်လာသူများရှိသည့်နည်းတူ တချို့မှာလည်း ဒေသခံပြည်သူ နှင့် အစိုးရအတွက် အနှောက်အယှက်ပြုနေသူ များလည်းရှိနေသောကြောင့် စစ်ဘေးရှောင်များ ကိုင်တွယ်ဖြေရှင်းနိုင်မည့်နည်းလမ်းများကို အစိုးရက စီစဉ်ဆောင်…

Read More

စစ်ကိုင်းတိုင်း ကလေးမြို့ မော်လိုက်ကလေး အကျဥ်းထောင်အတွင်း ဖိနှိပ်မှုကို အဓိက အုပ်ချုပ်ရေးမဏ္ဏိုအဖြစ် အသုံးပြုခြင်းကြောင့် အရေးပေါ် ကိစ္စအဖြစ် ထိမ်းသိမ်းခံ အချုပ်သား ဗန်ဒိမ်း ဦးဆောင်သည့်အဖွဲ့များမှ ဆန္ဒထုတ် ဖော်မှုကြောင့် လူမဆန်စွာ ဖြိုခွင်းခံရပြီး အကျဥ်းသား အချုပ်သား ၉ ဦး ကျဆုံးခဲ့သည် မှာ ယနေ့ဆိုလျှင် သုံးနှစ် ပြည့်မြောက်ခဲ့ပါပြီ။ စစ်အာဏာသိမ်းပြီး လွန်ခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်နေ့ ညနေ ၄:၅၀ အချိန် ခန့် အကျဥ်းထောင် အတွင်း ဆန္ဒထုတ်ဖော်မှု ဖြစ်ပွားခဲ့သည်။စစ်အာဏာရှင် အစိုးရ၏ လည်ပတ်နေသည့် အုပ်ချုပ်ရေး ယန္တရား ဖြစ်သော အကျဥ်းဦးစီးဌာနများမှ ဖိနှိပ်မှု ပိုမိုဆိုးရွားလာခြင်းကြောင့် မတရားမှု ကို တွန်းလှန်လိုသည ဗန်ဒိမ်း နှင့် အကျဥ်းသားအချုပ်သားများအဖွဲ့သည် တောင်းဆိုချက် ၃ ချက်ဖြင့်ဆန္ဒထုတ်ဖော်ခဲ့ကြသော်လည်း အကျဥ်းဦးစီးဌာန တာဝန်ခံ အရာရှိများမှ ညှိနှိုင်း ဆွေးနွေး အဖြေရှာခြင်းမရှိပဲ လက်နက်သုံးဖြိုခွဲခံခဲ့ရပါသည်။ အကျဥ်းသား အချုပ်သား များမှ တောင်းဆိုချက် ၃ ချက်မှာ – (1) စစ်အာဏာရှင်အစိုးရ ကို အသိအမှတ်မပြု(2) ပြည်သူတွေနှင့် ပူးပေါင်းရန်(3) CDM လှုပ်ရှားမှု ကို ထောက်ခံရန် ရည်ရွယ်ပြီး ဆန္ဒ ထုတ်ဖော်ကြခြင်းဖြစ်သည်။ ဆန္ဒထုတ်ဖော်ရာတွင် လူစုလူဝေး ဖြိုခွင်းသည့် အကျဥ်းထောင် လုပ်ထုံး လုပ်နည်း အရ သတိပေးအဆင့်၊ တုတ် ဒိုင်း သုံးပြီး ဖြိုခွဲ သည့် အဆင့်…

Read More

(006SV) ချင်းပြည်တောင်ပိုင်း၊ မတူပီမြို့သိမ်းတိုက်ပွဲမှ စခန်းစွန့်ခွာထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ၎င်းတို့ မိသားစုဝင်များ၏ အရိုးစုများကို ၈ လအကြာမှာ ရှာဖွေ့တွေ့ရှိခဲ့ပြီး ကလေး၊ အမျိုးသမီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အရိုးစု ၁၅ စုထက်မနည်းကို တွေ့ရှိရသည်။ ၂၀၂၄ ခုနှစ် ဇွန်လက ဖြစ်ပွားခဲ့သည့် မတူပီမြို့သိမ်းတိုက်ပွဲတွင် မတူပီမြို့ပေါ်အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ၎င်းတို့ မိသား စုဝင်များ၊ Non-CDM ဝန်ထမ်များ အင်အားရာချီသည် စခန်းစွန့်ခွာထွက်ပြေးကြရာ ၎င်းတို့ထဲမှ သေဆုံးသူများ၏ အရိုးစုများကို ၂၀၂၅ မတ်လ ၁၁ ရက်က မတူပီမြို့နယ်နှင့် မင်းတပ်မြို့နယ်စပ်က တိုက်နယ် ၁၄ ထဲတွင် အစုလိုက် နေရာအများအပြားမှာ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ “အရိုးစုတွေ ကျနော်ကိုယ်တိုင် မျက်မြင် မြင်တွေ့ခဲ့တာက ၁၅ ခုလောက် တွေ့ခဲ့ပါတယ်။ ဒေသခံတွေ ပြောတာကတော့ ၁၂၀ လောက် ရှိနိုင်တယ်ပေါ့။ ရှာဖို့ကလည်း ခက်သွားပြီ။ အချိန်ကလည်း ကြာသွားပြီးဆိုတော့ တချို့က တောမီးလောင်တဲ့အထဲ ပါတယ်။ တချို့က ချောင်းထဲမှာ ရှိတယ်။ ရေထဲမှာ တွေ့ရှိတယ်။ တချို့က စခန်းဘေးနားက တွေ့ရှိခဲ့တာတော့ ပုံစံမျိုးစုံပေါ့” ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲ့ရေးကော်မတီမှ ကိုလောရင့်စ်က ပြောသည်။ တောထဲတွင်‌ သောက်စရာ ရေမရှိခြင်း၊ စားစရာများ ပြတ်လပ်ပြီး တလကျော် ထွက်ပြေးနေရင်း ဝမ်းရောဂါများဖြင့် သေဆုံးခြင်း ဖြစ်နိုင်သည်ဟု သိရသည်။ မြင်တွေ့ရသည့် အရိုးစုရုပ်အလောင်းများတွင် ကလေးငယ် ရုပ်အလောင်း ၂ ခု၊ အမျိုးသမီးဟူ၍ သေချာသော…

Read More

(005MK) မီဇိုရမ်ပြည်နယ်တွင် ဝင်ရောက်ခိုလုံနေကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်များအပါအဝင် နိုင်ငံခြားသားများအနေဖြင့် အိန္ဒိယနိုင်ငံသားများသာပိုင်ဆိုင်ခွင့်ရှိသော အထောက်အထားများကို ရယူပိုင်ဆိုင်ခွင့်မရှိကြောင်း အိုင်ဇောလ် ခရိုင်တရားသူကြီးက အသိပေးထုတ်ပြန်သည်။ အိမ်နီးချင်းနိုင်ငံများဖြစ်ကြသော မြန်မာနှင့် ဘဂ်လားဒေရှ့်နိုင်ငံတို့မှာ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် စစ်ဘေးရှောင် အမြောက်အများ မီဇိုရမ်ပြည်နယ်ကိုရောက်ရှိလာကြပြီး ၎င်းတို့အနေဖြင့် အိန္ဒိယနိုင်ငံသားများသာ ပိုင်ဆိုင်ခွင့်ရှိသော Voter ID, Aadhar Card, Birth Certificate, Tribal Certificate, Residential Certificate စသည့် အထောက် အထားများကို ပိုင်ဆိုင်ခွင့်မရှိကြောင်း မတ်လ ၁၃ ရက်နေ့က အိုင်ဇောလ်ခရိုင်တရားသူကြီးက အသိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယင်းအထောက်အထားများဆောင်ရွက်သည့်အခါမှာ ထောက်ခံစာထုတ်ပေးလေ့ရှိသော အိုင်ဇောလ် ခရိုင်အတွင်းက ရပ်ကွက်၊ ကျေးရွာကောင်စီနှင့် မီဇိုးလူငယ်အသင်း YMA အဖွဲ့အစည်းများအနေဖြင့် ထောက်ခံစာထုတ်ပေးသည့်နေရာတွင် သတိထားကြရန်နှင့် ဒေသခံဖြစ်ကြောင်း သိရှိထင်ရှားသူများကိုသာ ထုတ်ပေးကြရန် ယင်းအသိပေးစာထဲတွင် ဖော်ပြထားသည်။ အဆိုပါ အထောက်အထားများကို ထုတ်ပေးသော ဌာနများအနေဖြင့်လည်း စစ်ဘေးရှောင်နှင့် နိုင်ငံခြားသားများကို ဆောင်ရွက်ပေးခြင်းမရှိကြရန် အသိပေးထားသည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှု၊ အကြမ်းဖက်မှုများကြောင့် မြန်မာနိုင်ငံက စစ်ဘေးရှောင် အထူးသဖြင့် ချင်းလူမျိုးများသည် မျိုးနွယ်တူ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ယခုလက်ရှိ မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံက စစ်ဘေးရှောင် ၃ သောင်းကျော်ရှိနေပြီး စစ်ဘေးရှောင်များထဲတွင် အိန္ဒိယနိုင်ငံသားများသာ ပိုင်ဆိုင်ခွင့်ရှိသော အထောက်အထားများကို တရားမဝင် ပိုင်ဆိုင်ထားသူများရှိသည်ဟုဆိုကာ မီဇိုးလူငယ်အသင်း YMA က…

Read More

(004SS) အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အင်ဖားမြို့အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံနေရသော မြန်မာ အကျဉ်းသားတစ်ဦးသည် ‌ ပုံမှန်ဆေးကုသခွင့်မရသောကြောင့် ရောဂါအခံဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။ သေဆုံးသွားသူမှာ အသက် ၅၀ အရွယ် ဦးအောင်မြင့်ဖြစ်ပြီး နာတာရှည် အဆုတ်ရောဂါအခံရှိသူဖြစ်ကာ လွန်ခဲ့သော ရက်ပိုင်းကသေဆုံးခြင်းဖြစ်သော်လည်း မဏိပူရ်ထောင်အာဏာပိုင်များက သတင်းအ‌မှောင်ချထားခြင်းကြောင့် ယနေ့ မတ်လ ၁၄ ရက်နေ့ကျမှ သိရသည်ဟု India for Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ်က ပြောသည်။ “သူက အရင်ကတည်းကနေ အဆုတ်မှာ ရေရှိလို့ ပုံမှန်စုပ်ထုတ်ဖို့ လိုတဲ့ လူနာတစ်ဦးပေါ့နော်။ ထောင်ထဲရောက်တော့ ပုံမှန်ဆေးကုသခွင့်မရတဲ့အတွက် ဆုံးသွားတာ။ သိရသလောက်တော့ ထောင်အာဏာပိုင်တွေက သတင်းအမှောင်ချပြီး တော့မှ သူ‌ဆုံးသွားတာကတော့ လွန်ခဲ့တဲ့ တနလ်ာနေ့ကလို့ ကျွန်တော်တို့ သိထားတယ်၊ အခု လေး ငါးရက်ရှိပြီ အခုမှ ကျွန်တော်တို့ သိရတာဖြစ်တယ်။ အခု လောလောဆယ် သူ့ရဲ့ မိသားစုတွေနဲ့ ဆက်သွယ်နိုင်အောင် ကြိုးစားနေတယ်” ဟု ဆလိုင်းဒိုခါရ်က ပြောသည်။ ဦးအောင်မြင့်သည် ထောင်ထဲတွင် ထိန်းသိမ်းခံနေရစဉ် မတ်လ ပထမပတ်ကစ၍ ကျန်းမာရေးဆိုးရွားလာခြင်းကြောင့် အရေးပေါ်ဆေးကုသမှုခံယူရန် ထောင်ပိုင်များက ၎င်း၏ ပစ္စည်းများကိုပါ ထောင်ထဲမှ ထုတ်ယူခဲ့သည်ဟု မတ်လ ၄ ရက်နေ့က India for Myanmar က ထုတ်ပြန်ထားသည်။ ဦးအောင်မြင့်၏ ရုပ်အလောင်းကိုလည်း ထောင်အာဏာပိုင်းများက သဂြိုလ်လိုက်ကြပြီဟု သိရသော်လည်း သဂြိုလ်သည့် ရက်နှင့် နေရာကိုတော့ မသိရဘူးလို့ ဆလိုင်ဒိုခါရ်ကပြောသည်။ လက်ရှိ မဏိပိုရ်အကျဉ်းထောင်တွင်…

Read More

စစ်သုံ့ပန်းတချို့ ထပ်မံဖမ်းဆီးရမိထားဟုဆို (006SV) ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်နေသည့် ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီသည် တပ်အင်အား ဖြည့်တင်းပြီး ခလရ – ၂၆၈ တပ်ရင်းအနီးက စခန်းကုန်းများတွင် စစ်ကောင်စီတပ်နှင့် ချင်းပူးပေါင်းတပ်တို့ အပြန်အလှန်ထိုးစစ်ဆင်တိုက်ပွဲများ ဖြစ်နေသည်ဟု သိရသည်။ ချင်းပြည်နယ်၊ ဖလမ်းမြို့က ခလရ – ၂၆၈ တပ်ကုန်း မကျစေရန်အတွက် စစ်ကောင်စီသည် မတ်လ ဒုတိယပတ်ထဲ တပ်အင်အား ၄၀ ဝန်းကျင် ဖြည့်တင်းခဲ့ပြီး တန်ပြန်ထိုးစစ်ဆင်ရန် ပြင်ဆင်ဆောင်ရွက်ခဲ့သည်ဟု ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ – CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။ “လွန်ခဲ့တဲ့ ၂ ရက်၊ ၃ ရက်မှာ ဒီလအတွင်းမှာ သူတို့ ထပ်ဖြည့်အင်အား ထည့်တဲ့ဟာ ရှိတယ်။ အဲဒီထပ်ဖြည့် အင်အား ရောက်လာ တာနဲ့ သူတို့ဘက်ကနေ ကျနော်တို့ကို ထိုးစစ်ဆင်ဖို့ရန်အတွက် သူတို့ ပြင်ဆင်တယ်။ ပြီးတော့ ထိုးစစ်ဆင်တယ်။ ဒါပေမယ့် ထိုးစစ်ဆင်လို့ မရဘူး။ ကျနော်တို့က တန်ပြန်ထိုးစစ်ဆင်မှုကို ပြန်စလိုက်တာမှာ သူတို့ပွိုင့်စခန်းတွေကို ပြန်ရတယ်။ တပ်ကုန်းထဲမှာကို ကျနော်တို့ ပွိုင့်တွေ ရထားတာရှိတယ်” ဟု ဆလိုင်းတီမီက ပြောသည်။ မတ်လ ၁၂ ရက် နံနက်ပိုင်းကတည်းက စစ်ကောင်စီတပ်သည် ခလရ – ၂၆၈ တပ်ရင်းအနီးက စစ်ရေးအရ အရေးပါသော စခန်းကုန်းများကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် လေကြောင်းပစ်ကူအများအပြားဖြင့် ထိုးစစ်ဆင်သောကြောင့် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့သည်ဟု သိရသည်။ ယမန်နေ့က မနက်ပိုင်းမှ ညပိုင်းအထိ စစ်ကောင်စီသည်…

Read More