(004SS) စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမည့်အစီအစဉ်၌ပါဝင်သည့် Non-CDM ဝန်ထမ်းများကို စစ်ကောင်စီကဲ့သို့ သဘောထားပြီး ပစ်ခတ်မှုပြုလုပ်တော့မည်ဟု CDF-Hakha က ယမန်နေ့ ညနေပိုင်းတွင် သတိပေးချက် ထုတ်ပြန်သည်။ ချင်းပြည်နယ် ဟားခါမြို့က ဌာနဆိုင်ရာ Non-CDM ဝန်ထမ်းများကို စစ်ကောင်စီက စက်တင်ဘာလ ၂၃ ရက်နေ့တွင် ခေါ်ယူကာ ရွေးကောက်ပွဲနှင့်ပတ်သက်သော သန်းခေါင်စာရင်းကောက်ယူနည်း သင်တန်းများကို ပို့ချခဲ့သည်ဟု သိရသည်။ CDF- Hakha အနေဖြင့် လွန်ခဲ့သော ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့က ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီနှင့်အတူလက်တွဲကာ အလုပ်လုပ်ကိုင်သူများအား စစ်ကောင်စီကဲ့သို့ သဘောထားမည့်အကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၎င်းတို့အား အသက်အန္တရာယ်ထိခိုက်သည့်အထိ ပစ်ခတ်ခြင်းမပြုခဲ့ကြောင်းဆိုသည်။ သို့သော် ယခုအခါ စစ်ကောင်စီ၏ ရွေးကောက်ပွဲအစီအစဉ်တွင် သန်းခေါင်စာရင်းကောက်ယူရာ၌ ပါဝင်ကူညီသူ Non-CDM များအပါအဝင် မည်သူမဆို စစ်ကောင်စီသဖွယ်သဘောထားကာ တွေ့ရာအရပ်၌ ပစ်ခတ်တော့မည့်အကြောင်း CDF-Hakha က အတိအလင်း သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီက နိုင်ငံတစ်ဝန်း တိုင်းနှင့် ပြည်နယ် အသီးသီးတွင် မြို့နယ်အဆင့် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူနည်းသင်တန်းပြုလုပ်လျက်ရှိနေပြီး ဟားခါးမြို့အပါအဝင် ချင်းပြည်နယ်ရှိ အချို့သော မြို့များတွင်လည်း ကျင်းပခဲ့ပြီးဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလ ၁ ရက်နေ့မှာ စတင်ကောက်ယူသွားမည်ဟု သိရသည်။ ချင်းပြည်နယ်မှာတော့ ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့ မနက်ပိုင်းက ၂၀၂၄ခုနှစ်၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူ ရေး လုပ်ငန်းစဉ်အတွက် လူဦးရေနှင့် အိမ်အကြောင်းအရာဆိုင်ရာ လှုံ့ဆော်ရေးမြေစိုက်ပိုစတာစိုက်ထူခြင်း…
Author: Editor
(002MG) ချင်းပြည်နယ်မြောက်ပိုင်း အစွန်ဆုံးမြို့ဖြစ်သည့် တွန်းဇံမြို့တွင် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်ပြီး ဆေးဝါးများပါ ပြတ်လပ်နေသည့်အတွက် အကိုက်ခဲပျောက်ဆေးပင် ဝယ်ယူရန်အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။ “စားသုံးကုန်ကရှိတော့ရှိတယ် ကုန်ဈေးနှုန်းအရမ်းတက်တယ်၊ ဆေးဝါးကျတော့ မရှိသလောက် ဖြစ်တယ်၊ ဆေးတွေက အကုန်လုံးပေါ့ ပုံမှန်သောက်နေကြ သွေးကျဆေး၊ ဓာတ်ဆားတို့ဆိုရင် ဝယ်လို့မရဘူးပြတ်တာကြာပြီ အဓိက ပြတ်တာ က ဆေးဝါး၊အကိုက်အခဲပျောက် ဆေး၊အစာကြေဆေး တွေဆိုရင် သိပ်မရှိတော့ဘူး ကျန်းမာရေးမကောင်းရင် အခက် အခဲဖြစ်တယ်၊ CNF က ဆေးခန်းဖွင့်တယ် ဒါပေမယ့် ဆရာဝန်က လူနာတွေကြည့်ပေးတာပဲရှိတယ်၊ ကိရိယာတွေ၊ ဆေးဝါးမရှိဘူး” ဟု စစ်ဘေးရှောင်ရာမှ တွန်းဇံမြို့သို့ ပြန်လည်နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။ ကလေးမြို့အထွက် တက္ကသိုလ်မုဒ်ဦးအနီးရှိ စစ်ကောင်စီ၏ (၈) မိုင်စစ်ဆေးရေးဂိတ်မှ ချင်းပြည်နယ် မြောက်ပိုင်း ခိုင်ကမ်း-တီးတိန်-ရိခေါဒါရ်မြို့သို့ ပြေးဆွဲနေသော မော်တော်ယာဉ်များအား ဆန်နှင့် ဆေးဝါးများသယ်ဆောင်ခွင့် ပိတ်ထားခြင်းကြောင့် ယခုကဲ့သို့ ဆေးဝါးပြတ်မှုနှင့် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှု ပိုမိုဆိုးရွားလာခြင်းဖြစ်သည်ဟု သိရသည်။ တွန်းဇံမြို့ကပြည်သူများသည် ကလေးမီးဖွားခြင်း၊ ခွဲစိတ်ကုသမှု နှင့် အရေး ပေါ်ကျန်းမာရေးအခြေအနေများရှိပါက တီးတိန်မြို့နှင့် ကလေးမြို့တို့တွင် သွားရောက်ဆေးကုသမှုခံယူကြရသည်ဟု သိရသည်။ ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်းသို့ ကုန်တင်ကားများ ဝင်ရောက်နိုင်သော်လည်း ဆန်များသယ်ယူခွင့် ပိတ်ထားခြင်းကြောင့် တွန်းဇံမြို့တွင် ကုန်ဈေးနှုန်းများလည်း အဆမတန်မြင့်တက်နေကာ ကြက်ဥ တလုံး တစ်ထောင်ကျပ်၊ ဆပ်ပြာအမွေးခဲ တခဲ (၂၅၀၀) ကျပ်၊ ယခင်တွင် နေကြာဆီ ၁ပုံး ၁ သိန်းခွဲရှိရာ လက်ရှိတွင် (၂၁၀၀၀၀) ကျပ်၊ ဆန် ဧရာမင်းကော်ချက်…
(002MG) စစ်ကောင်စီက ကလေး-တမူး ကားလမ်းပိုင်းကို စက်တင်ဘာလ ၂၀ ရက်နေ့ကကတည်းက ပိတ်ထားသည့်အတွက် ခရီးသွားပြည်သူများနှင့် ဒေသခံများ အခက်ကြုံနေကြရသည်ဟု သိရသည်။ “စစ်တပ်ဖက်က ကလေးကနေ တမူးအထိကို ပိတ်တာ ကလေး မြို့ကနေ လက်ပံချောင်းဖက် ရာဇဂြိုလ်ကို သူတို့ (စကစ) အမြောက်လက်နက်ကြီးနဲ့ ပစ်တာနဲ့ ဖြစ်တာ လေးရက်လောက်ရှိပြီ၊အာ့ကြောင့် ဘယ်သူမှ မသွားရဲကြဘူး၊ ကျွန်တော် တို့ ရွာက ကလေးမြို့မှာ ဆေးခန်းသွားတဲ့သူတွေ (၁၀) ယောက်ကျော်တယ် အခုသူတို့လည်း အားလုံးပိတ်မိနေတာ” ဟု တမူးမြို့နယ်အတွင်းရှိ ဘုက္ကန်ကျေးရွာဒေသခံတစ်ဦးကပြောသည်။ပုံမှန်လမ်းကြောင်းဖြစ်သော ကလေး-တမူး ဆက်သွယ်သည့် အာရှလမ်းမကြီးသည် လုံခြုံရေးအခြေအနေကြောင့် ပိတ်ထားသည့်အတွက် ကလေး-လက်ပံချောင်းလမ်းကတဆင့် ရာဇဂြိုဟ်မှ ခါမ်းပါတ်-တမူးမြို့သို့ ကွင်းလမ်းဖြင့် သွားလာကြရသည်။ သို့သော်လည်း ယခုအခါ ထိုကွင်းလမ်းမှာလည်း ကလေးမြို့အထွက် ဆည်ကြီးရွာမှာတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့က ဖြတ်သန်းသွားလာခွင့်ပိတ်ထားသည့်အတွက် အခက်ကြုံနေကြခြင်းဖြစ်သည်။ ယနေ့ စက်တင်ဘာလ (၂၃) ရက်နေ့တွင်မူ ဆည်ကြီးရွာက စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် အရေးပေါ် ကျန်းမာ ရေးကုသရန်လိုအပ်သည့် ပြည်သူများကို ဖြတ်သန်းသွားလာခွင့်ပြုထားသည်ဟု ဆည်ကြီးကျေးရွာ အမျိုးသားတဦး ကပြောသည်။“ဒီနေ့ကတော့ နည်းနည်း အရေးကြီးပိုင်း၊ လူနာတွေကို ဆည်ကြီးဂိတ်မှာ ပြောပြီးတော့ လွတ်ကြတယ်၊ ဆည်ကြီးတံတားကို ခြေလျင်နဲ့ဖြတ်ပြီးတော့မှ သွားရတယ်။ အများပြည်သူအတွက်တော့ မဟုတ်သေးဘူး” ဟု ဆည်ကြီးကျေးရွာ အမျိုးသားတဦးက ပြောသည်။လက်ရှိတွင် ကလေး-တမူးကားလမ်းပိုင်း ပိတ်ထားပြီး ကားလိုင်းများပြေးဆွဲခြင်းမရှိသေးသောကြောင့် အရေးပေါ် ကျန်းမာရေးအတွက် မဖြစ်မနေသွားရသည့် ပြည်သူများသည် ဆိုက်တွဲ၊ ဆိုင်ကယ် ကယ်ရီဖြင့် ကလေးမြို့မှတဆင့် ဘုက္ကန်ကျေးရွာအထိ လူတစ်ဦးလျင်…
(005MK) အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း မြန်မာစစ်ဘေးရှောင် ၂၀၀ ကျော် ထပ်မံဝင်ရောက်လာသည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ်အစိုးရ၏ မှတ်တမ်းအရ ပြီးခဲ့သည့်အပတ်က မြန်မာစစ်ဘေးရှောင် ၂၀၅ ယောက်သည် ခေါဇောလ်ခရိုင်ထဲ ဝင်ရောက်လာခဲ့ကြပြီး လက်ရှိမီဇိုရမ်ပြည်နယ်တစ်ခုလုံးတွင် မြန်မာစစ်ဘေးရှောင် ၃၃၉၆၁ ဦးရှိသည်ဟု All india Radio News Aizawl က ဖော်ပြသည်။ ခေါဇောလ်ခရိုင်ထဲသို့ ယခုဝင်ရောက်လာကြသော မြန်မာစစ်ဘေးရှောင်များမှာ မြန်မာနိုင်ငံဘယ်ဒေသမှ ဝင်ရောက်လာသူများဖြစ်ကြောင်းကို ဖော်ပြထားခြင်းမရှိပေ။ မီဇိုရမ်ပြည်နယ်အတွင်း ခိုလုံနေကြသော မြန်မာစစ်ဘေးရှောင်များသည် ဒေသတွင်းရှိ ခရိုင် ၁၁ ခုမှာ ဖြန့်ကျက်နေထိုင်ကြသည်ဟု သိရသည်။ ခရိုင် ၁၁ ခုအနက် ခရိုင် ၇ ခုမှာ စစ်ဘေးရှောင်စခန်းများရှိသော်လည်း ကျန် ခရိုင် ၄ ခုမှာတော့ စစ်ဘေးရှောင်စခန်းများမရှိဘဲ ဆွေးမျိုးများထံနှင့် အိမ်ငှါးအဖြစ် နေထိုင်ကြသည်ဟု သိရသည်။ မြန်မာစစ်ဘေးရှောင်များအနက် ၁၀၂၂၈ ဦးမှာ အမျိုးသားများ ဖြစ်ကြပြီး ၁၀၈၅၆ ဦးမှာ အမျိုးသမီးများဖြစ်ကြပြီး ၁၂၈၇၇ ဦးမှာ ၁၈ နှစ်မပြည့်သေးသော ကလေးငယ်များကြသည်ဟု All india Radio News Aizawl က ဖော်ပြသည်။ စစ်ဘေးရှောင်များအနက် ၁၆၉၆၉ ဦးမှာ ခရိုင် ၇ ခုထဲက စစ်ဘေးရှောင်စခန်း ၁၂၉ ခုမှာနေထိုင်ကြပြီး၊ ၁၆၉၉၂ ဦးမှာ ဆွေမျိုးများ၊ မိတ်ဆွေသူငယ်ချင်းများထံနှင့် အိမ်ငှါးဖြင့်လည်းကောင်း နေထိုင်ကြသည်ဟုဆိုသည်။ တချို့မှာ ဆွေမျိုးများ၏ တောင်ယာ၊ ခြံ စသည့်နေရာများတွင် ခြံစောင့်အဖြစ်နေထိုင်ကြရသည်ဟု…
(004SS) အမျိုးသားညီညွတ်ရေးအစိုးရ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဒေါက်တာ ဆလိုင်းအိုက်ဇက်ခင်၏ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်းအမှုအတွက် အယူခံခွင့်ရရှိရေး ပြန်လည်စိစစ်ပေးရန် ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီက ယနေ့ စက်တင်ဘာ ၂၃ ရက်နေ့တွင် သဘောထားထုတ်ပြန်လိုက်သည်။ ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာအတိုင်ပင်ခံကောင်စီ၏ နာယကတစ်ဦးလည်းဖြစ်သည့် ဒေါက်တာဆလိုင်း အိုက် ဇက်ခင်သည် ဌာနတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်းကို ကျူးလွန်ခဲ့သည့်အတွက် ဩဂုတ်လ ၁ ရက်နေ့ တွင် လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုမှုခြင်းဆိုင်ရာမူဝါဒ ဗဟိုကော်မတီ၏ သုံသပ် ဆုံးဖြတ်ချက်နှင့်အညီ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ရာထူးမှထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်တွင် စွပ်စွဲခံရသူ၏ အယူခံခွင့်၊ ခံစားခွင့်မရှိသည်ကို တွေ့ရှိရသည့်အတွက် IKACC အနေဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီသမ္မတထံ စက်တင်ဘာ ၁၀ ရက်နေ့တွင် အယူခံခွင်တင်ပြခဲ့သော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြား ခြင်း မရှိသောကြောင့် ယခုကဲ့သို့ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း IKACC မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “ကျွန်တော်တို့ထုတ်ပြန်တာဟာ NUG ကိုတိုက်ခိုက်တာမျိုး ဝေဖန်ရှုတ်ချတာမျိုးတော့မဟုတ်ဘူး။ ဆလိုင်းအိုက်ဇက်ခင်က မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ သူ့ရဲ့ အယူခံခွင့်တော့ ရှိရမှာပေါ့နော်။ အယူခံခွင့်မရတဲ့အပြင် အလုပ်ကနေ ထုတ်ပယ် လိုက်တာပေါ့နော်။ အလုပ်ထုတ်ရင်တောင်မှ သူ့ရဲ့ အယူခံခွင့်ကိုတော့ ကောင်းကောင်းမွန်မွန် လေ့လာစိစစ်ပေးပြီးမှ ပုဂ္ဂိုလ် ရေးပိုင်းကိုမကြည့်ဘဲနဲ့ပေါ့နော် လုပ်ထုံးလုပ်နည်းအတိုင်းကို NUG ဘက်ကနေလဲ အမှုကို အကောင်းဆုံးနဲ့ အမှန်ဆုံး ပေါ်ပေါက်လာနိုင်ဖို့ အကောင်းဆုံး ဆောင်ရွက်ပေးဖို့ကိုပဲ ပြောချင်ပါတယ်”…
(006SV) မင်းတပ်မြို့နယ် တိုက်နယ်တချို့က ကျေးရွာများတွင် အိမ်မွေးကြက်နှင့် ဘဲများသည် ရောဂါလက္ခဏာမပြသဘဲ ကူးစက်ရောဂါ ဖြစ်ပွားပြီး ရုတ်တရက်သေဆုံးမှုများ အဖြစ်များနေကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူးရေးနှင့် ကုသရေးဌာနမှ စုံစမ်းသိရှိရသည်။ “အခုက နီးစပ်ရာ တိုက်နယ် အမှတ် ၁ နဲ့ ၂ က ကျေးရွာတချို့မှာ ဖြစ်နေတာ ရှိတယ်။ ၄ရွာ၊ ၅ ရွာလောက်မှာ ဖြစ်နေပြီ။ ဒီထက်လည်း ပိုများနိုင်တယ်။ ဒီဟာက သတင်းရတဲ့ နေရာတွေလောက်ပဲ သွားနေတာ။ အနည်းဆုံး ၁၀ ရွာလောက်မှာ ဖြစ်ရင် ဖြစ်နေမှာ။ ဆက်သွယ်လို့ မရတဲ့ ရွာတွေ အများကြီးမှာလည်း ဖြစ်ရင် ဖြစ်မှာ။ ကျနော်တို့ လက်လှမ်း မမှီသေးတာပေါ့” ဟု မင်းတပ်မြို့ပအဖမှ မွေးမြူးရေးနှင့် ကုသရေးဌာန တာဝန်ရှိသူ ဒေါက်တာဟုန်းမနားက ပြောသည်။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် တိုက်နယ် ၁ နှင့်၂ မှ ကျေးရွာတချို့တွင် ဩဂုတ်လဆန်းပိုင်းကလည်းက ကြက်၊ ဘဲသေဆုံးများ ဖြစ်ပွားနေခဲ့ပြီး ထင်းရှားသည့် မျက်မြင်ရောဂါ လက္ခဏာများ ပြသခြင်း မရှိခြင်းကြောင့် သတိမပြုခဲ့ကြကြောင်း သိရသည်။ လက်ရှိ ၁ လကျော်ခန့်မှာ ကျေးရွာများတွင် ကြက်ဘဲများသည် အစာစာရင်း၊ ဆော့ကစားရင်း၊ အိပ်တန်းတက်ရင်း ရုတ်တရုက် သေဆုံးမှု တိုးလာခြင်း၊ ဒေသခံများ ပိုမိုဆက်သွယ်သတင်းပို့လာခြင်းကြောင့် ခွဲစိတ်ကြည့်ရာမှ ကူးစက်ရောဂါဖြစ်ပွားနေမှုကို အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။ ကြက်ဘဲခြံတစ်ခြံ သို့မဟုတ် အုပ်စုတစ်အုပ်တွင် ကြက်နှင့် ဘဲတစ်ကောင် ကူးစက်ခြင်း ခံရပါက မည်သည့်ရောဂါလက္ခဏာမှ…
(006SV) ချင်းပြည်နယ်၊ လောက်တူနယ်ဒေသ မြစ်ချောင်းများအတွင်း ငါးမျိုးများ ငါးသားပေါက်ကာလတွင် ငါးဖမ်းခြင်း မပြုလုပ်ရန် တားမြစ်ပြီး ကျူးလွန်သူများကို ကျပ်တစ်သိန်းထက် မနည်းသော ပြစ်ဒဏ်အပါအဝင် တည်ဆဲ ဥပဒေများဖြင့် အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ငါးရစ်တက်ကာလအတွင်း ငါးရစ်တက် ငါးများကို နည်းလမ်းအမျိုးမျိုးဖြင့် သိမ်းကျုံးခြင်းနှင့် ဖမ်းယူခြင်း လုံး မပြုလုပ်ရန်နှင့် ငါးမျိုးများ သားပေါက်ကာလဖြစ်သောကြောင့် စက်တင်ဘာလ ၂၀ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အထိ မြစ်၊ ချောင်းအသီးသီးမှာ ငါးဖမ်းခြင်း တားမြစ်ပိတ်ပင်ကြောင်း လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။ တားမြစ်ချက်အား ကျူးလွန်သူများကို ကျပ်တစ်သိန်းထက်မနည်း၊ ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ကိုဖြစ်စေ၊ အခြား တည်ဆဲဥပဒေပါ ပြစ်ဒဏ်တစ်ရပ်ရပ်ကိုဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးကို ပေါင်း၍ဖြစ်စေ ကျူးလွန်သူ တစ်ဦးချင်းဖြင့် အရေးယူခံစေရမည်ဟု သိရသည်။ လောက်တူနယ်ဒေသထဲက ရပ်ကွက်၊ ကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အားလုံးကိုလည်း လက်ရှိ တားမြစ်ချက်ကို ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။ ၂၀၂၄ ဇူလိုင် ၂၃ ရက်က ကျင်းပပြုလုပ်သည့် ZZLMS အစည်းအဝေး ဆုံးဖြတ်ချက်အရ နှင့် စက်တင်ဘာလ ၁၄ ရက် ပြုလုပ်သော ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ နှင့် ရပ်ရွာပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း အကောင်အထည်ဖော် ဆေင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ မင်းတပ်မြို့နယ်အတွင်းက မြေပေါ်မြေအောက် သစ်တောထွက်ပစ္စည်းများ ရှာဖွေခြင်း၊ ရောင်းဝယ် ဖောက်ကားခြင်း လုံးဝ ခွင့်မပြုကြောင်းနှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက ဥပဒေအရ ဖြစ်စေ၊ စီမံခန့်ခွဲရေး နည်းအရ…
(005MK) Zo Reunification Organization (ZORO) ဦးဆောင်မှုဖြင့် မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် ချင်းပြည်အစိုးရအဖွဲ့၊ ချင်းအမျိုးသားတပ်ဦး CNF နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC/ချင်းညီနောင် CB အဖွဲ့တို့ ယနေ့တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အချက် ၅ ချက်ကို ကနဦးသဘောတူညီမှုရရှိကြသည်ဟု ZORO ကထုတ်ပြန်သည်။ ဆွေးနွေးပွဲတွင် ချင်း-ကူကီး-မီဇိုး မျိုးနွယ်စုများသည် ဆင်းသက်လာရာမျိုးနွယ်စု၊ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းအစဉ်အလာတူညီသော သေအတူရှင်မကွဲနေထိုင်လာခဲ့ကြသည့် ညီရင်းအကိုများဖြစ်ကြကြောင်းလက်ခံကြပြီး၊ တိုင်းပြည်နှင့်လူမျိုးအတွက် တော်လှန်ရေးဆောင်ရွက်သည့်အချိန်တွင် ညီအကိုအချင်းချင်းကြား သဘောထားကွဲလွဲမှု ဖြစ်ပေါ်သည့်အပေါ်စိတ်မကောင်းဖြစ်ကြပြီး နောက်နောင်တွင် ဤကဲ့သို့ ထပ်မဖြစ်ရန် သဘောတူခဲ့ကြသည်ဟု ZORO က ထုတ်ပြန်သော သဘောတူညီချက်ထဲတွင် ဖော်ပြထားသည်။ နောက်နောင်တွင် နှစ်ဖက်အဖွဲ့အစည်းများအကြားသဘောထားကွဲလွဲမှုရှိလာခဲ့ပါက လက်နက်ဖြင့်ဖြေရှင်းသည့် နည်းလမ်းကို အသုံးမပြုကြရန် သဘောတူကြပြီး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်လာစေရေးအတွက် နှစ်ဖက်အဖွဲ့ အစည်းမှတာဝန်ရှိသူများသည် လိုအပ်သလို ထပ်မံတွေ့ဆုံမှုများပြုသွားရန် သဘောတူညီခဲ့ကြသည်ဟု သိရသည်။ ထို့အပြင် ငြိမ်းချမ်းရေးကော်မတီတရပ်ထားရှိရန်လည်းလိုလားကြပြီး နောက်တစ်ကြိမ်ဆွေးနွေးမှုတွင် ငြိမ်းချမ်းရေး ကော်မတီတရပ်ဖွဲ့စည်းရန် သဘောတူခဲ့ကြသည်ဟု ZORO က ထုတ်ပြန်သည်။ ယနေ့တွေ့ဆုံဆွေးနွေးပွဲကို မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် အကြံပေးပုဂ္ဂိုလ်လည်းဖြစ်၊ ZORO ဒုဥက္ကဌ ပူးလာလ်မွန်ပွီး ယာ ပွန်သဲ ရုံးခန်းမှာ နေ့လည် ၁၂ ရာက ကျင်းပပြုလုပ်ခဲ့ကြပြီး ချင်းပြည်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ပူးပါထန်း၊ ချင်းအမျိုးသားတပ်ဦး CNF ဒုဥက္ကဌ ပူးထန်းနိန်းကီးတို့ဦးဆောင်သော ကိုယ်စားလှယ်များနှင့် ကြားကာလချင်း အမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC ဘက်က ဆလိုင်းလျန်လွယ်၊ ချင်းညီနောင်မှ Paw Sila၊…
(005MK) အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်ခြင်းလုပ်ငန်းကို ကီလိုမီတာ ၃၀ ပြီးစီးပြီဟု အိန္ဒိယ ပြည်ထဲရေးဝန်ကြီး Amit Shah ကပြောဆိုသည်။ အိန္ဒိယနိုင်ငံ၏ အမျိုးသားလုံခြုံရေးဆိုသည့်အကြောင်းပြချက်ဖြင့် ကီလိုမီတာ ၁၆၄၃ ရှည်လျားသော အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်ကို ခြံစည်းရိုးခတ်ရန် စီစဉ်နေခြင်းဖြစ်ပြီး ယင်းအတွက် ရူပီး ကုဋေ ၃၁၀၀၀ လျာထားသည်ဟု သိရသည်။ နယ်စပ်တစ်လျှောက်ခြံစည်းရိုးခတ်ခြင်းအားဖြင့် မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုတင်သွင်းမှုများကို ဟန့်တားနိုင်မှာဖြစ်ပြီး ဒေသတွင်းမှာလည်း နယ်မြေတည်ငြိမ်အေးချမ်းမှု ရှိလာမည်ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးကပြောဆိုကြောင်း အိန္ဒိယသတင်းတွေကဖော်ပြသည်။ အိန္ဒိယအစိုးရအဖွဲ့ လုံခြုံရေးကော်မတီကလည်း အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်ကို ခြံစည်းရိုးခတ်ကာ လမ်းမကြီး များတည်ဆောက်ရန်မူအားဖြင့် သဘောတူထားပြီးဖြစ်သည်ဟုလည်း ဖော်ပြထားသည်။ အိန္ဒိယအရှေ့မြောက်ပြည်နယ် ၄ ခု ဖြစ်သည့် မီဇိုရမ်၊ မဏိပူရ်၊ နာဂလဲန်း နှင့် အာရွန်းနာချာလ်ပရာဒေရှ့် ပြည်နယ်များ သည် မြန်မာနှင့်ထိစပ်နေသည်။ ယင်းပြည်နယ် ၄ ခုအနက် မီဇိုရမ်ပြည်နယ် နှင့် နာဂလဲန်းပြည်နယ်တို့က နယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ်ကို ကန့်ကွက်ထားကြသည်။ အိန္ဒိယ-မြန်မာနယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ်နှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ်လွှတ်ထဲမှာလည်း ကန့်ကွက်ကြောင်းအဆိုကို အတည်ပြုခဲ့ကြပြီးဖြစ်သည်။ နယ်စပ်ခြုံစည်းရိုးခတ်မှုမစတင်ခင်မှာ အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား ၁၆ ကီလိုမီတာအထိ အထောက်အထားမလိုဘဲ လွတ်လပ်စွာသွားလာခွင့် FMR ကိုလည်း အိန္ဒိယဗဟိုအစိုးရက ဖျက်သိမ်းခဲ့ပြီးဖြစ်သည်။
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ထဲက ချင်းလူမျိုးများနေထိုင်သော ကျေးရွာများမှ စပါးစိုက်ခင်း ဧက ၄၀၀ ကျော် ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့ရသည်ဟု သိရသည်။ မင်းပြားမြို့နယ်ထဲက ဒိုင်းသားကျေးရွာ၊ ခွဆုံကျေးရွာ၊ ထိန်ပင်-ပေါက်တောကျေးရွာ၊ ငတာကျေးရွာနှင့် ချောင်းတို ကျေးရွာ စသည့် ကျေးရွာ ၅ ရွာသည် ဩဂုတ်လနှင့် စက်တင်ဘာလမှာ နှစ်ကြိမ်ရေကြီးမှုဒဏ်ခံခဲ့ရသည်ဟု သိရသည်။ လေးမြို့မြစ်ရေ နှင့် ပန်းမြောင်းကြီးချောင်းတို့ရေကြီးမှုကြောင့် ဩဂုတ်လ ၁ ရက်မှ ၉ ရက်နေ့အထိတစ်ကြိမ် စက်တင် ဘာလ ၉ ရက်မှ ၁၆ ရက်နေ့အထိ တစ်ကြိမ် ရေကြီးမှုဒဏ် နှစ်ကြိမ်ခံခဲ့ရသည်ဟု သိရသည်။ ထိုရေကြီးမှုကြောင့် ဒိုင်းသားကျေးရွာမှာ စပါးစိုက်ခင်း ၂၃ ဧက၊ ခွဆုံကျေးရွာတွင် ဧက ၂၀၀ ကျော်၊ ထိန်ပင်-ပေါက်တောကျေးရွာတွင် ဧက ၂၀ ကျော်၊ ငတာကျေးရွာတွင် ဧက ၂၀ နှင့် ချောင်းတိုကျေးရွာက စပါးစိုက်ခင်း တို့ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ယင်းဒေသမှာ နေထိုင်သူတစ်ဦးကပြောသည်။ ပျက်စီးသွားသော စပါးစိုက်ခင်များကို အောက်တိုဘာလမကုန်ခင်အထိ မြေဩဇာများပြန်ကြဲနိုင်မည်ဆိုပါက ပြန်လည် ကောင်းလာနိုင်သော်လည်း အချိန်မှီလုပ်ဆောင်ခြင်းမရှိပါက စိုက်ခင်းများအားလုံးပျက်စီးသွားနိုင်သည်ဟု ဆိုသည်။ မြေဩဇာတစ်အိပ်မှာ ကျပ်ငွေ ၅ သိန်းခန့်ရှိနေသည့်အတွက် ရေဘေးသင့်ခဲ့ရသော ဒေသခံချင်းပြည်သူများအနေဖြင့် မြေဩဇာများ ဝယ်ယူရန်ပင်အခက်အခဲဖြစ်နေကြပြီး အကူအညီအရေးတကြီးလိုအပ်နေကြသည်ဟု သိရသည်။ စပါးစိုက်ခင်းများ အချိန်မှီပြန်လည်ပျိုးထောင်နိုင်ခြင်းမရှိပါက လာမည့်နှစ်အတွက် စားဝတ်နေရေးပို၍ ကြပ်တည်းလာနိုင်သည်ဟုသိရသည်။