Author: Editor

(006SV) မလေးရှားနိုင်ငံမှာ ဇန်နဝါရီလအတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၄၀၀ ဝန်းကျင်ဖမ်းဆီးခံရမှုတွင် ချင်းလူမျိုး အများအပြားလည်း ပါဝင်ကြောင်း မလေးရှားနိုင်ငံတွင် ချင်းဒုက္ခသည်များအရေး ကူညီပေးနေသည့် Alliance of Chin Refugees အဖွဲ့ထံမှ သိရသည်။ မလေးရှားနိုင်ငံမြို့တော် ကွာလမ်လာပူ၊ ဂျိုဟိုး၊ ပီနန်၊ ကမာရွန်ဟိုက်လန်း၊ ရှားအလန်း၊ ဂျလန်အာလာ စသည့် ပြည်နယ်နှင့် နေရာအစုံတွင် အထောက်အထားမဲ့မြန်မာများ ရာချီဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။ ယင်းဖမ်းဆီးရခံမှုများတွင် မလေးရှားရောက် အထောက်အထားမဲ့ ချင်းလူမျိုးအများအပြားလည်း ပါဝင်ပြီး၊ အရေအတွက် အတိအကျကို လတ်တလောတွင် မသိရှိရသေးကြောင်း Alliance of Chin Refugees အဖွဲ့ ဥက္ကဌ James Bawi Thang Bik က ပြောသည်။ “အခုတလောကတော့ ချင်းတွေအတွက် တိုင်ပတ်တယ်။ ဘာလို့လဲဆိုတော့ အမေရိကန်ပေါ်လစီကလည်း ပြောင်းတယ်။ UNHCR အကြီးအကဲကလည်း အသစ်ပြောင်းသွားတယ်။ မလေးရှားအစိုးရကလည်း အာဆီယံဥက္ကဌဖြစ်တယ်။ ဒီလို အပြောင်းအလဲ ကာလမှာ အဖမ်းအဆီးကလည်း အမြဲတမ်းရှိတယ်ဆိုတော့ အမြဲတမ်းတော့ အန္တရာယ်များတယ်” ဟု James Bawi Thang Bik က ပြောသည်။ မလေးရှားတွင် အထောက်အထားမဲ့ နိုင်ငံခြားသားများကို ဖမ်းဆီးမှုများ ယခင်ထက် ပိုမိုလုပ်ဆောင်နေပြီး ယခင်က ဖမ်းဆီးမှုများ မပြုလုပ်သော နိုင်ငံခြားသားများ လည်ပတ်ရာ ဂျလန်အာလော နေရာကိုပင် ပိတ်ဆို့ဖမ်းဆီးမှုများ ပြုလုပ်လာခြင်းဖြစ်ကြောင်း သိရသည်။ မလေးရှားနိုင်ငံတွင် ချင်းလူမျိုး ၈၀,၀၀၀ ကျော် ရောက်ရှိနေပြီး ၂၀,၀၀၀…

Read More

(006SV) ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည့် ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့သည် စစ်ရေးပူးပေါင်းဆောင်ရွက်နိုင်ရန် ပြင်ဆင်နေကြောင်း BPLA ကွပ်ကဲရေးမှူး ကိုဆောင်းခက ပြောသည်။ ချင်းညီနောင် စစ်ဆင်ရေးအတွက် အရေးပေါ် ရန်ပုံငွေ ရှာဖွေခြင်းပွဲတွင် ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) ကွပ်ကဲရေးမှူး ကိုဆောင်းခက အသိပေးလာခြင်းဖြစ်သည်။ “ကျနော်တို့ CNDF နဲ့လည်း စကားတွေ အများကြီး ပြောထားတာ ရှိတယ်။ အတူတကွ တိုက်ပွဲဝင်ဖို့လည်း ပြင်ဆင်နေတာတွေ ရှိပါတယ်။ အဓိကကတော့ ကျနော်တို့ BPLA အနေနဲ့က ဗမာတွေဟာ ဗမာတွေနေရာမှာပဲ တိုက်ရမယ်ဆိုတဲ့ အယူအဆကို မထားဘူး။ အထူးသဖြင့်က ဘယ်နေရာမှာပဲ တိုက်ရ၊ တိုက်ရ ကိုယ်တိုက်ရတဲ့ ဟာက စစ်အုပ်စုဖြစ်ဖို့ဆိုတာ ကျိန်သေဖို့ပဲ လိုပါတယ်။ ဘာလို့လဲဆိုရင် ကိုယ်တနေရာထဲ လွတ်မြောက်နေလို့လည်း တိုင်းပြည်ရဲ့ လွတ်မြောက်မှု အစစ်အမှန်ကို မရနိုင်ဘူးလို့ မြင်တယ်။ စစ်အုပ်စု အမြစ်ပြတ်ရေးသာ အဓိကဆိုတဲ့ မူကို ကိုင်ထားတယ်” ဟု ကိုဆောင်းခက ပြောသည်။ ၂၀၂၅ ခုနှစ်အတွင်း အညာဒေသတခွင်နှင့် ချင်းပြည်နယ်ဘက်တွင် စစ်ရေးအရ ပိုပြီး အာရုံစိုက်ရမည်ဟု ဗမာပြည်သူ့ လွတ် မြောက်ရေးတပ်တော်အနေဖြင့် ယုံကြည်လက်ခံထားပြီး ယင်းအခြေအနေအတွက် အများအပြား စစ်ရေးပြင်ဆင်နေမှုများ ရှိနေသည်ဟု BPLA တာဝန်ခံက ပြောသည်။ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA)သည် ချင်းညီနောင်အဖွဲ့နှင့်လည်း ပေါင်းပြီး တိုက်ပွဲများ ဖော်ဆောင်သွားမည် ဖြစ်သည့်အပြင် ရေရှည်မှာ ညီညွတ်ရေး၊…

Read More

(005MK) မီဇိုးကျောင်းသားသမဂ္ဂ MZP ခေါင်းဆောင်များသည် ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် မီဇိုရမ်ပြည်နယ် အုပ်ချုပ်ရေးမှူး (Governor) ကို သွားရောက်တွေ့ဆုံကာ အိန္ဒိယ-မြန်မာ နယ်စပ် အဝင်/အထွက် ကန့်သတ်မှုအပေါ် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှူး General (Dr) Vijay Kumar Singh ကို သူ၏အိမ်ယာ အိုင်ဇောလ်မြို့ Raj Bhavan ၌ ယနေ့ မွန်းလွဲပိုင်း ၃ နာရီတွင် သွားရောက်တွေ့ဆုံခဲ့ကြပြီး အိန္ဒိယဗဟိုအစိုးရ၏ Free Movement Regime (FMR) ဖျက်သိမ်းမှုနှင့် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား နယ်စပ်ခြံစည်းရိုးခတ်မည့် Border Fencing အစီအစဉ်အပေါ် သဘောထားများကို တင်ပြခဲ့ကြသည်ဟု မီဇိုးကျောင်းသားသမဂ္ဂ MZP က ယနေ့မှာထုတ်ပြန်သည်။ “နယ်နိမိတ်တွေရဲ့ပိုင်းခြားမှုကြောင့် ဆင်းသက်လာရာ မျိုးနွယ်စုတူညီတဲ့ လူမျိုးတူ ညီအကိုအရင်းတွေ တစ်လုံးတစ်ဝတည်း ပြန်လည်ပေါင်းစည်းရေးရှေ့ရှူပြီး ကြိုးပမ်းနေတဲ့ကာလမှာ လွတ်လပ်စွာနယ်စပ် ဝင်/ထွက် သွားလာခွင့် ကန့်သတ်ခံရတဲ့အပြင် နယ်စပ်ခြံစည်းရိုးခတ်ဖို့ အစီစဉ်ကို လက်ခံလို့မရဘူး” ဟု MZP ၏ ယနေ့ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။ ထို့ကြောင့် အဆိုပါကိစ္စကို မီဇိုရမ်အုပ်ချုပ်ရေးမှူးအနေဖြင့် တတ်နိုင်သည့်ဖက်မှ ကူညီဖြေရှင်းပေးရန်နှင့် အိန္ဒိယပြည်ထဲရေးဝန်ကြီးထံ ပေးပို့မည့် နယ်စပ်အရေးနှင့်ပတ်သက်သော MZP ၏ သဘောထား အိပ်ဖွင့်ပေးစာကိုလည်း အုပ်ချုပ်ရေးမှူးထံ ပေးအပ်ခဲ့ကြသည်ဟု သိရသည်။ အိန္ဒိယဗဟိုအစိုးရသည် နှစ်ပေါင်း ၄၀ ခန့်ကျင့်သုံးလာခဲ့သည့် Free Movement Regime (FMR) ဟုခေါ်သော နှစ်နိုင်ငံပြည်သူများ…

Read More

(006SV) အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်၏ လက်မှတ်ထိုးထုတ်ပြန်လိုက်သော အမိန်ကြောင့် မလေးရှားနိုင်ငံမှ ချင်းလူမျိုး ဒုက္ခသည်အများအပြား၏ လေယာဉ်ခရီးစဉ်နှင့် ပြည်ဝင်ခွင့်များ ရုတ်သိမ်းခံလိုက်ရသည်။ “တော်တော်များများက မျှော်လင့်ချက် တော်တော်ထိခိုက်သွားတယ်။ အရမ်းစိတ်ထိခိုက်မှုတွေ ဖြစ်နေကြတယ်။ မနေ့က ကျနော့်အသိထဲကဆိုရင် သွားရဖို့အတွက် မနက် ၁၁ နာရီမှာ UN ရုံးရောက်ရမယ်။ သွားဖို့ ရေချိုုးနေတုန်းမှာ ဖျက်သိမ်းခံရတာမျိုး။ တချို့ဆိုရင် အိမ်ငှားတာတွေ ပြန်အပ်ထားတာ၊ တချို့က သွားကြဖို့ အလုပ်ထွက်ထားလိုက်ပြီ။ ထွက်ဖို့လည်း သေချာနေတော့ အဲဒါတွေ လုပ်ပြီးသွားပြီ။ အဲလိုအချိန်မှာ ဒီလိုဖြစ်လာတော့ အရမ်း စိတ်ပိုင်းဆိုင်ရာ ထိသွားကြတယ်” ဟု မလေးရှားနိုင်ငံမှ ချင်းဒုက္ခသည်များအရေး ဆောင်ရွက်ပေးနေသည့် Alliance of Chin Refugees အဖွဲ့၏ ဥက္ကဌ James Bawi Thang Bik က ပြောသည်။ ယခုရက်ပိုင်းတွင် အမေရိကန်နိုင်ငံသို့ ဒုက္ခသည်အဖြစ် ပြည့်ဝင်ခွင့်ရရှိထားသည့် မလေးရှားနိုင်ငံရောက် ချင်းလူမျိုး အများအပြားသည် ယခုလို ဖျက်သိမ်းခံလိုက်ရခြင်းဖြစ်သည်။ လေယာဉ်ခရီးစဉ် ဖျက်သိမ်းခံရသော ချင်းဒုက္ခသည် အများအပြားလည်း Alliance of Chin Refugees ရုံးကို ဆက်သွယ်မေးမြန်းကြပြီး တချို့သည် UNHCR ရုံးကို တိုက်ရိုက်ဆက်သွယ်မေးမြန်းကြောင်း၊ ရုတ်သိမ်းခံရသော ချင်းဒုက္ခသည်အရေအတွက်ကို မသိရှိရသေးကြောင်း ACR ဥက္ကဌက ပြောသည်။ မလေးရှားရောက် ချင်းလူမျိုးများသည် အမေရိကန်နိုင်ငံသို့ ဒုက္ခသည်အဖြစ် သွားရောက်နိုင်ရေးအတွက် UNHCR ပရိုဂရမ်အပါအဝင် နည်းလမ်း ၂ မျိုးဖြင့် လျှောက်ထားသူများဖြစ်ပြီး လက်ရှိမှာ အားလုံးက…

Read More

(006SV) မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ကောင်စီကို တိုက်ခိုက်နေသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ – အရှိုသည် တော်လှန်ရေး ၂ နှစ်တာအတွင်း မိသားစုဝင်တချို့အပါအဝင် စစ်ကောင်စီ စစ်သုံ့ပန်း ၁၅၀ ဦး ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။ “ဖမ်းဆီးရမိတာတွေက ဟို ၁၁ လပိုင်းကတည်းက ဖမ်းဆီးရမိတာကော၊ အရင်တုန်းက ဖမ်းဆီးရမိတာကော၊ အခုချိန် ဖမ်းဆီးရမိတာကော ပုံစံအမျိုးမျိုးနဲ့ ဖမ်းဆီးရမိခဲ့တာပါ။ ၁၅၀ ဦး ဖမ်းဆီးရမိခဲ့တာမှာ အမျိုးသမီးတွေ၊ စကစတပ်ဖွဲဝင်တွေရဲ့ မိသားစုတွေလည်း ပါပါတယ်” ဟု CDF – အရှိုတပ်မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်တွင် CDF – အရှိုတပ်ဖွဲ့ကို အရှိုချင်းတိုင်းရင်း သားများဖြင့် စတင်တည်ထောင်ခဲ့ပြီး ၂ နှစ်ပြည့် ချိန်တွင် စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲ ၂၅ ကြိမ်ခန့် ရှိခဲ့ကြောင်း သိရသည်။ ချင်းကာကွယ်ရေးတပ်ဖွဲ့ – အရှို့မှ ရဲဘော် ၁ ဦးကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု တချို့ရှိကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ဝန်းကျင် သေဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၁၀၀ ခန့်နှင့် ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။ “ရှေ့ဆက် စစ်အာဏာရှင်တော်လှန်ရေးနဲ့ ပတ်သက်လို့ စစ်ရေးပစ်မှတ်တွေကို အဓိက ဦးစားပေးပြီး တော်လှန်ရေးတပ်ဖွဲတွေနဲ့ ပူးပေါင်းကာ စစ်ကောင်စီ တပ်ဖွဲဝင်တွေ ခြေကုပ်ယူရာ နေရာများကို တိုက်ယူသွားဖိုရှိပါတယ်” ဟု CDF – အရှိုတပ်မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက…

Read More

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ခမ်းပါတ်မြို့ကို ယနေ့ (ဇန်နဝါရီလ ၂၂ ရက်) မနက် ၁၀ နာရီ ၆ မိနစ်ချိန်ခန့်မှာ စစ်ကောင်စီက လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ခမ်းပါတ်မြို့ အမှတ် (၄) ရပ်ကွက်ထဲသို့ Cluster Bomb သီးများဟု ယူဆရသော ဗုံးများကြဲချခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု ရှိ/မရှိကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ “လေယာဥ်လာတာ သိလိုက်တယ် မနက် ၁၀ နာရီထိုးပြီးလောက်ကလာတာ ဗုံးကကြဲတာ တစ်ခါထဲဘဲ မြေကြီးပေါ် ရောက်တော့ ၅ ခါလောက်ဆင့်ကွဲတာ ဘာဗုံးလဲတော့မသိဘူး ကျွန်တော်တို့လဲ အနားမကပ်ရဲသေးလို့ အထိအခိုက် ရှိလားမရှိလားဆိုတာ ပြောလို့ မရသေးဘူး” ဟု ခမ်းပါတ်မြို့က အမည်မဖော်လိုသူ ဒေသခံ တစ်ဦးကပြောသည်။ ယခုလက်ရှိမှာလည်း စစ်ကောင်စီ၏ တိုက်ယာဉ်သည် ခမ်းပါတ်မြို့နှင့်အနီးတဝိုက်တွင် ပျံဝဲနေပြီး ပြည်သူများ သတိရှိကြရန်လိုအပ်ကြောင်း ဒေသခံကပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်ကလည်း ခမ်းပါတ်မြို့ အမှတ် ၁ ရက်ကွက်နဲ့ မြို့အနီးရှိ ကနန်ကျေးရွာကို စစ်ကောင် စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သုံးနှစ်အရွယ်ကလေးငယ်နဲ့ ပြည်သူ့လုံခြုံရေး ရဲဘော်တစ်ဦး သေဆုံးခဲ့ရပြီး ဒေသခံပြည်သူ တချို့ဒဏ်ရာရရှိခဲ့ကြသည်။ ထို့အပြင် နေအိမ် ၁၆ လုံးခန့်ပျက်စီးခဲ့သည်ဟု သိရသည်။ ဇန်နဝါရီလ ၂၀ ရက် နှင့် ၂၁ နေ့ကလည်း ခမ်းပါတ်မြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တစ်ပတ်အတွင်း ဗုံးကြဲတိုက်ခိုက်မှု ၄ ကြိမ်ရှိသွားပြီဟုသိရသည်။ ခမ်းပါတ်မြို့သည် အိန္ဒိယ-မြန်မာ နယ်စပ် ကလေး-တမူး…

Read More

(004SS) ချင်းပြည်နယ် ဟားခါးမြို့တွင် တာဝန်ကျနေသော စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၄ ဦးသည် လက်နက်များနှင့်အတူ ၎င်းတို့ထံ အလင်းဝင်ရောက်လာကြောင်း ယနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် CDF-Hakha က ထုတ်ပြန်သည်။ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၄ ဦးသည် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိကြတော့ ဘဲ ပြည်သူများနှင့် ပူးပေါင်းပါဝင်လိုခြင်းကြောင့် ဇန်နဝါရီလ ၈ ရက်နေ့နှင့် ၁၄ ရက်နေ့တွင် အလင်းဝင်ရောက်လာကြသည်ဟု CDF-Hakha ကဆိုသည်။ လက်နက်များနှင့်အတူ အလင်းဝင်လာကြသော ပြည်သူ့စစ် ၄ ဦးအား ဆုငွေ ချီးမြှင့်ပြီးနောက် လွတ်မြောက်နယ်မြေရောက် သည်အထိ တာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်း CDF-Hakha က ထုတ်ပြန်ထားသည်။ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့ဘဲ ပြည်သူများနှင့် ပူပေါင်းကာ တော်လှန်ရေးတွင် ပါဝင်လိုသူများကို အမြဲကြိုဆိုပြီး အချိန်မရွေး ဆက်သွယ်လာနိုင်ကြောင်း၊ လွတ်မြောက်နယ်မြေရောက်သည်အထိ တာဝန်ယူပေးမည်ဖြစ်ကြောင်းလည်း CDF-Hakah က အသိပေးထားသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်၊ ၆ ရက်နှင့် ၇ ရက်နေ့ကလည်း ပြည်သူ့စစ် ၃ ဦးသည် လက်နက်များနှင့် အတူ CDF-Hakha ထံ အလင်းဝင်ရောက်လာခဲ့သည်။

Read More

(004SS) ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ စစ်ရေးလှုပ်ရှားနေသော CDF-Hakha Central Council ၏ ဗဟိုမြေယာနှင့် သစ်တော ဌာနထံ တရားဝင်အကြောင်းကြားခြင်း၊ မှတ်ပုံတင်ခြင်းမရှိသော သစ်များကို ဟားခါးမြို့တွင်းသို့ ယနေ့ ဇန်နဝါရီ ၂၁ ရက် နေ့မှစ၍ သယ်ယူ၊ ရောင်းဝယ်ခွင့် ပိတ်ပင်လိုက်ပြီဟု CDF-Hakha Central Council က ယနေ့ ထုတ်ပြန်သည်။ တော်လှန်ရေးကာလအတွင်း စီးပွားရေးအဖြစ် သစ်ရောင်းဝယ်ခြင်း၊ ထုတ်လုပ်ခြင်းအား ခွင့်မပြုကြောင်း မိမိသုံး၊ အိမ်သုံး၊ အများပြည်သူသုံးမှလွဲ၍ အခြားမည်သည့်သစ်ကိုမျှ သိုလှောင်ခွင့်မရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ဗဟိုမြေယာနှင့် သစ်တောဌာန အမိန့်အမှတ် ၁/၂၅ ဖြင့် မြို့နယ်မှ အမိန့်စာထုတ်ထားပြီးဖြစ်၍ ပြည်သူများအနေဖြင့် မလိုက်နာပါက မည်သူမဆို တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဟု CDF-Hakha Central Council သတိပေးထားသည်။ ပြီးခဲ့သော ၂၀၂၄ ခုနှစ်တွင် ဇိုခွါးဒေသ၊ မီအေဒေသနှင့် ဟားခါးမြို့တွင်းသို့ သစ်၊ ထင်း၊ မီးသွေးများကို မိမိသုံး၊ ဘာသာရေး သုံး၊ အများပြည်သူ အကျိုးပြု လုပ်ငန်းသုံးများကို သက်ဆိုင်ရာဒေသရှိ သစ်တောအတွင်းရေးမှူးများထံ ဉပဒေ၊ နည်းဉပဒေ များအရ ၅ ရက် ကြိုတင်လျှောက်ထားရမည့်အကြောင်းကို CDF-Hakha Central Council ဗဟိုမြေယာနှင့် သစ်တောဌာန က အမိန့်အမှတ် ၁/၂၀၂၄ ဖြင့်ထုတ်ပြန်ပြီး ဖြစ်သည်။ ပြည်သူများအနေဖြင့် ဟားခါးမြို့နယ်မှ အခြားဒေသသို့ သစ်များ သယ်ယူလိုပါက သစ်တောဌာနတွင် ၄ ရက် ကြိုတင် အကြောင်းကြားရမည်ဖြစ်ပြီး…

Read More

(006SV) ရခိုင်- မကွေးအစပ်၊ အမ်းမြို့နယ်ထဲက တိုက်ပွဲများကြောင့် စခန်းစွန့်ခွာထွက်ပြေးလာသော စစ်ကောင်စီတပ်မ ၉၉ တပ်ဖွဲ့ ဝင်တချို့နှင့် အရှိုချင်းကာကွယ်ရေးတပ်- ACDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ ၃ ဦးသေဆုံးကြောင်း သိရသည်။ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း – ပဒါန်းလမ်းပိုင်း တနေရာတွင် စခန်းစွန့်ခွာ ထွက်ပြေးလာသော စစ်ကောင်စီဖွဲ့ဝင် ၁၅ ဦးခန့်ကို အရှိုချင်းကာကွယ်ရေးတပ် – ACDF က တပ်စိတ် ၂ စိတ်ဖြင့် တားဆီးပိတ်ဆို့ရာ ဇန်နဝါရီလ ၁၉ ရက် ညနေ ၄နာရီခန့်တွင် တိုက်ပွဲ ၁ နာရီကျော်ကြာဖြစ်ပွားခြင်းဖြစ်သည်။ “ကျနော်တို့က သတင်းရလို့ တပ်စိတ် ၂ စိတ် ခွဲပြီးတော့ စောင့်တာပေါ့နော်။ ပထမတပ်စိတ်က သူတို့ကို အသာတကြည် လက်နက်ချ အလင်းဝင်ဖို့ ပြောတာ သူတို့က မချဘဲနဲ့ ခုခံတယ်။ ထွက်ပြေးတာတွေ လုပ်တယ်။ အဲဒါ ပထမတပ်စိပ်နဲ့ တိုက်ပွဲ ဖြစ်တယ်။ ဒုတိယတပ်စိပ်က ရှင်းလင်းရေး ပြန်ဝင်တယ်။ သူတို့ တကွဲတပြား ပြေးကြတယ်။ အခုလည်း အကုန်လုံးကို ဖမ်းဆီးရမိအောင် လိုက်လံ ရှာဖွေနေတယ်” ဟု ACDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ခနီလေဗွေက ပြောသည်။ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး MA 1 သေနတ် ၃ လက်၊ ကျည်ဆန်နှင့် ကျည်အိမ်များ သိမ်းဆည်း ရမိကြောင်း၊ ACDF ရဲဘော်များ…

Read More

(002MG)စစ်ကိုင်းတိုင်း၊ တမူးခရိုင်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ခမ်းပတ်မြို့ကို ယနေ့ ဇန်နဝါရီလ (၂၁) ရက် ညနေ (၆) နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ်ဖြင့် သုံးကြိမ် ထပ်မံဗုံးကြဲခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ဒေသခံတဦးက “တိုက်လေယာဉ်နဲ့ ခမ်းပတ်မြို့ဖက် ဟိုနေ့ကချတဲ့နေရာကိုပဲ တကြိမ်ထပ်လာကြဲတယ်။ မနေ့က ကြဲတဲ့နေရာ နန်ကတိတ်ရွာအဝင်ဖက်ကို နှစ်ကြိမ် ထပ်ကြဲတယ်။ ဖုန်းလိုင်းက ခမ်းပတ်ဖက်ကို ဆက်သွယ်လို့မရတော့ ပျက်စီးတာ မသိရသေးဘူး” ဟု ပြောသည်။ ကလေး-တမူး ကားလမ်းမပေါ်တွင်တည်ရှိသည့် ခမ်းပတ်မြို့နှင့် ကနန်စံပြကျေးရွာကို ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ၃ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၆ ဦးသေဆုံးကာ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၁၆ လုံးပျက်စီးခဲ့သည်ဟု သိရသည်။ ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း ကလေး-တမူး ကားလမ်းမပေါ်က စော်ဘွာရေရှင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သောကြောင့် တော်လှန်ရေးရဲဘော် (၃) ဦးကျဆုံးကာ ဒေသခံ (၁၀) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ယမန်နေ့ ဇန်နဝါရီလ (၂၀) ရက် ညနေပိုင်းတွင်လည်း ခမ်းပတ်မြို့နှင့် (၂) မိုင်အကွာတွင်ရှိသည့် နန်းကတိတ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် သုံးကြိမ် ဗုံးကြဲခဲ့သည်ဟု သိရသည်။ “လူငယ်တွေနေရာကို ချချင်တာ ဒါပေမယ့် လွဲသွားတာပေါ့၊ နေရာကွက်လပ် ရွာထဲမှာ ခြံဝန်းထဲကျတာ။ နန်းကတိတ်ရွာအဝင် လမ်းခွဲမှာ အဲ့ဒီ မီးသွေးလုပ်တဲ့ကျောက်ပုံမှာ ကျသွားတာ။ ဘေးနားက ဆိုင်ကယ်နှစ်စီးကတော့ ပျက်သွားတယ်။ လူအထိအခိုက်တော့…

Read More