လတ်တလောစစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး ဆလိုင်းထက်နီနဲ့ ဆက်သွယ်မေးမြန်းချက် (006SV) မကြာသေးခင်ရက်ပိုင်းက ချင်းပြည်နယ် ဟားခါးနဲ့ ထန်တလန်ကြားမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ချင်းပြည်ကောင်စီ/ ချင်းပြည်အစိုးရပူးပေါင်းတပ်ဖွဲ့တွေက Jericho စစ်ဆင်ရေးအမည်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြပြီး စစ်ရေးအရ အချက်အချာကျတဲ့ စခန်း ၄ ခုကို သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။ ချင်းပြည်အစိုးရတပ်ဖွဲ့ရဲ့ Jericho စစ်ဆင်ရေးအခြေအနေ၊ လတ်တလော စစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေး ဆိုခွင့်ရှိသူဆလိုင်းထက်နီကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။ မေး – ချင်းပြည်အစိုးရပူးပေါင်းတပ်တွေက ဟားခါး-ထန်တလန်ကြား စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့အခြေအနေကို ပြောပေးလို့ရမလား? ဘယ်လို သိမ်းနိုင်ခဲ့တာလဲခင်ဗျာ။ ဖြေ – ကျနော်တို့ ဒီစခန်းက ၄ ခု လို့ ပြောရမှာပေါ့နော်။ သိမ်းပိုက်ရရှိခဲ့တာပါ။ ဒီစစ်ဆင်ရေးက နိုဝင်ဘာလ ၂၂ ရက်ကနေ စတင်တဲ့ စစ်ဆင်ရေးဖြစ်တယ်။ ဒီနေ့အထိ တိုက်ပွဲတွေ ဖြစ်နေတယ်။ အဓိကက ဟားခါးမြို့နယ်ထဲက စခန်း ၂ ခုရယ်၊ ထန်တလန်မြို့နယ်ဘက်က စခန်းငယ် ၂ ရယ်၊ အားလုံးပေါင်း ၄ ခုကို ကျနော်တို့ သိမ်းဆည်းနိုင်ခဲ့တယ်။ အဓိက သူတို့ ဘက်က ဂျက်ဖိုက်တာကို အားကိုးပြီးတော့မှ ကျနော်တို့ကို တိုက်ခိုက်နေတာဖြစ်တယ်။ မေး – ဆရာတို့ လတ်တလောသိမ်းပိုက်ရရှိထားတဲ့ စခန်းနာမည်တွေ ပြောပြပေးလို့ ရမလားဗျ။ ဖြေ – နာမည်က Kiamtlang/Ruavazung စခန်းရယ်၊ တံတားစောင့်တဲ့ စခန်းဖြစ်တဲ့ သီမြစ်ချောင်စခန်းရယ်၊ ပွိုင့် – ၃ စခန်းရယ်၊ ပြီးတော့ Umpu…
Author: Editor
(006SV) မကွေးတိုင်း၊ ဧရာဝတီအနောက်ဘက်ခြမ်းက အရှိုချင်းဒေသများရှိ ACDF ချင်းကာကွယ်ရေးတပ်များ၏ စစ်ရေးအရှိန် မြှင့်နိုင်ရေး ဗျူဟာမြောက်လုပ်ငန်းစဉ်များအတွက် “တော်လှန်စစ်ချီ အရှိုချင်း ဒေသများဆီ” ကျပ်သိန်း ၂၀၀၀ ကမ်ပိန်းကို ပြုလုပ်နေကြောင်း သိရသည်။ အရှိုချင်းဒေသတွင်း စစ်ရေးအရှိန်အဟုန်မြှင့်တင်နိုင်ရေးအတွက် ဆက်သွယ်ရေးနှင့် တိုက်ခိုက်ရေးပစ္စည်းများ ဖြစ်သည့် စတား လင့်စက်၊ တိုက်ခိုက်ရေး ဒရုန်း၊ ကျည်ဆန်အတောင့် ၁၀၀၀၀ တို့ကို ဝယ်ယူတပ်ဆင်နိုင်ရေး လုပ်ဆောင်ခြင်းဖြစ်သည်ဟု အရှို ချင်းကာကွယ်ရေးတပ်ဖွဲ့ – ACDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းခနီလေဗွေက ပြောသည်။ “စစ်ကောင်စီက တိုက်ပွဲတွေ ဖြစ်ပြီးဆိုရင် ဖုန်းလိုင်းဖြတ်တောက်တာတွေ ရှိတယ်။ အဲဒီအတွက် ဆက်သွယ်ရေးအင်တာနက် လိုတယ်။ မဟာဗျူဟာမြှောက်တိုက်ခိုက်ဖို့အတွက် ဒရုန်းနဲ့ တိုက်ခိုက်ရေး လုပ်ဖို့ ရှိတယ်။ ကျနော်တို့မှာ ဒရုန်းသင်တန်းဆင်းတဲ့ ရဲဘော်တွေ အများအပြား ရှိနေပြီ။ ERA/ EAO တခုမှာ သင်ထားတာ ရှိတယ်။ လက်နက်ရှိပြီးတော့ ကျည်မရှိရင်လည်း အဆင်မပြေဘူး။ အဲဒါတွေ အကုန်လုံးကိုပြန် ခြုံငုံလိုက်ရင် စစ်ရေးအရှိန် မြှင့်ဖို့အတွက် ဒီကမ်ပိန်းကို လုပ်ရတာပါ” ဟု ဆလိုင်းခနီလေဗွေက ပြောသည်။ ကမ်ပိန်းက ရရှိသော ငွေကြေးများကို အရှိုဒေသတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရာတွင်လည်း အသုံးပြုမည်ဟု သိရသည်။ အရှိုချင်းဒေသများတွင် အရှိုချင်းလူထုနှင့်ဖြစ်စေ၊ သက်ဆိုင်ရာအဖွဲ့စည်းများ နှင့်ဖြစ်စေ ပူးပေါင်း၍ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဏများကို ဖော်ဆောင်လျက်ရှိသည်ဟု သိရသည်။ “တော်လှန်စစ်ချီ အရှိုချင်း ဒေသများဆီ” ကမ်ပိန်းသည် ၂၀၂၄၊ ဒီဇင်ဘာလ…
(002MG)ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့သိမ်းတိုက်ပွဲကြောင့် ကလေးမြို့ဘက်သို့ စစ်ဘေးတိမ်းရှောင်ကြသော ဖလမ်းမြို့ ဒေသခံများသည် နေထိုင်စားသောက်ရေးမှာ အခက်အခဲကြုံတွေ့နေကြရသည်ဟု စစ်ဘေးရှောင်သူများကပြောသည်။“လောလောဆယ်က အိမ်ငှါးဖို့က တော်တော်လေးအခက်အခဲ ရှိတယ်၊ အိမ်ငှါးဖို့မရတာက များသေးတယ်၊ တချို့က ဆွေမျိုးအိမ်မှာပဲ ကပ်ပြီးနေတယ်၊ တချို့သူတွေက အခုထက်ထိ မရကြသေးဘူး၊ အိမ်ငှါးဖို့နဲ့ စာသောက်ရေးပိုင်းမှာ အတော်လေးခက်ခဲကြတယ်” ဟု ကလေးမြို့ကို စစ်ဘေးရှောင်နေသူ ဖလမ်းမြို့ဒေသခံတဦးက ပြောသည်။ဖလမ်းမြို့တွင် နိုဝင်ဘာလ ၉ ရက်နေ့ကစ၍ ချင်းညီနောင်တပ်ဖွဲ့များက မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်ကာ တိုက်ပွဲ များပြင်းထန်လာပြီးနောက် မြို့ခံအားလုံးသည် နီးစပ်ရာကျေးရွာ၊ ဟားခါးမြို့ နှင့် ကလေးမြို့ဘက်သို့ အများစု တိမ်းရှောင်ခဲ့ကြရသည်။ကလေးမြို့တွင် စစ်ဘေးရှောင်ဦးရေ တနေ့ထက်တနေ့တိုးလာနေပြီး မြို့တွင်း နေအိမ်ငှါးရမ်းခသည်လည်း မြင့်တက်လာကာ ရိုးရိုးပျဉ်ထောင်အိမ်၊ အခန်းတွဲတခန်းတွင် တစ်လ ကျပ်(၁) သိန်းခန့် ဖြင့်ငှါးရမ်း နေထိုင်ကြရသည်ဟု သိရသည်။ကလေးမြို့သည် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲကြောင့် နေအိမ် မီးရှို့ခံရသော ကျေးရွာများက စစ်ဘေးရှောင်ပြည်သူများနှင့် ချင်းပြည်မြောက်ပိုင်းဒေသ တီးတိန်၊ တွန်းဇံမြို့နယ်က စစ်ဘေးရှောင် ပြည်သူများအဓိကခိုလုံကြရသည့်ဒေသလည်းဖြစ်သည်။ကလေးမြို့ခံတဦးက “ကျမတို့ ကလေးမြို့ခံအများစုက ရန်ကုန်၊ မန္တလေး၊ အိုင်ဇောလ်ကို သွားကြတယ်။ ဒေသခံတွေ ထက် စစ်ရှောင်တွေပိုများလာတယ် မြို့ပတ်ဝန်းကျင်ကရယ်၊ အခု ဖလမ်းဆိုရင် မြို့သိမ်း တိုက်ပွဲကြောင့် ကလေးမှာ လာရှောင်တာ ပိုများတယ်၊ စစ်ရှောင်တွေနဲ့ စည်တော့ ပိုစည်လာသလို အိမ်ငှါးဖို့ အလွတ်တောင် မရှိသလောက် ဖြစ်နေတာ“ ဟုပြောသည်။လက်ရှိ ကလေးမြို့ပေါ်တွင် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်ခြင်းတို့ကြောင့်လည်း နေ့စဉ်စားဝတ်နေရေးအတွက် ပိုမိုခက်ခဲလာနေပြီး စစ်ဘေးရှောင်များမှာလည်း အကူအညီများလိုအပ်နေကြသည်ဟု သိရသည်။
(006SV) လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု တရားခံအဖြစ် ဖမ်းဝရမ်းထုတ်ခံရမည့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို နိုင်ငံတကာက ဖမ်းဆီးအရေးယူနိုင်ရေး အရှိန်မြှင့် ကြိုးပမ်းအားထုတ်သွားမည်ဟု NUG ၊ CNF အပါအဝင် တော်လှန်ရေးမဟာမိတ်အဖွဲ့များက ထုတ်ပြန်သည်။ ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရန်ထုတ်ရန် အပြည် ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) သို့ နိုဝင်ဘာလ ၂၇ ရက်က ICC ၏ ရှေ့နေချုပ်က လျှောက်ထားခြင်းအပေါ် NUG နှင့် K2C ဟုခေါ်သော KNU၊ KNPP၊ CNF တို့က နိုဝင်ဘာလ ၃၀ ရက်က ပူးတွဲ ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်သည်။ အလားတူ မြန်မာလူထုအပေါ် ကျူးလွန်သည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို ဖော်ထုတ်ပြီး နိုင်ငံတကာ ဥပဒေများနှင့်အညီ ICC ၊ ICJ နိုင်ငံတကာ တရားစီရင်ရေး ယန္တရားများမှတဆင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရရှိစေရေးအတွက်လည်း ကြိုးပမ်းအားထုတ်သွားမည်ဟု သိရသည်။ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကို ဖော်ဆောင်ရေးသည်လည်း မမှိတ်မသုန်ထားရှိသော ကတိကဝတ်ဖြစ်သည်ဟု ယင်းမဟာမိတ်အဖွဲ့က ဆိုသည်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး (ICC) ရှေ့နေချုပ်၏ ဆောင်ရွက်ချက်ကို ကြိုဆိုကြောင်း၊ မြန်မာ့တပ်မတော် သမိုင်းတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု တရားခံအဖြစ် နိုင်ငံတကာ တရားရုံးတခု၏ ဖမ်းဝရမ်းထုတ်ရန် ပထမဆုံး လျှောက်ထားခြင်း ခံရခြင်းဖြစ်ကြောင်း ပူးတွဲထုတ်ပြန်သည်။ ထိုအခြေအနေသည် မြန်မာ့တပ်မတော် အပါအဝင် မြန်မာနိုင်င၏…
စစ်ကောင်စီ တပ်ရင်းမှူး ၂ ဦး၊ တပ်/ရဲအရာရှိ ၅ ဦးနှင့် တပ်ဖွဲ့ဝင် ၃၀ ခန့် သေဆုံး (006SV) ချင်းပြည်အစိုးရ ပူးပေါင်းတပ်များ၏ Jericho စစ်ဆင်ရေးအတွင်း ဟားခါး – ထန်တလန်ကြားက စစ်ရေးအရ အချက်အချာကျသည့် စစ်ကောင်စီစခန်း ၄ ခုကို သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီ တပ်ရင်းမှူး ၂ ဦး၊ တပ်နှင့်ရဲအရာရှိ ၅ ဦးနှင့် တပ်ဖွဲ့ဝင် ၃၀ ခန့် သေဆုံးသည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။ ချင်းပြည်မြောက်ပိုင်း၊ ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားကို ထိန်းချုပ်နိုင်ရေးအတွက် ချင်းပြည်အစိုးရ ပူးပေါင်းတပ်ဖွဲ့များသည် Jericho စစ်ဆင်ရေးအဖြစ် နိုဝင်ဘာလ ၂၂ ရက်မှ စတင်၍ စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။ Jericho စစ်ဆင်ရေးအတွင်း စစ်ကောင်စီ၏ Kiamtlang/Ruavazung စခန်း၊ သီမြစ်ချောင်စခန်း၊Umpu Puaknak စခန်းနှင့် ပွိုင့် – ၃ စခန်းတို့ကို သိမ်းလိုက်ခြင်းဖြစ်ပြီး ယခုအထိ တိုက်ပွဲများ ဆက်လက် ပြင်းထန်းနေသည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ “ကျနော်တို့ ဒီစခန်းက ၄ ခုကို သိမ်းပိုက်ရရှိခဲ့တာပါ။ ဒီစစ်ဆင်ရေးက နိုဝင်ဘာလ ၂၂ ရက်ကနေ စတင်တဲ့ စစ်ဆင်ရေးဖြစ်တယ်။ ဒီနေ့အထိ တိုက်ပွဲတွေ ဖြစ်နေတယ်။ အဓိကက ဟားခါးမြို့နယ်ထဲက စခန်း ၂ ခုရယ်၊ ထန်တလန်မြို့နယ်ဘက်က စခန်းငယ်၂ ရယ်၊ အားလုံးပေါင်း…
ချင်းပြည်နယ်၊ ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားရှိ စစ်ကောင်စီတပ်ဖွဲ့၏ Ruavazung စခန်း ကို ချင်းလဲန်းကောင်စီ /ချင်းပြည်အစိုးရတပ်ဖွဲ့က ယနေ့သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်း ၁၉ ဦးကိုလည်း ဖမ်းမိထားသည်ဟု သိရသည်။ ယနေ့ နိုဝင်ဘာလ ၃၀ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် Ruavazung စခန်းကို သိမ်းပိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်ဖက်က ခလရ(၂၂၂)မှ ဗိုလ်ကြီးတဦးနှင့် ရဲမှူးအပါအဝင် ၁၀ ယောက်ကျော်သေဆုံးသည်ဟု မြေပြင်သတင်းရင်းမြစ်က ပြောသည်။ ယင်းစခန်းသိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း ၁၉ ဦးကို ဖမ်းမိထားပြီး သေနတ်အလက် ၄၀ ကျော်နှင့် ခဲယမ်းများလည်း သိမ်းဆည်းရမိသည်ဟု သိရသည်။ ဟားခါး နှင့် ထန်တလန်မြို့အကြား သီမြစ်လွင်ပြင်ဒေသတဝိုက်မှာခြေကုတ်ယူတပ်စွဲထားကြသော စစ်ကောင်စီ တပ်စခန်းများကို ချင်းပြည်အစိုးရတပ်ဖွဲ့က နိုဝင်ဘာလ ၂၀ ရက်ခန့်ကစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၂၆ ရက်နေ့က စစ်ရေးအရရေးပါသော ပွိုင့် ၃ စခန်းကုန်းကို သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။ နောက်ဆုံးရရှိသည့်သတင်းများအရ သီမြစ်လွင်ပြင်ဒေသတွင် တပ်စွဲထားကြသော စစ်ကောင်စီစခန်းအားလုံးကို ချင်းပြည်အစိုးရတပ်ဖွဲ့က သိမ်းပိုက်ထားပြီဟုသိရသော်လည်း အသေးစိတ်အခြေအနေကို မသိရသေးပေ။
(002MG) “ထိုင်းမှာ အလုပ်လုပ်ဖို့ ကျွန်တော်က အောက်လမ်းနဲ့သွားတယ်။ ကား (၁၂) ဆင့်စီးရတယ်၊ လူကလည်း ကြပ်ညှပ်နေအောင်စီးရတယ်။ ကားအရှေ့ခန်းမှာတောင် တယောက်ပေါ် တယောက်ဆင့်ပြီး (၃) ယောက်ထိုင် စီးတယ်။ စီးလိုက်၊ လမ်းလျှောက်လိုက်နဲ့ ကျွန်တော်တို့အသုတ်က (၁၂) ယောက်တစီး စီးတယ်။ မြဝတီ ရွှေကုက္ကိုဖက်ကနေသွားတယ်” ဒါကတော့ အောက်လမ်းကနေ ထိုင်းကိုသွားပြီး ရှစ်လကြာ အလုပ်လုပ်နေတဲ့ ကိုချင်းလေး(အမည်လွဲ) က သူကြုံခဲ့ရတာကို ပြန်ပြောပြထားတာဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်းမှာ သွားရောက်ပြီး အလုပ်လုပ်ဖို့ အတွက်ဆိုရင် ပွဲစားတဦးနဲ့တဦး ပွဲစားခယူတာမတူညီကြပါဘူး။ ကိုချင်းလေးတယောက်ကတော့ ထိုင်းကို အလုပ်လုပ်ဖို့ ကျပ်ငွေ (၃၅) သိန်းပေးရပြီးရောက်ခါစမှာတော့ ဆောက် လုပ်ရေးလုပ်ငန်း၊ သံပန်း၊ ဆေးသုတ် အမျိုးမျိုးကို လုပ်ကိုင်ခဲ့ရပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း တစ်နေရာြပီးတစ်နေရာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး တစ်ချို့ဒေသတွေမှာဆိုရင် မြို့ပေါ်အထိ တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် ဒေသခံလူငယ်တချို့ဟာ အသက်ဘေးအန္တရာယ်ကနေ လွတ်မြောက်ဖို့ လုပ်လက်စအလုပ်တွေကို ရပ်နားပြီး နယ်စပ်အပါအဝင် အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်းပြည်နယ်နဲ့ တခြားမြို့တွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ မတိမ်းရှောင်နိုင်တဲ့လူငယ်တွေအနေနဲ့လည်း မြို့တွင်းမှာ သတိရှိရှိနေထိုင်ရင်း စားဝတ်နေရေးအတွက်အလုပ်ရှာ ကြရပါတယ်။ ဒါပေမယ့် အလုပ်အကိုင်ရှားပါးပြီး ရတဲ့အလုပ်ရဲ့ဝင်ငွေက ထွက်ငွေထက်နည်းပါးတာကြောင့် မိသားစု စားဝတ်နေရေးပြဿနာတွေကို မဖြေရှင်းပေးနိုင်ပါဘူး။၊ ဒါကြောင့်လူငယ်များစွာဟာ ပွဲစားတွေနဲ့ ချိတ်ဆက်ပြီး ပြည်ပနိုင်ငံတွေကို ရရာနည်းလမ်းနဲ့ ထွက်ခွာနိုင်ဖို့ကြိုးစားကြရပါတော့တယ်။ ပြည်ပထွက်ခွာရာဝယ်…. ပြည်ပကို ထွက်ခွာမယ်ဆိုရင် တနိုင်ငံနဲ့တနိုင်ငံ သွားပုံသွားနည်း မတူညီကြပါဘူး။ အဓိက လမ်း ကြောင်းနှစ်ကြောင်းဖြစ်တဲ့ တရားဝင်လမ်းနဲ့ အောက်လမ်းဆိုပြီးတော့ရှိပါတယ်။ တရားဝင်လမ်းဆိုတာကပတ်စပို့၊ ဗီဇာအပါအဝင် အချက်အလက်…
(006SV) ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းမှုကို ၃ နှစ်ကျော်ကြာ လက်နက်စွဲကိုင်တော်လှန်ကြရင်း ချင်းအင်အားစုတွေ အချင်းချင်းကြား နိုင်ငံရေးသဘောထားကွဲလွဲမှုဟာလည်း ညှိလို့မရဘဲ ပို၍ရှုတ်ထွေးမယ့်အခြေအနေမှာရှိနေပြီး ချင်းတော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြားမှာ “စင်ပြိုင်အစိုးရ” တွေ ဖွဲ့စည်းတည်ထောင်လာမယ့် အခင်းအကျင်းတွေလည်း မြင်တွေ့လာရပါတယ်။ ချင်းပြည်အစိုးရတရပ် အကောင်အထည်ဖော်နိုင်ရေးအတွက် ဖွဲ့စည်းပုံပဋိညာဉ် (Charter) မူကြမ်းကို ရေးဆွဲထားပြီလို့ ကြားကာလချင်းအမျိုးသာားအတိုင်ပင်ခံကောင်စီ (ICNCC) နဲ့ ချင်းညီနောင် (CB) တို့က ပြီးခဲ့တဲ့ ရက်က အသိပေးလာပါတယ်။ ချာတာမူကြမ်းကို ပြန်လည်သုံးသပ်အတည်ပြုဖို့ပဲကျန်တော့ပြီး၊ ချင်းပြည်အစိုးရဖွဲ့ဖို့ အဆင်သင့်အနေအထား ပြင်ဆင်ထားမှု ဖြစ်တယ်လို့ ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားအဖွဲ့အချုပ် (CNO/CNDF) ဒု-ဥက္ကဌ ဆလိုင်းပီတာထန်က ခေါ်နုမ်းသုန်းကို အတည်ပြုထားပါတယ်။ တဖက်မှာလည်း ချင်းပြည်ကောင်စီအဖွဲ့ဝင်တွေဟာ ၂၀၂၄ ဖေဖော်ဝါရီလက ချင်းပြည်အစိုးရကို ဖွဲ့စည်းတည်ထောင်ပြီး ချင်းပြည် မဏ္ဍိုင် ၃ ရပ် ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် လိုအပ်နေတဲ့ ဥပဒေတွေနဲ့ Institution တွေကို ပီပီပြင်ပြင် ဖော်ဆောင်နေပြီးဖြစ်ပါတယ်။ အာဏာသိမ်းပြီးခါစ ချင်းတော်လှန်ရေးဟာ စုစုစည်းစည်းနဲ့ ဆောင်ရွက်ခဲ့ကြပြီး အာဏာသိမ်းပြီး ၃ လခန့်အကြာမှာ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ (ICNCC) ကို ရွေးကောက်ပွဲအနိုင်ရ ချင်းလွှတ်တော်ကိုယ်စားလှယ်တွေ၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့ ဝန်ထမ်းတွေ၊ အရပ်ဘက်ကိုယ်စားပြုကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းတော်လှန်နေတာဖြစ်ပါတယ်။ ယင်းနောက် တော်လှန်ရေးကာလ သဘောထားကွဲလွဲမှုတွေကနေ ၂၀၂၃ ဧပြီလထဲမှာ CNF နဲ့ လွှတ်တော်ကိုယ်စားလှယ်ထက်ဝက် ခန့် ICNCC က နုတ်ထွက်သွားပါတယ်။ ယင်းနှစ်…
(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်အခြေစိုက် CDF – မတူပီ တပ်ဖွဲ့အချင်းချင်းကြား ပြန်လည်သင့်မြတ်မှု ရရှိရေး အတွက် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှု အမြန်ဆုံးပြုလုပ်နိုင်ရန် ဆောင်ရွက်မည်ဟု မတူချင်း ဓမ္မအမှုတော်ဆောင်များ မိတ်သဟာယ အဖွဲ့ထံမှ သိရသည်။ မတူပီမြို့ ချင်းကာကွယ်ရေးအင်အားစုများကြား ပဋိပက္ခအတွက် သင့်မြတ်မှု ရရှိရန်နှင့် နယ်ခြားရောက် မတူလူထု အမြန်ဆုံး နေရပ်ပြန်နိုင်ရန် မီဇိုရမ်ရောက် မတူချင်း ဓမ္မအမှုတော်ဆောင်များ မိတ်သဟာသ၏ ငြိမ်းချမ်းရေး ကော်မတီက ဆောင်ရွက်နေ ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့ကော်မတီက နိုဝင်ဘာလ ၂၈ ရက်ထုတ်ပြန်သည်။ CDF- မတူပီ၏ တပ်မဟာ – ၁ ၊ တပ်မဟာ – ၂ ငြိမ်းချမ်းရေး ကြားဝင်ဆောင်ရွက်ပေးမည့် ငြိမ်းချမ်းရေးကော်မတီမှ ဓမ္မအမှုတော်ဆောင်ဆရာတော်များ စသဖြင့် သုံးပွင့်ဆိုင် အမြန်ဆုံး တွေ့ဆုံဆွေးနွေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။ CDF-မတူပီ တပ်မဟာ – ၂ ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကိန်းကလည်း ငြိမ်းချမ်းရေးကော်မတီက ဆောင်ရွက်နေမှုများ သည် ဟုတ်မှန်ကြောင်း အတည်ပြုသည်။ “ကျနော်တိုက သဘောထား ရယူပြီးရင်တော့ အမြန်ဆုံး ကျနော်တို့ အချင်းချင်း တွေ့ဆုံပြီးမှ ဆွေးနွေးအဖြေရှာတာက အကောင်း ဆုံးဖြစ်လိမ့်မယ်လို့ မျှော်လင့်တယ်။ ဒါပေမယ့် ဦးဆောင်တဲ့ အဖွဲ့တွေက ဘယ်အချိန်မှာ တွေ့မယ်၊ ဘယ်လို လုပ်မယ်ဆိုတာက သူတို့အပေါ်မှာ မူတည်တယ်။ ပါစတာတွေရဲ့ အစီအစဉ်အတိုင်း ဖြစ်လိမ့်မယ်။ သဘောထားကို စုစည်းတဲ့ဟာကို ကျနော်တို့ ဘယ်လိုသဘောတူညီမှု လုပ်နိုင်မလဲဆိုတာဟာတွေ ဆက်လက်ဆောင်ရွက်ဖို့ရှိတယ်”…
စစ်ကောင်စီမှ ၂ ဦးသေဆုံး၊ ၁၄ ဦးကို သုံ့ပန်းအဖြစ် ဖမ်းမိဟုဆို (006SV) ရခိုင်ပြည်နယ်၊ အနောက်ပိုင်းစစ်ဌာနချုပ်(အမ်း) ကွပ်ကဲမှု လက်အောက်ရှိ စစ်ကောင်စီ၏ ဆုတ်ခွာစစ်ကြောင်းကို အမ်း-ပဒါန်း လမ်း တနေရာတွင် ACDF အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီမှ ၂ ဦးသေဆုံးပြီး ၁၄ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ ၂၃ ရက်က အမ်းမြို့အခြေစိုက် အနောက်ပိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု လက်အောက်ရှိ တမိုင်ကုန်းစခန်းမှ ဆုတ်ခွာသော စစ်ကြောင်းကို အမ်း- ပဒါန်းလမ်းတနေရာတွင် စောင့်ကြို၍ ပိတ်ဆို့တိုက်ခိုက်ခဲ့သည်ဟု ကျောင်းသားလက်ရုံးတပ်တော် – SAF က ယနေ့ နိုဝင်ဘာလ ၂၈ ရက်မှာ ထုတ်ပြန်သည်။ ဗိုလ်မှူး ဇော်ထက်အောင် ဦးစီးသော စစ်ကောင်စီစစ်ကြောင်းသည် ပိတ်ဆို့တိုက်ခိုက်ခံရမှုကြောင့် တိုက်ပွဲအတွင်း ဖွဲ့စည်းပုံ ပျက်ကာ တကွဲတပြားစီ ထွက်ပြေးလျက်ရှိပြီး တော်လှန်ရေးပူးပေါင်းတပ်က ဆက်လက်၍ နယ်မြေရှင်းလင်းလျက်ရှိသည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး သုံ့ပန်း ၁၄ ဦးကို ဖမ်းဆီးရမိထားကာ ၎င်းတို့ကို လိုအပ်သော ဆေးဝါးကုသမှုနှင့် စစ်သုံ့ပန်းမူဝါဒနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်ဟု သိရသည်။ လက်နက်ငယ် ၂ လက်နှင့် ခဲယမ်းတချို့ကို တိုက်ပွဲအတွင်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။ စစ်ကောင်စီ စစ်ကြောင်းကို ကျောင်းသားလက်ရုံးတပ်တော် (SAF) နှင့်အတူ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF)၊ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
