Author: Editor

(005MK) အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ ချင်းပြည်နယ် ပလက်ဝကိုဖြတ်၍ ရခိုင်ပြည်ဘက်သို့ပို့ဆောင်မည့် ဒီဇယ်ဆီ ပီပါ ၁၉ လုံးကို ဗဟိုလိုင်းလူငယ်များအသင်း (CYLA) က ဖမ်းဆီးခဲ့သည်။ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် Diltlang ကျေးရွာ လိုင်းလူငယ်များအသင်း (LYA) စစ်ဆေးရေးဂိတ်တွင် ကား ၂ စီးဖြင့်တင်လာသော ဒီဇယ်ဆီ ပီပါ ၁၉ လုံးကို ဇူလိုင်လ ၁၅ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု The Lawngtlai Post က ဖော်ပြသည်။ အဆိုပါဒီဇယ်ဆီများကို Lunglei မြို့မှတဆင့် Chawngte ကျေးရွာကိုဖြတ်၍ ရခိုင်ဘက်ကိုပို့ရန်သွားနေစဉ် Diltlang ကျေးရွာ YLA စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့တုန်းကလည်း ရခိုင်ဘက်ကိုပို့မည့် ဒီဇယ်ဒီ ပီပါ ၅၇ လုံးကို CYLA က ဖမ်းဆီးခဲ့ပြီးဖြစ်သည်။ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်အတွင်း အင်အားကြီးသောအရပ်ဖက်အဖွဲ့အစည်းဖြစ်သည့် Central Young Lai Association (CYLA) က ဇွန်လ ၂၄ ရက်နေ့ကစ၍ လောင်တလိုင်ခရိုင်မှတဆင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုဖြတ်၍ ရခိုင်ပြည်နယ်ဘက်သို့ လောင်စာဆီနှင့် ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ခွင့်ကို ပိတ်ပင်ထားခြင်းဖြစ်သည်။ မီဇိုရမ်ပြည်နယ်မှတဆင့် မြန်မာဘက်သို့ ကုန်ပစ္စည်းနှင့် လောင်စာဆီများတင်သွင်းမှုများသည် စစ်မက်ဖြစ်ပွားခြင်း ကြောင့် ဒုက္ခအတိရောက်ရှိနေကြသော ရခိုင်ပြည်သူများအတွက်မှတ်ယူခဲ့ကြသော်လည်း အာရက္ခတပ်တော် AA က ချင်းလူမျိုးများအား ပစ်ခတ်တိုက်ခိုက်ရာမှာ အင်အားတည်ဆောက်ရေးနှင့် ရိက္ခာအဖြစ်အသုံးပြုနေသည့်အတွက် ယခုကဲ့သို့ပိတ်ပင်ခြင်းဖြစ်သည်ဟု CYLA က ပြောဆိုထားသည်။ ထို့ကြောင့်…

Read More

(006SV) ချင်းပြည်နယ်၊ မရာဒေသရှိ လိုင်လင်းပီမြို့ကို ဇူလိုင် ၁၁ ရက်မှစတင်၍ မရာလဲန်း ကာကွယ်ရေးတပ်ဖွဲ့ (MDF/ MTC) က ထိန်းချုပ်ထားကြောင်း သတင်းရရှိသည်။ ချင်းလဲန်းကောင်စီအဖွဲ့ဝင် ချင်းတော်လှန်ရေးတပ်ပေါင်းစုတို့က ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက လိုင်လင်းပီစစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ချင်းအမျိုးသားတပ်မတော် CNF/CNA နှင့် CDF – Mara ပူးပေါင်းတပ်တို့က ထိန်းချုပ်ထားသော လိုင်လင်းပီမြို့ကို ၈ လနီးပါးအကြာမှာ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF/ MTC) က အာရက္ခတပ်တော် (ULA/AA) အကူအညီဖြင့် ပြန်လည်ထိန်းချုပ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံများနှင့် ချင်းတော်လှန်ရေးအင်အားစုများက ပြောသည်။ “လိုင်လင်းပီမြို့နဲ့ အနီးတဝိုက် အားလုံးကို MDF က ထိန်းချုပ်ထားပါတယ်။ နယ်မြေရှင်းလင်းရေကတော့ မြို့ပတ်ဝန်းကျင်ကို လုပ်နေတယ်။ လမ်းတွေမှာ ရှင်းလင်းရေးတွေကတော့ လုပ်နေတာတွေ့တယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။ ဇူလိုင်လ ၁၁ ရက်မှစတင်၍ လိုင်လင်းပီမြို့နှင့် အနီးဝန်ကျင်းဒေသကို မရာလဲန်း ကာကွယ်ရေးတပ်ဖွဲ့ (MDF/ MTC) က ထိန်းချုပ်ထားပြီး မြို့အနီးနှင့် လမ်းများတွင် နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။ MDF/MTC နှင့် ULA/AA တပ်များက လိုင်လင်းပီမြို့ကို အင်အားအလုံးအရင်းဖြင့် တက်လာသောကြောင့် ဒေသခံပြည်သူများ စိုးရိမ်မှုမရှိစေရန် CDF – မရာနှင့် CNA ပူးပေါင်းတပ်တို့က ခဏတာရှောင်ပေးခြင်းဖြစ်ကြောင်း ကြားကာလမရာနယ်ကောင်စီ IMC ပြောရေးဆိုခွင့်ရှိသူ ဂျေဆန်စီက ပြောသည်။ “စစ်ရေးလိုအပ်ချက်အရ ပြည်သူကို ငဲ့ညှာပြီးတော့ ပြည်သူတွေ အသက်အန္တရာယ်နဲ့ စိုးရိမ်ရမှုမရှိအောင်…

Read More

(002MG) စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ချင်းပြည်နယ်တွင် လျှပ်စစ်မီးရက်ရှည်ကြာပြတ်တောက်နေမှုကြောင့် ဒေသခံပြည်သူများ လုပ်ငန်းခွင်နှင့် အိမ်မှုကိစ္စရပ်များတွင် အခက်ကြုံနေကြရသည်ဟု သိရသည်။ ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းကစ၍ ကလေးမြို့နှင့် ချင်းပြည်နယ်ဘက်သို့ မဟာဓာတ်အားလိုင်းဖြန့်ဖြူးပေးနေသော အုန်းတော-ညောင်ပင်ကြီး 230KV ခွဲရုံ ပြတ်တောက်ခဲ့ပြီးနောက် ယနေ့ချိန်ထိ ကလေးခရိုင်နှင့် ချင်းပြည်နယ်တို့တွင် လျှပ်စစ်မီးပြတ်တောက်နေခဲ့ခြင်းဖြစ်သည်။ ကလေးမြို့ဒေသခံတဦးက “အရင်ကလည်းပြတ်တယ် နှစ်ရက်လောက်ဆိုပြန်လာပြီ၊ အခုမီးက အခုထိမရသေးဘူး ကြာပြီပေါ့ မီးမရတော့ တော်တော်လေး ဒုက္ခရောက်ကြတာ မီးအမှီပြုပြီးမှ လုပ်တဲ့လုပ်ငန်း အားလုံး ထမင်း၊ ဟင်း ချက်တာကအစ အဲ့တာပြီးတော့ ဓာတ်ဆီ၊ ဒီဇယ်ဈေးကလည်းကြီးတယ်၊ မီးမလာတော့ မီးစက်နှိုးဖို့ကလည်း ခက်တယ်၊ ဆိုလာတွေ၊ ဘဏ်ထရီတွေဆိုရင်လည်း ဈေးက တအားကြီးတော့ လူတိုင်းက မဝယ်နိုင်ဘူးလေ၊ တချို့က ဂက်စ်နဲ့ချက်တဲ့အိမ်တွေတောင်မှ ဂက်စ်ဝယ်လို့မရတော့ဘူး လမ်းတွေကပိတ်တော့ ပစ္စည်းတွေ တော်တော်များများလည်း ပြတ်တာတွေလည်းရှိတယ်” ဟု ပြောသည်။ ဇူလိုင်လ (၁၄) ရက်က လျှပ်စစ်မီး 230KV ချောင်းကူးရုံးခွဲသို့ ရောက်ရှိလာပြီဟု သိရသော်လည်း ယင်းခွဲရုံတွင် ချို့ယွင်းချက်ရှိနေပြီး အစားထိုးပစ္စည်းများ၊ အရံပစ္စည်းများ ပြတ်တောက်နေကာ လက်ရှိတွင် အခြားစက်ရုံသို့ မှာယူထားဆဲဖြစ်သောကြောင့် ဂန့်ဂေါ၊ ကလေး၊ ကလေးဝ၊ မောလိုက်နှင့် ချင်းပြည်နယ်တို့တွင် မီးမရရှိနိုင်သေးခြင်းဖြစ်သည်ဟု သိရသည်။ ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင်လည်း လျှပ်စစ်မီးပြတ်တောက်ခြင်းကြောင့် ရေတင်ရန်အခက်အခဲနှင့် ကျောင်းသူ၊ ကျောင်းသားများ ညပိုင်း စာကြည့်ရန်ပင် ခက်ခဲလာသည်ဟု ဟားခါးမြို့ခံတဦးကပြောသည်။ “မီးပျက်တာကြာပြီ ဘယ်ချိန်လာမလဲမသိဘူး၊ ရေတင်လို့လည်းမရဘူး၊ ထမင်းချက်တဲ့အခါမှာလည်း အများစုက ဂက်စ်မသုံးနိုင်ကြဘူး၊ မီးသွေးကလည်း ၂…

Read More

(004SS) ချင်းပြည်နယ် တောင်ပိုင်း၊ မတူပီမြို့နယ်တွင် တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်နေရသော ဒေသခံပြည်သူတစ်ဦး ဆေးဝါးမလုံလောက်မှုကြောင့် ယမန်နေ့ ဇူလိုင် ၁၄ ရက် ည ၇ နာရီဝန်းကျင်တွင် ကွယ်လွန်သွားကြောင်း ‌စစ်ဘေးရှောင်များအရေး ဆောင်ရွက်ပေးနေသူများထံမှ သိရသည်။ ကွယ်လွန်သွားသူမှာ အသက် ၄၅ နှစ်ဝန်းကျင်ရှိ ဦးပါးဆန်းဖြစ်ပြီး ကျောက်ကပ်ရောဂါအခံရှိသူဖြစ်ကာ မတူပီမြို့ လောင်ဗန်းရပ်ကွက်မှ လေဆင်းရွာသို့ စစ်ဘေးရှောင်ရင်း လိုအပ်သော ဆေးဝါးမရှိခြင်းနှင့် လိုအပ်သော ကုသမှု အချိန်မီမရနိုင်ခြင်းကြောင့် ဆုံးပါးသွားခြင်းဟု သိရသည်။ “သူကကျောက်ကပ်နဲ့ အစာအိမ်ဖြစ်တာ လို့ကြားတယ်၊ ကျွန်မတို့ဆီမှာက တုပ်ကွေးရယ်၊ ရိုးရိုးဆေးတွေ၊ ပြီးတော့ ဝမ်းပျက်‌ဝမ်းလျှောအတွက်လောက်ပဲ အပိုအလိုမဟုတ်ပေမဲ့ ဝယ်ထားတာတွေရှိတယ်။ ဒီလိုမျိုးနာတာရှည်ရောဂါလို မျိုးအတွက်ကျတော့ ရှိလဲမရှိ ထားလဲမထားဘူးပေါ့နော်။ အစကသူတို့လည်း မီဇိုရမ်ဘက် သွားကုဖို့ အစီအစဉ်ရှိတယ် ကြားတယ်၊ ဒါပေမဲ့ လမ်းပိတ်တာရယ်၊ မိုးတွင်းရယ်ဆိုတော့ လမ်းပြိုတာလဲရှိတယ်၊ ဒါကြောင့် အစီစဉ်ပျက်သွား တာလို့ထင်တယ်။ သူက အပြင်းအထန်ဖြစ်တဲ့ လူနာထဲမှာလဲပါတယ်“ ဟု စစ်ဘေးရှောင်များအရေး ကူညီဆောင်ရွက်ပေးနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။ မတူပီမြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့အချို့မှ စစ်ရေးအရ လမ်းပိတ်ထားခြင်းကြောင့် စစ်ဘေးရှောင်များ အရေးပေါ်သွားလာခြင်း၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အချိန်မီဝယ်ယူ၊ သယ်ဆောင်နိုင်ခြင်းမရှိသောကြောင့် အခက်ကြုံတွေ့နေရကြောင်းလည်း သိရသည်။ လက်ရှိ မတူပီစစ်ဘေးရှောင်များသည် ရာသီတုပ်ကွေး၊ ငှက်ဖျားရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောကူးစက်ရောဂါများ ဖြစ်ပွားနေကြောင်း သိရပြီး ဆေးဝါးနှင့် စားနပ်ရိက္ခာ၊ ခြင်ထောင်များ အရေးပေါ်အကူအညီလိုအပ်နေကြောင်း စစ်ဘေးရှောင်များ ကူညီပေးနေသူများထံမှ သိရသည်။ ဇွန်လဆန်းပိုင်းမှ စတင်ကာ မတူပီမြို့ပေါ်နှင့် အနီးတစ်ဝိုက်မှ…

Read More

(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကောင်စီက စစ်တပ်သုံး လေယာဥ်ဖြင့် စစ်တပ်အင်အား ဖြည့်တင်းနေသည်ဟု သိရသည်။ ဇူလိုင်လ ၁၂ ရက်နေ့က ကလေးမြို့လေဆိပ်တွင် Y-8 Military Transport Aircraft ( 5919) လေယာဥ် (၃) ကြိမ် ဆင်းသက်ကာ တကြိမ်လျှင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ခန့်စီဖြင့် စုစုပေါင်း အင်အား ၂၀၀ ကျော် လာချသွားသည်ဟု ကိုယ်တိုင်မြင်တွေ့ခဲ့သည့် ကလေးမြို့ဒေသခံတဦးက ပြောသည်။ “စစ်တပ်သုံးလေယာဥ်နဲ့ ၃ ခါ လာချတယ်သင်တန်း ဆင်းပြီးခါစ စစ်သားတွေပါ။ ခါတိုင်းသင်တန်းဆင်းပြီး ခါစလာပြီ ဆိုရင် အစိမ်းရောင်ဝတ်စုံတွေနဲ့ပဲ။ ဒီနေ့တွေ့တဲ့သူတွေဆိုရင် ပျောက်ကျားဝတ်စုံတွေကျောပိုးအိတ်တွေနဲ့ အများကြီးပဲ ကလေးမြို့ပေါ်မှာအင်အားတွေတအားတိုးချတာနေတာ” ကိုယ်တိုင်မြင်တွေ့ခဲ့သည့် ကလေးမြို့ဒေသခံ ပြောသည်။ ကလေးမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့သည် သံပြားကာထားသည့် စစ်ကား (၃) စီးဖြင့် နေ့စဥ် ကင်းလှည့်စစ်ဆေးဖမ်းဆီးမှုလုပ်သည့်အပြင် ဒရုန်းအသုံးပြုကာ စစ်ရေးစောင့်ကြည့်လှုပ်ရှားမှုများ ပြုလုပ်နေသည်ဟု ကလေးမြို့ခံထံမှ သိရသည်။ စစ်ကောင်စီသည် ကလေးမြို့ပေါ်တွင်စစ်မှုထမ်းသင်တန်းအမှတ်စဥ် (၃) အထိ သင်တန်းပို့ချပြီးဖြစ်ကာ အမှတ်စဥ် (၄) စစ်မှုထမ်းသင်တန်းအတွက် စီစဉ်နေပြီး အမျိုးသမီးများလည်း ခေါ်ယူနိုင်သည်ဟု သိရသည်။ ထို့အပြင် စစ်ကောင်စီသည် ကလေးမြို့ပေါ် ရပ်ကွက်အချို့တွင် တအိမ်တက်ဆင်း မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း လိုက်လံစစ်ဆေးနေကာ ဒေသခံများ ဖမ်းဆီးခံရမှုများလည်းရှိနေကြောင်း သိရသည်။ စစ်ကောင်စီသည် ယခုရက်ပိုင်းတွင် မြို့တွင်း သွားလာသည့်ပြည်သူများအား ဆိုင်ကယ်လိုင်စင်များ စစ်ဆေးရေးတင်းကြပ်ကာ စစ်ဆေးချိန်တွင်လည်း ဒဏ်ငွေရိုက်ခြင်းနှင့် ရိုက်နှက်ခြင်းများပြုလုပ်နေကြောင်း သိရသည်။

Read More

(004SS) ချင်းပြည်နယ်၊ ဟားခါးနှင့် ဖလမ်းမြို့နယ်များတွင် ဆိုင်ကယ်တစ်စီးပေါ် အမျိုးသား ၂ ဦး လိုက်ပါစီးနင်းခြင်းနှင့် အမျိုးသမီးနောက်တွင် အမျိုးသားလိုက်ပါစီးနင်းခြင်း မပြုကြောင်း စစ်ကောင်စီက ဇူလိုင်လ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တွင် ဒေသန္တရအမိန့် ထုတ်ပြန်လိုက်သည်။ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် လက်ရှိအချိန်၌ အပြစ်မဲ့ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ခြင်း၊ လက်နက်ပြကာ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ဌာနပိုင်မော်တော်ယာဉ်၊ ဆိုင်ကယ်များအား လုယက်ယူဆောင်ခြင်း၊ တာဝန်ဖြင့်သွားလာသော မော်တော်ယာဉ်များအား ချောင်းမြောင်းပစ်ခတ်ခြင်းများ ပြုလုပ်ကြသည်ဟု ဇူလိုင်လ ၁၁ ရက်စွဲဖြင့် ထွက်ပေါ်လာသော ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဒေသန္တရအမိန့်တွင် ဖော်ပြထားသည်။ ထိုသို့ ကျူးလွန်ဆောင်ရွက်ရာတွင် အများအားဖြင့် မော်တော်ဆိုင်ကယ်များအား အမျိုးသား ၂ ဦးစီးနင်းကာ တစ်ဦးမှ မောင်းနှင်ပြီး ကျန်တစ်ဦးမှ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခြင်းနှင့် လက်နက်ပြ၍ လုယက်ယူဆောင်ခြင်းများ ပြုလုပ်ဆောင်ရွက်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ဆိုသည်။ ထို့ကြောင့် မော်တော်ဆိုင်ကယ် စီးနင်းရာ၌ တစ်စီးတွင် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးနောက်တွင် အမျိုးသား ၁ ဦး စီးနင်းလိုက်ပါခြင်းများမပြုရဟု စစ်ကောင်စီက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ထိုသို့ထုတ်ပြန်ပြီးနောက် ဟားခါးမြို့တွင် ဆိုင်ကယ်တစ်စီးဖြင့် လိုက်ပါစီးနင်းလာသော အမျိုးသား ၂ ဦးအား စစ်ကောင်စီက သေနတ်ဖြင့် ပစ်ခတ်မှုများပြုလုပ်ကြောင်း ဒေသခံများထံမှ သိရသည်။ ဟားခါးမြို့ဒေသခံအမျိုးသမီးတစ်ဦးက “အခုသူတို့စနေပြီ၊ ပြီးခဲ့တဲ့အပါတ်က မြို့ထဲမှာ တရားဝင်ကြေညာတယ် လို့ပြောကြ တယ်၊ ကလေးမြို့လိုမျိုးပေါ့၊ အမျိုးမျိုးရှုပ်တယ်။ ခရီးသွားတဲ့သူတွေတော့မသိဘူး၊…

Read More

(006SV) ချင်းပြည်တောင်ပိုင်း၊ မင်းတပ်၊ ကန်ပက်လက်၊ မတူပီနှင့် ပလက်ဝမြို့နယ် ၄ ခုက ဒိုင်ရ်မျိုးနွယ်စုများ ပေါင်းစည်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသည့် ဒိုင်ရ်ဒေသန္တရကောင်စီ (DRC) က ချင်းလဲန်းကောင်စီအဖွဲ့ဝင်အဖြစ် နှုတ်ထွက်ကြောင်း CDF – Daai ဥက္ကဌ ဦးအောင်မင်းက ပြောသည်။ “အဓိက လိုအပ်နေတဲ့ Daai မျိုးနွယ်စု စုစည်းရေးကို လက်တွေ့ကျကျ လုပ်ဆောင်ချင်လို့ CC (ချင်းပြည်ကောင်စီ) ကနေ နှုတ်ထွက်တာဖြစ်ပါတယ်။ ဒုတိယက Daai မျိုးနွယ်စုတွေ စုစည်းပြီးရင်တော့ ချင်းအမျိုးသား တည်ဆောက်ရေး အဆင့်ကို ပြန်လည်တက်လှမ်းလာဖို့ ရှိပါတယ်။ တတိယအချက်က CDF- Daai နဲ့ DRC အနေနဲ့က ချင်းအမျိုးသားဆင့်တည်ဆောက်ရေးကို အခြေခံကနေ လက်တွေ့ကျကျ တည်ဆောက်မယ့် အဖွဲ့စည်းနဲ့လက်တွဲဆောင်ရွက်ဖို့ရှိပါတယ်။ လက်တွေ့ကျကျလို့ ပြောတဲ့အခါမှာ ချင်းပြည်အတွင်းက အရှိတရားကို လက်ခံပြီးမှ မျိုးနွယ်စုတွေအားလုံး၊ ချင်းပြည်သူတွေ အားလုံးလိုချင်တဲ့ နိုင်ငံရေးအရ တန်းတူညီမျှမှု ပေးနိုင်တဲ့ ချင်းအမျိုးသားတည်ဆောက်ရေးကို ဆိုလိုတာပါ” ဟု ဥက္ကဌ ဦးအောင်မင်းက ပြောသည်။ ဒိုင်ရ်မျိုးနွယ်စု၏ အုပ်ချုပ်ရေး အစုအဖွဲ့ အသီးသီးနှင့် ကာကွယ်ရေးတပ်ဖွဲ့ အသီးသီး တို့ကို ပြန်လည် စုစည်းသည့် ကာလအတွင်း ချင်းပြည်ကောင်စီအဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ပါကြောင်း CDF- Daai အဖွဲ့မှ ချင်းပြည်ကောင်စီ ဥက္ကဌထံသို့ ဇူလိုင်လ ၁၂ ရက်က ပေးပို့သော နှုတ်ထွက်စာတွင်လည်း ဖော်ပြထားသည်။ ဒိုင်ရ်ဒေသနှင့် ဒိုင်ရ်မျိုးနွယ်စုတစ်ခုလုံး၏ နိုင်ငံရေးအခန်းကဏ္ဍနှင့် ပတ်သက်၍ ဒိုင်ရ်ဒေသန္တရကောင်စီ (DRC) က…

Read More

(006SV) မကွေးတိုင်း၊ ငဖဲမြို့နယ် မင်းဘူး- အမ်း လမ်းမပေါ်တွင် တပ်အပြောင်းအရွှေ့ပြုလုပ်ရန် ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို CDF- အရှိုနှင့် PDF- ဧရာဝတီတို့ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။ ဇူလိုင်လ ၉ ရက် နံနက် ၉ နာရီခန့်က ငဖဲမြို့နယ်၊ မင်းဘူး- အမ်း လမ်းမပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ – အရှို (CDF- Asho) နှင့် ဧရာဝတီ ပြည်သူ့ကာကွယ်ရေးတပ်မတော် (APDF) တို့၏ မဟာမိတ်ပူးပေါင်းစစ်ကြောင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဇူလိုင် ၁၁ ရက်မှာ CDF- အရှို၊ သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။ မကွေးတိုင်းအနောက်ခြမ်းရှိ နတ်ရေကန် လေကြောင်းကာကွယ်ရေးတပ်စခန်းမှ တပ်အပြောင်းအရွှေ့ပြုလုပ်ရန် ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို အမ်း- မင်းဘူး လမ်းပေါ်ရှိ မှိန်းစိမ်ရွာလမ်းခွဲအနီးတွင် တော်လှန်ရေးမဟာမိတ်ပူးပေါင်းစစ်ကြောင်းက ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသည် တိုက်ပွဲနေရာမှာပင် သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကာ ထွက်ပြေးသွားသူများလည်းရှိကြောင်း သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ထံမှ အမ်အေ သေနတ် ၁ လက်၊ G- 3 အမျိုးအစား သေနတ် ၁ လက်နှင့် ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့ကြောင်း CDF – အရှို၊ စစ်ရေးမှတ်တမ်းဌာနမှ သိရသည်။

Read More

(005MK) မီဇိုရမ်ပြည်နယ်တောင်ပိုင်း လောင်တလိုင်ခရိုင်တွင် ခိုလုံနေကြသော စစ်ဘေးရှောင်အရေးနှင့် နယ်စပ်လုံခြုံရေးကိစ္စတို့ကို လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အရပ်ဖက်အဖွဲ့အစည်းများက ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။ လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူး Cheemala Siva Gopal Reddy ဦးဆောင်မှုဖြင့် သူ၏ရုံးခန်းတွင် ဇူလိုင် ၁၁ ရက်က ကျင်းပသော ယင်းဆွေးနွေးပွဲတွင် ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများဖြစ်ကြသော CYLA, LWA, MHIP, MUP တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ယင်းဆွေးနွေးပွဲတွင် အုပ်ချုပ်ရေးမှူးက လောင်တလိုင်ခရိုင်းအတွင်း ဝင်ရောက်ခိုလုံလာကြသော မြန်မာနှင့် ဘဂ်လားဒေရှ့်နိုင်ငံက စစ်ဘေးရှောင်များကို တတ်နိုင်သည့်ဘက်မှ ကူညီပေးခဲ့ကြသော်လည်း အစိုးရထံကနေ စစ်ရှောင်များအတွက် သီးခြားအကူအညီမရှိသောကြောင့် နောက်ထပ်စစ်ဘေးရှောင်များ ဝင်ရောက်လာမည်ဆိုပါက ကူညီရေးပိုင်းတွင် အခက်ကြုံနိုင်ပြီး သတိရှိကြရန်ပြောဆိုခဲ့သည်။ “လက်ရှိ ရှိနေတဲ့စစ်ဘေးရှောင်တွေကို မောင်းထုတ်ဖို့မရှိပါဘူး၊ သို့သော် အစိုးရဆီကနေ စစ်ဘေးရှောင်တွေအတွက် သီးခြားအကူအညီမရှိတာကြောင့် နောက်ထပ်စစ်ဘေးရှောင်တွေ ထပ်ဝင်လာမယ်ဆိုရင် ကျနော်တို့အခြေအနေနဲ့ အဲဒီဝန်ကို ထမ်းနိုင်ပါ့မလား၊ ဒါကြောင့် ကိုယ့်အခြေအနေကို သိဖို့လိုပါတယ်” ဟု လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။ လောင်တလိုင်ခရိုင်တွင် ယခုလက်ရှိ မြန်မာနိုင်ငံက စစ်ဘေးရှောင် ၆၀၀၀ ခန့်ရှိနေပြီး စစ်ရှောင်စခန်း ၃၈ ခုနှင့် ကျေးရွာပေါင်း ၅၀ ကျော်တွင် ဖြန့်ကျက်နေထိုင်ကြသည်ဟု သိရသည်။ အလားတူ ဘဂ်လာဒေရှ့်နိုင်ငံမှ ဝင်ရောက်လာကြသော ချင်းအနွယ်ဝင် စစ်ဘေးရှောင်မှာလည်း ၂၀၀၀ ခန့်ရှိပြီး စစ်ရှောင်စခန်း ၁၂ ခုနှင့် ကျေးရွာ ၁၁ ရွာတွင် ဖြန့်ကျက်နေထိုင်ကြကြောင်း သိရသည်။ ဇူလိုင်လ ၅ ရက်နေ့ကလည်း ဘဂ်လားဒေရှ့်နိုင်ငံမှ ချင်းအနွယ်ဝင် Bawm…

Read More

(006SV) ချင်း- မကွေးတိုင်းနယ်စပ်တစ်နေရာတွင် ချင်းအမျိုးသားတပ်ဦး CNF/CNA က ဖမ်းဆီးထားသော YDF ရဲဘော် ၂ ဦးသည် ယနေ့ ဇူလိုင် ၁၂ ရက်နေ့တွင် ပြန်လွတ်လာပြီးဖြစ်ကြောင်း ယောကာကွယ်ရေးတပ် – YDF တာဝန်ခံက ပြောသည်။ “ဒီနေ့ ပြန်လွှတ်ပါတယ်။ ကျနော်တို့ဆီကိုတော့ ရောက်မလာသေးပါဘူး။ သူတို့နဲ့ အဆက်အသွယ်က ရထားပါပြီ။ ကျနော်တို့ ထပ်မံ ဆွေးနွေးမှုတွေကတော့ မရှိသေးပါဘူး။ ရဲဘော်တွေ ပြန်ရောက်မှ ဘာတွေ တွေ့ကြုံရသလဲဆိုတာ သိမှ အသေးစိတ် ဖြေပေးဖို့ အဆင်ပြေပါမယ်” ဟု ယောကာကွယ်ရေးတပ် – YDF တာဝန်ခံက ပြောသည်။ ဇူလိုင်လ ၇ ရက်က ချင်းပြည်နယ်၊ မတူပီမြို့နယ်နှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တို့၏ နယ်စပ်ကျေးရွာဖြစ်သည့် ရောင်နက်ကျေးရွာတွင် ယောကာကွယ်ရေးတပ်- YDF မှ ရဲဘော် ၂ ဦးတို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့ CNF/ CNA မေးမြန်းစရာရှိသည်ဟူ၍ ဖမ်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယောကာကွယ်ရေးတပ်- YDF မှ ထောက်ပိုမှူး ရဲဘော် ကိုအုပ်သိမ်းနှင့် ထောက်ပို့ဌာနအဖွဲ့ဝင် ရဲဘော် ကိုအောင်သက်ခိုင်တို့သည် ဖမ်းဆီးခံရပြီး ၆ ရက်အကြာ ယနေ့ ဇူလိုင်လ ၁၂ ရက်တွင် ပြန်လွှတ်လာခြင်းဖြစ်သည်။ ဇူလိုင် ၇ ရက်က YDF မှ ရဲဘော် ၂ ဦးတို့ ဖမ်းဆီးခံရပြီး နောက်တစ်ရက်တွင် ချင်းပြည်နယ်မြောက်ပိုင်း၊ ဟားခါးမြို့နှင့် မကွေး တိုင်း၊ ဂန့်ဂေါမြို့နယ်တို့ကို ဆက်သွယ်ထားသော…

Read More