(006SV) ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်း ကွယ်လွန်ခြင်းသည် နွေဦးတော်လှန်ရေး ဆင်နွှဲနေချိန်တွင် တော်လှန်ရေး ရဲဘော်ရဲဘက်များအတွက် မဟာဆုံးရှုံးမှုကြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) က သတင်းထုတ်ပြန်သည်။ မေလ ၁၃ ရက် ညနေ ၆နာရီခွဲခန့်က KIA စစ်ဦးစီးချုပ် ခေါင်လွန်းသည် အသဲရောဂါဖြင့် ဆေးဝါးကုသနေစဉ် အသက် ၆၂ နှစ်အရွယ်မှာ ၎င်း၏ နေအိမ်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ KIA စစ်ဦးစီးချုပ် ကွယ်လွန်သွားကြောင်း ကြားသိရသဖြင့် အံ့ဩတုန်လှုပ်ပြီး ကချင်ပြည်သူများ၊ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၊ ကျန်ရစ်သူ မိသားစု၊ ရပ်ဆွေရပ်မျိုးနှင့်အတူ ထပ်တူ အထူးဝမ်းနည်း ကြေကွဲရကြောင်း ချင်းအမျိုးသား တပ်ဦးက မေလ ၁၃ ရက် ထုတ်ပြန်သည်။ “ပြည်သူလူထုနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ၊ နွေဦးတော်လှန်ရေး ဆင်နွှဲနေသည့် ရဲဘော်ရဲဘက်များအတွက် မဟာဆုံးရှံးမှုကြီး ဖြစ်ကြောင်း လေးနက်စွာ ဖော်ပြအပ်ပါသည်” CNF က ထုတ်ပြန်သည်။ အာဏာရှင်စနစ် အပြီးသတ်ချေမှုန်းရေး နှင့် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံထူထောင်ရေးအတွက် နွေဦး တော်လှန်ရေး ဆင်နွှဲနေချိန်တွင် မိမိတို့ ချစ်ခင်လေးစား အားထားရပါသော Lt. Gen. R Hkawng Lurn ကွယ်လွန်ခြင်းအပေါ် အထူးနှမြောတသဖြစ်ရသည်ဟု CNF ကထုတ်ပြန်သည်။ ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်း၏ ညီရင်းအစ်ကို ဆက်ဆက်ဆံရေးဖြင့် ချင်းအမျိုးသား တပ်မတော်အား အကောင်းဆုံး ပံ့ပိုးကူညီပေးခဲ့မှုကို ချင်းအမျိုးသားတပ်ဦးက မှတ်ကျောက်တင်အပ်သည်ဟုလည်း ထုတ်ပြန်သည်။ ၎င်း၏…
Author: Editor
ချင်းပြည် ပလက်ဝမြို့ဟာ ချင်းပြည်ရဲ့ နယ်နိမိတ်ထဲမှာ ဧရိယာအကျယ်ဆုံး မြို့တစ်မြို့ဖြစ်သလို ချင်းပြည်ရဲ့ တစ်ခု တည်းသော စီးပွားရေးဇုန်မြို့တော်တစ်ခုဖြစ်ပါတယ်။ ၂၀၁၄ – ၂၀၁၅ ဝန်းကျင် အာဏာမသိမ်းခင်ကတည်းက AA နဲ့ ဗမာ့တပ်မတော်ရဲ့ တိုက်ပွဲတွေကြားမှာ ချင်းပြည်သူလူ ထုတွေအနေနဲ့ အလူးအလိမ့်ခံခဲ့ကြရပါတယ်။ AA ဟာ သူတို့ရဲ့ တိုက်ပွဲ ဖော်ဆောင်မှုတွေကို စတင်ဖော်ဆောင် ကတည်းက ရခိုင်ပြည်ထဲမှာ ဦးဆုံးမဖော်ဆောင်ပါပဲနဲ့ ချင်းပြည် ပလက်ဝမြို့ကနေ စတင်ပြီး ဘာကြောင့် တိုက်ပွဲ ဖော်ဆောင်ခဲ့ကြတာလဲဆိုတဲ့ မေးခွန်းကို မေးဖို့အတွက် ချင်းလူမျိုးအတော် များများက မေးရကောင်း မှန်းမသိခဲ့ ကြသလို အဖြေကို ဃဂဏန သိဟန်လည်းမတူပါဘူး။ ကျနော်တို့အတွင်းပိုင်းကနေသိရသလောက်ပြောရမယ်ဆိုရင် AA ရဲ့ မဟာဗျူဟာလှည့်ကွက်တွေထဲမှာ ပလက်ဝမြို့ကို ရခိုင်ပြည် ဖြစ်မြောက်လာဖို့အရေးကို AA အနေနဲ့ လွန်ခဲ့တဲ့ ၂၀၁၄ – ၂၀၁၅ တိုက်ပွဲ ဖော်ဆောင်မှုတွေကို ကြည့်ခြင်းအား ဖြင့် ကွက်ကွက်ကွင်းကွင်း သိမြင်နိုင်ပေမယ့်လည်း ချင်းလူမျိုး တွေအနေနဲ့ သဘောထားကြီးစွာနဲ့ တိုင်းရင်းသားအချင်း ချင်း ဒီလို နယ်မြေကျူးကျော်မှုတွေ မလုပ် လောက်ပါဘူးဆိုတဲ့ အတွေးလောက်နဲ့ ပြီးဆုံးခဲ့ကြပါတယ်။ ပြောရရင်တော့ ချင်းတွေအချင်းချင်း ငြင်းခုန်နေရမယ့်အချိန်မဟုတ်တော့ပဲ ချင်းတွေက မလုပ်တန်လောက်ပါဘူးဆိုတဲ့စိတ်နဲ့ သဘောထားကြီးခဲ့ကြတာဖြစ်ပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီးနောက်မှာ သိသိသာသာ ပြောင်းလဲလာရတဲ့ အကြောင်းရင်းတွေကို ဒီနောက်ပိုင်း ကွက်ကွက် ကွင်းကွင်း မြင်လာနိုင်ပါတယ်။ CDF ခေါင်းဆောင်တွေအနေနဲ့ AA နဲ့ ပူးပေါင်းမှု နယ်မကျွံသေးခင်မှာ အကြိမ်ကြိမ် သတိပေးခဲ့ဖူး…
(006SV) ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်၊ လုံတပ်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘာသာရေး အဆောက်အဦး အပါအဝင် နေအိမ် (၇) လုံးပျက်စီးပြီး ကျေးရွာ ၅ ရွာမှ ဒေသခံထောင်ချီ စစ်ဘေး ရှောင်နေရကြောင်း သတင်းရရှိသည်။ မေလ ၁၁ ရက် ည ၉ နာရီခန့်က တွန်းဇံမြို့နယ်၊ လုံတပ်ကျေးရွာ (Lungtak)ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု (၂) ကြိမ်ခန့် ပြုလုပ်ခဲ့ရာ ခရစ်ယာန်ဘုရားကျောင်း (၂) ကျောင်းနှင့် အရပ်သားနေအိမ် (၅) လုံးထိခိုက်ပျက်စီးခဲ့ကြောင်း ချင်းလူ့ အခွင့်အရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။ “လေကြောင်း တိုက်ခိုက်မှုက အနည်းဆုံး ၂ကြိမ် လို့ သိရတယ်။ ပြည်သူလူထုတွေရဲ့ ဒဏ်ရာ ရရှိမှုနဲ့ သေဆုံးမှုကတေ့ာ မသိရသေးဘူး။ အဲဒီရွာက ပြည်သူလူထုတွေက စစ်ဘေးရှောင်နေကြပြီးလို့ သိရတယ်။ လုံတပ်ရွာဘေးအနားက တချို့ရွာ တွေလည်း စစ်ဘေးရှောင်နေကြပြီ” ဟု ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။ တွန်းဇံမြို့နယ်တွင် CNA ဦးဆောင်သော ချင်းကာကွယ်ရေးပူးပေါင်းတပ်များနှင့် ZRA – EC တပ်ဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားနေသည်ဟု သတင်းများထွက်ပေါ်နေသည့်အချိန်တွင် ယခုကဲ့သို့ စစ်ကောင်စီက တွန်းဇံမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လာခြင်းဖြစ်သည်။ “တွန်းဇံမြို့နယ်တချို့ရွာတွေနဲ့ လုံတပ်ရွာအပါအဝင် တိုက်ပွဲဖြစ်နေတယ်လို့ သိရတယ်။ ချင်းအမျိုးသားတပ်ဦး ဦးဆောင်တဲ့အဖွဲ့နဲ့ တခြားလက်နက်ကိုင်အစုအဖွဲ့တွေလို့ ကြားရတယ်။ ZRA လား ၊ စစ်ကောင်စီလား မသိသေးဘူး။ စစ်ကောင်စီနဲ့ ဖြစ်မယ်လို့ ယူဆတယ်။ တိုက်ပွဲကြောင့် ဗုံးကြဲမှုတွေ…
(006SV) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သိမ်းစစ်ဆင်ရေး၏ ၄ လကြာတိုက်ပွဲတွင် G1 ၊ ဒုတပ်ရင်းမှူးနှင့် စစ်ကြောင်းမှူးအပါအဝင် ရဲဘော် (၁၃) ဦး ကျဆုံးခဲ့ရကြောင်း CDF – ကန်ပက်လက် တပ်မဟာမှူး၊ ဆလိုင်းထွန်းလိန်းထန်က ပြောသည်။ “ကိုယ့်ဘက်က ထိုးစစ်ဆင်ရတဲ့ စခန်းသိမ်းတိုက်ပွဲဖြစ်တာကြောင့် ရဲဘော်တွေကလည်း ရေကုန်ရေခမ်း မီးကုန် ယမ်းကုန် တိုက်ခိုက်ခဲ့ကြတယ်။ တကယ်ကို ဂုဏ်ယူလေးစားဖွယ်ရာဖြစ်တယ်။ ရှေ့တန်းရဲ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြတယ်” ဟု ဆလိုင်းထွန်းလိန်းထန်က ပြောသည်။ ချင်း- မကွေးတိုင်းအစပ်တွင် တည်ရှိ၍ စစ်ရေးအပါအဝင် အချက်အချာ ကျလှသော ကျင်ဒွေးမြို့ သိမ်း စစ်ဆင်ရေးကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်က စတင်ခဲ့ပြီး ၄ လကြာတိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားပြီးနောက် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်က အပြီးသတ် သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲ စတင်ခဲ့သော ပထမနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာပင် CDF – ကန်ပက်လက်၏ G 1 တာဝန် ယူထားသူ ဆလိုင်းဖွေထန်းသည် ကျဆုံးခဲ့ရပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့ တိုက်ပွဲတွင် ရဲဘော် ၃ ဦး ကျဆုံးခဲ့ရကြောင်း၊ G1၊ ဒုတပ်ရင်းမှူး၊ စစ်ကြောင်းမှူး၊ မှတ်တမ်းတာဝန်ခံ အပါအဝင် နယ်ပယ်အစုံက ရဲဘော်များ စုစုပေါင်း (၁၃) ဦး ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း တပ်မဟာမှူးက ပြောသည်။ ဆလိုင်းဖွေထန်း…
စစ်ကိုင်းတိုင်း တမူးခရိုင်၊ တမူးမြို့နယ်၊ မြို့သစ်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့၏ အခိုင်အမာတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ယနေ့မေလ ၁၁ ရက်နေ့တွင် သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီလက်အောက်ခံ ရဲ ၂၁ ဦးကိုလည်း အရှင်ဖမ်းဆီးရမိသည်ဟု သိရသည်။ မြို့သစ်မြို့တွင် အခိုင်အမာတပ်စွဲထားသော အမှတ်-၂၂၈ ခြေလျင်တပ်ရင်း (ခလရ-၂၂၈)၊ SNA တပ်မဟာ-၈၉၁ (တပ်ရင်း-၃)၊ ကသည်းတပ်ဖွဲ့၊ ရဲ နှင့် ပျူစောထီး ပူးပေါင်းအင်အား (၂၅၀) ခန့်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က မေလ ၇ ရက် နံနက် ၅ နာရီမှစတင်တိုက်ခိုက်ခဲ့ပြီးနောက် မေလ ၁၁ ရက်နေ့ မှာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု NUG အစိုးရကာကွယ်ရေးဝန်ကြီးဌာန အမှတ်-၁ စစ်ဒေသက ယနေ့ညနေပိုင်းတွင်ထုတ်ပြန်သည်။ တမူးခရိုင်ကွပ်ကဲရေးမှူးက ဦးစီးပြီး တမူးခရိုင် တပ်ရင်း-၂၊ အထူးလှုပ်ရှား တပ်ရင်း-၉၊ ကူကီး အမျိုးသားတပ်မတော် KNA(B)၊ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။ တမူးမြို့နယ် ပကဖမှ ထောက်ပို့အနေဖြင့် ပါဝင်ခဲ့သည်။ တိုက်ပွဲအတွင်း ရဲ (၂၁) ဦး အလံဖြူပြ လက်နက်ချခဲ့ပြီး သေဆုံးနှင့် ဒဏ်ရာရစာရင်း အတည်မပြုနိုင် သေးကြောင်း အမှတ် – ၁ စစ်ဒေသကထုတ်ပြန်သည်။ ဖမ်းဆီးရမိသူများထဲတွင် စခန်းမှူး ရဲအုပ် ကျော်ကျော်နိုင်၊ ဒု-ရဲအုပ် ကျော်ကျော်လွင်၊ ဒု-ရဲအုပ် မျိုးသန့်တို့ ပါဝင်သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်ငယ် (၂၉) လက်၊ ၆၀ မမ (၁၂)…
(004SS) ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်းဆောင်ရန် စာရင်းကောက်ယူမှုများရှိလာသည့်နောက်ပိုင်းတွင် စစ်မှုမထမ်းဆောင်လိုကြသော ချင်းလူငယ်၊ လူလတ်ပိုင်းအမြောက် အများ ပလက်ဝမြို့ကို စွန်ခွါထွက်ပြေးလာသူ တနေ့ထက်တနေ့များလာနေကြောင်းသိရသည်။ ပလက်ဝမြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ပြီး စစ်ကောင်စီကင်းစင်သည့်နယ်မြေအဖြစ် သတ်မှတ်၍ အုပ်ချုပ်ရေးယန္တယားများ အကောင်အထည်ဖော်ဆောင်နေသော အာရက္ခတပ်တော်သည် ပလက်ဝမြို့နယ်အတွင်းက အသက် ၁၈ နှစ်မှ အသက် ၄၀ နှစ်အတွင်းရှိအမျိုးသားများအား အခြေခံစစ်သင်တန်းတက်ရောက်ကာ စစ်မှုထမ်းရမည်ဟု ညွန်ကြားပြောဆိုမှုရှိလာသည်ဟု ပလက်ဝဒေသခံများထံမှသိရသည်။ “အခု ကုလားချောင်းတွေဘက်မှာ နာမည်စာရင်းတွေကောက်နေပြီ စစ်မှုထမ်းဖို့လေ AA ထဲမှာ စစ်မှုထမ်းဖို့ ဆိုပြီးမှ နာမည် စာရင်းတွေလိုက်ကောက်နေတယ်အခု သူတို့ကပြည်သူ့စစ်ပုံစံမျိုးတဲ့ ပြည်သူ့စစ်သင် တန်းတက်ခိုင်ဖို့ကောက်တာလို့ ပြောတယ်” ဟု လုံခြုံရေးအခြေအနေကြောင့် အမည်မဖော်လိုသူပလက်ဝဒေသခံတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက ပလက်ဝမြို့နယ် ကုလားတန်မြစ်အထက်ပိုင်းကျေးရွာများက ဒေသခံလူငယ်အယောက် ၄၀ ခန့်မှာ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသည်ဟု သိရသည်။ ထို့အပြင် တချို့မှာလည်း ရန်ကုန်ပြည်မဘက်သို့ထွက်ပြေးတိမ်းရှောင်သူအမြောက်အများရှိလာနေကြောင်း သိရသည်။ “အခုပလက်ဝမှာ စစ်ကောင်စီတွေမရှိတော့ဘူးဆိုပေမဲ့လည်း AA က လတ်တလောမှာ လူစည်းရုံးတာတို့ရှိတယ်၊ အခုလဲ AA ထဲဝင်ဖို့ စာရင်းကောက်တာတွေလဲရှိတာပေါ့နော် အထူးသဖြင့် လူငယ်တွေ ထွက်လာတယ်ဆိုတာကလဲ အဲဒါတွေ ကြောင့်ပဲ များတယ်ပေါ့” ဟု ခူမီးလူငယ်အမျိုးသားတစ်ဦးက ပြောသည်။ အာရက္ခတပ်တော်သည် ပလက်ဝမြို့နယ် မီးဇာကျေးရွာတွင် အခြေခံစစ်သင်တန်းကွင်းလည်းဆောက်လုပ်ပြီးစီးနေပြီဖြစ် ကာ ယခုမေလအတွင်း အခြေခံစစ်သင်တန်းများပေးအပ်ရန်စီစဉ်နေသည်ဟုလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ခိုနူမ်းသုန်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသလို AA…
(006SV) ချင်းပြည်နယ်မြောက်ပိုင်းတွင် စစ်ရေးလှုပ်ရှားသည့် ZPCC/ ZRA (EC) အနေဖြင့် စစ်ကောင်စီ လောင်းရိပ်အောက်မှ အချိန်မှီ ရုန်းထွက်ပြီး စစ်အာဏာရှင် ချေမှုန်းရေးတိုက်ပွဲတွင် နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်မှု မပြုလုပ်ရန် ချင်းအမျိုးသားတပ်ဦးက သတိပေးထုတ်ပြန်သည်။ မေလ ၉ ရက်က “ZPCC/ ZRA (Eastern Command) ၏ နိုင်ငံရေး၊ စစ်ရေးလှုပ်ရှားမှု နှင့် ပတ်သက်၍ ရှင်းလင်းချက်” ထုတ်ပြန် ခြင်းတွင် ချင်းအမျိုးသားတပ်ဦးက ပြောကြားခြင်းဖြစ်သည်။ CNF ၏ ထုတ်ပြန်ချက်တွင် အချက် ၃ ချက် တောင်းဆိုထားသည်၊၊ ပထမအချက်မှာ ZRA – EC အနေဖြင့် စစ်အာဏာရှင် လောင်းရိပ် အောက်မှ အချန်မှီ ရုန်းထွက်ပြီး လူသား အန္တရာယ်ပြု မူးယစ်ဆေးဝါးနှင့် ပတ်သက်မှု၊ ပြည်သူ၏ အသက်အိုးအိမ် စည်းစိမ်ဖျက်ဆီးမှု မပြုလုပ်ရန် ဖြစ်သည်။ ဒုတိယအချက်မှာ CNA နှင့် ပူးပေါင်းတပ်ဖွဲ့၏ စစ်အာဏာရှင် ချေမှုန်းရေးတိုက်ပွဲတွင် နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်မှု မပြု လုပ်ရန်နှင့် တတိယအချက်မှာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုက်ပွဲဝင်နေသော ဒေသ ကာကွယ်ရေးတပ်ဖွဲ့များကို ခြိမ်းခြောက် ပစ်ခတ်တိုက်ခိုက်ခြင်းများ ရှောင်ရှားရန် CNF က တိုက်တွန်းထားသည်။ အကယ်၍ ZRA – EC အနေဖြင့် တစုံတရာ ကျူးလွန်းမှု ရှိလာပါက မလွှဲသာ မရှောင်သာ တုံ့ပြန်သွားမည်ဟု ချင်းအမျိုးသား တပ်ဦးက အတိအလင်း ထုတ်ပြန်ထားသည်။…
(002MG) ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးထားသော အမျိုးသမီး (၂) ဦးထဲမှ တစ်ဦးသည် မြို့မိ မြို့ဖများ၏ အာမခံချက်ဖြင့် စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပြီး ကျန်အမျိုးသမီးတစ်ဦးကိုမူ ဆက်လက်ဖမ်းဆီး ထားသည်ဟု သိရသည်။ မင်းတပ်မြို့ခံတဦးက “စွန်တောင်ဖက် တယောက်ကတော့ မနေ့က ပြန်လွတ်ပေးတယ်၊ တယောက်က ကျန်သေး တယ်၊မြို့ မိမြို့ဖတွေရဲ့ အာမခံချက်နဲ့ ပြန်လွှတ်ပေးတယ်၊ နောက်တယောက်တော့ အကြောင်းအစုံမသိရသေးဘူး။သူတို့ (၂) ယောက်စလုံးက မှတ်ပုံတင်လာလုပ်ကြတာပါ” ဟုပြောသည်။ အဆိုပါ အမျိုးသမီး (၂) ဦးမှာ မင်းတပ်မြို့နယ်ဖက်က စစ်ဘေးတိမ်းရှောင်ရင်း မြို့ပေါ်သို့ မှတ်ပုံတင်ပြုလုပ်ရန် ပြန်လာစဉ် စစ်ကောင်စီတပ်ဖွဲ့မှ အထွေထွေအုပ်ချုပ်ရေးရုံးအနီးတွင် ၎င်းတို့၏ နာမည်စာရင်းနှင့်အတူ ရုတ်တ ရက်ရောက်လာကာ စစ်ဆေးမေးမြန်ရန်ရှိသည်ဟုဆိုကာ မေလ ၈ ရက်နေ့က ဖမ်းဆီးခံကြရခြင်းဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့သည် ကျန်အမျိုးသမီးတဦးကိုမူ အကြမ်းဖက်မှုနှင့်ပက်သက်သောကြောင့်ဟုဆိုကာ ခလရ (၂၇၄) တွင် ဆက်လက်ဖမ်းဆီးထားကြောင်း သိရသည်။ မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ်က လုံခြုံရေး စစ်ဆေးရေး တင်းကြပ်စွာပြုလုပ်လာသောကြောင့် အရပ်သား ပြည်သူဖမ်းဆီး ခံရမူများလည်း နေ့စဉ်တိုးများလာနေကြောင်း သိရသည်။
(004SS) ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ခဝဲကျေးရွာတွင် နင်းမိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ် ၄ ဦး ပွဲချင်းသေဆုံးကာ ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ မေလ ၉ ရက်နေ့ မနက်ပိုင်း ၁၁ ဝန်းကျင်ခန့်တွင် ခဝဲကျေးရွာအနီး မြစ်ကမ်းနားမြေပဲခင်းတွင် ဆော့ကစားနေကြသော ကလေးငယ်များက မိုင်းနင်းမိ၍ ပေါက်ကွဲမှုဖြစ်ပွားခြင်းဟု သိရသည်။ “ရွာနဲ့လည်းမဝေးဘူး နီးနီးလေးပေါ့ အဲဒီမှာ မြေပဲခင်းလုပ်တာ၊ ချောင်းနဲ့လည်းနီးတယ် ကလေးတွေကသွားဆော့တာပေါ့ ပူလည်းပူတယ် ပူတော့ ချောင်းမှာပဲနေတတ်ကြတာများတယ် ပလက်ဝက ကလေးတွေက အဲဒီချောင်းမှာရေချိုးဖို့သွားရင်း နဲ့ ဆော့တဲ့အခါမှာ သူတို့ကမိုင်းကို တစ်ယောက်က နင်းလိုက်တာပေါ့နော် အဲဒီမှာတခါတည်းပါသွားတာ” ဟု ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ – IKACC အတွင်းရေးမှူးက ပြောသည်။ အဆိုပါနင်းမိုင်းပေါက်ကွဲမှုကြောင့် အသက် ၈ နှစ်အရွယ် မောင်အောင်ထွန်း၊ မောင်းလင်းမြတ်၊ မောင် အောင်လင်းထွန်း နှင့် အသက် ၁၁ နှစ်အရွယ် မောင်အောင်လင်းစိုးတို့ သေဆုံးကာ ယမန်နေ့ ညနေပိုင်းတွင် သဂြိုလ်လိုက်ကြကြောင်း သိရသည်။ ထို့နောက် သေဆုံးသွာသူ မောင် အောင်လင်းစိုး၏ ညီငယ် မောင်အောင်စိုးလင်း အသက် ၈ နှစ်မှာလည်း ဝမ်းဗိုက်နှင့် တစ် ကိုယ်လုံးတွင် ပြင်းထန်ဒါဏ်ရာရရှိကာ ရွာထဲတွင်ဆေးကုသပေးကြောင်းသိရပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။ အဆိုပါ မိုင်းပေါက်ကွဲသည့်နေရာသည် ယခင်က စစ်ကောင်စီ အခြေချတပ်ဆွဲသည့် နေရာဟု သိရပြီး လက်ရှိတွင် AA ကနေရာယူ…
(005MK) မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားသည့် ၂၀၂၁ ခုနှစ်နောက်ပိုင်းကစ၍ စစ်ရေးအခြေအနေကြောင့် မီဇိုရမ်ပြည်သို့ ထွက်ပြေးခိုလုံလာသူ မြန်မာစစ်ဘေးရှောင် ၃၄၀၀၀ ကျော်ရှိသည်ဟု မီဇိုရမ်အစိုးရ၏ စာရင်းအရသိရသည်။ မီဇိုရမ်ပြည်ထဲရေးဝန်ကြီးဌာန၏ နောက်ဆုံးသတ်မှတ်ထားသော စာရင်းအရ ယခုလက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာ စစ်ဘေးရှောင် ၃၄၃၄၆ ဦးရှိပြီး ယင်းအနက် ကလေးငယ် ၁၃၀၀၀ ကျော်ရှိသည်ဟု သိရသည်။ မေလ ၄ ရက်နေ့အထိ ကောက်ယူထားသောစာရင်းအရ မီဇိုရမ်ပြည်နယ်အတွင်းရှိ ခရိုင်အသီးသီးတွင် စစ်ဘေးရှောင် စခန်း (Relief Camp) ၁၄၉ ခုရှိပြီး စစ်ဘေးရှောင် ၁၆၄၄၅ ဦးမှာ ယင်းစစ်ရှောင်စခန်းများတွင်နေထိုင်ကြသည်ဟု ဆိုသည်။ စစ်ဘေးရှောင်အများစုဖြစ်သည့် လူဦးရေ ၁၇၉၀၁ ဦးမှာ စစ်ရှောင်စခန်းများတွင် နေထိုင်ခြင်းမရှိဘဲ စခန်းပြင်ပတွင် နေထိုင်ကြသည်ဟု သိရသည်။ မြန်မာနိုင်ငံကစစ်ဘေးရှောင်များသည် မီဇိုရမ်ပြည်နယ်သို့ အချိန်အတိုင်းအတာတခုထိ အလုံးအရင်းဖြင့် ဝင်ရောက်လာခြင်းမရှိခဲ့သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အလုံးအရင်းဖြင့်ဝင်လာရောက်လာမှု ၃ ကြိမ် ခန့်ရှိခဲ့သည့်အတွက် စစ်ဘေးရှောင်ဦးရေမှာလည်း တိုးလာခြင်းဖြစ်သည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်ထဲတွင် မြန်မာစစ်ဘေးရှောင်အများဆုံးနေထိုင်ကြပြီး ၁၄၄၉၉ ဦးရှိသည်ဟုသိရသည်။ ရှာဟာခရိုင်ထဲတွင် ၆၀၄၄ ဦး၊ လောင်တလိုင်ခရိုင်ထဲတွင် ၅၉၂၂ နှင့် အိုင်ဇောလ်ခရိုင်ထဲတွင် ၂၂၉၁ ဦးရှိသည်ဟု သိရသည်။ အလားတူ ခေါဇောလ်ခရိုင်ထဲတွင် မြန်မာစစ်ဘေးရှောင် ၁၃၄ ဦး၊ ကော်လစစ်ခရိုင်ထဲတွင် ၁၃၉ ဦးနှင့် ဆိုင်းသွလ်းခရိုင်ထဲတွင် ၂၁၁ တို့ရှိကြသည်ဟု သိရသည်။