Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»Chinlung Chhuak Artist အဖွဲ့ကို NUG ယာယီသမ္မတက ချီးကျူးဂုဏ်ပြု

Chinlung Chhuak Artist အဖွဲ့ကို NUG ယာယီသမ္မတက ချီးကျူးဂုဏ်ပြု

0
By Editor on March 13, 2023 Headline

မြန်မာ့နွေဦးတော်လှန်ရေးကို ကမ္ဘာက ပိုမိုအာရုံစိုက်လာစေရန် “ We are the world” သီချင်းဖြင့် လှုံ့ဆော်ခဲ့ကြသော ချင်း-မီဇိုးအနုပညာရှင်များစုပေါင်းထားသော “ Chinlung Chhuak Artist” အဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ချီးကျူးဂုတ်ပြုလိုက်သည်။

သတင်းအချက်အလက်ပေါင်းများစွာ အလွန်လျင်မြန် လွတ်လပ်စွာ စီးဆင်းနေသော ယနေ့လို ၂၁ ရာစုတွင် အကြောင်းကိစ္စတစ်ခုကို နိုင်ငံတကာအာရုံစူးစိုက်မှု အမြဲရယူနိုင်ရန် မလွယ်ကူသည့်အချိန်တွင် Chinlung Chhuak Artist အဖွဲ့က အနုပညာဖန်တီးမှုစွမ်းအားဖြင့် ရယူပေးနိုင်ခဲ့သည်ဟု ဒူဝါလရှီးလက သူ၏လူမှုကွန်ယက်စာမျက်နှာတွင် မတ်လ ၁၁ ရက်နေ့မှာ ဖော်ပြထားသည်။

“သက်တမ်း ၂ နှစ်ရှိလာတဲ့ ကျွန်တော်တို့ မြန်မာ့နွေဦးတော်လှန်ရေးအကြောင်းကို ကမ္ဘာ့မီဒီယာထဲ စဉ်ဆက်မပြတ် စီးမြောပါဝင်နေအောင် လုပ်ဖို့ အရေးကြီးတယ်ဆိုတာ သတိထားမိပါတယ်၊ ကျွန်တော်တို့ ပြည်သူတွေဟာ စစ်အာ ဏာရှင်တိုက်ပွဲရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ နိုင်ငံတကာရဲ့ ထောက်ခံပံ့ပိုးမှု လိုအပ်လို့ပဲဖြစ်ပါတယ် ကမ္ဘာ့စိတ်ဝင်စားမှုကို မြန်မာ့နွယ်ဖွား ချင်းတိုင်းရင်းသား လူငယ်တွေ ဦးဆောင်တဲ့ Chinlung Chhuak Artist အဖွဲ့က သူတို့ရဲ့ အနုပညာဖန်တီးမှု စွမ်းအားနဲ့ ရယူပေးနိုင်ခဲ့တာကို တွေ့ရပါတယ်” ဟု ဖော်ပြထားသည်။

ချင်း-မီဇိုးအနုပညာရှင်များစုပေါင်းဖွဲ့ထားသော Chinlung Chhuak Artist အနေဖြင့် ကမ္ဘာကျော် မိုက်ကယ်ဂျက်ဆင်၏ “We are the world” သီချင်းကို ဗားရှင်းအသစ်နှင့် Cover ပြန်လည်သီဆိုကာ အမေ့လျှော့ခံနေရသော မြန်မာ့နွေဦးတော်လှန်ရေးကို ကမ္ဘာကပိုမိုစိတ်ဝင်စားလာပြီး အာရုံစူးစိုက်မှုရှိလာစေရန် ဖေဖော်ဝါရီလ ၃ ရက်နေ့က Chin Tube ၏ youtube ချဲနယ်လ်မှတဆင့် ထုတ်လွှင့်ခဲ့ကြပြီး တလကျော်ကြာသည့် ယခုချိန်အထိ ကြည့်ရှုသူ ၁.၇ သန်းကျော်ရရှိ နေပြီဖြစ်သည်ဟု သိရသည်။

အဆိုပါကာဗာသီချင်းတွင် ပါဝင်သီဆိုကြသော လူငယ်များ၏ သီဆိုဟန်နှင့် အရည်အသွေး အလွန်ကောင်းရုံတင်မကပဲ သီချင်းဗီဒီယိုအစမှာ မြန်မာ့နွေဦးတော်လှန်ရေးအကြောင်းနှင့် ပြည်သူများရင်ဆိုင်နေရသော အခက်အခဲများကို ထည့်ပြောပေးသွားခြင်းကြောင့် နိုင်ငံတကာက ကြည့်ရှုမိသူအားလုံး၏ စိတ်နှလုံးမှာ မြန်မာ့အရေးစွဲထင်ပြီး စိတ်ဝင်စား ဂရုဏာသက်သွားစေသည်ဟု တွေ့မြင်ရသည်ဟု ဆိုပါသည်။

ကမ္ဘာအနှံ့က Youtuber များကလည်း ယင်းသီချင်းကို ထပ်ဆင့်ခံစားတင်ဆက်သော Reaction Video များစွာ ထွက်ပေါ်လာပြီး ကြည့်ရှု့ သူအများအပြား၏ အံ့သြမင်သက်ချီးကျူးမှု အကြီးအကျယ်ရရှိခဲ့သည်။

“Chinlung Chhuak Artist အဖွဲ့ရဲ့ “We are The World” သီချင်းကို စီစဉ်အကောင်အထည်ဖော် ပါဝင်ကြိုးပမ်းခဲ့ကြသူ အယောက်စီတိုင်းကိုလည်း မြန်မာ့နွေဦးတော်လှန်ရေးအင်အားစုများနဲ့ မြန်မာပြည်သူတွေကိုယ်စား အထူးပင်ကျေးဇူးတင်ရှိကြောင်း ချီးကျူးဂုဏ်ပြုမှတ်တမ်းတင်အပ်လိုက်ပါတယ်” ဟု ဒူဝါလရှီးလ၏ လူမှုကွန်ယက်စာမျက်နှာတွင်ဖော်ပြထားသည်။

အဆိုပါသီချင်းကြောင့် ကမ္ဘာတဝှမ်းရှိ ပြည်သူများကလည်း မြန်မာ့နွေဦးတော်လှန်ရေးအပေါ် စိတ်ဝင်စားမှုကြီးမားလာသည်နှင့်အမျှ တော်လှန်ရေးအပေါ် နိုင်ငံတကာအထောက်အပံ့ပေးမှုကလည်း များပြားပေါ်လွင်လာမည်ဟု ယုံကြည်ကြောင်း၊ မြန်မာနွယ်ဖွားလူငယ်များ၏ ယခုလိုဖန်တီးဆောင်ရွက်မှုသည်လည်း အလွန်အရေးပါတန်ဖိုးကြီးသော တော်လှန်ရေးလုပ်ငန်းများဖြစ်သောကြောင့် ဆက်လက်လုပ်ဆောင်သွားကြရန် အားပေးတိုက်တွန်းပါရစေဟု ဒူဝါလရှီးလ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားပါသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.