Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ZRA- EC တပ်မှူး၊ ဒု-တပ်မှူးနေအိမ်များအပါအဝင် ထောက်ပံ့ကူညီနေသူများ၏ နေအိမ် ၁၈ လုံးကို CDF တွန်းဇံက ချိတ်ပိတ်

ZRA- EC တပ်မှူး၊ ဒု-တပ်မှူးနေအိမ်များအပါအဝင် ထောက်ပံ့ကူညီနေသူများ၏ နေအိမ် ၁၈ လုံးကို CDF တွန်းဇံက ချိတ်ပိတ်

0
By Editor on August 19, 2024 Khonumthung

(006SV)

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့ပေါ်ရှိ ဇိုမီးတော်လှန်ရေးတပ်- အရှေ့ပိုင်းတိုင်း (ZRA-EC) မှ တပ်မှူး နှင့် ဒု-တပ်မှူးတို့နေအိမ်အပါအဝင် ယင်းတို့အဖွဲ့ကို ထောက်ပံ့ကူညီပေးနေသူများ၏ နေအိမ် ၁၈ လုံးကို ချိတ်ပိတ်ထားကြောင်း CDF- တွန်းဇံတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

တွန်းဇံမြို့ပေါ်က ZRA – EC မှ တပ်မှူး Kham Min Thang နှင့် ဒုတိယတပ်မှူး Lucas LianTuang တို့၏ နေအိမ် နှင့် ZRA တပ်ဖွဲ့ကို ကူညီထောက်ပံ့မှု ပေးနေသူများ၏ နေအိမ် ၁၆ လုံးကို ဥပဒေနှင့်အညီ ချိတ်ပိတ်ထားကြောင်း CDF- တွန်းဇံ စစ်ဦးစီးချုပ် ဦးထန်ဆွင်းမုန်က ပြောသည်။

“အခုဟာက အများကြီး ကျန်သေးတယ်။ ZRA မိသားစုဝင်တွေရဲ့ အိမ်၊ သူတို့ ကိုယ်တိုင်အိမ်၊ မိဘအိမ်လားဆိုတာ ZRA supporter တွေလည်း နည်းနည်း ရှိသေးတယ်။ စိစစ်ရဦးမယ်။ အမှန်တကယ် ZRA ဖြစ်တယ်ဆိုတဲ့ အိမ်ကိုတော့ ထပ်ပြီး ချိတ်ပိတ်ရဦးမယ်။ ZRA လုံးဝ မဟုတ်ဘူး။ ZRA ကို လုံးဝမထောက်ပံ့ဘူး။ မကူညီဘူးဆိုရင်တော့ အဲဒီအိမ်တွေကိုတော့ ချိတ်ပိတ်ခြင်းမှ ကင်းလွတ်ခွင့် ပြန်ပေးရမှာပဲ” ဟု ဦးထန်ဆွင်းမုန်က ပြောသည်။

ZRA ကို ထောက်ပံ့ကူညီနေသူများအနေဖြင့် အမှားကိုသိပြီး အလင်းဝင်လာ သူများ၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်ကမ်းလှမ်းလာသူများ၏ နေအိမ်များကို ချိတ်ပိတ်ခြင်းမှ ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း ဦးထန်ဆွင်းမုန်းက ပြောသည်။

ချိတ်ပိတ်ခံထားရသည့် နေအိမ်သည် ZRA ကို ထောက်ပံ့မှုတွင် ဦးဆောင်သူများ၊ အထောက်အပံ့ပေးအပ်သူများ၊ မိသားစုဝင်သားသမီးများက ZRA တပ်ဖွဲ့ဝင်ဖြစ်သူများ၊ ZRA တပ်ဖွဲ့ဝင်၏ နေအိမ်များ ပါဝင်ကြောင်း CDF – တွန်းဇံက ဩဂုတ်လ ၁၈ ရက်က ထုတ်ပြန်ထားသည်။

ZRA တပ်ဖွဲ့နှင့် ဆက်နွယ်မှု ရှိ၍ အိမ်ချိတ်ပိတ်ခံထားရသူ ၅ ဦး၏ နေအိမ်များကို သေချာပြန်လည် စိစစ်ပြီးနောက် ကင်းလွတ်ခွင့်ပေးလိုက်ပြီးဖြစ်ကြောင်း သိရသည်။

“အများပြည်သူက တိုင်ကြားလာလို့ ZRA supporter ဖြစ်ပါတယ်။ စကစ ထောက်ခံသူတွေ ဖြစ်တယ်လို့ အများပြည်သူက တိုင်ကြားလာတယ်။ သေချာစုံစမ်းစစ်ဆေးပြီးမှ သူတို့ကလည်း တောင်းပန်တော့ ZRA ကို ကျနော်တို့က ထောက်ပံ့ပေးခြင်း မရှိပါဘူး။ သူတို့က အတင်းလာတောင်းလို့ ကျနော်တို့က ပေးလိုက်ရတာဖြစ်တယ်။ အဲပုံစံမျိုး ပြောတဲ့အခါ အဲဒါတွေကြတော့ ကျနော်တို့က ကင်းလွတ်ခွင့် ပေးတာပါ” ဟု CDF- တွန်းဇံ စစ်ဦးစီးချုပ် ဦးထန်ဆွင်းမုန်က ပြောသည်။

ကင်းလွတ်ခွင့်ပြုသည့် ၅ ဦးထဲတွင် တချို့ မိသားစုဝင်များမှာ CDM တွင် ပါဝင်ခဲ့ပြီး တချို့မှာ CDM နှင့် သက်ဆိုင်မှုမရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ်အတွင်း CDF – တွန်းဇံ စခန်း ၂ ခုကို ZRA တပ်ဖွဲ့များက နှစ်ကြိမ်တိုင် ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး စခန်းများကို မီးရှို့ဖျက်စီးကာ လက်နက်ခဲယမ်းနှင့် စာနပ်ရက္ခာများကို ယူဆောင်သွားခဲ့ကြောင်းသိရသည်။

ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ချင်းတော်လှန်ရေးတပ်ပေါင်းစုသည် တွန်းဇံမြို့သိမ်စစ်ဆင်ရေးကို မေလအတွင်းက ဖော်ဆောင်၍ တွန်းဇံမြို့နယ်အားလုံးကို သိမ်းပိုက်ထားသည်။

လက်ရှိတွင် CDF – တွန်းဇံ က တွန်းဇံမြို့နယ် အုပ်ချုပ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။

၁၉၉၃ တွင် စတင်ဖွဲ့စည်း၍ စစ်ရေးလှုပ်ရှားခဲ့သော ZRO/ ZRA သည် ၂၀၀၅ ခုနှစ်တွင် အိန္ဒိယအစိုးရနှင့် သဘောတူညီချက်အရ နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်၍ မဏိပူရ်ပြည်နယ်တွင် အခြေစိုက်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်တွင် ZPCC/ ZRA ၏ မြန်မာပြည်ခွဲ အဖွဲ့အစည်းအဖြစ် ZPCC/ ZRA (EC) အနေဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး တွန်းဇံမြို့၊ ကျီခါးမြို့နှင့် တီးတိန်မြို့နယ်တို့တွင် စစ်ရေးလှုပ်ရှားကြောင်း သိရသည်။

ZRA – EC ၏ နိုင်ငံရေး ရည်မှန်းချက်သည် ချင်းပြည်နယ်မြောက်ပိုင်းမှ တီးတိန်၊ တွန်းဇံနှင့် စစ်ကိုင်းတိုင်း ကလေး- ကဘော်ဒေသ တို့ကို စုစည်းပြီး မြန်မာနိုင်ငံတွင် သီးသန့် ဇိုမီးပြည်နယ် ရရှိရေးဖြစ်သည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

ချင်းလူငယ်နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး ကင်ဆာရောဂါဖြင့်ကွယ်လွန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.