Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကနေဒီတောင်ပေါ်စစ်စခန်းကို ချင်းတော်လှန်ရေးတပ် ပြန်လည်သိမ်းပိုက်

ကနေဒီတောင်ပေါ်စစ်စခန်းကို ချင်းတော်လှန်ရေးတပ် ပြန်လည်သိမ်းပိုက်

0
By Editor on January 6, 2026 Khonumthung

(006SV)

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်ရှိ ကနေဒီတောင်မှာ တပ်စွဲထားသော စစ်ကော်မရှင်တပ်စခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့က ပြန်လည်သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန် ၈ ဦးထက်မနည်း ဖမ်းဆီးရမိကြောင်း သိရသည်။

တီးတိန်မြို့နှင့် ကလေးမြို့အကြားရှိ စစ်ရေးအရ အချက်အချာကျသော ကနေဒီတောင်ပေါ်က စစ်ကောင်စီစခန်းကို ချင်းညီ နောင်အဖွဲ့ဝင် PDF- Zoland နှင့် ချင်းလဲန်းကောင်စီအဖွဲ့ဝင် CDF- CDM Siyin ချင်းပူးပေါင်းတပ်က ဇန်နဝါရီလ ၄ ရက် ပြန်လည်သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။

“PDF Zoland က CDF CDM စီယင်းနဲ့ ပူးပေါင်းတိုက်တာ ဖြစ်တယ်။ သိမ်းတာကတော့ အလုံးစုံတော့ သိမ်းပြီးပြီပေါ့နော်။ စစ်သုံ့ပန်တွေလည်း ဖမ်းဆီးရမိထားတာ ဟုတ်ပါတယ်။ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေဆဲဖြစ်တယ်” ဟု PDF – Zoland မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ကနေဒီတောင်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကော်မရှင်တပ်မှ ထိခိုက်သေဆုံးမှုများ ရှိပြီး စစ်သုံ့ပန် ၁၀ ဦးကို အရှင်ဖမ်းဆီး ရမိကြောင်း၊ လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိကြောင်း အဆိုပါအခြေအနေကို သိရှိသော စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ထွက်ပေါ်လာသော စခန်းသိမ်းရုပ်သံဖိုင်တွင် စစ်ကော်မရှင်တပ်သား ၈ ဦးထက်မနည်းကို ဖမ်းဆီးရမိထားပြီး ချင်းပူးပေါင်းတပ်ဖွဲ့က စစ်ဆေးမေးမြန်းနေသည်ကို တွေ့ရှိရသည်။

ဖမ်းဆီးရမိသော စစ်သုံ့ပန်းအရေအတွက်နှင့်ပတ်သက်၍ PDF – Zoland မှ ပြောရေးဆိုခွင့်ရှိသူက သီးခြားအတည်ပြု ပြောဆိုခြင်း မရှိပေ၊၊

ကနေဒီတောင်စစ်စခန်းကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် ချင်းပူးပေါင်းတပ်က ဒီဇင်ဘာလကုန်ပိုင်းကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.