• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ကန်ပက်လက်တွင် လူငယ် ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီး၊ ဘုရားကျောင်းအလှူငွေများလည်း လုယူ

ကန်ပက်လက်တွင် လူငယ် ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီး၊ ဘုရားကျောင်းအလှူငွေများလည်း လုယူ

0
By Editor on May 25, 2021 Khonumthung

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ််၊ ၆ မိုင်ကျေးရွာက လူငယ် (၂) ဦးကို မေလ ၂၂ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီး ယခုအချိန်ထိ ပြန်လွတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။

“လူငယ် ၂ ယောက်ကို ဖမ်းသွားကြတယ်၊ သူတို့က လမ်းဘေးမှာ ဖုန်းသုံးနေတာ သွားစစ်ဆေးပြီးမှ ဖုန်းထဲမှာ မင်္သကာစရာတွေ့လို့ဆိုပြီးမှ ဖမ်းသွားတယ်၊ ၃ ယောက်ထိုင်နေတာ ၁ယောက်ကတော့ လွတ်တယ် ထွက်ပြေးလို့၊ အခုထိတော့ ပြန်မလွတ်ကြသေးဘူး” ဟု ကန်ပက်လက်မြို့ခံတစ်ဦးက ပြောသည်။

အဖမ်းခံရသောလူငယ် (၂) ဦးမှာ ကိုနိုင်းမလာ နှင့် ကိုလွန်းကီး တို့ဖြစ်ကြပြီး လက်ရှိတွင် ကန်ပက်လက်မြို့ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်းသိရသည်။

ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့က ကန်ပလက်မြို့မှ ၂ မိုင်ကျော်ကျော်ခန့် ဝေးသော ရဲလောင်းပန်းကျေးရွာတွင် ဧည့်စာရင်းဝင်စစ်ကာ အိမ်ထောင်စုစာရင်းများစစ်ဆေးခြင်း၊ အလုပ်အကိုင်မေးမြန်းခြင်းအပြင် တချို့မှတ်ပုံတင်များနှင့် ဘုရားကျောင်းအလှူငွေများကိုလည်း ယူဆောင်သွားကြသည်ဟု သိရသည်။

ကန်ပက်လက်မြို့တွင် ယခုရက်ပိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ပစ်ခတ်မှုမရှိသော်လည်း မြို့ခံအများစုသည် ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်ပြီး စစ််ကောင်စီတပ်ဖွဲ့များကလည်း စာသင်းကျောင်း၊ ရဲစခန်း၊ လူမှုဝန်ထမ်းရုံးတို့တွင် တပ်စွဲထားကာ ညအချိန်တွင်လည်း သေနတ်ဖောက်သံများ ကြားနေရကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့အနောက်တောင်ပိုင်းတွင် လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးပွဲချင်းသေဆုံး၊ အမျိုးသား ၃ ဦး ထိခိုက် ဒါဏ်ရာရ

ကလေးမြို့ မွန်းလိုင်ရပ်ကွက်တွင် ဗုံးပေါက်ကွဲမှုကြောင့် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး

ကန်ပက်လက်မြို့အဝင်တွင် ချင်းအလံလွှင့်ထူ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 28, 2023

ခန္ဓာချို့ယွင်းပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ အောက်ချင်းသားများ

September 26, 2023

စစ်အာဏာရှင်ကိုကျောခိုင်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေသူ (သို့) ဓမ္မဘက်ကို ရပ်တည်သော စစ်သည်ကောင်း

September 26, 2023

“အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှု အောက်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့် အနေအထားမျိုး ရောက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် မပါဝင်ရခြင်းဖြစ်ပါတယ်’’ ဆလိုင်းပီတာထန်း

September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.