Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကန်ပက်လက်မြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ဆက်တိုက်ပြုလုပ်
ဓါတ်ပုံ - CDF - ကန်ပက်လက်

ကန်ပက်လက်မြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ဆက်တိုက်ပြုလုပ်

0
By Editor on October 24, 2025 Khonumthung

(006SV)

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အနီးကို ယနေ့မနက်ပိုင်းက စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ပြီး ဗုံးကြဲတိုက်ခိုက်သွားသည်ဟု CDF – ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“လေကြောင်းတိုက်ခိုက်ခံရတာ ဟုတ်ပါတယ်။ ၂ ကြိမ်တိုက်ခိုက်ခံရတယ်။ ပထမတစ်ကြိမ်က တစ်လုံးနဲ့ ဒုတိယတစ်ကြိမ်က ၂ လုံးနဲ့ တိုက်ခိုက်ပါတယ်။ မြေပြင်အနေအထားကတော့ သတင်းအချက်အလက်တွေ အတည်ပြုလို့တော့ မရသေးပါဘူး” ဟု CDF – ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပီတာသန်းရွှေက ပြောသည်။

ယနေ့ အောက်တိုဘာလ ၉ နာရီ ၂၀ မိနစ်ခန့်တွင် ကန်ပက်လက်မြို့အနောက်ဘက်ကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ရာ ပထမတစ်ကြိမ်မှာ ဗုံး ၁ လုံး၊ ဒုတိယအကြိမ်တွင် ဗုံး ၂ လုံးဖြင့် တိုက်ခိုက်သွားသည်ဟု သိရသည်။

ဂျက်ဖိုက်တာ ၂ စီးဖြင့် ကန်ပက်လက်မြို့နယ် တစ်နေရာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားသည်ဟု အဆိုပါဖြစ်စဉ်ကို သိရှိသော ဒေသခံ တစ်ဦးကလည်း ပြောသည်။

အောက်တိုဘာလအတွင်း မင်းတပ်၊ မတူပီ၊ ဟားခါး၊ တွန်းဇန်မြို့နယ်တိုမှာ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ကလေးငယ်အပါအဝင် ၆ ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ အများအပြား ရှိကြောင်း၊ အရပ်သားနေအိမ်များနှင့် အဆောက်အဦးများလည်း ပျက်စီးကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.