• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့တွင် မိုးများပြီး ရေလျှံမှုဖြစ်ပွားကာ ကျောင်း၊ ဈေးဆိုင်များ ပိတ်ထားရ

ကလေးမြို့တွင် မိုးများပြီး ရေလျှံမှုဖြစ်ပွားကာ ကျောင်း၊ ဈေးဆိုင်များ ပိတ်ထားရ

0
By Editor on September 9, 2023 Khonumthung

(004SS)

စစ်ကိုင်းတိုင်း ကလေးမြို့တွင် စက်တင်ဘာ ၇ ရက်နေ့မှ ယနေ့ ၈ ရက်နေ့အထိ ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှုဖြစ်ကာ ကျောင်းနှင့် အချို့ဈေးဆိုင်များ ပိတ်ထားရကြာင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ ရေကြီးရေလျှံမှုကြောင့် ဒေသခံများ သွားလာရခက်ခဲပြီး ဆိုင်ထဲရေဝင်မှုများ၊ ဈေးတန်းများ ရေကျော်မှုကြောင့် ပိတ်ထားရသည်ဟုဒေသခံတစ်ဦးကပြောသည်။

“အိမ်အောက်ထိ ရေဝင်တယ် အခုဘယ်လိုလုပ်ရမလဲ မသိဘူး၊ကျမတို့ ဂိုဒေါင်ထိတောင် ရေလျှံတာ ပစည်းတွေ ရွှေ့ရသယ်ရနဲ့ အလုပ်ရှုပ်နေတာ ဆိုင်လဲ မဖွင့်အားတော့ဘူး” ဟု ကလေးမြို့အာတီစီရပ်ကွက်နေ မီးဖိုချောင်သုံးပစည်းများ အရောင်းဆိုင်ရှင်မတစ်ဦးက ပြောသည်။

ထို့နောက်၊ တာဟန်းဈေးတစ်ဝိုက်တွင်လည်း ‌မြောင်းရေ‌ကျော်လာကာ လမ်းမများပေါ်ရေလျှံမှုကြောင့် ဟင်းသီးဟင်းရွက် များ ခင်းရောင်းရန် နေရာမရှိတော့ဘဲ ဈေဆိုင်များ ပိတ်ထားရ‌သည်ဟု ဈေးသည်အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုနည်းတူ ကျောင်းတက်ကလေးများမှာမူ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြေီးရေလျှံမှုကြောင့် အချို့ကျောင်းများ ပိတ်ထားကာ ပြန်လှည့်လာခဲ့ရကြောင်း ကိုယ်ပိုင်ကျောင်း မှ အထက်တန်းကျောင်းသူတစ်ဦးက ပြောသည်။

“သမီးတို့ ကျောင်း သွားခဲ့တယ် ဒါပေမဲ့ ကျောင်း ရှေ့မှာ ရေတွေကြီးနေတာပေါ့၊ သွားရတာ သိပ်အဆင်မပြေဘူး၊ အ၀◌တ်စားတွေလဲ အကုန် စိုကုန်တယ်၊ ဆရာမတွေက ဒီနေ့တော့ ပြန်လိုက်ကြပေါ့ နောက်နေ့ အဆင်ပြေမှ ပြန်တက် မယ်ဆိုပြီး ပြန် လွှတ်လိုက်တယ်။ တကယ်ဆို ဒီနေ့ စာမေးပွဲရှိတာ အဲဒါလဲ မဖြေလိုက်ရဘူး” ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ ရေကြီး ရေလျှံခြင်းသည် ယခင်နှစ်များက ရေကြီးရေလျှံခြင်းမဖြစ်ဖူးသော ကြို့သုံးပင်၊ တာဟန်း ရပ်ကွက်များ အပါအဝင် ညောင်ပင်သာ၊ အောင်မဂင်္လာ၊ အောင်မေတ္တာ၊ ပင်လုံ မင်္ဂလာဥယျာဉ် စသည့် လူနေရပ်ကွက်များထဲ ရေ၀င် ရောက်နေခြင်းဖြစ်ပြီး အချို့ ရပ်ကွက်များတွင် ဒူးအထက် ပေါင်အထိ ရေများမြှင့်တက်သည်ဟု ဒေသခံများထံမှ သိရသည်။

ရေကြီးရခြင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး ခိုင်ကမ်းအနီးချောင်းရေကြီးခြင်းနှင့် မြစ်သာမြစ်ရေကျော်လာခြင်းကြောင့်ဟု ဒေသခံများကပြောသည်။

မြန်မာနိုင်ငံအတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်တောင်ပိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာအနံ့အပြား မိုးရွာသွန်းနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ပညာရှင်တွေက ခန့်မှန်းထားပါသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့အနောက်တောင်ပိုင်းတွင် လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးပွဲချင်းသေဆုံး၊ အမျိုးသား ၃ ဦး ထိခိုက် ဒါဏ်ရာရ

ကလေးမြို့ မွန်းလိုင်ရပ်ကွက်တွင် ဗုံးပေါက်ကွဲမှုကြောင့် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး

ကန်ပက်လက်မြို့အဝင်တွင် ချင်းအလံလွှင့်ထူ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 28, 2023

ခန္ဓာချို့ယွင်းပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ အောက်ချင်းသားများ

September 26, 2023

စစ်အာဏာရှင်ကိုကျောခိုင်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေသူ (သို့) ဓမ္မဘက်ကို ရပ်တည်သော စစ်သည်ကောင်း

September 26, 2023

“အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှု အောက်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့် အနေအထားမျိုး ရောက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် မပါဝင်ရခြင်းဖြစ်ပါတယ်’’ ဆလိုင်းပီတာထန်း

September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.