စစ်ကိုင်းတိုင်း ကလေးမြို့ တောင်ဖီလာရပ်ကွက်အနီးတွင် ယမန်နေ့ မနက်ပိုင်း ၉ နာရီခန့်က လက်ဘက်ရည်ဆိုင်ကပြန်လာသော အငြိမ်းစားဗိုလ်ကြီးတစ်ယောက်ကို ပြည်သူ့ကွာကွယ်ရေးတပ်ဖွဲ့ (မြို့ပြပျောက်ကျား) တပ်ဖွဲ့က သုတ်သင်ရှင်းလင်ခဲ့သည်ဟု သိရသည်။
စစ်ကောင်စီ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိန်းရေးဦးစီဌာန လက်ထောက်ညွန်ကြားရေးမှူးလည်းဖြစ် အငြိမ်းစားဗိုလ်ကြီး ငွေဇင်သည် ဖေဖော်ဝါရီလ ၁၃ ရက် မနက်ပိုင်း တောင်ဖီလာရပ်ကွက် ကျန်စစ်သာလမ်းတွင် လက်ဘက်ရည်ဆိုင်မှအပြန်လမ်းမှာ Operation MoMo မြို့ပြပျောက်ကျားတပ်ဖွဲ့က ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့ကထုတ်ပြန်သည်။
အငြိမ်းစားဗိုလ်ကြီးထံမှ သေနတ်တစ်လက်၊ ကျည်ဘောက် ၄ ခု၊ ကျည်ဆံ၊ လက်ပစ်ဗုံး၊ ကားတစ်စီးနှင့် စာရွက်စာတန်းများလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။