• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့ ညောင်ပင်သာရပ်ကွက် အုပ်ချုပ်ရေးမှုးဟောင်း ဖမ်းဆီးခံရ

ကလေးမြို့ ညောင်ပင်သာရပ်ကွက် အုပ်ချုပ်ရေးမှုးဟောင်း ဖမ်းဆီးခံရ

0
By Editor on April 22, 2021 Khonumthung
#Unicode
မာဂရက် – ကလေးမြို့ ညောင်ပင်သာရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးဇာတုလျန်(ခေါ်) ဦပါတူးကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ ဝင်များက ဧပြီလ ၂၁ ရက်နေပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။
“ညနေ ၃ နာရီလောက်မှာဖမ်းခံရတာလို့သိရတယ်၊ သူက စစ်ကောင်စီ တက်လာတော့ နူတ်ထွက်လိုက်တာ၊ ရဲနဲ့ စစ်တပ် တွေက သူ့နေအိမ်ကိုဝင်ရှာတယ် သူ့ကိုမတွေ့ဘူး နောက်သူရှောင်ပုန်းနေတဲ့အိမ်ကို ဘယ်လိုသိသွားလဲတော့ မသိဘူး အဲဒီမှာဝင်ဖမ်းသွားတာ” ဟု ကလေးမြို့ဒေသခံတစ်ဦးကပြောသည်။
ညောင်ပင်သာရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သည့် ဦးပါတူးသည် တပ်မတော်က ဖေဖော်ဝါရီလ ၁ ရက်နေ့က နိုင်ငံတော်အာဏာသိမ်းယူပြီး စစ်ကောင်စီဖွဲ့စည်းသည့်အချိန်တွင် ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် CDM ဝင်ကာ အုပ်ချုပ်ရေးမှူးရာထူးမှ နှုတ်ထွက်ထားသူဖြစ်သည်။
အလားတူ ပြီးခဲ့သည့်ဧပြီလ ၂၀ ရက်နေ့ကလည်း ကလေးမြို့စမ်းမြို့ရပ်ကွက်တွင် လူငယ် ၄ ဦးကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်အတွင်းဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
#Zawgyi
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လက်နက်ကြီးကြောင့် ၃ နှစ်ရွယ်ကလေးငယ်တစ်ဦးအပါအဝင် လူ ၄ ဦးဒဏ်ရာရ

ချင်း-လူရှိုင်း-ကူကီးမျိူးနွယ်များ အုပ်ချုပ်မှုတစ်ခုအောက်မှာ ပြန်လည်စုစည်းနေထိုင်ရေး ဆောင်ရွက်မည်ဟုဆို

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.