• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ကေလးၿမိဳ႕ပိုးေတြ႔လူနာ ၃ ဦးႏွင့္ ထိေတြ႔မႈရွိသူမ်ား ရွာေဖြေနဆဲ

ကေလးၿမိဳ႕ပိုးေတြ႔လူနာ ၃ ဦးႏွင့္ ထိေတြ႔မႈရွိသူမ်ား ရွာေဖြေနဆဲ

0
By Editor on September 29, 2020 Khonumthung

#Unicode

By နှင်းနှင်း – စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံကူးစက်သည့် အမျိူးသမီး (၃) ဦးနှင့်ထိတွေ့မှုရှိခဲ့သူများ ကို စုံစမ်းရှာဖွေနေဆဲဟု ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ရှားမီးကပြောသည်။

“မနေ့ည တွေ့တဲ့ Positive ဟာက စမ်းမြို့ရပ်ကွက်မှာနေတဲ့သူတွေပါ၊ သူတို့က အရင်ပိုးတွေ့လူနာရဲ့ Second Contact တွေပေါ့ ၊ မနေ့ကတွေ့ထားတဲ့ Positive လူနာတွေရဲ့ Contact တွေကို ခုရှာနေတယ်၊ သူတို့ကို မနေ့ညက ဆေးရုံကို တော့ပို့လိုက်ပြီ” ဟု ဒေါ်ရှားမီးကပြောသည်။

အဆိုပါ ပိုးတွေ့လူနာသုံးဉီးမှာ ကလေးမြို့ ၊ စမ်းမြို့ရပ်ကွက်တွင် နေထိုင်သည့် အသက်( ၄၈)နှစ် ၊ (၄၂)နှင့် (၃၈) နှစ်အရွယ် အမျိုးသမီးများဖြစ်ကြပြီး ကလေးတက္ကသိုလ် ကွာရန်တင်းဝင်ရောက်နေသူများဖြစ်သည်။

၎င်းတို့ကို ကလေးခရိုင် ကုတင်(၃၀၀) ဆံ့ဆေးရုံ (တိုင်းရင်း ဆေးရုံကြီး ၊ကလေးမြို့ ) သို့ ပို့ဆောင်ပြီး ကုသမှုခံယူ လျက်ရှိသည်ဟုသိရသည်။

ကလေးမြို့ တိုင်းရင်းဆေးရုံတွင်ကုသမှုခံယူနေသော (ကံကြီးကျေးရွာ) မှ ကိုဗစ်လူနာအသက် (၂၀ နှင့် ၂၂) နှစ်အရွယ် အမျိုးသမီး (၂) ဦး၏ ဓာတ်ခွဲစစ်ဆေးမှု နှစ်ကြိမ်ဆက်တိုက် Negative ပြသည့်အတွက် ၂၆-၉-၂၀၂၀ နေ့က ဆေးရုံမှ ဆင်းသွားခဲ့ကြပြီးဖြစ်သည်။

ကလေးမြို့ ကိုဗစ် -၁၉ (Second Wave ) တွင် ပိုးတွေ့ လူနာ (၁၁) ဦးထိရှိခဲ့ပြီး (၃) ဦးမှာ ဆေးရုံမှဆင်းပြီး လက်ရှိတွင်ပိုးတွေ့လူနာ ၈ ဦး ကုသမှုခံယူလျှက်ရှိသည်။

#Zawgyi

By ႏွင္းႏွင္း – စစ္ကိုင္းတိုင္းေဒသႀကီး ကေလးၿမိဳ႕တြင္ ကိုဗစ္-၁၉ ေရာဂါပိုး ထပ္မံကူးစက္သည့္ အမ်ဴိးသမီး (၃) ဦးႏွင့္ထိေတြ႔မႈရွိခဲ့သူမ်ား ကို စံုစမ္းရွာေဖြေနဆဲဟု ကေလးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေဒၚရွားမီးကေျပာသည္။

“မေန႔ည ေတြ႕တဲ့ Positive ဟာက စမ္းၿမိဳ႕ရပ္ကြက္မွာေနတဲ့သူေတြပါ၊ သူတို႔က အရင္ပိုးေတြ႕လူနာရဲ့ Second Contact ေတြေပါ့ ၊ မေန႔ကေတြ႕ထားတဲ့ Positive လူနာေတြရဲ့ Contact ေတြကို ခုရွာေနတယ္၊ သူတို႔ကို မေန႔ညက ေဆး႐ုံကို ေတာ့ပို႔လိုက္ၿပီ” ဟု ေဒၚရွားမီးကေျပာသည္။

အဆိုပါ ပိုးေတြ႕လူနာသုံးဉီးမွာ ကေလးၿမိဳ႕ ၊ စမ္းၿမိဳ႕ရပ္ကြက္တြင္ ေနထိုင္သည့္ အသက္( ၄၈)ႏွစ္ ၊ (၄၂)ႏွင့္ (၃၈) ႏွစ္အရြယ္ အမ်ိဳးသမီးမ်ားျဖစ္ၾကၿပီး ကေလးတကၠသိုလ္ ကြာရန္တင္း၀င္ေရာက္ေနသူမ်ားျဖစ္သည္။

၎တို႔ကို ကေလးခရိုင္ ကုတင္ (၃၀၀) ဆံ့ေဆး႐ုံ (တိုင္းရင္း ေဆး႐ုံႀကီး ၊ကေလးၿမိဳ႕ ) သို႔ ပို႔ေဆာင္ၿပီး ကုသမႈခံယူ လ်က္ရွိသည္ဟုသိရသည္။

ကေလးၿမိဳ႕ တိုင္းရင္းေဆး႐ုံတြင္ကုသမႈခံယူေနေသာ (ကံႀကီးေက်းရြာ) မွ ကိုဗစ္လူနာအသက္ (၂၀ ႏွင့္ ၂၂) ႏွစ္အရြယ္ အမ်ိဳးသမီး (၂) ဦး၏ ဓာတ္ခြဲစစ္ေဆးမႈ ႏွစ္ႀကိမ္ဆက္တိုက္ Negative ျပသည့္အတြက္ ၂၆-၉-၂၀၂၀ ေန႔က ေဆး႐ုံမွ ဆင္းသြားခဲ့ၾကၿပီးျဖစ္သည္။

ကေလးၿမိဳ႕ ကိုဗစ္ -၁၉ (Second Wave ) တြင္ ပိုးေတြ႕ လူနာ (၁၁) ဦးထိရွိခဲ့ၿပီး (၃) ဦးမွာ ေဆး႐ုံမွဆင္းၿပီး လက္ရွိတြင္ပိုးေတြ႕လူနာ ၈ ဦး ကုသမႈခံယူလၽွက္ရွိသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.