Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည် ကျန်းမာရေးဝန်ထမ်းအဖြစ် ထမ်းဆောင်နိုင်မည့် သင်တန်းသူ/သားများ ခေါ်ယူ

ချင်းပြည် ကျန်းမာရေးဝန်ထမ်းအဖြစ် ထမ်းဆောင်နိုင်မည့် သင်တန်းသူ/သားများ ခေါ်ယူ

0
By Editor on August 6, 2024 Khonumthung

(006SV)

ချင်းပြည်နယ်အတွင်း လိုအပ်နေသည့် နေရာများတွင် ကျန်းမာရေးစောင့် ရှောက်မှုလွှမ်းခြုံခြင်း ကောင်းမွန်စေရေးအတွက် ချင်းပြည်ကျန်းမာရေး ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နိုင်မည့် သင်တန်းသူ/သားများကို ဖိတ်ခေါ်နေကြောင်း သိရသည်။

ချင်းပြည်အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ကြားကာလ မြန်မာသူနာပြုနှင့် ဝမ်းဆွဲအတတ်ပညာသင်တန်းကျောင်းကောင်စီတို့ ပူးပေါင်း၍ သူနာပြုနှင့် ဝမ်းဆွဲအတတ်ပညာ ဒီပလိုမာတန်းကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ မှစတင်၍ ၃ နှစ်ကြာ သင်ကြားပေးမည်ဖြစ်သည်။

လျှောက်လွှာတွေကို သက်ဆိုင်ရာ ဒေသန္တာရအုပ်ချုပ်ရေးနှင့် ကျန်းမာရေး ကိုယ်စားလှယ်ထံတွင် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၅ ရက် နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်း ချင်းကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ်လ ၆ ရက်က သတင်းထုတ်ပြန်သည်။

လျှောက်ထားသူများတွင် ၁၀ တန်းအောင်မြင်ပြီးသူများကိုလည်း ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ပြီး ၂၀၂၁ မတိုင်မီ အောင်မြင်သူများနှင့် ၂၀၂၁ နောက်ပိုင်း NUG အစိုးရ၏ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများဖြစ်ရမည်ဟု ဆိုသည်။

CDM midwife (ဝမ်းဆွဲဆရာမ/ CDM Midwifery student) များလည်း လျှောက်ထားနိုင်ပြီး CDM midwife ဖြစ်ပါက သက်ဆိုင်ရာ ဒေသန္တာရ အုပ်ချုပ်ရေးနှင့် ကျန်းမာရေးကိုယ်စားလှယ်တို့၏ CDM ဖြစ်ကြောင်း ထောက်ခံစာ တင်ပြနိုင်ရမည်ဟု သိရသည်။

သင်တန်းပြီးမြောက်ပါက ချင်းပြည်တွင် အနည်းဆုံး ၃ နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်၊ လူဦးရေကန့်သတ်ထားပြီး လူတွေ့စစ်ဆေးခြင်းပြုလုပ်သွားမည်ဟု သိရသည်။

ချင်းပြည်အတွင်း ကြုံတွေ့နေရသော ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ရှားပါးခြင်းကို ဖြေရှင်းနိုင်ရေးနှင့် ချင်းပြည်၏ ပိုမိုလိုအပ်သော နေရာအတွက် ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံမှု ပိုမိုကောင်းမွန်စေရေးအတွက် ယခု ၃ နှစ်တာ ကျန်းမာရေးဝန်ထမ် ဒီပလိုမာတန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.