Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည် ကျန်းမာရေးဝန်ထမ်းအဖြစ် ထမ်းဆောင်နိုင်မည့် သင်တန်းသူ/သားများ ခေါ်ယူ

ချင်းပြည် ကျန်းမာရေးဝန်ထမ်းအဖြစ် ထမ်းဆောင်နိုင်မည့် သင်တန်းသူ/သားများ ခေါ်ယူ

0
By Editor on August 6, 2024 Khonumthung

(006SV)

ချင်းပြည်နယ်အတွင်း လိုအပ်နေသည့် နေရာများတွင် ကျန်းမာရေးစောင့် ရှောက်မှုလွှမ်းခြုံခြင်း ကောင်းမွန်စေရေးအတွက် ချင်းပြည်ကျန်းမာရေး ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နိုင်မည့် သင်တန်းသူ/သားများကို ဖိတ်ခေါ်နေကြောင်း သိရသည်။

ချင်းပြည်အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ကြားကာလ မြန်မာသူနာပြုနှင့် ဝမ်းဆွဲအတတ်ပညာသင်တန်းကျောင်းကောင်စီတို့ ပူးပေါင်း၍ သူနာပြုနှင့် ဝမ်းဆွဲအတတ်ပညာ ဒီပလိုမာတန်းကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ မှစတင်၍ ၃ နှစ်ကြာ သင်ကြားပေးမည်ဖြစ်သည်။

လျှောက်လွှာတွေကို သက်ဆိုင်ရာ ဒေသန္တာရအုပ်ချုပ်ရေးနှင့် ကျန်းမာရေး ကိုယ်စားလှယ်ထံတွင် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၅ ရက် နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်း ချင်းကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ်လ ၆ ရက်က သတင်းထုတ်ပြန်သည်။

လျှောက်ထားသူများတွင် ၁၀ တန်းအောင်မြင်ပြီးသူများကိုလည်း ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ပြီး ၂၀၂၁ မတိုင်မီ အောင်မြင်သူများနှင့် ၂၀၂၁ နောက်ပိုင်း NUG အစိုးရ၏ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများဖြစ်ရမည်ဟု ဆိုသည်။

CDM midwife (ဝမ်းဆွဲဆရာမ/ CDM Midwifery student) များလည်း လျှောက်ထားနိုင်ပြီး CDM midwife ဖြစ်ပါက သက်ဆိုင်ရာ ဒေသန္တာရ အုပ်ချုပ်ရေးနှင့် ကျန်းမာရေးကိုယ်စားလှယ်တို့၏ CDM ဖြစ်ကြောင်း ထောက်ခံစာ တင်ပြနိုင်ရမည်ဟု သိရသည်။

သင်တန်းပြီးမြောက်ပါက ချင်းပြည်တွင် အနည်းဆုံး ၃ နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်၊ လူဦးရေကန့်သတ်ထားပြီး လူတွေ့စစ်ဆေးခြင်းပြုလုပ်သွားမည်ဟု သိရသည်။

ချင်းပြည်အတွင်း ကြုံတွေ့နေရသော ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ရှားပါးခြင်းကို ဖြေရှင်းနိုင်ရေးနှင့် ချင်းပြည်၏ ပိုမိုလိုအပ်သော နေရာအတွက် ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံမှု ပိုမိုကောင်းမွန်စေရေးအတွက် ယခု ၃ နှစ်တာ ကျန်းမာရေးဝန်ထမ် ဒီပလိုမာတန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.